Articles

ဘုန်းမောက်နဲ့ပွဲမှာ အောင်ပွဲခံမှုအတွက် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ admin

ဘုန်းမောက်နဲ့ပွဲမှာ အောင်ပွဲခံမှုအတွက် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

အာဆင်နယ်အသင်းနဲ့ပွဲမှာ ဘုန်းမောက်အသင်းဟာ ကံဆိုးခဲ့တယ်လို့ ပြောခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ် မန်ယူနိုက်တက်အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီး လီဗာပူးလ်နည်းပြ ကလော့ပ်က အာတီတာ၏ အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့ခြင်းက အင်မတန် ကံကောင်းခဲ့ကြောင်း လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိတဲ့ အာဆင်နယ်အသင်းကို ဦးဆောင်ဂိုး…

read more
ဂယ်ရီ နဗီးရဲ့ ပရီးမီးယားလိဂ်ဟောကိန်းကို လှောင်ပြောင်ခဲ့တဲ့ ဂန်းနားပရိသတ်များ coyg

ဂယ်ရီ နဗီးရဲ့ ပရီးမီးယားလိဂ်ဟောကိန်းကို လှောင်ပြောင်ခဲ့တဲ့ ဂန်းနားပရိသတ်များ

အဆင်နယ်အသင်းဟာ ရလဒ်ကောင်းတွေနဲ့ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်ခဲ့ပြီး ဘုန်းမောက်နဲ့ပွဲစဉ်မှာ အမှတ်ရဖွယ် နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက ဝုလ်ဗ်စ်ကို ရှုံးနိမ့်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ဆုဖလားပြိုင်ပွဲထဲ ဝင်မလိုလို မဝင်သလိုလို ဖြစ်နေတဲ့ မန်ယူနိုက်တက်ကို လီဗာပူးလ်တို့က ဂိုးပြတ်ဆုံးမသွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ် ၂၆ မှာ အာဆင်နယ်အတွက် အပျက်သဘောဆောင်ခဲ့တဲ့ တစ်ခုတည်းသောအရာက မန်ချက်စတာစီးတီးက အဆင့်…

read more
ချာကာပြောပြခဲ့တဲ့ လိမ္မာရေးခြားရှိလှတဲ့ ဂါဘီ-ဂိုးနဲ့ ဆာကာတို့အကြောင်းအပါအဝင် နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ချာကာပြောပြခဲ့တဲ့ လိမ္မာရေးခြားရှိလှတဲ့ ဂါဘီ-ဂိုးနဲ့ ဆာကာတို့အကြောင်းအပါအဝင် နောက်ဆုံးရ ဂန်းနားသတင်းများ

-ဇင်ချန်ကိုရဲ့ ဇနီး ဗလာဒါဟာ စနေနေ့က ရိစ် နယ်လ်ဆန်ရဲ့ စိတ်လှုပ်ရှားဖွယ် နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံပုံနဲ့အတူ အာဆင်နယ်ပရိသတ်စစ်စစ်ဖြစ်ကြောင်း သက်သေပြသခဲ့ပါတယ်။ အာဆင်နယ်အသင်းက နောက်ကျအနိုင်ဂိုးကို သွင်းယူသွားခဲ့ပြီးနောက် အမ်းမရိတ်စ်တစ်ကွင်းလုံး အုံးအုံးကျက်ကျက် ဖြစ်ခဲ့ကြတာဖြစ်ပြီး ယူကရိန်းနောက်ခံလူရဲ့ ဇနီးချော ဗလာဒါကလည်း ကွင်းအတွင်းကနေ ကြည့်ရှုနေရင်း မယုံနိုင်ဖြစ်ခဲ့တဲ့ဗီဒီယိုကို အင်စတာဂရမ် စတိုရီမှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ ဗလာဒါက ‘၉၀+၇ မိနစ်။ ဒါက…

read more
ချဲလ်ဆီးကို သရီး-ဝမ်းနဲ့ အပီကြမ်းပြီး လိဂ်ဖလားချန်ပီယံဆု ဆွတ်ဆူးလိုက်တဲ့ အာဆင်နယ်လေဒီများ admin

ချဲလ်ဆီးကို သရီး-ဝမ်းနဲ့ အပီကြမ်းပြီး လိဂ်ဖလားချန်ပီယံဆု ဆွတ်ဆူးလိုက်တဲ့ အာဆင်နယ်လေဒီများ

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဂိုးသမား ဇင်းစ်ဘာဂါ၊ နောက်တန်းမှာ လေး ဝီလီယမ်ဆန်၊ ကက်တ်လီ၊ မာရစ်ဇ်နဲ့ ဆိုဇာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မာနမ်၊ လစ်တဲလ်နဲ့ ဗာလ်တီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖို့ဒ်၊ ဘလက်စတင်နီးယပ်စ်နဲ့ မက်ကာဘီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန် ၂ မိနစ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ အထနှေးနေတဲ့အတွက် ချဲလ်ဆီးအသင်းဘက်မှ…

read more
အာဆင်နယ်ဖန်တွေ အံ့အောမှင်တက် ချီးကျူးခဲ့ကြတဲ့ ရမ်းစ်ဒေးလ်ရဲ့ 3 in 1 ကာကွယ် လက်စွမ်းပြမှု admin

အာဆင်နယ်ဖန်တွေ အံ့အောမှင်တက် ချီးကျူးခဲ့ကြတဲ့ ရမ်းစ်ဒေးလ်ရဲ့ 3 in 1 ကာကွယ် လက်စွမ်းပြမှု

အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းရဲ့ ပွဲစစချင်း ၁၀ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကြောင့် ချေပဂိုးပြန်လည်ရရှိရင် တစ်သင်းလုံး တက်ရောက် တိုက်စစ်ဆင်ခဲ့ပါတယ်။ သို့သော်လည်း ပွဲကစားချိန် ၁၉ မိနစ်မှာ အာဆင်နယ်အသင်း တိုက်စစ်ဆင်မှုမှ ပြန်လည်ကျွံထွက်လာတဲ့ ဘောလုံးကို ဦးဆောင်ဂိုးသွင်းယူပေးခဲ့သူ ဘီလင်းက ဆွဲယူသွားပြီး အာဆင်နယ်အသင်း ဂိုးဧရိယာထဲ အရောက်မှာ ညာဘက်မှာ လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ တိုက်စစ်မှူး ဆိုလန်ကီနဲ့ အူယက်တာရာတို့ဆီ…

read more
ထရော့စ်ဆာ့ဒ် ဒဏ်ရာအခြေအနေ၊ စမစ်ရိုးကိုလူစားလဲမှု အပါအဝင် ဘုန်းမောက်ကိုနိုင်ပွဲအပြီး နည်းပြအာတီတာ ပြောခဲ့သမျှ admin

ထရော့စ်ဆာ့ဒ် ဒဏ်ရာအခြေအနေ၊ စမစ်ရိုးကိုလူစားလဲမှု အပါအဝင် ဘုန်းမောက်ကိုနိုင်ပွဲအပြီး နည်းပြအာတီတာ ပြောခဲ့သမျှ

ပွဲသိမ်းခရာမှုတ်ချိန်မှာာ ဘယ်လိုခံစားခဲ့ရလဲ အရူးတစ်ယောက်လိုပါပဲ။ ကျွန်တော် ဘယ်ရောက်နေမှန်းမသိတော့သလိုဖြစ်ပြီး ဘယ်ကို ပြေးနေမိမှန်းလည်း မသိတော့ပါဘူး။ ဒါပေမယ့် လူတိုင်း၊ အာဆင်နယ် ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ အားပေးသူတွေအားလုံးရဲ့ မျက်နှာတွေကို လိုက်ကြည့်နေမိတယ်။ သူတို့ရဲ့ မျက်နှာပြင်ပေါ်မှာ အပြုံးတွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတာ မြင်ရတော့ ဘဝကြီးက အသက်ရှင်နေရတာအရမ်းကောင်းတယ်လို့ ခံစားလိုက်ရတယ်။ ရီးစ် နယ်လ်ဆန်က ကန်သွင်းချက်တချို့ကို လွဲချော်ထားလို့ နောက်ဆုံးကန်ချက်ကို…

read more
Trust the Processကြောင့် အမ်းမရိတ်စ်မှာ နယ်လ်ဆန်ပန်းတွေ ပွင့်ခဲ့တဲ့ပွဲမှ ထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက် admin

Trust the Processကြောင့် အမ်းမရိတ်စ်မှာ နယ်လ်ဆန်ပန်းတွေ ပွင့်ခဲ့တဲ့ပွဲမှ ထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်

အာဆင်နယ်အသင်းဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ နောက်ကျ အနိုင်ဂိုးနဲ့အတူ အရေးကြီးတဲ့ အနိုင် ၃ မှတ်စလုံးကို ရယူနိုင်ခဲ့ပါတယ်။ ရိစ် နယ်ဆန်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးက ဆုဖလားပြိုင်ပွဲကို သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့သွင်းဂိုးဖြစ်ခဲ့ပြီး ဘုန်းမောက်အသင်းကလည်း ၁၀ စက္ကန့်အတွင်းမှာ ဖီလစ်ပ် ဘီလ်လင်းက ဂိုးသွင်းယူသွားချိန်မှာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအမြန်ဆုံးသွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ စနေနေ့နေ့လယ်မှာ အနိုင်ရရှိခဲ့တဲ့…

read more
စကိုင်းစပို့စ်နဲ့ အထူးအင်တာဗျူးမှာ ချာကာပြောပြခဲ့တဲ့ နည်းပြအာတီတာနဲ့ ပတ်သတ်သမျှ admin

စကိုင်းစပို့စ်နဲ့ အထူးအင်တာဗျူးမှာ ချာကာပြောပြခဲ့တဲ့ နည်းပြအာတီတာနဲ့ ပတ်သတ်သမျှ

စနေနေ့ညမှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားမယ့် အာဆင်နယ်တို့ရဲ့ နောက်ဆုံး ထရိန်နင်အပြီးမှာ ကွင်းလယ်လူ ဂရာနစ် ချာကာကို စကိုင်းစပို့စ်ရဲ့ ဂျာနယ်လစ် ပေါလ် ဂီးလ်မိုးက လန်ဒန်ကော်လ်နီ လေ့ကျင့်ရေးကွင်းမှာ ဆက်သွယ်လာခဲ့ပြီး အင်တာဗျူးတစ်ခု ဖြစ်မြောက်သွားခဲ့သလို အသင်းအကြောင်း၊ နည်းပြ မီခယ်လ် အာတီတာအကြောင်းနဲ့ ချန်ပီယံဆု ရနိုင်မယ့်အကြောင်းတွေကို မေးမြန်းသွားခဲ့ပါတယ်။ ဒီထဲကမှ နည်းပြအာတီတာအကြောင်းနှင့် ပတ်သတ်တာတွေ အရင်ဆုံး…

read more
အာဆင်နယ် ဘာကြောင့် ဒီရာသီ ထိပ်ဆုံးမှာ ရပ်တည်နိုင်နေတာလဲ? admin

အာဆင်နယ် ဘာကြောင့် ဒီရာသီ ထိပ်ဆုံးမှာ ရပ်တည်နိုင်နေတာလဲ?

ဒီမေးခွန်းကို မေးလိုက်ရင် အများစု (အခြားဖန်တွေရဲ့)အမြင်က ကံကောင်းလို့၊ ကျန်အသင်းကြီးတွေ ခြေကျနေလို့ဆိုတဲ့ အဖြေကိုပဲ ယေဘုယျတွေ့နေရပါတယ်။ အာဆင်နယ်ဖန်တချို့ဆီမှာလည်း အသင်းအားထုတ်မှုထက် ကျန်အသင်းကြီးတွေ ခြေချော်လို့ အာဆင်နယ်ထိပ်ရောက်နေတာလို့ လက်ခံတဲ့ အမြင်တွေရှိနေတာ တွေ့ရပါတယ်။ ဒီရာသီပဲ ရမယ် နောက်ရာသီကျရင် မလွယ်ဘူးတို့ ဘာတို့ပေါ့။ မှန်သင့်သလောက် မှန်ပေမယ့် အာဆင်နယ်ရဲ့ အမြင့်ပျံ ခရီးဟာ အာဆင်နယ်ရဲ့ ကြိုးပမ်းမှု၊ စည်းလုံးမှု၊…

read more
ခံစစ်တံတိုင်း အထပ်ထပ်ပြင်လာပြီး အလည်လာမယ့် ဧည့်သည်ချယ်ရီတွေကို အမ်းမရိတ်မှာ ဆွတ်ယူစားသုံးမယ့် ဂန်းနားများ admin

ခံစစ်တံတိုင်း အထပ်ထပ်ပြင်လာပြီး အလည်လာမယ့် ဧည့်သည်ချယ်ရီတွေကို အမ်းမရိတ်မှာ ဆွတ်ယူစားသုံးမယ့် ဂန်းနားများ

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဦးဆောင်နေသူ အာဆင်နယ်အနေနဲ့ အမှတ်ပေးဇယားတန်းဆင်းဇုံ အဆင့် ၁၉ က ဘုန်းမောက်အသင်းနဲ့ ယခုလာမယ့် စနေနေ့ ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ၃ ပွဲ နိုင်ပွဲမရှိ မှတ်တမ်းကို ရပ်တန့်ပစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက် ၂ နာရီ ၁၅ က အမ်းမရိတ်မှာ အဲဗာတန်အသင်းကို…

read more