Posts By :

coyg

မန်စီးတီးပဲ ဖလားရသွားမယ်လို့ ထင်နေသေးတဲ့ ရွိုင် ကီးန် coyg

မန်စီးတီးပဲ ဖလားရသွားမယ်လို့ ထင်နေသေးတဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဆင်နယ်အသင်းကို လက်ရှိအချိန်အထိ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ထားတဲ့အတွက် ချီးကျူးခဲ့ပေမယ့်လည်း မန်စီးတီးက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိသွားလိမ့်မယ်လို့ ထင်မြင်နေဆဲဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိ ချန်ပီယံတွေကို ၈ မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ ရာသီကုန်ဖို့ ၉ ပွဲ သာလိုတော့တာဖြစ်ပြီး မန်ချက်စတာစီးအတွက်ကတော့…

read more
ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး coyg

ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ရာသီကုန်ဖို့ ၉ ပွဲသာ လိုတော့တဲ့အချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး တစ်ရာသီလုံး ဂန်းနားတွေရဲ့ ဖလားဖြစ်နေခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်အောင်ပွဲရရှိဖို့ တဖြည်းဖြည်းနီးစပ်လာနေပြီဖြစ်ပြီး အရေးကြီးတဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦးလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ၁။ ရော့ဘ် ဟိုးဒင်း အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့…

read more
ချဲလ်ဆီးနဲ့သရေကျခဲ့ပြီးနောက် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ကလော့ပ် coyg

ချဲလ်ဆီးနဲ့သရေကျခဲ့ပြီးနောက် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က စူပါအာဆင်နယ်လို့ ချီးကျူးခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ယခုအပတ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေကို အနိင်ယူနိုင်စွမ်းရှိတာထက် ပိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ ယခုရာသီ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ၎င်းတို့ရဲ့ အံ့အားသင့်ဖွယ် ဆုဖလားစိန်ခေါ်မှုကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာ သမိုင်းဝင် ဆုဖလား ၄ လုံးအတွက်…

read more
အန်းဖီးကို သွားရောက်ရမယ့်ပွဲအတွက် ဂန်းနားတွေရဲ့ အိပ်မက်ဆိုးကို အတည်ပြုခဲ့တဲ့ ပရီးမီးယားလိဂ် coyg

အန်းဖီးကို သွားရောက်ရမယ့်ပွဲအတွက် ဂန်းနားတွေရဲ့ အိပ်မက်ဆိုးကို အတည်ပြုခဲ့တဲ့ ပရီးမီးယားလိဂ်

အာဆင်နယ်အသင်းဟာ ၁၉ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ၉ ပွဲသာလိုတော့တာဖြစ်ပြီး စနေနေ့က လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးကို ၉ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့်လည်း အနည်းဆုံးတော့ ဂန်းနားတွေဟာ ၅ မှတ်အထိတော့ ဖြတ်ထားနိုင်ဦးမှာဖြစ်ပြီး ဒီ ၂ သင်းဟာ ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း…

read more
ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-မာ့ခ် ဟုချ်က အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံပြီး ပရီးမီးယားလိဂ်ဖလားကို အရယူသွားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နည်းပြဟောင်း မာ့ခ် ဟုချ်က မန်စီးတီးရဲ့  ဆုဖလားတွေ အနိုင်ရရှိခဲ့တဲ့ အတွေ့အကြုံက အရေးပါပေမယ့် အာဆင်နယ်က ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က တကယ်ကို အားကောင်းလာပါတယ်။ ကျွန်တော် သူတို့ကို…

read more
ရိုမာနို ပြောတဲ့ ဆာကာ၊ ဆာလီဘာနဲ့ အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ် coyg

ရိုမာနို ပြောတဲ့ ဆာကာ၊ ဆာလီဘာနဲ့ အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်၊ ဆာကာနဲ့ ဆာလီဘာတို့ရဲ့ စာချုပ်သစ် ကိစ္စနောက်ဆုံးပြောဆိုဆွေးနွေးမှုအခြေအနေတွေကို CBS နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ပါတယ်။ ဆာကာရဲ့ စာချုပ်သစ် အခြေအနေ ဘူကာယို ဆာကာက သိပ်မကြာခင်မှာပဲ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ပါလိမ့်မယ်။ အားလုံးက သဘောတူညီမှုရခဲ့ပြီးပြီဖြစ်ပြီး ကျွန်တော်ပြောတာ ယုံပါ။ ဒါက ကစားသမားသစ်ခေါ်ယူမှုလိုမျိုး ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့…

read more
အသင်းဖော်ဟောင်းရဲ့ကစားသမားဘဝကို ကယ်တင်နိုင်မယ့် ရက်ရောတဲ့အလှူကို ပြုလုပ်ခဲ့တဲ့ ရမ်းစ်ဒေးလ် coyg

အသင်းဖော်ဟောင်းရဲ့ကစားသမားဘဝကို ကယ်တင်နိုင်မယ့် ရက်ရောတဲ့အလှူကို ပြုလုပ်ခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ အသင်းဖော်ဟောင်းရဲ့ ကစားသမားဘဝကို ကယ်တင်မယ့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်အောင် ရက်ရောတဲ့ ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရှက်ဖီးယူနိုက်တက်၊ ချက်စတာဖီးတို့မှာ ရမ်းစ်ဒေးလ်နဲ့ အတူတူ ကစားခဲ့ဖူးတဲ့ ကွန်နာ ဒီမိုင်ယိုဟာ လိဂ်မရှိတဲ့အသင်းဖြစ်တဲ့ မတ်လော့ခ် တောင်းအသင်းအတွက် မတ်လမှာ ကစားပေးခဲ့တဲ့ပွဲစဉ်အတွင်း ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒူးရွတ်အရှေ့ပိုင်း စုတ်ပြဲသွားခဲ့သလို အလယ်အရွတ်နဲ့ ဘေးဖက်အရွတ်တွေလည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒီမိင်ယိုဟာ…

read more
ဥရောပထိပ်သီးအသင်းကြီးကြောင့် ဆာလီဘာကို ထိန်းသိမ်းဖို့ တိုက်ပွဲဝင်ရနိုင်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဥရောပထိပ်သီးအသင်းကြီးကြောင့် ဆာလီဘာကို ထိန်းသိမ်းဖို့ တိုက်ပွဲဝင်ရနိုင်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်ကြယ်ပွင့်ဟောင်း ကယ်လမ် ချန်ဘာစ်က မကြာသေးမီက အင်စတာဂရမ်ပို့စ်မှာ မိုင်ခေလို မာဒရစ်ခ်ကို ဝေဖန်ခဲ့ပုံပေါ်ပြီး အက်စတန် ဗီလာက ချဲလ်ဆီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူကရိန်းကြယ်ပွင့်နဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးပမ်းနေတဲ့ပုံနဲ့အတူ “အနောက်လန်ဒန်ကို ချစ်တယ်။ သွားကြစို့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ -တင် ရှားဝုဒ်က ဂါဘရီယဲလ် ဂျေးဇုနဲ့ ထရော့ဆာ့ဒ်တို့ကို အံ့အားသင့်ဖွယ် ခေါ်ယူမှုအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက…

read more
ဂန်းနားတွေရဲ့ ဆုဖလားပြိုင်ပွဲပေါ် စီးတီးအဝတ်လဲခန်းထဲ ဘယ်လိုမြင်နေကြသလဲ coyg

ဂန်းနားတွေရဲ့ ဆုဖလားပြိုင်ပွဲပေါ် စီးတီးအဝတ်လဲခန်းထဲ ဘယ်လိုမြင်နေကြသလဲ

မန်ချက်စတာစီးတီးကစားသမားတွေဟာ နည်းပြ ပက် ဂွါဒီယိုလာရဲ့  အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို လိုက်မီဖို့ အခွင့်အရေးရှိလာအောင် ပရီးမီးယားလိဂ်က လက်ကျန်ပွဲတိုင်းကို အနိုင်ကစားဖို့ စိန်ခေါ်မှုအတိုင်း လုပ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ မန်ချက်စတာစီးတီးဟာ  စနေနေ့က လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့မှုကြောင့် ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရရှိခဲ့ပြီး ယခုရာသီမှာ ပထမဆုံးအကြိမ် ၄ ပွဲဆက်…

read more
အာဆင်နယ်နဲ့ပတ်သက်ပြီး မှားခဲ့တယ်လို့ ဝန်ခံပေမယ့် ဖလားရမယ်လို့ မထင်သေးတဲ့ နဗီး coyg

အာဆင်နယ်နဲ့ပတ်သက်ပြီး မှားခဲ့တယ်လို့ ဝန်ခံပေမယ့် ဖလားရမယ်လို့ မထင်သေးတဲ့ နဗီး

ဂယ်ရီ နဗီးဟာ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလားရရှိလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပေမယ့်လည်း အမှတ်ပေးဇယားကို အချိန်ကြာမြင့်စွာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ပတ်သက်ပြီး မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပြီး မန်ချက်စတာစီးတီးရဲ့ လီဗာပူးလ်ကို ၄-၁ နဲ့ အထင်ကြီးဖွယ် အနိုင်ရရှိမှုအပြီးမှာ ဂန်းနားတွေကလည်း လိဒ်စ်ကို တူညီတဲ့ဂိုးရလဒ်အတိုင်းပဲ တစ်နေ့တည်းမှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုရာသီတစ်ခုလုံး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို…

read more