Posts By :

coyg

အာဆင်နယ်ကို အလှည့်အပြောင်းဖြစ်စေတဲ့ ချာကာရဲ့အပြောင်းအလဲ ၄ ခုကို ပြောပြခဲ့တဲ့ အာတီတာ coyg

အာဆင်နယ်ကို အလှည့်အပြောင်းဖြစ်စေတဲ့ ချာကာရဲ့အပြောင်းအလဲ ၄ ခုကို ပြောပြခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဂရာနစ် ချာကာရဲ့ ဂိုးရှေ့က ပုံစံကောင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းတွေထဲက တစ်ခုဟာ စိတ်ဓာတ်ပိုင်း အပြောင်းအလဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာ ဒီရာသီ ဂန်းနားတွေရဲ့ အံ့အားသင့်ဖွယ် ဆုဖလားစိန်ခေါ်မှုမှာ လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဂိုးသွင်းအများဆုံး ရာသီကို…

read more
လီဗာပူးလ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ coyg

လီဗာပူးလ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ ယခုရာသီရဲ့ အရေးအကြီးဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပရိသတ်တွေသိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ မေး- နောက်ဆုံးအကြိမ် လီဗာပူးလ်နဲ့ ကစားခဲ့တဲ့အပေါ်မှာ ခင်ဗျားရဲ့ အမြင်က ဘယ်လိုလဲ။ ဖြေ- ကျွန်တော်တို့အတွက် အဲဒါက သာမန်ပါပဲ။ ကျွန်တော်တို့ မတူညီတဲ့နည်းလမ်းနဲ့ ပွဲစဉ်တိုင်းကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်။…

read more
ထရော့ဆာ့ဒ်ကို အံ့အားသင့်ဖွယ် ချန်လှပ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာ coyg

ထရော့ဆာ့ဒ်ကို အံ့အားသင့်ဖွယ် ချန်လှပ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ယခုအပတ်ပွဲစဉ်မှာ လီအန်ဒရို ထရော့ဆာ့ဒ်ကို ချန်လှပ်ခဲ့သင့်တယ်လို့ တိုက်တွန်းခံခဲ့ရပါတယ်။ အာဆင်နယ်ဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၁၂ ခုနှစ် မတ်လနောက်ပိုင်းကတည်းက မာဆေးဆိုဒ်မှာ နိုင်ပွဲ မရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဂန်နားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နေတာဖြစ်ပြီး လီဗာပူးလ်အသင်းကတော့…

read more
လီဗာပူးလ်ကို နိုင်ရင် ပရီးမီးယားလိဂ်ရပြီလို့ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

လီဗာပူးလ်ကို နိုင်ရင် ပရီးမီးယားလိဂ်ရပြီလို့ ပြောကြားခြင်းခံခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အာတီတာအနေနဲ့ ကြယ်ပွင့်နောက်ခံလူ ဆာလီဘာမပါဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုကတော့ ပြန်လည်ကစားပေးနိုင်ခဲ့တဲ့အချိန်ကတည်းက ထက်မြက်နေပုံပေါ်ပြီး နာမကျန်းဖြစ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဟေးအမ်းအကယ်ဒမီထွက် ဆာကာနဲ့အတူ လီဗာပူးလ်ကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဘန် ဝှိုက်ကလည်း အရေးကြီးတဲ့ပွဲစဉ်အတွက် ပြန်လည်ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး တိုမီယဆုနဲ့ အယ်လ်နန်နီတို့ကတော့ ကာလရှည်အနားယူရမယ့်ဒဏ်ရာပြဿနာတွေကြောင့် ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။…

read more
All or Nothing စီးရီးထဲက အာတီတာရဲ့အပြုအမူအပေါ် ခံစားချက်ကို ပြသခဲ့တဲ့ ဂန်းနားများ coyg

All or Nothing စီးရီးထဲက အာတီတာရဲ့အပြုအမူအပေါ် ခံစားချက်ကို ပြသခဲ့တဲ့ ဂန်းနားများ

အာဆင်နယ်ကစားသမားတွေဟာ Amazon ရဲ့ မှတ်တမ်းတိုရုပ်ရှင်အဖွင့်မှာ ဂန်းနားနည်းပြရဲ့ ပုံစံက အများအမြင်မှာ ရယ်စရာဖြစ်နေပေမယ့်လည်း အာတီတာနဲ့ ၎င်းရဲ့ ထူးခြားတဲ့ စကားပြောဟန်ကို အပြည့်အဝ ထောက်ခံနေကြပါတယ်။ All or Nothing မှတ်တမ်းတိုရုပ်ရှင်ဟာ ၂၀၂၁-၂၀၂၂ ရာသီကို ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကို အာတီတာရဲ့ အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး အတွင်းကျကျ သိရှိအောင် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကင်မရာတွေဟာ ပွဲမတိုင်ခင်နဲ့…

read more
ဆုဖလားပြိုင်ပွဲအရှိန်တက်နေချိန်မှာ လျင်မြန်သွက်လက်တဲ့ကစားသမားကို သုံးဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာနဲ့ နောက်ဆုံးရသတင်းများ coyg

ဆုဖလားပြိုင်ပွဲအရှိန်တက်နေချိန်မှာ လျင်မြန်သွက်လက်တဲ့ကစားသမားကို သုံးဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာနဲ့ နောက်ဆုံးရသတင်းများ

-အာဆင်နယ်ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုဟာ မြောက်လန်ဒန်ကို မပြောင်းရွှေ့မီ ယူကရိန်းရှေ့တန်းကို သွားရောက်ပူးပေါင်းဖို့ စဉ်းစားခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ “ခင်ဗျားရဲ့ နိုင်ငံ အတိုက်ခိုက်ခံနေရချိန်မှာ ဒီတိုင်းလက်ပိုက်ကြည့်နေလို့မရနိုင်ပါဘူး။ ယူကရိန်းက ပြည်သူတွေဟာ သူတို့ရဲ့အသက်အတွက် တိုက်ပွဲဝင်နေကြတယ်။ ကျွန်တော် ရှေ့တန်းကို စစ်သားအနေနဲ့ သွားပြီး ကူတိုက်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် ပလက်ဖောင်းကို စစ်ပွဲကို အလှူငွေထည့်ဝင်ပြီး မတူညီတဲ့နည်းလမ်းနဲ့ တိုက်ပွဲဝင်ဖို့အတွက်…

read more
ဆုဖလားနဲ့ပတ်သက်ပြီး ဇင်ကြီးကို စိတ်တိုအောင် ပြောခဲ့တဲ့ ဂျေးဇု coyg

ဆုဖလားနဲ့ပတ်သက်ပြီး ဇင်ကြီးကို စိတ်တိုအောင် ပြောခဲ့တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုက ဇင်ချန်ကိုကို ပရီးမီးယားလိဂ်ဆုဖလားရရှိခဲ့ရာမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပြီးနောက် ယူကရိန်းကြယ်ပွင့်က လူသတ်ချင်စိတ်ပါ ပေါက်တဲ့အထိ ဒေါသထွက်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂန်းနားကြယ်ပွင့် ၂ ဦးဟာ နောက်ထပ် ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ရရှိဖို့အတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ဟာ မန်ချက်စတာစီးတီးနဲ့ ရှိခဲ့တဲ့အချိန်အတွင်း ၄ ကြိမ်အထိ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အမ်းမရိတ်စ်ကို…

read more
ဇင်ချန်ကိုမပါဝင်နိုင်ချိန်မှာ ဘယ်လိုကာဗာလုပ်နိုင်မလဲ coyg

ဇင်ချန်ကိုမပါဝင်နိုင်ချိန်မှာ ဘယ်လိုကာဗာလုပ်နိုင်မလဲ

ဇင်ချန်ကိုဟာ အာဆင်နယ်မှာ ပြုပြင်ပြောင်းလဲနိုင်တဲ့ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ၎င်းရဲ့အလွန်ကောင်းမွန်မှုက တီယာနီရဲ့အနာဂတ်ကို မရေမရာ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အရမ်းထူးခြားတဲ့ နောက်ခံတောင်ပံကစားသမားအတွက် သင့်တော်တဲ့ ကာဗာ ဘယ်လို ပေးနိုင်မလဲဆိုတဲ့မေးခွန်းက ရှိလာပြီး တီယာနီဟာ အူနိုင်း အမ်မရီ လက်ထက်မှာ ပြောင်းရွှေ့လာပြီးကတည်းက ဂန်းနားတွေရဲ့ အဓိကဘယ်နောက်ခံလူ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနှိပ်စက်တာခံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပေမ့ယ့်လည်း ကြံ့ခိုင်မှုပြည့်ဝနေပြီး…

read more
ဆာကာပြသဖို့လိုတဲ့အရာနဲ့ ဘန် ဝှိုက်ပေးနေတဲ့အရာကို ပြောပြခဲ့တဲ့ လီဗာပူးလ်ဂန္တဝင် coyg

ဆာကာပြသဖို့လိုတဲ့အရာနဲ့ ဘန် ဝှိုက်ပေးနေတဲ့အရာကို ပြောပြခဲ့တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် ဂျွန် ဘန်းစ်က ယခုရာသီမှာ ထိပ်တန်းခြေစွမ်း ရရှိနေတဲ့ အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဘန် ဝှိုက်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဆာကာဟာ လက်ရှိအချိန်အထိ ကလပ်အသင်းနဲ့ နိင်ငံအသင်းအတွက် အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေခဲ့သူဖြစ်ပြီး ဟေးအမ်း အကယ်ဒမီထွက်ဟာ ကွင်းအတွင်း စွမ်းဆောင်ရည်နဲ့အတူ တပတ်ချင်း ဆက်လက် တိုးတက်လာနေတာဖြစ်ပါတယ်။ အသက် ၂၁…

read more
အန်းဖီးက ပွဲစဉ်အတွက် ဟောကိန်းထုတ်လိုက်တဲ့ ဂယ်ရီ နဗီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

အန်းဖီးက ပွဲစဉ်အတွက် ဟောကိန်းထုတ်လိုက်တဲ့ ဂယ်ရီ နဗီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ အဲဗာတန်ကွင်းလယ်ကြယ်ပွင့် အမာဒူ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ၎င်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်နေတယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ ဇန်နဝါရီမှာ ဂျော်ဂျင်ညိုကို ခေါ်ယူခဲ့ပေမယ့်လည်း လာမယ့်နွေရာသီမှာ ဒီကလန် ရိုက်စ်ကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ ချာကာအတွက် ယှဉ်ပြိုင်မှု ပေးနိုင်မယ့်ကစားသမားဖြစ်နိုင်ပေမယ့် အာဆင်နယ်က အဲဗာတန်ကွင်းလယ်လူ အိုနာနာနဲ့လည်း သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ် သတင်းစာ Het…

read more