Posts By :

coyg

ဘိုင်ယန်နဲ့ပွဲမတိုင်ခင် လက်မှတ်မှောင်ခိုပြဿနာနဲ့ ပရိသတ်တုတွေ ကွင်းထဲမဝင်နိုင်အောင် လုပ်ခဲ့တဲ့ အာဆင်နယ် 636 382 coyg

ဘိုင်ယန်နဲ့ပွဲမတိုင်ခင် လက်မှတ်မှောင်ခိုပြဿနာနဲ့ ပရိသတ်တုတွေ ကွင်းထဲမဝင်နိုင်အောင် လုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်မတိုင်ခင် ကြုံတွေ့လာရနိုင်တဲ့ ကြီးမားတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ ကမ္ဘာပေါ်က အခြား ဘောလုံးအသင်းပရိသတ်တွေနဲ့ နှိုင်းယှဉ်ရင် စစ်မှန်တဲ့ အားပေးသူတွေဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ အောင်မြင်မှု မရခဲ့တဲ့အသင်းအပေါ်မှာ သစ္စာမပျက်ဘဲ အကောင်း၊အဆိုးတွေကို မျှဝေခံစားခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အာဆင်ဝင်းဂါး ခေတ်နှောင်းပိုင်းကနေ ၂၀၂၂…

read more
ဂန်းနားတွေအတွက် ဘဝကို မြှုပ်နှံထားတယ်လို့ စာချုပ်သစ် ချုပ်ဆိုပြီး ဖွင့်ဟခဲ့တဲ့ ဂျပန်ကြီး 680 444 coyg

ဂန်းနားတွေအတွက် ဘဝကို မြှုပ်နှံထားတယ်လို့ စာချုပ်သစ် ချုပ်ဆိုပြီး ဖွင့်ဟခဲ့တဲ့ ဂျပန်ကြီး

တာခဲဟီရို တိုမိယဆုဟာ အနည်းဆုံး ၂၀၂၆ ခုနှစ်အထိ အာဆင်နယ်မှာ ဆက်ရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဂျပန်လက်ရွေးစင်နောက်ခံကစားသမားဟာ အာဆင်နယ်နဲ့ နောက်ဆုံး စာချုပ်သစ် ချုပ်ဆိုတဲ့ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး လာမယ့်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အချိန်မှာ ၂၀၂၆ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့စာချုပ်သစ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ တိုမိယဆုဟာ ၂၀၂၁ ခုနှစ်မှာ ဘိုလော့ဂ်ညာကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ပြိုင်ပွဲစုံ…

read more
မက်ဒရစ်မြို့ကို ရောက်ရှိနေတဲ့ အာတီတာ 644 375 coyg

မက်ဒရစ်မြို့ကို ရောက်ရှိနေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်ယူ-၁၉ နဲ့ အက်သလက်တီကို မက်ဒရစ်ယူ-၁၉ တို့ ကစားခဲ့တဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ အာတီတာဟာ အယ်လ်ဖရက်ဒို ဒီစတီဖာနိုကွင်းက ပွဲကြည့်စင်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်က ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ အနိုင်ရပြီး လိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၇ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တာကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်ယူ-၁၉…

read more
အမ်ဘာပေကြောင့် ပေါင်သန်း ၆၀ တန်ပစ်မှတ်နဲ့ ပြန်ဆုံစည်းနိုင်ဖွယ်ရှိနေတဲ့ အာဆင်နယ် 901 507 coyg

အမ်ဘာပေကြောင့် ပေါင်သန်း ၆၀ တန်ပစ်မှတ်နဲ့ ပြန်ဆုံစည်းနိုင်ဖွယ်ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘရာဟင် ဒီယက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပြီး ခီလီယန် အမ်ဘာပေရဲ့ ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ နီးစပ်နေမှုကြောင့် အာတီတာအနေနဲ့ ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖို့ အကူအညီဖြစ်လာဖွယ်ရှိပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာတော့မှာဖြစ်ပြီး စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကိုပဲ ပြောင်းရွှေ့မှာ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့…

read more
အာတီတာက ဘာစီလိုနာနည်းပြလောင်းတွေထဲက တစ်ဦးလို့ ယုံနေတဲ့ ပီကေး 644 429 coyg

အာတီတာက ဘာစီလိုနာနည်းပြလောင်းတွေထဲက တစ်ဦးလို့ ယုံနေတဲ့ ပီကေး

ဂျရတ် ပီကေးက အာဆင်နယ်နည်းပြ အာတီတာဟာ ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ နည်းပြလောင်းတွေထဲက တစ်ဦးဆိုတာ သိသာထင်ရှားတယ်လို့ ယုံကြည်နေပါတယ်။ စပိန်လာလီဂါချန်ပီယံတွေဟာ လက်ရှိမှာ ရာသီကုန် အသင်းနဲ့ လမ်းခွဲမယ်လို့ ဇန်နဝါရီလမှာ ကြေညာခဲ့တဲ့ နည်းပြ ဇာဗီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေနေကြတာဖြစ်ပါတယ်။ ဘာစီလိုနာမှာ ဇာဗီနဲ့အတူ ၇ ရာသီကြာအတူတူ တွဲကစားခဲ့တဲ့…

read more
အာဆင်နယ်နဲ့ဘိုင်ယန်တို့ပွဲကို အဖြေထုတ်ပေးခဲ့တဲ့ စူပါကွန်ပျူတာ 1024 504 coyg

အာဆင်နယ်နဲ့ဘိုင်ယန်တို့ပွဲကို အဖြေထုတ်ပေးခဲ့တဲ့ စူပါကွန်ပျူတာ

အာဆင်နယ်ရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဧပြီလအတွင်း ကစားသွားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ဂန်းနားပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်သလို နောက်ဆုံး ၃ ကြိမ်စလုံးမှာ ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို လက်စားပြန်ချေဖို့ အခွင့်အရေးလည်း ရခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ပြည်တွင်းမှာရော ဥရောပမှာပါ ရုန်းကန်နေရပေမယ့်လည်း ဂုဏ်သိက္ခာကြီးမားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့…

read more
အာဆင်နယ်နဲ့တွေ့ခဲ့တာကို ဘိုင်ယန် ဘယ်လိုသဘောထားနေမလဲ ပြောပြခဲ့တဲ့ ဘောလုံးကျွမ်းကျင်သူ 1024 504 coyg

အာဆင်နယ်နဲ့တွေ့ခဲ့တာကို ဘိုင်ယန် ဘယ်လိုသဘောထားနေမလဲ ပြောပြခဲ့တဲ့ ဘောလုံးကျွမ်းကျင်သူ

အာတီတာရဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့ပြီး ဂန်းနားတွေက ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲထဲမှာရှိနေပေမယ့်လည်း ဘိုင်ယန်ကတော့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ့်အနေအထားမရှိတော့တာဖြစ်ပါတယ်။ ဂျာမန်နဲ့ ဥရောပဘောလုံးအထူးကျွမ်းကျင်သူ ကီဗင် ဟတ်ချက်က အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံနေမှုအပေါ်မှာ သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပြီး ဘွန်ဒက်စ်လီဂါအသင်းကြီးက ဂန်းနားတွေအပေါ် ဘယ်လိုမြင်နေမလဲဆိုတာကို ပြောပြခဲ့ပါတယ်။ “သူတို့တွေ ပျော်ရွှင်နေမှာမဟုတ်ပါဘူး။ သူတို့တွေ စိုးရိမ်နေကြလိမ့်မယ်။…

read more
ဖာနန်ဒက်စ်နဲ့ အော်ဒီဂွါဒ်တို့ရဲ့ ကိန်းဂဏန်းတွေကြောင့် မယုံနိုင်ဖြစ်ခဲ့တဲ့ ပရိသတ်များ 1024 575 coyg

ဖာနန်ဒက်စ်နဲ့ အော်ဒီဂွါဒ်တို့ရဲ့ ကိန်းဂဏန်းတွေကြောင့် မယုံနိုင်ဖြစ်ခဲ့တဲ့ ပရိသတ်များ

ပရိသတ်တွေဟာ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါငး်ဆောင် ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ကိန်းဂဏန်းတွေကြောင့် မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။ အော်ဒီဂွါဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၈ ပွဲမှာ ၂၅ ပွဲပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ကတော့ တန်ဟက်လက်အောက် ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်မှာ…

read more
အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုရတဲ့အဓိကအကြောင်းအရင်းကို ပြောပြခဲ့တဲ့ ဘန် ဝှိုက် 1024 576 coyg

အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုရတဲ့အဓိကအကြောင်းအရင်းကို ပြောပြခဲ့တဲ့ ဘန် ဝှိုက်

အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားတွေကို ဘန် ဝှိုက်နဲ့ပတ်သက်ပြီး စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြဖို့ လိုက်မေးခဲ့တဲ့အချိန်မှာ စစ်သည်တော်ဆိုတဲ့ စကားလုံးက တော်တော်လေး လူသိများထင်ရှားခဲ့ပါတယ်။ ‘အသင်းတိုင်းက ဘန် ဝှိုက်ကို အသင်းထဲမှာ ရှိနေစေချင်ကြပါလိမ့်မယ်’ဆိုတဲ့ ဂါဘရီယဲလ် မာတီနယ်လီကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အာဆင်နယ်ဟာ အသင်းတိုင်းလိုချင်ကြမယ့် စစ်သည်တော်ကြီးကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်လိုက်ပါပြီ။ ဘန် ဝှိုက်ရဲ့ စာချုပ်သစ်ဟာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့…

read more
စူပါရာယာကြောင့် ကွာတားတက်နိုင်ခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ 1024 504 coyg

စူပါရာယာကြောင့် ကွာတားတက်နိုင်ခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပထမအကျော့က ၁-၀ ရလဒ်ကို ချေဖျက်ဖို့ လိုအပ်တယ်ဆိုတာကို သိနေခဲ့ပြီး ထရော့ဆာ့ဒ်ပ ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူပြီး ချေဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုက ဘာမှမလုပ်နိုင်ခဲ့ပေမယ့်လည်း ပထမအကျော့က ဦးဆောင်နိုင်မှုကို ကာကွယ်ဖို့ ခံစစ်မှာ ကျောက်ချပိတ်ဆို့ခဲ့ပေမယ့်လည်း…

read more