Posts By :

coyg

ကြောက်မက်ဖွယ်ခြေထောက်ကျိုးခဲ့ပြီးနောက် တိုက်ကားတစ်စီးလို ခံစားခဲ့ရတယ်ဆိုတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း 150 150 coyg

ကြောက်မက်ဖွယ်ခြေထောက်ကျိုးခဲ့ပြီးနောက် တိုက်ကားတစ်စီးလို ခံစားခဲ့ရတယ်ဆိုတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း အက်ဒွါဒို ဒါဆေးလ်ဗားက ဘာမင်ဟမ်စီးတီးနဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ခြေထောက်ကျိုးဒဏ်ရာရှိခဲ့ပြိးနောက် ကိုယ့်ကိုကိုယ် အတိုက်ခံထားရပြီး ပျက်စီးနေတဲ့ကားတစ်စီးလို ခံစားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ခရိုအေးရှားတိုက်စစ်မှူးဟောင်းဟာ အာဆင်ဝင်းဂါးလက်အောက် အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့ချိန်တုန်းက ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၈ ခုနှစ်မှ မာတင် တေလာရဲ့ ကြောက်မက်ဖွယ် ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပြီး ခြေကျင်းဝတ်နေရာလွဲသွားခဲ့တဲ့အတွက် ၁ နှစ်ကျော်…

read more
မန်စီးတီးကို ပြောင်းမှာမဟုတ်ဘူးလို့ အာတီတာကို ကတိပေးခဲ့တဲ့ ဂန်းနားကြယ်ပွင့် 150 150 coyg

မန်စီးတီးကို ပြောင်းမှာမဟုတ်ဘူးလို့ အာတီတာကို ကတိပေးခဲ့တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့ မန်စီးတီး အင်္ဂလန်ကြယ်ပွင့်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက် အကောင်းဆုံးပုံစံကို ရရှိနေသူဖြစ်ပြီး ယခုလမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်း ၂ လုံးထိ ရောက်ရှိတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ယူကရိန်းကို ဝင်ဘလေမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းမှာလည်း…

read more
စာချုပ်သစ်ကြောင့် အာဆင်နယ်ရဲ့လစာအမြင့်မားဆုံးကစားသမားဖြစ်လာတော့မယ့် ဆာကာ coyg

စာချုပ်သစ်ကြောင့် အာဆင်နယ်ရဲ့လစာအမြင့်မားဆုံးကစားသမားဖြစ်လာတော့မယ့် ဆာကာ

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ကို ချုပ်ဆိုတဲ့အချိန်ကျရင် တစ်ရာသီကို ပေါင် ၁၅ သန်းနီးပါးအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆာကာဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာသူဖြစ်ပြီး တနင်္ဂနွေနေ့က ယူကရိန်းနဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့သွင်းဂိုးနဲ့ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက Sportsmail က ဆာကာဟာ အနည်းဆုံး တစ်နှစ်ကို…

read more
အန်ဂိုလာနဲ့ပွဲမှာ ပါတေးကို ဘာလို့ မကစားခိုင်းခဲ့လဲဆိုတာ အတည်ပြုခဲ့တဲ့ ဟူတန်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

အန်ဂိုလာနဲ့ပွဲမှာ ပါတေးကို ဘာလို့ မကစားခိုင်းခဲ့လဲဆိုတာ အတည်ပြုခဲ့တဲ့ ဟူတန်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

ဂါနာလက်ရွေးစင်နည်းပြ ခရစ္စ ဟူတန်က သောမတ်စ် ပါတေးဟာ အန်ဂိုလာနဲ့ ၁-၁ သရေကျခဲ့တဲ့ အာဖရိကဖလား ခြေစစ်ပွဲစဉ်မှာ အသေးစား ဒဏ်ရာပြဿနာရှိနေတာကြောင့် ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆာင်နယ်ကြယ်ပွင့်က မကြာသေးမီက ကြံ့ခိုင်မှုပြဿနာကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း နိုင်ငံတကာအားလပ်ရက်အတွင်း ၎င်းရဲ့ ပြန်လည်ကုစားမှုကို အကူအညီဖြစ်စေဖို့ ဂါနာလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ ယခုရာသီမှာ အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၅…

read more
အာဆင်နယ်မှာ ထူးချွန်တဲ့ကြယ်ပွင့်ကစားသမားမရှိဘူးလို့ ပြောခဲ့တဲ့ လေဘာပါတီခေါင်းဆောင် coyg

အာဆင်နယ်မှာ ထူးချွန်တဲ့ကြယ်ပွင့်ကစားသမားမရှိဘူးလို့ ပြောခဲ့တဲ့ လေဘာပါတီခေါင်းဆောင်

လေဘာပါတီ ခေါင်းဆောင် ဆာ ခဲလ် စတားမာက ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အသင်းလူစာရင်းထဲမှာ ထူးချွန်တဲ့ ကြယ်ပွင့်ကစားသမားမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ စတားမာက အာဆင်နယ်ကို အားပေးသူဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တဲ့ ၎င်းရဲ့ ရှေ့က လေဘာပါတီခေါင်းဆောင် ဂျယ်ရမီး ကိုဘင်းလိုပဲ ဂန်းနားပရိသတ်ဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ လက်ရှိမှာ…

read more
ဂန်းနားကြယ်ပွင့်ရဲ့ အလွန်ကောင်းမွန်တဲ့ အရည်အချင်းကြောင့် အံ့အားသင့်ခဲ့တဲ့ ချေးဝဲလ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဂန်းနားကြယ်ပွင့်ရဲ့ အလွန်ကောင်းမွန်တဲ့ အရည်အချင်းကြောင့် အံ့အားသင့်ခဲ့တဲ့ ချေးဝဲလ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-နယူးကာဆယ်လ်ယူနိုက်တက်ဟာ ဂါဘရီ ဗေဂါရဲ့ စာချုပ်လျော်ကြေး ပေါင် ၃၃ သန်းကို ပေးချေသွားဖို့ ဆန္ဒရှိပေမယ့်လည်း လာလီဂါကြယ်ပွင့်က ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ကို ပိုမိုပြောင်းရွှေ့ချaင်နေတယ်လို့ သိရပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဥရောပရဲ့ တောက်ပလာနေတဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးကို စိတ်ဝင်စားမှုတွေ မြင့်တက်လာနေပြီး နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ဗေဂါရဲ့စာချုပ်လျော်ကြေး ပေါင် ၃၃…

read more
ဆာကာကို လူဝိုင်းချနေတာကို လစ်လျူရှုပြီး ပွဲချိန်ပြည့်သုံးခဲ့လို့ ဝေဖန်ခံနေရတဲ့ ဆောက်ဂိတ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဆာကာကို လူဝိုင်းချနေတာကို လစ်လျူရှုပြီး ပွဲချိန်ပြည့်သုံးခဲ့လို့ ဝေဖန်ခံနေရတဲ့ ဆောက်ဂိတ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

အာဆင်နယ်ပရိသတ်တွေဟာ ယူကရိန်းနဲ့ပွဲမှာ ဘူကာယို ဆာကာကို မိနစ် ၉၀အပြည့်ကစားခိုင်းခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ကြပါတယ် ။အင်္ဂလန်ဟာ တနင်္ဂနွေနေ့ညနေ ဝင်ဘလေကွင်းမှာ ယူကရိန်းကို လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆာကာက အကောင်းဆုံးပုံစံနဲ့ ဟာရီ ကိန်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် ပင်နယ်တီဧရိယာအပြင်ဘက်က အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ပွဲစဉ်ကို အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ စိုးရိမ်တကြီး ကြည့်ခဲ့ရတဲ့…

read more
ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ရော်ဘင် ဗန်ပါစီ coyg

ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အခွင့်အရေးကို ခန့်မှန်းလိုက်တဲ့ ရော်ဘင် ဗန်ပါစီ

ရော်ဘင် ဗန်ပါစီက အသင်းဟောင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားအတွက် ၁၉ နှစ်ကြာ စောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ၂၀၀၃-၂၀၀၄ ရာသီတုန်းက အာဆင်ဝင်းဂါးလက်အောက်မှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက ထိပ်တန်းပြိုင်ပွဲမှာ ထိပ်ဆုံး ၄ နေရာဝင်နိုင်ဖို့တောင် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အူနိုင်း အမ်မရီ၊ ဖရက်ဒီ ယွန်းဘတ်တို့ကလည်း မျှော်လင့်ခဲ့တဲ့အတိုင်း အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာဖြစ်ပေမယ့်လည်း…

read more
အင်္ဂလန်နဲ့ပွဲမတိုင်ခင် ကွင်းထဲမှာ သူငယ်ချင်း မရှိဘူးလို့ ဝန်ခံလိုက်တဲ့ ဇင်ကြီး coyg

အင်္ဂလန်နဲ့ပွဲမတိုင်ခင် ကွင်းထဲမှာ သူငယ်ချင်း မရှိဘူးလို့ ဝန်ခံလိုက်တဲ့ ဇင်ကြီး

ယနေ့ည အင်္ဂလန်နဲ့ ကစားရမယ့် ပွဲစဉ်ဟာ ယူကရိန်းအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပထမဆုံးပွဲစဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းခံရပြီးနောက်ပိုင်း စစ်ပွဲ ဆက်လက် ဖြစ်ပွားနေချိန်အတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဇင်ချန်ကိုဟာ လက်ရွေးစင်အသင်းဖော်တွေပြသခဲ့တဲ့ စည်းလုံးညီညွတ်မှုနဲ့ တစ်နိုင်ငံလုံးရဲ့ အားပေးထောက်ခံမှုကို အသိအမှတ်ပြု ချီးကျူးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် သူတို့အားလုံးကို…

read more
ဘယ်နောက်ခံကစားသမားမဟုတ်ဘဲ အလွန်အားနည်းသူလို့ သတ်မှတ်ခံခဲ့ရတဲ့ ဇင်ချန်ကို coyg

ဘယ်နောက်ခံကစားသမားမဟုတ်ဘဲ အလွန်အားနည်းသူလို့ သတ်မှတ်ခံခဲ့ရတဲ့ ဇင်ချန်ကို

အင်္ဂလန်အသင်းဟာ ယူရို ခြေစစ်ပွဲအဖြစ် ယနေ့မှာ ယူကရိန်းအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့် ဇင်ချန်ကိုက အားနည်းချက်ဖြစ်နိုင်တယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။ ဇင်ချန်ကိုဟာ ယူကရိန်းမှာ အလွန်ကောင်းမွန်တဲ့ကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ယခုရာသီမှာ အာဆင်နယ်အသင်းအတွက်လည်း အလွန်ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှုဖြစ်ကြောင်း သက်သေပြသထားတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဘယ်နောက်ခံနေရာရော ကွင်းလယ်နေရာမှာပါ ကစားနိုင်စွမ်းရှိသူဖြစ်ပေမယ့်လည်း ယူကရိန်းလက်ရွေးစင်ဟောင်းက ဇင်ချန်ကိုရဲ့ ခံစစ်ပိုင်း…

read more