Posts By :

coyg

ရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲမှာ မကျေပွဲနွှဲကြမယ့် စီးတီးနဲ့ အာဆင်နယ် 1024 504 coyg

ရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲမှာ မကျေပွဲနွှဲကြမယ့် စီးတီးနဲ့ အာဆင်နယ်

ဒီနှစ်ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ဩဂုတ်လ ၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဝင်ဘလေကွင်းမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ သာမန်အားဖြင့် ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေချန်ပီယံတို့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပေမယ့် မန်စီးတီးက ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလားအပါအဝင် ဖလား ၃ လုံးရခဲ့တာကြောင့် ဒုတိယနေရာက အာဆင်နယ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့…

read more
ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြအာတီတာအပေါ် အမြင်ကို ဖွင့်ဟခဲ့တဲ့ ဇင်ချန်ကို 1024 504 coyg

ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြအာတီတာအပေါ် အမြင်ကို ဖွင့်ဟခဲ့တဲ့ ဇင်ချန်ကို

Game4Ukraine ရန်ပုံငွေပွဲမတိုင်ခင် ဇင်ချန်ကိုက ရီယို ဖာဒီနန်ရဲ့ FIVE ယူကျုချန်နယ်မှာ စကားပြောဆိုခဲ့ပြီး ဂန်းနားနောက်ခံလူက ကစားသမားဘဝ၊ အသင်းဖော်တွေနဲ့ နည်းပြ အာတီတာအပေါ် အမြင်တွေကို မျှဝေခဲ့ပါတယ်။ မေး- နေရာအတွက် ယှဉ်ပြိုင်မှုတွေအပေါ်။ ဖြေ- လေ့ကျင့်ရေးအစီအစဉ်မှာ ခင်ဗျား ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ရင် ခင်ဗျားနေရာကို ဝင်ယူမယ့်လူက နောက်မှာ ၅ ယောက်လောက်ရှိတယ်။ ခင်ဗျားနေရာအတွက်၊…

read more
ဂန်းနားကြယ်ပွင့်သစ်နဲ့ပတ်သက်ပြီး အာတီတာကို သတိပေးခဲ့တဲ့ ပေါလ် မာဆန် 1024 504 coyg

ဂန်းနားကြယ်ပွင့်သစ်နဲ့ပတ်သက်ပြီး အာတီတာကို သတိပေးခဲ့တဲ့ ပေါလ် မာဆန်

ဒီကလန် ရိုက်ဟာ အာဆင်နယ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကြီးမားတဲ့အပြောင်းအရွှေ့အပြီးမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က ဘာတွေ လုပ်ပြမလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ အများစုကတော့ ဒီကလန် ရိုက်အနေနဲ့ အာဆင်နယ်မှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ မျှော်မှန်းနေကြပေမယ့် ဂန်းနားဂန္တဝင် ပေါလ် မာဆန်ကတော့ အသက် ၂၄ နှစ်အရွယ်ကစားသမားဆီကနေ ကြီးမားတဲ့အရာတွေကို မမျှော်လင့်ထားတာဖြစ်ပါတယ်။ ပေါလ်…

read more
လာမယ့်ရာသီ အာဆင်နယ် ဘယ်လိုရာသီအဆုံးသတ်မလဲ ခန့်မှန်းခဲ့တဲ့ စူပါကွန်ပျူတာ 1024 576 coyg

လာမယ့်ရာသီ အာဆင်နယ် ဘယ်လိုရာသီအဆုံးသတ်မလဲ ခန့်မှန်းခဲ့တဲ့ စူပါကွန်ပျူတာ

လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ရာသီသစ် စတင်တော့မှာဖြစ်တာကြောင့် ၂၀၂၃-၂၀၂၄ ရာသီဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကိန်းဂဏန်းသမားတွေက စတင်ပြီး ဟောကိန်းထုတ်နေကြပြီ ဖြစ်ပါတယ်။ လောင်းကစား ခန့်မှန်းချက်တွေ ထုတ်ပေးတဲ့ Bettingexpert က ပရီးမီးယားလိဂ်ရာသီသစ်တောင် မစတင်ရသေးခင်မှာ ရာသီကုန် အမှတ်ပေးဇယားရပ်တည်မှုကို ဟောကိန်းထုတ်လိုက်ပြီဖြစ်ပြီး ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာထက် စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပဲဖြစ်ပါတယ်။ စူပါကွန်ပျူတာက နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာမှာ…

read more
အာတီတာရဲ့ကစားသမားသစ် ၂ ဦးအပေါ် အမှန်တိုင်း သုံးသပ်ခဲ့တဲ့ သရဲနီဟောင်း 1024 504 coyg

အာတီတာရဲ့ကစားသမားသစ် ၂ ဦးအပေါ် အမှန်တိုင်း သုံးသပ်ခဲ့တဲ့ သရဲနီဟောင်း

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ်စ်က ဒီကလန် ရိုက်ဟာ အာတီတာ ကစားစေချင်တဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ကစားပေးနိုင်ပြီး ဒီနွေရာသီရဲ့ အံ့အားသင့်စရာ ခေါ်ယူမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟားဂရိဗ်စ်ဟာ လာမယ့်ရာသီအတွက် ကြိုတင်သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားနဲ့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ပြီးနောက် ယခုရာသီမှာ နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ယခုနွေရာသီမှာ…

read more
အန်ကီးတီးယားတောက်ပပြီး ထိုးနှက်ချက်နဲ့ ကြုံခဲ့ရတဲ့ပွဲက ပြောစရာအချက်များ 1024 504 coyg

အန်ကီးတီးယားတောက်ပပြီး ထိုးနှက်ချက်နဲ့ ကြုံခဲ့ရတဲ့ပွဲက ပြောစရာအချက်များ

အာဆင်နယ်အသင်းဟာ မိုနာကိုအသင်းကို သာမန်ပွဲကစားချိန်မှာ ၁-၁ နဲ့ ခက်ခက်ခဲခဲ သရေကျခဲ့ပြီးနောက် ရာသီကြိုကို ပင်နယ်တီ အဆုံးအဖြတ်နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဂူးဝမ်းအသင်းအတွက် ယူဆွတ်ဖ် ဖိုဖာနာက ၃၁ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က ပထမပိုင်းမပြီးခင်မှာပဲ အန်ကီးတီးယားရဲ့ အနီးကပ်အဆုံးသတ်ကနေတဆင့် ချေပနိုင်ခဲ့တာဖြစ်ပါတယ်။ ဘန် ယက်ဒါက မိုနာကိုအသင်းကို ဦးဆောင်ခွင့် ရရှိနိုင်တဲ့ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပြီး အာဆင်နယ်က…

read more
ရာသီကြိုနဲ့ ကစားသမားသစ်တွေအပေါ် အကဲဖြတ်ခဲ့တဲ့ အာတီတာ အင်တာဗျူးမှာ ပြောခဲ့သမျှ 1024 576 coyg

ရာသီကြိုနဲ့ ကစားသမားသစ်တွေအပေါ် အကဲဖြတ်ခဲ့တဲ့ အာတီတာ အင်တာဗျူးမှာ ပြောခဲ့သမျှ

မိုနာကိုနဲ့ ယနေ့ညကစားရမယ့် အမ်းမရိတ်စ်ဖလားပွဲစဉ်မတိုင်ခင် အာတီတာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရီးမီးယားလိဂ်ရာသီသစ် စဖို့ တဖြည်းဖြည်းနီးကပ်လာနေတာကြောင့် ရာသီကြိုနဲ့ လူစာရင်းကို အကဲဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ “အမေရိကားက ကျွန်တော်တို့ရဲ့ ရာသီကြိုခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အားပေးမှုအဆင့်အတန်းက မယုံနိုင်စရာကောငး်ခဲ့ပါတယ်။ ကျွန်တော်တို့ အမ်းမရိတ်စ်ဖလားအတွက် မြောက်လန်ဒန်က ကျွန်တော်တို့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာရတာကိုလည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။” ”ကျွန်တော်တို့ ခရီးစဉ်က မြို့ ၃ မြို့ကို ခရီးတွေ…

read more
မိုဟာမက် ဆာလားထက် လျင်မြန်တဲ့ကစားသမားကို ခေါ်ချင်နေတဲ့ အာဆင်နယ် 1024 504 coyg

မိုဟာမက် ဆာလားထက် လျင်မြန်တဲ့ကစားသမားကို ခေါ်ချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲခဲ့ပြီးဖြစ်ပေမယ့်လည်း အင်အားမဖြည့်တင်းရသေးတဲ့တစ်နေရာကတော့ တောင်ပံဖြစ်ပါတယ်။ ခိုင် ဟာဗတ်ဇ်က ကွင်းလယ်တိုက်စစ်နေရာမှာ ကစားဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်နဲ့ တင်းဘားတို့က ခံစစ်ပိုင်းအတွက် အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ဟာ အများကြီး အားဖြည့်စရာမလိုဘူးဆိုပေမယ့်လည်း ဆာကာကို အနားပေးနိုင်ဖို့အတွက် အရည်အသွေးရှိတဲ့ တောင်ပံကစားသမားတစ်ဦးလောက်တော့ လိုအပ်နေတာအမှန်ပဲဖြစ်ပါတယ်။ Ekstrabladet…

read more
ရာယာကို ခေါ်ပြီးရင် အာတီတာ ပြုလုပ်ဖို့ ကျန်နေသေးတဲ့အပြောင်းအရွှေ့တစ်ခု 600 469 coyg

ရာယာကို ခေါ်ပြီးရင် အာတီတာ ပြုလုပ်ဖို့ ကျန်နေသေးတဲ့အပြောင်းအရွှေ့တစ်ခု

အာဆင်နယ်ဟာ ဘရန့်တ်ဖို့ဒ်အသင်းက ဂိုးသမား ဒေးဗစ် ရာယာကို အာရွန် ရမ်းစ်ဒေးလ်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုပေးနိုင်အောင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။ ရာယာဟာ အာဆင်နယ်နည်းပြရဲ့ ကာလရှည် သဘောကျနှစ်သက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ကိန်းဂဏန်းပိုင်းအရ အာရွန် ရမ်းစ်ဒေးလ်ထက်တောင် ပိုမို သာလွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့တာကြောင့် စပိန်ဂိုးသမားလို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ကစားသမားကို ခေါ်တာ အာဆင်နယ်အတွက် အရှုံးမရှိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။   ဒီအပြောင်းအရွှေ့က အာဆင်နယ်ရဲ့…

read more
အမ်းမရိတ်စ်မှာ ကစားသမားသစ်တွေ ထပ်မြင်ရဦးမယ်လို့ သဲလွန်စပေးခဲ့တဲ့ ဂျာနယ်လစ် 1024 512 coyg

အမ်းမရိတ်စ်မှာ ကစားသမားသစ်တွေ ထပ်မြင်ရဦးမယ်လို့ သဲလွန်စပေးခဲ့တဲ့ ဂျာနယ်လစ်

အာဆင်နယ်အသင်းဟာ အရေးပါတဲ့ကစားသမားကိုသာ ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် ၎င်းရဲ့ နေရာမှာ အစားထိုးခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Sky Sport သတင်းထောက် ဒါးမက် ရှက်သ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ဖြစ်လာစေနိုင်တဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ မန်စီးတီးကို ဆုဖလားအတွက် နောက်ထပ်တစ်ကြိမ် စိန်ခေါ်သွားဖို့…

read more