Posts By :

mgsaw

ဆာကာကို လစာပုံပေးပေမယ့် အိုဇေးလ်၊ ‌အော်ဘာမီယန်းတို့လို ပျက်မသွားနိုင်ဘူးလို့ အခိုင်အမာ ယုံကြည်နေတဲ့ လော်ရာ ဝုဒ် 150 150 mgsaw

ဆာကာကို လစာပုံပေးပေမယ့် အိုဇေးလ်၊ ‌အော်ဘာမီယန်းတို့လို ပျက်မသွားနိုင်ဘူးလို့ အခိုင်အမာ ယုံကြည်နေတဲ့ လော်ရာ ဝုဒ်

ဂန်းနားတို့ရဲ့ကြယ်ပွင့်လေး ဘူကာရို ဆာကာဟာ မကြာမီမှာ စာချုပ်သစ်ကို လက်မှတ်ရေးထိုးတော့မှာပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ကာလရှည်ပြုလုပ်ခဲ့ပြီးနောက်မှာ ဂန်းနားတွေဟာ အင်္ဂလန်သားလေးကို လစာငွေ လေးဆအထိ တိုးမြှင့်ပေးကာ အသင်းရဲ့ လစာအမြင့်ဆုံး ကစားသမား ဖြစ်စေပြီး (၅) နှစ်စာချုပ်သွားတော့မှာပါ။ သတင်းတွေအရ ဆာကာရဲ့ အခြေခံလစာဟာ တပတ်လုပ်ခ ပေါင် (၂) သိန်း ဖြစ်ပေမယ့် အပိုဆုကြေးတွေနဲ့ပေါင်းရင် တပတ်ကို…

read more
နည်းပြ အာတေတာ အောင်မြင်လိမ့်မယ်ဆိုတာ ကြိုသိခဲ့တယ်လို့ ရမ်ဆေး ဖွင့်ဟ mgsaw

နည်းပြ အာတေတာ အောင်မြင်လိမ့်မယ်ဆိုတာ ကြိုသိခဲ့တယ်လို့ ရမ်ဆေး ဖွင့်ဟ

အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်ပြနေတဲ့ နည်းပြဖြစ်သူ မီကေလ် အာတေတာဟာ ကစားသမားဘဝမှာကတည်းက ထိပ်တန်းနည်းပြတဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ပြသခဲ့သူ ဖြစ်တာကြောင့် သူ့အနေနဲ့ အစောကတည်းက နည်းပြဘဝမှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြောင်း ဂန်းနားဟောင်းလည်းဖြစ် အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ အာရွန် ရမ်ဆေးက ဖွင့်ဟလိုက်ပါတယ်။ ရမ်ဆေးနဲ့ အာတေတာတို့ဟာ တချိန်က အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားတွေအဖြစ် တွဲဖက်ညီခဲ့ကြသူတွေဖြစ်ပြီး…

read more
ဒက်ကလန် ရိုက်ကို အာဆင်နယ်မှာ မြင်တွေ့ချင်တယ်လို့ ဆိုလိုက်တဲ့ ဂျက် ဝဲလ်ရှား mgsaw

ဒက်ကလန် ရိုက်ကို အာဆင်နယ်မှာ မြင်တွေ့ချင်တယ်လို့ ဆိုလိုက်တဲ့ ဂျက် ဝဲလ်ရှား

ဂန်းနားကြယ်ပွင့်‌ဟောင်း ဂျက် ဝဲလ်ရှားက ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်တယောက် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတာ မြင်တွေ့ချင်တယ်လို့ ဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ နွေဈေးကွက်အတွက် အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပြီး နည်းပြ အာတေတာနဲ့ အားကစားဒါရိုက်တာ အက်ဒူးတို့ရဲ့ စိတ်ကြိုက်ကစားသမားလည်း ဖြစ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၄၁) ပွဲ ကစားပြီးထားတဲ့ အသက် (၂၄)…

read more
ပွဲတွေ ပြန်ကစားဖို့ စိတ်အားထက်သန်နေတဲ့ စမစ်ရိုးလ်နဲ့ တွေ့ဆုံခြင်း mgsaw

ပွဲတွေ ပြန်ကစားဖို့ စိတ်အားထက်သန်နေတဲ့ စမစ်ရိုးလ်နဲ့ တွေ့ဆုံခြင်း

ဖြူဖျော့ဖျော့ လူငယ်လေးတဦးရဲ့ မျက်နှာထက်က အပြုံးတွေကို နောက်ဆုံးတော့ ပြန်မြင်ရပြီ။ ဒီလူငယ်လေးဟာ လွန်ခဲ့တဲ့ (၉) လုံး ပရိသတ်မျက်စိရှေ့မှောက်ကနေ ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေခဲ့သူ ဖြစ်တယ်။ အရှိန်ကောင်းကောင်းနဲ့ အမြင့်တက်နေတဲ့ လူငယ်ကစားသမားတဦးရဲ့ ဘဝကို ဒဏ်ရာတွေက ခေတ္တခဏ ရပ်တန့်စေခဲ့တယ်။ မြက်ခင်းစိမ်းတွေနဲ့ ကာလရှည် ဝေးသွားတယ်။ ကံကြမ္မာက ပေးတဲ့ ဒဏ်တွေကနေ ပြန်လည်လွတ်မြောက်လာတော့လည်း အားကစားသမားတဦးရဲ့…

read more
စမစ်ရိုးလ် ပုံမှန်ခြေ ပြန်တွေ့ဖို့ လိုအပ်နေတဲ့ တခုတည်းသောအရာကို ပြောပြတဲ့ အင်္ဂလန် U21 နည်းပြ mgsaw

စမစ်ရိုးလ် ပုံမှန်ခြေ ပြန်တွေ့ဖို့ လိုအပ်နေတဲ့ တခုတည်းသောအရာကို ပြောပြတဲ့ အင်္ဂလန် U21 နည်းပြ

အင်္ဂလန် U21 နည်းပြဖြစ်သူ လီ ကားစ်လေကတော့ ပြင်သစ်အသင်းကို (၄) ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အမီးလ် စမစ်ရိုးလ်အပါအဝင် အင်္ဂလန်လူငယ်ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။ အဆိုပါပွဲဟာ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အင်္ဂလန်လူငယ်အသင်းက အဖက်ဖက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး စမစ်ရိုးလ်၊ မာဒူအီကေ၊ ကာတစ် ဂျုံးစ်၊ ဂျာကော့ဘ် ရမ်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ…

read more
ဇင်ချင်ကိုရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပြီး စစ်ပွဲနဲ့ပတ်သက်လို့လည်း စာနာနားလည်တယ်လို့ ဆာကာ ဖွင့်ဟ mgsaw

ဇင်ချင်ကိုရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပြီး စစ်ပွဲနဲ့ပတ်သက်လို့လည်း စာနာနားလည်တယ်လို့ ဆာကာ ဖွင့်ဟ

တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာကတော့ ဘယ်နောက်ခံကစားသမား အလက်ဇန်းဒါး ဇင်ချင်ကိုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောသူဖြစ်ပြီး အဆိုပါစိတ်ဓာတ်ခွန်အားတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်နေတာကြောင့် ကလပ်နဲ့ နိုင်ငံနှစ်သင်းစလုံးမှာ အရည်အသွေးမြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် အခြေအနေကောင်းနေကာ အမြင့်ပျံနေသလို ဆာကာနဲ့ ဇင်ချင်ကိုတို့ဟာလည်း နည်းပြ အာတေတာ အဓိကထား အားကိုးနေရတဲ့…

read more
ပေပေကို အပြီးသတ်ခေါ်ချင်ပေမယ့် ပြောင်းရွှေ့ကြေး မပေးလိုတဲ့ နိစ် mgsaw

ပေပေကို အပြီးသတ်ခေါ်ချင်ပေမယ့် ပြောင်းရွှေ့ကြေး မပေးလိုတဲ့ နိစ်

ပြင်သစ်ကလပ် နိစ်အသင်းဟာ အာဆင်နယ်အသင်းဆီကနေ အငှားခေါ်ယူထားတဲ့ တောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ် ပေပေကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူသွားလိုနေပေမယ့်လည်း ပြောင်းရွှေ့ကြေး တစုံတရာတော့ ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။ အိုက်ဗရီကို့စ်သားဟာ ဂန်းနားတို့ဆီကို (၂၀၁၉) ခုနှစ်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပေမယ့်လည်း မျှော်မှန်းထားသလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အသားကျဖို့ရာ ရုန်းကန်ခဲ့ရပါတယ်။…

read more
နည်းပြ အာတေတာလက်အောက်မှာ ကစားချင်လို့ကို အာဆင်နယ်ဆီ ပြောင်းလာခဲ့တာလို့ ဇင်ချင်ကို ဖွင့်ဟ mgsaw

နည်းပြ အာတေတာလက်အောက်မှာ ကစားချင်လို့ကို အာဆင်နယ်ဆီ ပြောင်းလာခဲ့တာလို့ ဇင်ချင်ကို ဖွင့်ဟ

ဘယ်နောက်ခံကစားသမား အလက်ဇန်းဒါး ဇင်ချင်ကိုကတော့ အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်ပြနေတဲ့ နည်းပြ အာတေတာရဲ့လက်အောက်မှာ ကစားချင်လို့ကို အမ်းမရိတ်မြေဆီ ပြောင်းရွှေ့ဖို့ အရင်ကတည်းက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ဂန်းနားတို့ဟာ ဒီနှစ်ရာသီမှာ အကောင်းဆုံးသော ခြေစွမ်းတွေနဲ့ အမြင့်ပျံနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီသိမ်းဖို့ (၁၀) ပွဲလောက်သာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် (၈) မှတ်ဖြတ်ထားနိုင်တာကြောင့်…

read more
အနာဂတ်နဲ့ပတ်သက်လို့ ဖွင့်ဟလာခဲ့ပြီဖြစ်တဲ့ ဘာလိုဂန် mgsaw

အနာဂတ်နဲ့ပတ်သက်လို့ ဖွင့်ဟလာခဲ့ပြီဖြစ်တဲ့ ဘာလိုဂန်

အာဆင်နယ်အသင်းရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ ဟေးအန့်ရဲ့ ထုတ်ကုန်တွေက မဆက်မပြတ်ကို လင်းလက်တောက်ပနေဆဲပါပဲ။ ဒီအကယ်ဒမီကနေ အရည်အသွေးမြင့်ကြယ်ပွင့်တွေ ဆက်တိုက်ထွက်ပေါ်နေပြီး လက်ရှိအသင်းမှာဆိုရင်လည်း ဆာကာ၊ စမစ်ရိုးလ်တို့ဟာ အမာခံကစားသမားတွေ ဖြစ်လာသလို အန်ကီးတီးယား၊ နယ်လ်ဆင်တို့ဟာလည်း အားကိုးနေရပါတယ်။ နောက်နောင်မှာလည်း ဆက်လက်တောက်ပလာဦးမယ့် လူငယ်တွေက တန်းစီနေတာ ဖြစ်လို့ အာဆင်နယ်အတွက်တော့ အားရစရာ ကောင်းနေပါတယ်။ ဒီရာသီမှာတော့ အာဆင်နယ်အသင်းရဲ့ ပြင်ပမှာ ခေတ္တခဏ အတွေ့အကြုံ…

read more
မနှစ်က သင်ခန်းစာတွေနဲ့ အကောင်းဆုံး ရှေ့ဆက်သွားမယ်ဆိုတဲ့ ရမ်စ်ဒဲလ်နဲ့ သီးသန့်အင်တာဗျူး mgsaw

မနှစ်က သင်ခန်းစာတွေနဲ့ အကောင်းဆုံး ရှေ့ဆက်သွားမယ်ဆိုတဲ့ ရမ်စ်ဒဲလ်နဲ့ သီးသန့်အင်တာဗျူး

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့အတွက် မနှစ်ရာသီကတည်းက အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပြီး အခြေအနေကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အချိန်တခုကြာ အဆင့် (၄) နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီကုန်ကာနီးမှာ ခြေချော်ခဲ့တာကြောင့် စပါးရဲ့ ကျော်တက်ချင်းကို ခံခဲ့ရကာ စိတ်ပျက်စရာတွေကိုသာ ပိုင်ဆိုင်ခဲ့ရတာပါ။ ဒီနှစ်ရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်ကို ရာသီကုန်ဆုံးဖို့ (၁၀) ပွဲခန့်အလိုလောက်မှာပဲ ပြည့်လုသလောက်နီးပါး ရှိနေပြီး အပိုဆုအဖြစ် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်…

read more