Posts By :

coyg

ဂန်းနားတွေ ဒီရာသီ ပရီးမီးယားလိဂ်ရနိုင်မယ့်အခြေအနေတစ်ခုကို ပြောပြခဲ့တဲ့ ဆားဗေ့ဂျ် 1024 504 coyg

ဂန်းနားတွေ ဒီရာသီ ပရီးမီးယားလိဂ်ရနိုင်မယ့်အခြေအနေတစ်ခုကို ပြောပြခဲ့တဲ့ ဆားဗေ့ဂျ်

ပရီးမီးယားလိဂ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ဂျ်က ယခုရာသီမှာ ရှုံးပွဲမရှိသေးဘဲ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ် မန်ချက်စတာယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ဂျေးဇု၊ ဒီကလန် ရိုက်တို့ရဲ့ အံ့အားသင့်ဖွယ် နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်ပတ်ဝန်းကျင်မှာ ယခုရာသီ ချန်ပီယံစိန်ခေါ်နိုင်စွမ်းနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေ မြင့်တက်လာနေတာဖြစ်ပါတယ်။ ယခုရာသီမှာ အာတီတာရဲ့…

read more
ရိုက်ရဲ့အပြောင်းအရွှေ့မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဆာကာ 1024 683 coyg

ရိုက်ရဲ့အပြောင်းအရွှေ့မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက ဒီကလန် ရိုက် ဝက်စ်ဟမ်းကနေ ကြီးမားတဲ့ နွေရာသီအပြောင်းအရွှေ့ မပြုလုပ်ခင် အင်္ဂလန်အသင်းဖော်ကို အမ်းမရိတ်စ် ပြောင်းရွှေ့ချင်လာအောင် အားပေးခဲ့ပြီး မြောက်လန်ဒန်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်အတွက် နေရာမှန်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ဂန်းနားတွေဆီကို ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ အသားကျသွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ လက်ရှိအချိန်အထိ…

read more
မင်းတို့ရဲ့ စိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီလို့ ပြောခဲ့တဲ့ အာတီတာ 1024 504 coyg

မင်းတို့ရဲ့ စိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီလို့ ပြောခဲ့တဲ့ အာတီတာ

နာကျင်အချိန်ပိုမှာ ၂ ဂိုးအထိ သွင်းယူပြီး မန်ချက်စတာယူနိုက်တက်ကို အမှတ်ရဖွယ်နိင်ပွဲရရှိခဲ့မှုနဲ့အတူ အမ်းမရိတ်စ်က ကြွေးကြော်သံတွေဟာ နောက်ထပ်တစ်ကြိမ် အပြည့်အဝ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလိုပဲ ဂန်းနားတွေဟာ မန်ယူနိုက်တက်ကို အဖွင့်ဂိုး ပေးပြီးနောက်မှာ ပြန်လာနိုင်ခဲ့ပြီး နောက်ကျသွင်းဂိုးတွေနဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပေမယ့် ဒါက မယုံနိုင်စရာ အလှည့်အပြောင်းတွေအပြည့်ဖြစ်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲလုံးကို ပြောပြဖို့ရာ မစွမ်းသာပါဘူး။ VAR…

read more
အချိန်ပိုမှာ အကောင်းဆုံးပုံစံနဲ့ ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ပွဲက ထုတ်နုတ်ပြန်ပြောစရာ ၇ ချက် 1024 504 coyg

အချိန်ပိုမှာ အကောင်းဆုံးပုံစံနဲ့ ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ပွဲက ထုတ်နုတ်ပြန်ပြောစရာ ၇ ချက်

အာဆင်နယ်ကြယ်ပွင့် ဒီကလန် ရိုက်ဟာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၎င်းအတွက် ပေးချေခဲ့ရတဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဟာ သရေနဲ့ပွဲပြီးဆုံးသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း အိမ်ရှင်တွေက ဒီကလန် ရိုက်နဲ့ ဒဏ်ရာကနေ သက်သာလာပြီး ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့ ဂျေးဇုတို့ရဲ့ သွင်းဂိုးတွေကြောင့်…

read more
မန်ယူနိုက်တက်နဲ့မရင်ဆိုင်ခင် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ရိုးရိုးသားသားဖွင့်ဟခဲ့တဲ့ ဆာလီဘာ 1024 687 coyg

မန်ယူနိုက်တက်နဲ့မရင်ဆိုင်ခင် ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ရိုးရိုးသားသားဖွင့်ဟခဲ့တဲ့ ဆာလီဘာ

အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကို ချီးကျူး ပြောဆိုခဲ့ပေမယ့်လည်း မန်စီးတီးကြယ်ပွင့် အာလင်း ဟာလန်းက ရက်ရှ်ဖို့ဒ်ထက် ပိုပြီး ရင်ဆိုင်ရခက်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာလင်း ဟာလန်း၊ ရက်ရှ်ဖို့ဒ်နဲ့ နယူးကာဆယ် တိုက်စစ်မှူး အီဆက်ခ်တို့ကို အဆင့်သတ်မှတ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆာလီဘာက “ကျွန်တော်ကတော့ ဟာလန်းလို့ပဲ ပြောရမှာဖြစ်ပါလိမ့်မယ်။ ပြီးရင်တော့ ရက်ရှ်ဖို့ဒ်က ဒုတိယပါ။ ပြီးရင်တော့ အီဆက်ခ်ပါ။…

read more
အမှားတွေပြင်ပြီး အမ်းမရိတ်စ်မှာ သရဲနီတွေကို ကမ္မဝါညှပ်မယ့် ဆင်ပျံကြီး 1024 576 coyg

အမှားတွေပြင်ပြီး အမ်းမရိတ်စ်မှာ သရဲနီတွေကို ကမ္မဝါညှပ်မယ့် ဆင်ပျံကြီး

တနင်္ဂနွေနေ့မှာ အစဉ်အလာကြီးမားတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အမ်းမရိတ်စ်မှာ နောက်ထပ်တစ်ကြိမ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ၂၀၂၃-၂၀၂၄ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း အဖွင့် ၃ ပွဲမှာ ၂ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေက ဖူလ်ဟမ်နဲ့ ပြီးခဲ့တဲ့အပတ်မှာ သရေကျခဲ့သလို မန်ယူနိုက်တက်က စပါးစ်ကို ပွဲစဉ် ၂ မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့…

read more
မန်ယူနိုက်တက်နဲ့ပွဲမှာ မဖြစ်မနေပွဲထွက်ပါဝင်ရမယ့် ဂန်းနားကြယ်ပွင့် ၄ ဦး 1024 504 coyg

မန်ယူနိုက်တက်နဲ့ပွဲမှာ မဖြစ်မနေပွဲထွက်ပါဝင်ရမယ့် ဂန်းနားကြယ်ပွင့် ၄ ဦး

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၃ ပွဲကနေ ၇ မှတ် ရယူနိုင်ခဲ့ပြီး အခုအချိန်အထိ ဂန်းနားတွေအနေနဲ့ နိုင်ပွဲပျောက်ဆုံးလိမ့်မယ်လို့ ဘယ်သူကမှ မတွေးမိကြသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် အမ်းမရိတ်စ်မှာ တစ်ယောက်လျော့နေတဲ့ ဖူလ်ဟမ်နဲ့ သရေ ၁ မှတ် ခွဲယူခဲ့ရပေမယ့်လည်း အရမ်းစိတ်လှုပ်ရှားစရာမလိုအပ်တာတော့ သေချာပေမယ့်လည်း ပရိသတ်အချို့ကတော့ စိတ်ပူကောင်း စိတ်ပူနေနိုင်ပါတယ်။ ဖူလ်ဟမ်နဲ့ သရေကျခဲ့တာကြောင့် အာတီတာအနေနဲ့ တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွက်…

read more
ဂန်းနားတွေရဲ့စျေးကွက်နောက်ဆုံးနေ့အစီအစဉ်ကို ပြောပြလိုက်တဲ့ အီဒူး 644 492 coyg

ဂန်းနားတွေရဲ့စျေးကွက်နောက်ဆုံးနေ့အစီအစဉ်ကို ပြောပြလိုက်တဲ့ အီဒူး

အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက အသင်းရဲ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ အစီအစဉ်ဟာ အာတီတာရဲ့ ပထမအသင်းကို ချုံ့ဖို့ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ပြီးခဲ့တဲ့ရာသီကထက် ပိုမိုကောင်းမွန်လာဖို့နဲ့ မန်စီးတီးကို ကျော်တက်နိုင်ဖို့ ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီကလန် ရိုက်၊ တင်းဘား၊ ဟာဗတ်ဇ်၊ ဒေးဗစ် ရာယာတို့ကို ခေါ်ယူခဲ့တာဖြစ်ပြီး…

read more
အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ 1024 576 coyg

အာဆင်နယ်က ထွက်ပြီးနောက် အာတီတာနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံခဲ့တဲ့ တီယာနီ

ကီရန် တီယာနီက အာဆင်နယ်ကနေ ရီးရဲလ် ဆိုစီဒက်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြ အာတီတာနဲ့ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဇင်ချန်ကို ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့် မရရှိတော့တာဖြစ်ပြီး ယခုရာသီမှာလည်း ဂန်းနားတွေရဲ့ ပွဲနေ့ လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြားရှိခဲ့တာဖြစ်ပြီး…

read more
အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို 1024 504 coyg

အသင်းဖော်ကို နေရာမှန်သုံးဖို့ အာတီတာကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းဖော် သောမတ်စ် ပါတေးကို ပရီးမီးယားလိဂ်မှာ underrated အဖြစ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ယခုရာသီမှာ ညာနောက်ခံနေရာမှာ ကစားနေရတဲ့ ဂါနာကွင်းလယ်လူရဲ့ အကောင်းဆုံးနေရာကို ပြောပြခဲ့ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကွင်းလယ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီအစမှာ အံ့အားသင့်ဖွယ်အပြောင်းအလဲအဖြစ်နဲ့…

read more