Posts By :

mgsaw

မေဆင်မောင့်ထ်ကို ပစ်မှတ်စာရင်းထဲ ထည့်လိုက်တဲ့ အာဆင်နယ် mgsaw

မေဆင်မောင့်ထ်ကို ပစ်မှတ်စာရင်းထဲ ထည့်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ နွေရာသီ အပြောင်းအရွှေ့အစီအစဉ်တွေကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ရာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆင်မောင့်ထ်ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။ (၂၀၂၃-၂၄) ဘောလုံးရာသီအတွက် အရည်အသွေး မြင့်မားတဲ့ ကြယ်ပွင့်တွေကို အသင်းလူစာရင်းထဲ ပေါင်းထည့်မယ့် ဂန်းနားတွေရဲ့ အဓိက ပစ်မှတ်ကတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်ပါ။ ဒီနေ့ သောကြာ‌ညမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာသာ ဆောက်ဟမ်တန်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင်…

read more
ဆောက်ဟမ်တန်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲက နည်းပြ အာတေတာရဲ့ စကားသံများ mgsaw

ဆောက်ဟမ်တန်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲက နည်းပြ အာတေတာရဲ့ စကားသံများ

မနက်ဖြန် သောကြာနေ့မှာ ဆောက်ဟမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲက နည်းပြ အာတေတာရဲ့ စကားသံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒဏ်ရာအခြေအနေ ” ဆာလီဘာကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလိုမျိုး သူ့ရဲ့ဒဏ်ရာက လျင်လျင်မြန်မြန် မသက်သာလာဘူး။ ဒဏ်ရာအခြေအနေက သိမ်မွေ့ပါတယ်။ ကျွန်တော်တို့တွေ သေချာမှ ရပါမယ်။ သူကတော့ စွန့်စားချင်ပေမယ့် လတ်တလောမှာတော့ မဖြစ်နိုင်ပါဘူး။…

read more
ချာကာနေရာကို အက်ဇေနဲ့ အစားထိုးဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန် mgsaw

ချာကာနေရာကို အက်ဇေနဲ့ အစားထိုးဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန်

အာဆင်နယ်အသင်းအနေနဲ့ နောက်နှစ်ရာသီမှာ ဝါရင့်ကစားသမားကြီး ဂနာနစ် ချာကာရဲ့နေရာကို အပြည့်အဝ အစားထိုးနိုင်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်ကြယ်ပွင့်လေး အယ်ဘာရက်ချီ အက်ဇေကို ခေါ်ယူသင့်တယ်လို့ မန်ယူဂန္ထဝင်ကစားသမား ရီယို ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။ နည်းပြ အာတေတာလက်အောက်မှာ ဂန်းနားကစားသမားဘဝ ပြန်လည်တောက်ပလာခဲ့တဲ့ ဆွစ်ဇာလန်သားကြီးဟာ ဒီနှစ်ရာသီ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလမ်းခရီးမှာ အကောင်းဆုံး အရည်အသွေးတွေနဲ့ အကျိုးပြုနေပေမယ့် အသက်အရွယ်အရတော့…

read more
ချာကာတယောက် ရင့်ကျက်ပါးနပ်လာခြင်းက ချန်ပီယံဆုအတွက် အခြေအနေကောင်းစေတယ်လို့ ပီရက်စ် မှတ်ချက်ပြု mgsaw

ချာကာတယောက် ရင့်ကျက်ပါးနပ်လာခြင်းက ချန်ပီယံဆုအတွက် အခြေအနေကောင်းစေတယ်လို့ ပီရက်စ် မှတ်ချက်ပြု

ဂန်းနားဂန္ထဝင်ကစားသမားကြီး ရောဘတ် ပီရက်စ်ကတော့ ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံဆုအတွက် အခြေအနေကောင်းတရပ်ဆီ ရောက်ရှိလာခဲ့ခြင်းဟာ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာတယောက် ရင့်ကျက်ပါးနပ်လာတာကြောင့်လည်း ပါဝင်တယ်လို့ မှတ်ချက်ပြုလာခဲ့ပါတယ်။ ဆွစ်ဇာလန်သားကြီးဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ကွင်းထက်မှာ စိတ်မထိန်းနိုင်တဲ့ ဖြစ်ရပ်တွေကြောင့် အဝါတွေ၊ အနီတွေ ပလူပျံအောင် ထိခဲ့ဖူးပြီး ဒါတွေကြောင့်ပဲ ပရိသတ်တွေနဲ့ ငြိခဲ့ဖူးကာ အာဆင်နယ်အသင်းကနေ ပြန်လည်ထွက်ခွာတော့မယ့်ဆဲဆဲ ဖြစ်ခဲ့ပါတယ်။…

read more
အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ရဲ့ အရည်အသွေးနဲ့ ခြေစွမ်းတွေကို ရောဘတ် ပီရက်စ် ချီးကျူး mgsaw

အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ရဲ့ အရည်အသွေးနဲ့ ခြေစွမ်းတွေကို ရောဘတ် ပီရက်စ် ချီးကျူး

ရီးယဲလ်မက်ဒရစ်အသင်းဆီကနေ ဂန်းနားတို့ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနေတဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ တကယ်ကိုပဲ အရည်အသွေးမြင့်မားလှသူဖြစ်ပြီး ဒီလိုကစားသမားမျိုးကို အာဆင်နယ်အသင်းမှာ မြင်တွေ့ရတာကို ကျေနပ်မိကြောင်း ဂန္ထဝင်ကစားသမားကြီး ရောဘတ် ပီရက်စ်က ချီးကျူးလိုက်ပါတယ်။ ပင်ကိုပါရမီရှိသူဖြစ်ပေမယ့်လည်း စပိန်ဘီလူး ရီးယဲလ်မက်ဒရစ်မှာ နေရာတနေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ နော်ဝေသားဟာ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ ဂန်းနားတို့ဆီ…

read more
ဝက်စ်ဟမ်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဇင်ချင်ကိုရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ mgsaw

ဝက်စ်ဟမ်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဇင်ချင်ကိုရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ

ဘယ်နောက်ခံကစားသမား အလက်ဇန်းဒါး ဇင်ချင်ကိုဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့တပတ်က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့်လည်း သောကြာနေ့မှာ ဆောက်ဟမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ အသက် (၂၆) နှစ်သားဟာ ပေါင်ခြံဒဏ်ရာကြောင့် ဝက်စ်ဟမ်းပွဲကို လွဲချော်ခဲ့ရတာဖြစ်ပြီး ဒဏ်ရာ အခြေအနေဟာ သိပ်ပြင်းထန်ခြင်း မရှိတဲ့အတွက် ဆောက်ဟမ်တန်ပွဲအမီ သက်သာလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။…

read more
အာဆင်နယ်နဲ့ ရီးစ်နယ်လ်ဆင်တို့ ကတ္တီပါလမ်းခွဲတခု အစပျိုးလာခဲ့ပြီလား mgsaw

အာဆင်နယ်နဲ့ ရီးစ်နယ်လ်ဆင်တို့ ကတ္တီပါလမ်းခွဲတခု အစပျိုးလာခဲ့ပြီလား

အာဆင်နယ်ဟာ ရီးစ်နယ်လ်ဆင်ကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုထားပြီး ဖြစ်သလို ကစားသမားဘက်ကလည်း အသင်းမှာ ဆက်နေချင်ကြောင်း ဖွင့်ဟထားပေမယ့် ဆွေးနွေးမှုတွေဟာ အခုထက်ထိ အဆင်ပြေခြင်း မရှိသေးဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ နည်းပြ အာတေတာလက်အောက်မှာ ကစားခွင့် အကန့်အသတ်တွေ ဖြစ်နေတဲ့ ကစားသမားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်သူ ဖြစ်တာကြောင့် အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း…

read more
လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲကို အလေးအနက်သုံးသပ်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ mgsaw

လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲကို အလေးအနက်သုံးသပ်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက အာဆင်နယ်ရဲ့ အတွေ့အကြုံမရှိသေးတဲ့ကစားသမားတွေဟာ အန်းဖီးကွင်းရဲ့ ငရဲပွက်သလို အပူရှိန်ကြားမှာ အရည်ပျော်သွားပြီး ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို လက်မြှောက် အရှုံးပေးလိုက်ရနိုင်တယ်လို့ ထင်မြင်နေပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ ဆုဖလားစိန်ခေါ်မှုအတွက် အရေးကြီးတဲ့ စမ်းသပ်မှုကို ရင်ဆိုင်သွားရမှာဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက အနိုင်မရရှိတော့တဲ့ နေရာကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံမှာ ရှိမနေပေမယ့်လည်း…

read more
ပါတေးနေရာအတွက် အသင့်သုံး ကစားသမားတဦးကို ပေါင် (၁၇) သန်းလောက်နဲ့ ရနိုင်မယ့် အာဆင်နယ် mgsaw

ပါတေးနေရာအတွက် အသင့်သုံး ကစားသမားတဦးကို ပေါင် (၁၇) သန်းလောက်နဲ့ ရနိုင်မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖွတ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘီရယ် ဆောကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်သားဟာ ဖရန့်ဖွတ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုတွေကို ဆက်တိုက် ပယ်ချထားသူ ဖြစ်ပါတယ်။ အသက် (၂၆) နှစ်အရွယ် ကစားသမားတဦးအနေနဲ့ စိန်ခေါ်မှုသစ်တွေ ရှာဖွေဖို့နဲ့ ကစားသမားဘဝ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ရာသီကုန်နွေအပြောင်းအရွှေ့မှာ ဖရန့်ဖွတ်ကတော့ ထွက်ခွာဖို့ ဒီဘီရယ်…

read more
အန်းဖီးလ် တောအုပ်ကြီးထဲသွားဖို့ ဂန်းနားတွေကို အသင့်ပြင်ခိုင်းထားတဲ့ နည်းပြ အာတေတာ mgsaw

အန်းဖီးလ် တောအုပ်ကြီးထဲသွားဖို့ ဂန်းနားတွေကို အသင့်ပြင်ခိုင်းထားတဲ့ နည်းပြ အာတေတာ

နည်းပြ အာတေတာကတော့ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်းဖီးလ်ဟာ တောအုပ်ကြီးတခုထဲ ရောက်သွားသလိုမျိုး ခံစားရစေမယ်လို့ ကြိုတင်မျှော်လင့်ထားပြီးဖြစ်တဲ့အတွက် သူ့တပည့်တွေကို အကောင်းဆုံး ပြင်ဆင်ခိုင်ထားကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် (၈) မှတ်ဖြတ်ကာ ဦးဆောင်နေတဲ့ ဂန်းနားတွေဟာ ဒီတပတ်မှာတော့ လီဗာပူးလ်အသင်းနဲ့ ပွဲကျပ်တပွဲကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး ချန်ပီယံပြေးလမ်းအတွက် အရေးပါဆုံးပွဲတွေထဲက…

read more