Posts By :

coyg

ဂန်းနားတွေအတွက် အနိုင် ၃ မှတ်စောင့်နေတဲ့ ဆဲလ်ဟတ်စ်ပါ့ခ်က လန်ဒန်ဒါဘီပွဲစဉ် 1024 504 coyg

ဂန်းနားတွေအတွက် အနိုင် ၃ မှတ်စောင့်နေတဲ့ ဆဲလ်ဟတ်စ်ပါ့ခ်က လန်ဒန်ဒါဘီပွဲစဉ်

တနင်္လာနေ့ည ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခရစ္စတယ် ပဲလေ့စ်ဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လင်းယုန်တွေဟာ ပြီးခဲ့တဲ့အပတ်က ဘာရာမောလ်လိန်းမှာ ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့သလို အာတီတာရဲ့အသင်းကလည်း နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အသင်းသတင်း ခရစ္စတယ်ပဲလေ့စ်အတွက် သတင်းကောင်းက မိုက်ကယ် အိုလစ်ဆီ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်ယူ-၂၁ ကြယ်ပွင့်ဟာ ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့…

read more
ဒီကလန် ရိုက်ထက်ပိုကောင်းတဲ့သူ စပါးစ်က ခေါ်သွားပြီဆိုတဲ့ အက်ဂ်ဘွန်လဟော 1024 504 coyg

ဒီကလန် ရိုက်ထက်ပိုကောင်းတဲ့သူ စပါးစ်က ခေါ်သွားပြီဆိုတဲ့ အက်ဂ်ဘွန်လဟော

ဒီနွေရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုက ဘယ်သူလဲလို့ မေးရင် ချဲလ်ဆီး ပရိသတ်တွေက ကိုင်ဆေဒိုလို့ ပြောကြမှာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေကတော့ မက်ကယ်လစ္စတာလို့ ပြောကြမှာဖြစ်ပါတယ်။ ယခုနွေရာသီမှာ အကောင်းဆုံး ခေါ်ယူမှုလို့ ပြောလို့ရနိုင်တဲ့ ကစားသမားခေါ်ယူမှုတွေက အနည်းငယ်သာရှိပေမယ့်လည်း ပရိသတ်တွေရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့တွေဖြစ်ပါတယ်။ အမှန်တကယ်လည်း ဂျိမ်းစ် မက်ဒီဆင်နဲ့ ဒီကလန် ရိုက်တို့ဟာ ယခုနွေရာသီမှာ လက်ရှိအချိန်အထိ…

read more
အမ်းမရိတ်စ်ကို လာချင်နေတဲ့ တင်းဘားရဲ့နေရာမှာ အစားထိုးခေါ်ယူမယ့် ကစားသမား 1024 504 coyg

အမ်းမရိတ်စ်ကို လာချင်နေတဲ့ တင်းဘားရဲ့နေရာမှာ အစားထိုးခေါ်ယူမယ့် ကစားသမား

အာဆင်နယ်ဟာ ယူရီယန် တင်းဘားရဲ့ ကာလရှည် အနားယူရမယ့် ဒဏ်ရာကို ဆောက်သမ်တန်နောက်ခံလူ ကိုင်လီ ဝေါ်ကာ-ပီတာစ်ကို ခေါ်ယူပြီး တုံ့ပြန်နိုင်ပြီး ဆောက်သမ်တန်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း သတင်းထောက် ဘန် ဂျေကော့ဘ်က ဒီအပြောင်းအရွှေ့ဖြစ်နိုင်ဖို့ အခြေအနေတစ်ခုတော့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ တင်းဘားဟာ ပြီးခဲ့တဲ့လကမှ အိုင်းယက်ကနေ ပေါင် ၃၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အာတီတာဟာ ဒတ်ချ်နောက်ခံကစားသမား…

read more
လန်ဒန်ကိုလ်နီမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲက ရခဲ့တဲ့ သင်ခန်းစာ ၃ ခု 1024 504 coyg

လန်ဒန်ကိုလ်နီမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲက ရခဲ့တဲ့ သင်ခန်းစာ ၃ ခု

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အားလပ်ရက်အပိုရတာကို အလကားမနေဘဲ လူတန်တောင်းနဲ့ လန်ဒန်ကိုလ်နီကွင်းမှာ တံခါးပိတ်ခြေစမ်းပွဲကစားခဲ့ပြီး ဂန်းနားတွေက အရင်ကလည်း လေ့ကျင့်ရေးကွင်းကို တံခါးပိတ်ခြေစမ်းပွဲအတွက် အသုံးချခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သာမန်လေ့ကျင့်ရေးအစီအစဉ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုယှဉ်ပြိုင်မှုရှိတာကြောင့် အာတီတာအတွက် ကစားကွက်လည်း စမ်းလို့ရ၊ ကစားသမားတွေအတွက်လည်း ပွဲကြံ့ခိုင်မှု ရပြီးသားဖြစ်ပြီး တစ်ချက်ခုတ် ၂ ချက်ပြတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ လူတန်တောင်းရဲ့ အိမ်ကွင်းဟာ…

read more
ဆာကာကို ထိပ်တန်းဂိုးသွင်းရှင် မဖြစ်စေချင်ဘူးလို့ ဝန်ခံခဲ့တဲ့ ဒေးဗစ် ဆီးမန်း 1024 504 coyg

ဆာကာကို ထိပ်တန်းဂိုးသွင်းရှင် မဖြစ်စေချင်ဘူးလို့ ဝန်ခံခဲ့တဲ့ ဒေးဗစ် ဆီးမန်း

အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက ဘူကာယို ဆာကာအနေနဲ့ ယခုရာသီကို အာဆင်နယ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အဆုံးသတ်နိုင်ပေမယ့် အဲဒီလိုမဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဆီးမန်းက ယခုရာသီမှာ အင်္ဂလန်တောင်ပံကစားသမားအနေနဲ့ သွင်းဂိုး ဘယ်လောက်များများ သွင်းနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပြီး ဆာကာဟာ ပြီးခဲ့တဲ့နှစ်မှာ အံ့အားသင့်ဖွယ်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အတွက်…

read more
တန်ဟက်ရဲ့ ပစ်မှတ်ကို ကြားဖြတ်လုယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ် 1024 576 coyg

တန်ဟက်ရဲ့ ပစ်မှတ်ကို ကြားဖြတ်လုယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယူရီယန် တင်းဘားရဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမယ့်သတင်းကို အတည်ပြုခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘန်ဂျမင် ပါဗက်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒတ်ချ်နောက်ခံကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဒူးအရွတ်အရှေ့စုတ်ပြဲဒဏ်ရာရရှိသွားခဲ့ပြီးနောက် အနည်းဆုံး ၆ လအထိ အနားယူရတော့မှာဖြစ်ပြီး အိုင်းယက်ကနေ ပြောင်းရွှေ့လာပြီးနောက် ဂန်းနားတွေအတွက် ပထမဆုံး ပွဲဦးထွက်ပါဝင်ကစားပေးချိန်မှာ ပြင်းထန်တဲ့ဒဏ်ရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ တင်းဘားရဲ့…

read more
တင်းဘားအခြေအနေ၊ ရာယာပွဲဦးထွက်၊ အပြောင်းအရွှေ့နဲ့ ပဲလေ့စ်ပွဲနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ 1024 538 coyg

တင်းဘားအခြေအနေ၊ ရာယာပွဲဦးထွက်၊ အပြောင်းအရွှေ့နဲ့ ပဲလေ့စ်ပွဲနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ တနင်္လာနေ့မှာ ကစားရမယ့်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တင်းဘားရဲ့ အခြေအနေ၊ ဒေးဗစ် ရာယာကို ခေါ်ယူရတဲ့အကြောင်းအရင်း၊ အပြောင်းအရွှေ့အစီအစဉ်နဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်နဲ့ပတ်သက်ပြီး ပရိသတ်တွေ သိလိုသမျှ ဖြေကြားပေးခဲ့ပါတယ်။ မေး- တင်းဘားရဲ့ အခြေအနေဘယ်လိုလဲ။ ဖြေ- ကြီးမားတဲ့ ထိုးနှက်ချက်ပဲ။ အထူးသဖြင့် အသင်းကို ပြောင်းရွှေ့ပြီးနောက် သူ့အတွက်ပေါ့။ ကျွန်တော်တို့ သူ့ကို ရှင်းလင်းတဲ့…

read more
တင်းဘားရဲ့ သတင်းဆိုးကို ကြားခဲ့ရပေမယ့်လည်း စိတ်ပူစရာမလိုတော့တဲ့ အာတီတာ 1024 504 coyg

တင်းဘားရဲ့ သတင်းဆိုးကို ကြားခဲ့ရပေမယ့်လည်း စိတ်ပူစရာမလိုတော့တဲ့ အာတီတာ

-ဆမ်ဘီ လိုကွန်ဂါဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့ပေမယ့်လည်း အာဆင်နယ်ပထမအသင်းလေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာတယ်လို့ သိရပါတယ်။ လိုကွန်ဂါဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကို ပဲလေ့စ်မှာ အငှားထွက်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ ၉ ပွဲသာ ပါဝင်ကစားပေးခဲ့ရပြီး အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားကို အပြီးရောင်းချလို့မရရင် အငှားထပ်ချဖို့ ကြိုးပမ်းသွားနိုင်ပါတယ်။ -အာဆင်နယ်အသင်းဟာ ဒူးဒဏ်ရာကြောင့် နှစ်ကုန်အထိ အသင်းရဲ့ ပွဲစဉ်တွေကို…

read more
ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာထားကစားသင့်လဲဆိုတာ အကြံပေးလိုက်တဲ့ အီယန် ရိုက် 1024 713 coyg

ခိုင် ဟာဗတ်ဇ်ကို ဘယ်နေရာထားကစားသင့်လဲဆိုတာ အကြံပေးလိုက်တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က ခိုင် ဟာဗတ်ဇ်အနေနဲ့ ယခုရာသီမှာ အာဆင်နယ်အတွက် ဘယ်နေရာမှာ ကစားပေးသင့်လဲဆိုတာကို အကြံပေးခဲ့ပြီး ဂန်းနားတွေရဲ့ ရာသီစတင်မှုနဲ့ပတ်သက်ပြီး အင်္ဂလန်ဂန္တဝင်က အလွန်ကျေနပ်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာစီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ရာသီအဖွင့်ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂ ပွဲစလုံးမှာ…

read more
အမ်းမရိတ်စ်ကို လာဖို့ အခွင့်အရေးကို မငြင်းနိုင်ဘူးဆိုတဲ့ ရာယာနဲ့ တွေ့ဆုံမေးမြန်းမှု 1024 504 coyg

အမ်းမရိတ်စ်ကို လာဖို့ အခွင့်အရေးကို မငြင်းနိုင်ဘူးဆိုတဲ့ ရာယာနဲ့ တွေ့ဆုံမေးမြန်းမှု

အာဆင်နယ်က ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရပြီးနောက် ဒေးဗစ် ရာယာက အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးဟာ ဘယ်လိုမှ ငြင်းပယ်လို့ မရနိုင်ဘူးလို့ ခံစားခဲ့ရတဲ့ လှပတဲ့ စိန်ခေါ်မှုဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စပိန်လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီအများအပြား ပရီးမီးယားလိဂ်မှာ ဘရန့်တ်ဖို့ဒ်နဲ့ အထင်ကြီးဖွယ် လက်စွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး အာတီတာနဲ့ စကားပြောခဲ့ပြီးနောက် ၎င်းရဲ့ အရည်အချင်းတွေကို ပိုမိုကြီးမားတဲ့အဆင့်မှာ ပြသဖို့အတွက်…

read more