Posts By :

mgsaw

နယ်လ်ဆင်ကို စာချုပ်သစ်ချုပ်ဖို့ အာဆင်နယ် စတင်ဆွေးနွေး mgsaw

နယ်လ်ဆင်ကို စာချုပ်သစ်ချုပ်ဖို့ အာဆင်နယ် စတင်ဆွေးနွေး

အာဆင်နယ်အသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ရီးစ် နယ်လ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် အင်္ဂလန်သားရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး မကြာမီမှာ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချမှတ်သွားလိမ့်မယ်လို့ အစောကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဘက်က စာချုပ်သစ်အတွက် လှုပ်ရှားမှုတွေ ရှိလာခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အမ်းမရိတ်မြေမှာ ဆက်ရှိလိုနေတာကြောင့်…

read more
အာဆင်နယ် ချန်ပီယံဖြစ်တာပဲ မြင်ချင်တော့တယ်ဆိုတဲ့ ကာရေဂါ mgsaw

အာဆင်နယ် ချန်ပီယံဖြစ်တာပဲ မြင်ချင်တော့တယ်ဆိုတဲ့ ကာရေဂါ

လီဗာပူးလ် ဂန္ထဝင်ကစားသမားကြီး ဂျေမီ ကာရေဂါကတော့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်း ဆွတ်ခူးသွားတာပဲ မြင်ချင်တော့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ဂန်းနားတို့ဟာ ဒီတပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ၂ ဂိုးပြတ် အရှုံးကနေ နောက်ကလိုက်ကစားခဲ့ရပြီး ပါတေး၊ ဘန်ဝှိုက်၊ နယ်လ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ အံ့မခန်း ပြန်လာနိုင်စွမ်းကို ပြသပြီး အနိုင်သုံးမှတ် ပိုင်ဆိုင်ခဲ့တာပါ။ ဒီလိုပြင်းပြတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မျိုးနဲ့…

read more
ဘာကြောင့် ဒဏ်ရာမကြာခဏ ရနေသလဲဆိုတာ ဖွင့်ဟရင်း အာဆင်နယ်အတွက် အချိန်တိုင်းပေးဆပ်နေကြောင်း ပါတေး ပြော mgsaw

ဘာကြောင့် ဒဏ်ရာမကြာခဏ ရနေသလဲဆိုတာ ဖွင့်ဟရင်း အာဆင်နယ်အတွက် အချိန်တိုင်းပေးဆပ်နေကြောင်း ပါတေး ပြော

လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ကစားခဲ့စဉ်က ဒဏ်ရာပြဿနာနဲ့ အင်မတန်မှ ကြုံတွေ့ခဲပြီး ကြံ့ခိုင်မှုအကောင်းဆုံး ကစားသမားစာရင်းထဲ ပါဝင်ခဲ့တဲ့ ကွင်းလယ်အင်ဂျင် သောမတ်စ်ပါတေးကတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ကြွက်သားဒဏ်ရာကို မကြာခဏ ခံစားနေရသူ ဖြစ်ပါတယ်။ ကာလရှည်နားရတာမျိုး မရှိပေမယ့်လည်း အသင်းအတွက် အလိုအပ်ဆုံးအချိန်တွေမှာ အဆိုပါကြွက်သားဒဏ်ရာကြောင့် ရံဖန်ရံခါ အနားယူနေရတာမျိုးက နည်းပြ အာတေတာနဲ့ ဂန်းနားတွေအတွက်တော့ အမြဲတမ်း စိုးရိမ်စရာ ကိစ္စတခု…

read more
ကြံ့ခိုင်မှုအပြည့်ရဖို့ တည်ဆောက်နေတဲ့ ဂျေးဇုရဲ့ သတင်းကောင်း mgsaw

ကြံ့ခိုင်မှုအပြည့်ရဖို့ တည်ဆောက်နေတဲ့ ဂျေးဇုရဲ့ သတင်းကောင်း

ဘုန်းမောက်အသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုဟာ အရန်ကစားသမားတွေနဲ့အတူ အမ်းမရိတ်ကွင်းထဲ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အန်ကီးတီးယားနဲ့ ထရောဆာဒ်ပါ ဒဏ်ရာရသွားချိန်မှာ ဂျေးဇုတယောက် ကြံ့ခိုင်မှုအပြည့်အဝဖြစ်ဖို့ တဖြည်းဖြည်းနဲ့ နီးစပ်လာခဲ့ခြင်းက အာဆင်နယ်အသင်းအတွက်တော့ သတင်းကောင်းတခု ဖြစ်လာခဲ့ပါတယ်။ အသက် (၂၅) နှစ်သားဟာ အမ်းမရိတ်ကွင်းထက်မှာ အသင်းဖော်တွေနဲ့အတူ ကြံ့ခိုင်မှုဆိုင်ရာ…

read more
ထရောဆာဒ်ရဲ့ စိုးရိမ်စရာ ဒဏ်ရာအခြေအနေ mgsaw

ထရောဆာဒ်ရဲ့ စိုးရိမ်စရာ ဒဏ်ရာအခြေအနေ

နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် အခရာ ကျလာတဲ့ ကစားသမားတဦးဖြစ်တဲ့ လီဆန်ဒရို ထရောဆာဒ်ဟာ မနေ့က ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ပြိုင်ဘက်အသင်းကို စောစောစီးစီးပဲ ဦး‌ဆောင်ဂိုး ပေးလိုက်ရသလို ဒုတိယပိုင်းမှာ (၂) ဂိုးပြတ် အခြေအနေ ဖြစ်သွားတဲ့အထိ ရုန်းကန်ခဲ့ရတဲ့ ဂန်းနားတို့ဟာ ပွဲအပြီးမှာတော့ အံ့မခန်း ပြန်လာနိုင်စွမ်းနဲ့အတူ (၃-၂) ဂိုးနဲ့ နိုင်ပွဲရယူပြီး အဖိုးတန်…

read more
နောက်ထပ်စိန်ခေါ်မှုတခုကို အံ့မခန်း COMEBACK! နဲ့ ကျော်ဖြတ်ခဲ့တဲ့ ဂန်းနားများ mgsaw

နောက်ထပ်စိန်ခေါ်မှုတခုကို အံ့မခန်း COMEBACK! နဲ့ ကျော်ဖြတ်ခဲ့တဲ့ ဂန်းနားများ

ပွဲအစ တမိနစ်မပြည့်ခင်မှာပဲ ဘုန်းမောက်က ဦးဆောင်ဂိုး ရသွားတယ်။ ဒါကို အာဆင်နယ်က တုံ့ပြန်ဖို့ ကြိုးစားပါတယ်။ တဖက်သတ် ဖိကစားတယ်။ တိုက်စစ်ဆင်တယ်။ အခွင့်အရေးတွေလည်း ရခဲ့တယ်။ ဒါပေမယ့် လိုအပ်တဲ့ဂိုးတွေတော့ ဖြစ်မလာဘူး။ ဒီလိုနဲ့ပဲ ထရောဆာဒ် နာသွားတယ်။ ထောင့်ကန်ဘောကနေတဆင့် ဘုန်းမောက်ကို ဒုတိယဂိုး ထပ်ပေးလိုက်ရတယ်။ ပုံမှန်အတိုင်းဆို ပွဲပြီးသွားပြီ။ သေချာတယ်။ ဒီလိုပွဲမျိုးမှာ ဘာမှမျှော်လင့်လို့ မရတော့ဘူး။…

read more
အာတေတာရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်များ mgsaw

အာတေတာရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်များ

ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လို့ မန်နေဂျာတွေကို ကလပ်အသင်းဘက်က လွတ်လပ်ခွင့် ပေးထားပေမယ်လို့ ရွေးချယ်စရာ သိပ်များများ‌စားစားတော့ မရှိပါဘူး။ ပုံမှန်အားဖြင့် သုံးမျိုးသုံးစားပဲ တွေ့ရတတ်တယ်။ ပထမတမျိုးကတော့ ထုံးစံအတိုင်း ကုတ်အင်္ကျီနဲ့ နက်ကတိုင်နဲ့ပေါ့လေ။ အနောက်တိုင်းဆန်ဆန် အထာကျကျပေါ့။ ရှောင်ဒိုက်၊ ဒေးဗစ်မွိုက်စ်နဲ့ တချိန်က ဆာအဲလက်စ် ဖာဂူဆန်တို့ဟန်မျိုး ဖြစ်တယ်။ ဒုတိယကတော့ အားလုံးတသားတည်းပဲဆိုတဲ့ အထာမျိုး။ tracksuit ဝတ်ထားမယ်။ ဘေ့စ်ဘောဦးထုပ်ဆောင်းမယ်။ အားကစားနည်းပြစစ်စစ်ဆိုတဲ့…

read more