Posts By :

coyg

အတိတ်ကောင်းနိမိတ်ကောင်းတွေနဲ့ ပေါ်တိုကို အဖော်မလိုဘဲ ခေါ်ကိုတီးဦးမယ့် ဆင်ပျံကြီး 1024 504 coyg

အတိတ်ကောင်းနိမိတ်ကောင်းတွေနဲ့ ပေါ်တိုကို အဖော်မလိုဘဲ ခေါ်ကိုတီးဦးမယ့် ဆင်ပျံကြီး

အာဆင်နယ်ကတော့ ဒီညပွဲမှာ ပထမအကျော့က ရှုံးကြွေးဆပ်ဖို့ အားခဲထားမှာဖြစ်ပြီး ပေါ်တိုနဲ့ ရင်ဆိုင်ဖို့ အတိတ်နမိတ်ကောင်းတွေလည်း ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်တို့ နောက်ဆုံး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ခဲ့တဲ့ ၂၀၁၀ တုန်းက ဒီလိုအချိန်ပဲ(အဲဒီတုန်းက ၉ ရက်)အိမ်ကွင်းမှာ ပေါ်တိုကို ၅-၀ နဲ့ ခေါ်တီးခဲ့တာဖြစ်ပြီး ပထမအကျော့တုန်းက ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း ပထမအကျော့တုန်းက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်လို့…

read more
ဖလားပြိုင်ဘက် ၃ သင်းအတွက် လက်ကျန်ပွဲတွေထဲက အခက်ဆုံးဖြစ်လာမယ့် ၅ ပွဲ 500 281 coyg

ဖလားပြိုင်ဘက် ၃ သင်းအတွက် လက်ကျန်ပွဲတွေထဲက အခက်ဆုံးဖြစ်လာမယ့် ၅ ပွဲ

ဆုဖလားပြိုင်ပွဲဟာ အာဆင်နယ်က ၂၀၂၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ဇယားထိပ်ဆုံး တက်လှမ်းနိုင်ခဲ့ပြီးနောက် ပိုမိုရှုပ်ထွေးလာခဲ့ပြီဖြစ်ပြီး မုဆိုးက သားကောင်း ဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ အဆင့် ၁ နေရာကို လွယ်လွယ်နဲ့ ရောက်လာတာမဟုတ်ဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ဂိုးသွင်းခြေစွမ်းကောင်း ပြသခဲ့မှုက အလဟဿမဖြစ်ခဲ့ဘူးဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ လာမယ့် အင်္ဂါနေ့ည ပေါ်တိုနဲ့ ချန်ပီယံလိဂ် ၁၆…

read more
မန်စီးတီးနဲ့လီဗာပူးလ်တို့သရေပွဲအပြီး ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ 1024 504 coyg

မန်စီးတီးနဲ့လီဗာပူးလ်တို့သရေပွဲအပြီး ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ သရေကျခဲ့ပြီးနောက် ရာသီကုန်အထိ သွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ညက အန်းဖီးမှာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး ဂျွန်စတုန်းစ်နဲ့ မက္ကယ်လစ္စတာတို့က သွင်းဂိုးတွေ ကိုယ်စီ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသရေပွဲကြောင့် စနေနေ့က ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ…

read more
ဟာဗတ်ဇ်ကယ်တင်ခဲ့တဲ့ နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၅ ချက် 636 382 coyg

ဟာဗတ်ဇ်ကယ်တင်ခဲ့တဲ့ နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၅ ချက်

ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် အာတီတာရဲ့အသင်းဟာ ဘရန့်တ်ဖို့ဒ်ကို သည်းထိတ်ရင်ဖိုနိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကလန် ရိုက်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်ကို အမ်းမရိတ်စ်မှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ယိုအန်း ဝစ်ဆာက ပထမပိုင်းနာကျင်အချိန်ပိုမှာ ချေပဂိုး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ တိုက်စစ်အပြင်းအထန်ဆင်ခဲ့ပြီး ဘန်…

read more
ဒီရာသီမှာ ဂန်းနားတို့ မနှစ်ကလို ဘာလို့မဖြစ်နိုင်တော့တာလဲဆိုတာ ရှင်းပြခဲ့တဲ့ ကာရေဂါ 640 480 coyg

ဒီရာသီမှာ ဂန်းနားတို့ မနှစ်ကလို ဘာလို့မဖြစ်နိုင်တော့တာလဲဆိုတာ ရှင်းပြခဲ့တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကြောက်မက်ဖွယ် ဂိုးသွင်းခြေစွမ်းပြသနေတဲ့ အာဆင်နယ်ကို အထင်ကြီးခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလိုမျိုး ထပ်ပြီး မဖြစ်နိုင်တော့တဲ့ အသိသာအထင်ရှားဆုံးကြောင်းအရင်းဖြစ်တဲ့ ဒီကလန် ရိုက်ကို ပိုင်ဆိုင်ထားပြီလို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အမ်းမရိတ်စ်ကို ရောက်လာခဲ့တဲ့အချိန်ကတည်းက အာတီတာရဲ့အားအထားရဆုံးကစားသမားတစ်ဦး လျင်လျင်မြန်မြန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။…

read more
ပေါ်တိုနဲ့ ဒုတိယအကျော့ပွဲမတိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တဲ့ မာတီနယ်လီ 1024 683 coyg

ပေါ်တိုနဲ့ ဒုတိယအကျော့ပွဲမတိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တဲ့ မာတီနယ်လီ

ဂါဘရီယဲလ် မာတီနယ်လီဟာ လာမယ့် အင်္ဂါနေ့ ပေါ်တိုနဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲမတိုင်ခင် ပြိုင်ဘက်ပရိသတ်တွေကို ဒေါသထွက်စေမယ့် စကားကို ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေဟာ ပထမအကျော့တုန်းက ပေါ်တူဂီမြေမှာ ဂယ်လီနိုရဲ့ ၉၄ မိနစ်မှာ သွင်းယူခဲ့တဲ့ အံ့အားသင့်ဖွယ် သွင်းဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့်လည်း အာတီတာရဲ့အသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။…

read more
ပွဲကြိုသတင်းစာရှင်းလင်းပွဲက အာတီတာရဲ့ စကားသံများ 1024 538 coyg

ပွဲကြိုသတင်းစာရှင်းလင်းပွဲက အာတီတာရဲ့ စကားသံများ

အာဆင်နယ်နည်းပြ အာတီတာက စနေနေ့ည ဘရန့်တ်ဖို့ဒ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုတဲ့ မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။ မေး- အသင်းသတင်းလေး။ ဖြေ- ဘာမှများများစားစားမရှိဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကစားသမားအချို့ ပြန်လာနိုင်ခဲ့ပြီး ပြီးတော့ မာတီနယ်လီနဲ့ ဘူကာယိုတို့ ပြဿနာနည်းနည်းရှိခဲ့တယ်။ ကျွန်တော်တို့ သူတို့တွေ ဒီပွဲမှာ တစိတ်တပိုင်းပါဝင်နိုင်မယ်လို့ မျှော်လင့်တဲ့နေရာမှာ တော်တော်လေး အကောင်းမြင်ထားပါတယ်။…

read more
အာဆင်နယ်အတွက် နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားပေးရဖွယ်ရှိနေတဲ့ ပေါင်သန်း ၃၀ တန်ကြယ်ပွင့် 810 539 coyg

အာဆင်နယ်အတွက် နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားပေးရဖွယ်ရှိနေတဲ့ ပေါင်သန်း ၃၀ တန်ကြယ်ပွင့်

အာဆင်နယ်ဟာ ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်တ်ဖို့ဒ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး အာရွန် ရမ်းစ်ဒေးလ်ဟာ အဲဒီပွဲမှာ ဂန်းနားတွေအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားဖွယ်ရှိနေပါတယ်။ အာတီတာဟာ ဒီရာသီမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်အချို့ ချမှတ်ခဲ့ပြီး အဲဒီ ဆုံးဖြတ်ချက်အားလုံးဟာ အခုအချိန်အထိတော့ အလုပ်ဖြစ်နေတာဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်တွေထဲမှာ ဒေးဗစ် ရာယာကို အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ ကျောနံပါတ် ၁ အဖြစ်…

read more
ပရိသတ်တွေကို စပရိုက်တိုက်ဖို့ သတင်းကောင်းတစ်ခု ဥထားတဲ့ အာဆင်နယ် 1024 576 coyg

ပရိသတ်တွေကို စပရိုက်တိုက်ဖို့ သတင်းကောင်းတစ်ခု ဥထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ညာနောက်ခံကစားသမား တိုမိယဆုကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီး လာမယ့်ရက်ပိုင်းအတွငး်မှာ ကြေညာသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂျပန်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့လတွေကတည်းက အာဆင်နယ်နဲ့ စာချုပ်သစ် အတွက် ပြောဆိုဆွေးနွေးနေခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးက အဖြေ မြန်မြန် ထွက်ချင်ခဲ့ကြတာ ဖြစ်ပါတယ်။ အစပိုင်းတုန်းက အလှည့်ကျ ပွဲထွက်ကစားသမားလို့ ရှုမြင်ခဲ့ရတဲ့ ဂျပန်ကြီးရဲ့မတူညီတဲ့နေရာတွေမှာ အသားကျအောင် ကစားနိုင်စွမ်းကို အာတီတာက…

read more
၃၂ ဂိုးသွင်းထားတဲ့ကြယ်ပွင့်ကို ပေါင် ၈၆ သန်းထက်နည်းတဲ့ပမာဏနဲ့ ခေါ်နိုင်မယ့် အာဆင်နယ် 590 350 coyg

၃၂ ဂိုးသွင်းထားတဲ့ကြယ်ပွင့်ကို ပေါင် ၈၆ သန်းထက်နည်းတဲ့ပမာဏနဲ့ ခေါ်နိုင်မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဗစ်တာ ဂယော်ကီရက်စ်ကို ခေါ်ယူဖို့အတွက် စပို့တင်း လစ္စဘွန်းနဲ့ ဆွေးနွေးသွားမယ်လို့ O Jogo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ် ခေါ်ယူချင်ခဲ့တာဖြစ်ပြီး နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်အပါအဝင် ထိပ်တန်းတိုက်စစ်မှူးအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဂယော်ကီရက်စ်ဟာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ နောက်ထပ် ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီကုန်မှာ…

read more