Posts By :

coyg

အမ်းမရိတ်စ်မှာ အမှားမခံဘဲ ချဲလ်ဆီးကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်ဦးဆောင်မယ့် အာဆင်နယ် 1024 504 coyg

အမ်းမရိတ်စ်မှာ အမှားမခံဘဲ ချဲလ်ဆီးကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်ဦးဆောင်မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ယနေ့ညမှာ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ စနေနေ့က မိုလီနာကွင်းမှာ ဝုဗ်ကို ၂-၀ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ ကြာသပတေးနေ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားမယ့်ပွဲဆိုရင် အာဆင်နယ်ထက် ၂ ပွဲလျော့နေမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ ဂွါဒီယိုလာရဲ့အသင်းက ချဲလ်ဆီးရဲ့…

read more
မန်စီးတီးနဲ့ပွဲက အာတီတာရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ မော်ရင်ဟို 634 413 coyg

မန်စီးတီးနဲ့ပွဲက အာတီတာရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ မော်ရင်ဟို

ဂျိုဆေး မော်ရင်ဟိုက ပြီးခဲ့တဲ့လက မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲက အာဆင်နယ်ရဲ့ နည်းစနစ်အတွက် အာတီတာကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဂန်းနားတွေဟာ မတ်လ ၃၁ ရက်နေ့က အစ်တီဟတ်ကို သွားကစားခဲ့တာဖြစ်ပြီး ဆုဖလားပြိုင်ပွဲအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့် နှစ်ဖက်စလုံးက ထိန်းကစားခဲ့လို့ ဂိုးမရှိသရေနဲ့သာ ပွဲပြီးသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ခံစစ်အသားပေး ပွဲဗျူဟာကို အသုံးပြုခဲ့ပြီး အာတီတာရဲ့ အသင်းဟာ မန်ချက်စတာစီးတီးနဲ့ပွဲမှာ ဆုဖလားပြိုင်ပွဲအတွက်…

read more
ဝုဗ်ကို အနိုင်ရခဲ့ပေမယ့် အသင်းဖော်ကို တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တဲ့ ဂါဘရီယဲလ် 1024 683 coyg

ဝုဗ်ကို အနိုင်ရခဲ့ပေမယ့် အသင်းဖော်ကို တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တဲ့ ဂါဘရီယဲလ်

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် မာဂါလိုင်စ်က စနေနေ့ညက ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အသင်းဖော်တစ်ယောက်ကို တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ဂယ်ရီ အိုနေးလ်ရဲ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကုန်ထုတ်မကန်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အရေးကြီးတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဝုဗ်ဟာ ပက်ဒရို နီတိုအပါအဝင် အဓိကကစားသမားတွေ မပါနိုင်တာကြောင့် အားနည်းနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတွေက ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာနဲ့…

read more
ရမ်ဆေးကို အမှတ်ရစေတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ကာဇိုလာ 1024 752 coyg

ရမ်ဆေးကို အမှတ်ရစေတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ကာဇိုလာ

အာဆင်နယ်ဂန္တဝင် ဆန်တီ ကာဇိုလာက မီခေးလ် အာတီတာရဲ့ လူစာရင်းထဲမှာ အာရွန် ရမ်ဆေးကို အမှတ်ရစေမယ့် ကစားသမားရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ စပိန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်ခွာခဲ့သူဖြစ်ပေမယ့်လည်း အမ်းမရိတ်စ်က ပရိသတ်အားလုံးရဲ့ ချစ်မြတ်နိုးခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။ ကာဇိုလာ ဘောလုံးရတဲ့အချိန်တိုင်းမှာ ပရိသတ်တွေက နှစ်ခြိုက်စွာ စောင့်ကြည့်ခဲ့ကြပြီး အာဆင်ဝင်းဂါးရဲ့ လှပတဲ့ ကစားကွက်မှာ…

read more
ဘိုင်ယန်ကို ရှုံးခဲ့တဲ့ ဂန်းနားတွေကို သတင်းစကားပါးလိုက်တဲ့ ချာကာ 1024 504 coyg

ဘိုင်ယန်ကို ရှုံးခဲ့တဲ့ ဂန်းနားတွေကို သတင်းစကားပါးလိုက်တဲ့ ချာကာ

ဂရန်းနစ် ချာကာက အက်စတန် ဗီလာနဲ့ ဘိုင်ယန်မြူါ်နစ်တို့ကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ထပ်မရှုံးတော့ဖို့ အာဆင်နယ်အသင်းဖော်ဟောင်းတွေ အားလုံးကို ပြောခဲ့ပါတယ်။ ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့ညက ဂျာမနီမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့တဲ့ ချာကာက အာတီတာရဲ့အသင်းအနေနဲ့ ဒီရာသီမှာ တစ်ခုခု လုပ်နိုင်သေးတယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်နဲ့အတူ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို…

read more
ကျွန်တော်တို့က တနပ်စား မကြံဘူးလို့ အာဆင်နယ်ဖန်တွေကို ခရွန်ကီ ကတိပေး 644 429 coyg

ကျွန်တော်တို့က တနပ်စား မကြံဘူးလို့ အာဆင်နယ်ဖန်တွေကို ခရွန်ကီ ကတိပေး

အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရွန်ကီရဲ့သား ဂျို့ရှ် ခရွန်ကီက အာဆင်နယ်ဟာ သူ့မိသားရဲ့ အကြီးမားဆုံး စီမံကိန်းကြီးဖြစ်ပြီး အသင်းပိုင်ရှင်တွေအဖြစ် ကာလရှည် ရှိနေမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ခရွန်ကီ မိသားစုဟာ အသင်းကို ရောင်းချမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာချက်ထုတ်ခဲ့ပြီး အာတီတာလက်အောက်မှာ အမှန်တကယ် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်သူတွေဖြစ်လာပြီးကတည်းက ပိုင်ရှင်တွေကို ပရိသတ်တွေက ပိုပြီး အားပေးထောက်ခံလာကြတာဖြစ်ပါတယ်။ ခရွန်ကီကလည်း လက်ရှိမှာတော့ အင်တာဗျူးအသစ်တစ်ခုမှာ ဂန်းနားတွေဟာ…

read more
သရေခံကန်ပြီး ဘိုင်ယန်ကို ပင်နယ်တီအထိ ဆွဲခေါ်ဖို့ ကြိုးစားရမယ့် အာဆင်နယ် 1024 504 coyg

သရေခံကန်ပြီး ဘိုင်ယန်ကို ပင်နယ်တီအထိ ဆွဲခေါ်ဖို့ ကြိုးစားရမယ့် အာဆင်နယ်

ဒီနေ့ည ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အိမ်ကွင်းကို ဂန်းနားတို့ သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့က သရေကျခဲ့တဲ့အတွက် နှစ်သင်းစလုံး သူတင်ကိုယ်တင် ကစားသွားမှာမို့လို့ ကြည့်ကောင်းတဲ့ပွဲဖြစ်လာမှာ သေချာပါတယ်။ နှစ်ဖက်အသင်း သတင်းများ ဘိုင်ယန်မြူးနစ်ဘက်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ် ပွဲပယ်ကျခံရမှာဖြစ်တာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘဲ ဂနာဘရီနဲ့ ကိုးမန်းတို့လည်း လွဲချော်မှာ ဖြစ်ပါတယ်။ ဆာချာ ဘိုဝီ၊ ဘူနာ ဆား၊ ဘွတ်ချ်မန်း၊ မာရူဆစ်တို့လည်း…

read more
ဒုတိယအကျော့မှာ ပြန်ပါလာနိုင်တဲ့ ဂန်းနားတွေကို ဒုက္ခပေးခဲ့တဲ့ ဘိုင်ယန်ကြယ်ပွင့် 1024 683 coyg

ဒုတိယအကျော့မှာ ပြန်ပါလာနိုင်တဲ့ ဂန်းနားတွေကို ဒုက္ခပေးခဲ့တဲ့ ဘိုင်ယန်ကြယ်ပွင့်

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီရွိုင်း ဆာနေးဟာ ဒီအပတ် အာဆင်နယ်နဲ့ ကစားသွားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ရဖို့ မျှော်မှန်းနေပါတယ်။ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပြီးခဲ့တဲ့အပတ်က မြောက်လန်ဒန်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ကြတာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် အဲလီးယန့်ဇ်ကွင်းမှာ ကစားသွားရမှာဖြစ်ပါတယ်။ ဆာနေးဟာ အမ်းမရိတ်စ်က ပွဲမှာတုန်းက အာဆင်နယ်ခံစစ်ကို ညာတောင်ပံကနေ ဒုက္ခပေးနိုင်ခဲ့ပြီး ခီဗီယော…

read more
ဆုဖလားဟောကိန်းကို ပြင်ဆင်လိုက်တဲ့ အီယန် ရိုက် 644 429 coyg

ဆုဖလားဟောကိန်းကို ပြင်ဆင်လိုက်တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ဂန်းနားတွေနဲ့ လီဗာပူးလ်တို့ တနင်္ဂနွေနေ့မှာ ခြေချော်ခဲ့ကြပြီးနောက် ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးက ရေပန်းအစားဆုံးဖြစ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အန်းဖီးမှာ ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းကလည်း အမ်းမရိတ်စ်မှာ အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စနေနေ့က လူတန်ကို…

read more
ကြယ်ပွင့်ကစားသမားကို အာတီတာက သေးသိမ်အောင်လုပ်နေတယ်လို့ သရဲနီ ဂန္တဝင် စွပ်စွဲ 644 429 coyg

ကြယ်ပွင့်ကစားသမားကို အာတီတာက သေးသိမ်အောင်လုပ်နေတယ်လို့ သရဲနီ ဂန္တဝင် စွပ်စွဲ

မီခေးလ် အာတီတာဟာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို သေးသိမ်အောင် လုပ်နေတယ်လို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် အန်ဒီ ကိုးက စွပ်စွဲခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီကို အာဆင်နယ်ရဲ့ နံပါတ် ၁ ပွဲထွက်ခွင့်ရ ဂိုးသမားအဖြစ် စတင်နိုင်ခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဒေးဗစ် ရာယာရဲ့ နေရာလုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အာတီတာကတော့ အဲဒီအချိန်တုန်းက တစ်ရာသီလုံးကို ရမ်းစ်ဒေးလ်နဲ့…

read more