Posts By :

coyg

၂၀၂၂-၂၀၂၃ ရာသီက အာဆင်နယ်ရဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦး coyg

၂၀၂၂-၂၀၂၃ ရာသီက အာဆင်နယ်ရဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦး

အာဆင်နယ်ရဲ့ ရာသီဟာ ဆုဖလားကို လက်လွှတ်ခဲ့ရတာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ပြီးနောက် ဝုလ်ဗ်စ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပြီးပြည့်စုံတဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ တစ်ရာသီလုံးမှာ ဆာကာ၊ ဆာလီဘာ၊ အော်ဒီဂွါဒ်၊ ဇင်ချန်ကို၊ ဂျေးဇု၊ မာတီနယ်လီတို့လို ကစားသမားတွေဟာ မမျှော်မှန်းထားတဲ့ အဆင့်အတန်းကို ရောက်ရှိခဲ့ကြတာကို အားလုံးမြင်တွေ့ခဲ့ရပေမယ့်လည်း ပရိသတ်တွေ သတိမထားမိခဲ့တဲ့ နောက်ကွယ်က သူရဲကောင်းတွေလည်း ရှိခဲ့ပါတယ်။ ၁။ ဂါဘရီယဲလ်…

read more
ဂန်းနားတွေရဲ့ အဓိကပစ်မှတ်ကို ငွေအားကိုးပြီး ဖြတ်ခုတ်ဦးမယ့် ချဲလ်ဆီးနဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဂန်းနားတွေရဲ့ အဓိကပစ်မှတ်ကို ငွေအားကိုးပြီး ဖြတ်ခုတ်ဦးမယ့် ချဲလ်ဆီးနဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-အာဆင်နယ်နည်းပြဟောင်းဖြစ်တဲ့ အက်စတန် ဗီလာနည်းပြ အူနိုင်း အမ်မရီက ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကီရန် တီယာနီကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။ စပိန်လူမျိုးနည်းပြဟာ အာဆင်နယ်ကို တာဝန်ယူ ကိုင်တွယ်နေခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက စကော့နောက်ခံလူကို ခေါ်ယူခဲ့တာဖြစ်ပြီး တီယာနီဟာ အူနိုင်း အမ်မရီလက်အောက်မှာ ၉ ကြိမ်သာကစားခဲ့ရပေမယ့် ထိပ်တန်းကစားသမားဖြစ်ခဲ့တယ်ဆိုတာ အစောကြီးကတည်းက ရှင်းလင်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်နဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့…

read more
အက်ဖ်အေဗိုလ်လုပွဲက ဂန်းနားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်လဲ coyg

အက်ဖ်အေဗိုလ်လုပွဲက ဂန်းနားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်လဲ

အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ လာမယ့်ရာသီကို ဘယ်လို စတင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ၂၀၂၃-၂၀၂၄ ရာသီကို အင်္ဂလန်ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ပါဝင်ကစားပြီး ကန့်လန့်ကာဖွင့်ရဖို့ ရှိနေပေမယ့်လည်း အခြေအနေတစ်ခုမှသာ ဖြစ်လာမှာဖြစ်ပါတယ်။ အက်ဖ်အေရဲ့ ရှင်းလင်းချက်အရ…

read more
ဂန်းနားစစ်စစ်တွေ ရာသီသစ်မှာ လန်ဒန်က အော်ဖစ်ရှယ် ဂျာစီသစ်နဲ့ လန်းစေဖို့ coyg

ဂန်းနားစစ်စစ်တွေ ရာသီသစ်မှာ လန်ဒန်က အော်ဖစ်ရှယ် ဂျာစီသစ်နဲ့ လန်းစေဖို့

အာဆင်နယ်အသင်း (၂၀၂၃-၂၄) ရာသီမှာ ဝတ်ဆင်မယ့် အော်ဖစ်ရှယ် အိမ်ကွင်းဂျာစီသစ်လေးရဖို့ Arsenal Myanmar က မေးတဲ့‌ မေးခွန်းလေးတွေ ဖြေကြည့်ရအောင် !!! === × === × === ဂန်းနားတွေကို လက်ဆောင်အဖြစ် ဘာပေးရမလဲ အမြဲ စဉ်းစားဖြစ်နေတဲ့ Arsenal Myanmar အနေနဲ့ တနေ့က ဂျာစီသစ်ကြော်ငြာကြည့်ရင်း ရာသီသိမ်းလက်ဆောင်လေးပေးဖို့ စိတ်ကူးပေါက်သွားပါတယ်။…

read more
မောင့်အတွက် ယူနိုက်တက်ကို ဂန်းနားတို့ ဘာလို့ စိန်မခေါ်တာလဲ coyg

မောင့်အတွက် ယူနိုက်တက်ကို ဂန်းနားတို့ ဘာလို့ စိန်မခေါ်တာလဲ

အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို ပထမဦးစားပေးအဖြစ် ခေါ်ယူသွားမှာဖြစ်တာကြောင့် ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်မှာရှိနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ်မှာ မေဆန် မောင့်နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို သဘောတူညီမှု ရရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းနဲ့ အပြီးသတ်သဘောတူညီမှုရရှိဖို့ လုပ်ဆောင်ရဦးမှာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် ပေါင်သန်း ၆၀ ဝန်းကျင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့…

read more
ဆုဖလားရဖို့ နီးစပ်ခဲ့ပေမယ့် ဂန်းနားတွေ မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ coyg

ဆုဖလားရဖို့ နီးစပ်ခဲ့ပေမယ့် ဂန်းနားတွေ မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ

အာဆင်နယ်အသင်းဟာ ပရိသတ်တွေကို ၁၉ နှစ်ကြာ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်တော့မယ်လို့ ပရိသတ်တွေကို မျှော်လင့်ချက်ပေးပြီးမှ ဒုတိယနေရာနဲ့ပဲ နှစ်သိမ့်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ခြေစွမ်း ကျဆင်းသွားမှုမှာ အဓိကကျတဲ့ အခိုက်အတန့်တွေက ဘာတွေဖြစ်ခဲ့သလဲ ပြန်စဉ်းစားကြည့်ရအောင်။ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ကြီး ၅ ကြီး(စပါးစ်ပါ ထည့်တွက်ရင်)နဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ အရင်လို မျှော်လင့်ချက်မရှိတဲ့အနေအထားမဟုတ်ဘဲ သူတင်ကိုယ်တင်ယှဉ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားပေးနိုင်ခဲ့တယ်။ အာတီတာရဲ့…

read more
အဓိကပစ်မှတ်အတွက် ဘိုင်ယန်ထက်ပိုပြီး ဆွဲဆောင်မှုရှိနေတဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်အတွက် ဘိုင်ယန်ထက်ပိုပြီး ဆွဲဆောင်မှုရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းထက် အနည်းငယ် အသာစီးရရှိနေသေးတယ်လို့ သိရပြီး ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ဟာ ဂျာမနီကို ပြောင်းရွှေ့တာထက် လန်ဒန်မှာပဲ ဆက်ပြီး နေချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ကာလရှည် ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ အသက်…

read more
ဆာလီဘာရဲ့ စာချုပ်တောင်းဆိုမှုကြောင့် တုန်လှုပ်ခဲ့ရတဲ့ အာဆင်နယ် 150 150 coyg

ဆာလီဘာရဲ့ စာချုပ်တောင်းဆိုမှုကြောင့် တုန်လှုပ်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဝီလီယံ ဆာလီဘာရဲ့ စာချုပ်သစ်နဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေအပေါ် စိုးရိမ်ပူပင်မှုတွေ မြင့်တက်လာနေပြီး ပြင်သစ်နောက်ခံကစားသမားရဲ့ တောင်းဆိုမှုကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားဟာ အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သောင်းနဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး တခြား စာချုပ်သက်တမ်းကုန်ဆုံးခါနီးကစားသမားတွေလိုမျိုး စာချုပ်ထဲမှာ တစ်နှစ်သက်တမ်းတိုးခွင့်မပါဝင်တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ မကြာသေးမီက ဆာကာနဲ့ အာရွန်…

read more
အာတီတာရဲ့နည်းပြရာထူးက အန္တရာယ်ရှိနေပြီလို့ သတိပေးလိုက်တဲ့ ဂန်းနားဂန္တဝင် coyg

အာတီတာရဲ့နည်းပြရာထူးက အန္တရာယ်ရှိနေပြီလို့ သတိပေးလိုက်တဲ့ ဂန်းနားဂန္တဝင်

တိုနီ အဒမ်စ်က ၎င်းရဲ့အသင်းဟောင်း အာဆင်နယ်ဟာ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီလို့ သတိပေးခဲ့ပြီး နည်းပြ အာတီတာအနေနဲ့ ၎င်းရဲ့ အလုပ်ကို ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား ဒုတိယနေရာကနေ ရာသီပြီးဆုံးခဲ့တာဖြစ်ပြီး အာတီတာ နည်းပြအဖြစ် ရောက်ရှိလာပြီးနောက်ပိုင်း အကောင်းဆုံး အဆင့်ရပ်တည်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုရာသီအစောပိုင်းတုန်းက မန်စီးတီးကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး…

read more
ရိုက်စ်နဲ့ တန်းဆင်းကြယ်ပွင့် ၂ ဦးကို ခေါ်ဖို့ တိုက်တွန်းလိုက်တဲ့ ဆက်ဂ်ညာ coyg

ရိုက်စ်နဲ့ တန်းဆင်းကြယ်ပွင့် ၂ ဦးကို ခေါ်ဖို့ တိုက်တွန်းလိုက်တဲ့ ဆက်ဂ်ညာ

ဘာကာရီ ဆက်ဂ်ညာက အာဆင်နယ်ကို ယခုနွေရာသီမှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်နဲ့ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့် ၂ ဦးကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသပြီး ဆုဖလားကို အံ့အားသင့်ဖွယ် စိန်ခေါ်နိုင်ခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ကာလမှာ အာတီတာကို ထောက်ခံသွားမယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၂၄၈ ရက်အထိ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့…

read more