Posts By :

coyg

အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ် 1024 504 coyg

အာဆင်နယ် ခေါ်ရမယ့်ကစားသမားက ဘယ်လိုမျိုးလဲဆိုတာ ပြောပြခဲ့တဲ့ ပီတစ်

အာဆင်နယ်အနေနဲ့ နယူးကာဆယ်ယူနိုက်တက်ကြယ်ပွင့် အလက်ဇန်းဒါး အိုင်းဆက်လိုမျိုး တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ဂန္တဝင်ကွင်းလယ်ကစားသမား အီမန်နျူရယ် ပီတစ်က ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟောင်းဟာ ၎င်းရဲ့အသင်းဟောင်းအနေနဲ့ ယခုရာသီမှာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အိုင်းဆက်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ရီးရဲလ်ဆိုစီဒက်ကနေ နယူးကာဆယ်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း သွင်းဂိုး…

read more
အာတီတာကို ပက်အသေးစားလို့ သတ်မှတ်ခဲ့တဲ့ သီယာရီ အွန်နရီ 1024 504 coyg

အာတီတာကို ပက်အသေးစားလို့ သတ်မှတ်ခဲ့တဲ့ သီယာရီ အွန်နရီ

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ဂန်းနားနည်းပြ မီခေးလ် အာတီတာဟာ ပက် ဂွါဒီယိုလာအသေးစားလို့ ပြောကြားခဲ့ပြီး ၎င်းရဲ့အသင်းဟောင်းရဲ့ နည်းဗျူဟာပိုင်းကို ပြောင်းလဲပေးခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးဟာ ဘောလုံးဝေဖန်သုံးသပ်သူဖြစ်လာတဲ့အချိန်ကတည်းက ဂန်းနားတွေနဲ့ပတ်သက်ပြီး အမြဲတမ်း အပြုသဘောနဲ့ ဝေဖန်လေ့ရှိပေမယ့်လည်း ဒီကနေ့ အာတီတာရဲ့ အာဆင်နယ်စီမံကိန်းကိုတော့ အကောင်းမြင်ပုံပေါ်ပါတယ်။ အွန်နရီဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ ဒေးဗစ် ဆီးမန်းနဲ့အတူ Podcast မှာ စကားပြောဆိုခဲ့တာဖြစ်ပြီးလက်ရှိမန်စီးတီးနည်းပြနဲ့…

read more
ခံစစ်အပေါ်မှာပဲ မှီခိုလို့ မရဘဲ ဂိုးတွေ စတင်သွင်းယူရတော့မယ့် အာဆင်နယ် 1024 659 coyg

ခံစစ်အပေါ်မှာပဲ မှီခိုလို့ မရဘဲ ဂိုးတွေ စတင်သွင်းယူရတော့မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရာသီသစ် ၂ ပွဲသာ ကစားရသေးပေမယ့်လည်း အလွန်ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ရာသီဖြစ်တယ်ဆိုတာကိုတော့ လုံလုံလောက်လောက် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အာဆင်နယ်၊ မန်စီးတီး၊ ဘရိုက်တန်တို့ဟာ ယခုရာသီသစ်မှာ အနိုင် ၆ မှတ်စလုံးကို အပြည့်အဝ ရယူထားနိုင်တဲ့ ၃ သင်းတည်းသော အသင်းတွေဖြစ်ပြီး ဘရိုက်တန်ဟာ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတာဖြစ်ပါတယ်။ ဂန်းနားတွေကလည်း ၎င်းတို့ရဲ့အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိစေချင်မှာဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ…

read more
ဂန်းနားတွေက ပေါင်သန်း ၄၀ တန်ကြယ်ပွင့်ကို ကပ်ခေါ်သွားနိုင်တယ်ဆိုတဲ့ ရိုမာနို 1024 538 coyg

ဂန်းနားတွေက ပေါင်သန်း ၄၀ တန်ကြယ်ပွင့်ကို ကပ်ခေါ်သွားနိုင်တယ်ဆိုတဲ့ ရိုမာနို

ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်အရွယ် အိုင်းယက်ကွင်းလယ်လူ မိုဟာမက် ကူးဒက်စ်ကို နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်နိုင်သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူကျုမှာ စကားပြောဆိုရာမှာ အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အိုင်းယက်ဟာ ကူးဒက်စ်အတွက် နောက်ကျစိတ်ဝင်စားမှု ရှိလာနိုင်တယ်ဆိုတာကို သိရှိနေပြီး ရလဒ်အနေနဲ့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။…

read more
အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ကစားသမားကြောင့် အကျိုးအမြတ်ရရှိမယ့် အာဆင်နယ် 1024 504 coyg

အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ကစားသမားကြောင့် အကျိုးအမြတ်ရရှိမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို ကွန်စတန်တီးနို့စ် မာဗရိုပါးနို့စ်ရဲ့ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့မှုကနေ ၁၀ ရာခိုင်နှုန်း ရရှိသွားမှာဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့ပါတယ်။ မာဗရိုပါးနို့စ်ဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဂန်းနားတွေကို စွန့်ခွာသွားခဲ့ပြီးနောက်…

read more
တိုမိယဆုရဲ့ အနီကတ်နဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တဲ့ ဂျေမီ ကာရေဂါ 1024 504 coyg

တိုမိယဆုရဲ့ အနီကတ်နဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တဲ့ ဂျေမီ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက တနင်္လာနေ့ည ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူ တိုမီယဆုအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ရာသီသစ် ဒုတိယမြောက်နိုင်ပွဲကို ရရှိခဲ့ပြီးနောက် ကာရေဂါဟာ Monday Night Football မှာ စီစဉ်တင်ဆက်နေခဲ့တာဖြစ်ပြီး တိုမီယဆုဟာ အချိန်ဆွဲတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပထမအဝါကတ်ပြသခံခဲ့ရပြီးနောက် အန်ဒရီ အာယူးရဲ့ ရှပ်ကို ဆွဲခဲ့တယ်ဆိုပြီး…

read more
အနီကတ်နဲ့ တစ်ယောက်လျော့ခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ပွဲစဉ်က ပြန်ပြောစရာအချက်များ 1024 504 coyg

အနီကတ်နဲ့ တစ်ယောက်လျော့ခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ပွဲစဉ်က ပြန်ပြောစရာအချက်များ

အာဆင်နယ်ဟာ တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို တိုမီယဆု ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံရမှုကြောင့် ခက်ခက်ခဲခဲနဲ့ နိုင်ပွဲ ရယူခဲ့ရပြီး မာတင် အော်ဒီဂွါဒ်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ်မှာ တိုမီယဆုကို ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ပြီးနောက် ဂန်းနားတွေဟာ အနိုင် ၃ မှတ်ကို…

read more
ထရော့ဆာ့ဒ်က ဘာကြောင့် ပွဲထွက်လူစာရင်းမှာ ဘယ်တော့မှ မပါဝင်ခဲ့တာလဲ 634 423 coyg

ထရော့ဆာ့ဒ်က ဘာကြောင့် ပွဲထွက်လူစာရင်းမှာ ဘယ်တော့မှ မပါဝင်ခဲ့တာလဲ

ယခုရာသီမှာ အာဆင်နယ်ပရိသတ်တွေကို အရာတော်တော်များများက စိတ်ရှုပ်ထွေးစေခဲ့ပြီး အဲဒီထဲက တစ်ခုက ဘာကြောင့် အကောင်းဆုံးပုံစံရှိနေတဲ့ လီအန်ဒရို ထရော့ဆာ့ဒ်က ပွဲထွက်လူစာရင်းမှာ မပါဝင်ရတာလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ ကွင်းထဲမှာ ပါဝင်ကစားပေးခဲ့တဲ့အချိန်တိုင်း ဂန်းနားတွေအတွက် တောက်ပတဲ့ ခြေစွမ်းနဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့သူဖြစ်ပေမယ့်လည်း ပွဲရှိန်မြင့်နေတဲ့အချိန်မှာတောင်မှ အရန်ခုံမှာ ထိုင်နေခဲ့ရတာကို မကြာခဏ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ မန်စီးတီးကို နောက်ကျအနိုင်ဂိုးသွင်းယူပေးပြီး…

read more
ပဲလေ့စ်နဲ့ပွဲမှာ ဂန်းနားတွေ ဘယ်လို ပွဲထွက်လာနိုင်မလဲ 1024 608 coyg

ပဲလေ့စ်နဲ့ပွဲမှာ ဂန်းနားတွေ ဘယ်လို ပွဲထွက်လာနိုင်မလဲ

အာဆင်နယ်ဟာ ယနေ့ညမှာ ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက်ပြီး ခရစ္စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ ပုံစံကောင်းကို ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အာတီတာအနေနဲ့ ပုံမှန် အသုံးပြုနေကျဖြစ်တဲ့ ၄-၂-၃-၁ ကစားကွက်ကိုပဲ ခင်းကျင်းလာနိုင်ပြီး ခရစ္စတယ် ပဲလေ့စ်ကို ပြီးခဲ့တဲ့ရာသီမှာ အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း လျှော့တွက်လို့တော့ မရတာဖြစ်ပါတယ်။ အာတီတာ ဘယ်လိုပွဲထွက်လာနိုင်လဲ…

read more
အာဆင်နယ်ရဲ့နွေရာသီအိပ်မက်ကို အလှပဆုံးအဆုံးသတ်ဖို့ ရွေးချယ်စရာ ၃ ခုရှိနေတဲ့ အာတီတာ 1024 504 coyg

အာဆင်နယ်ရဲ့နွေရာသီအိပ်မက်ကို အလှပဆုံးအဆုံးသတ်ဖို့ ရွေးချယ်စရာ ၃ ခုရှိနေတဲ့ အာတီတာ

အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ အလွန်လျင်မြန်ပြီး ထိပ်တန်းပစ်မှတ်တွေကို ခပ်ကြမ်းကြမ်းပဲ အရခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ကစားသမားခေါ်ယူမှုအနည်းငယ်လိုအပ်နေသေးတာဖြစ်ပါတယ်။ ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်၊ တင်းဘားတို့အတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲခဲ့တဲ့ အာဆင်နယ်ဟာ ဂိုးနေရာအတွက်လည်း ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့ပြီး အာတီတာက နောက်ထပ်ကစားသမားခေါ်ယူမှုတွေ မမျှော်လင့်ထားဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပေမယ့်လည်း စျေးကွက်ထဲမှာ…

read more