Posts By :

coyg

ဂန်းနားပရိသတ်တွေတောင် တင်းကုန်ကြပြီလို့ အာတီတာကို သတိပေးခဲ့တဲ့ ကြယ်ပွင့်ဟောင်း 1024 574 coyg

ဂန်းနားပရိသတ်တွေတောင် တင်းကုန်ကြပြီလို့ အာတီတာကို သတိပေးခဲ့တဲ့ ကြယ်ပွင့်ဟောင်း

အာဆင်နယ်ပရိသတ်တွေဟာ ဘာကြောင့် အာတီတာက ဘယ်လိုမှ ခြေမပေါ်တဲ့ ကိုင် ဟာဗတ်ဇ်ကို အသင်းထဲမှာ ထည့်သုံးဖို့ ကြိုးစားနေလဲဆိုတာကို နားမလည်နိုင်ဖြစ်နေကြတယ်လို့ ဂန်းနားကွင်းလယ်ကြယ်ပွင့်ဟောင်းက ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းကနေ ကိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်ဟာ ၂၀၂၀ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက်…

read more
အဲဗာတန်နဲ့ပွဲမှာ အာတီတာရဲ့ အခွင့်အရေးပေးခြင်းခံရနိုင်တဲ့ ဂန်းနားကြယ်ပွင့် ၃ ဦး 1024 504 coyg

အဲဗာတန်နဲ့ပွဲမှာ အာတီတာရဲ့ အခွင့်အရေးပေးခြင်းခံရနိုင်တဲ့ ဂန်းနားကြယ်ပွင့် ၃ ဦး

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ ပွဲဆက်တွေ များနေပြီး အာတီတာအနေနဲ့ လူစာရင်းကို ပါးပါးနပ်နပ် အသုံးပြုသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လာမယ့်အပတ် ပြည်တွင်းပွဲစဉ်တွေ ပြန်လည်မစတင်ခင်မှာ အာဆင်နယ်ကြယ်ပွင့် ၃ ဦးဟာ ပိုမို သိသာထင်ရှားတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်လာနိုင်မှာဖြစ်ပြီး ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဂန်းနားတွေဟာ ရာသီအဖွင့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပွဲထွက် ၁၁ ဦးစာရင်းကို အထိုင်ကျအောင် လုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့် ၈…

read more
ဂန်းနားကြယ်ပွင့်နဲ့ ဘယ်လင်ဟမ်ဘယ်သူပိုသာလဲ သုံးသပ်ခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း 1024 504 coyg

ဂန်းနားကြယ်ပွင့်နဲ့ ဘယ်လင်ဟမ်ဘယ်သူပိုသာလဲ သုံးသပ်ခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း

ဂျုဒ် ဘယ်လင်ဟမ်ဟာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ကို ယခုနွေရာသီမှာ ပြောင်းရွှေ့ခဲ့ပြီးကတည်းက အထင်ကြီးဖွယ်စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဒါရင်း ဘန့်တ်က အာဆင်နယ်ကြယ်ပွင့် မာတင် အော်ဒီဂွါဒ်နဲ့ အင်္ဂလန်ကြယ်ပွင့်ကို မလဲနိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဘယ်လင်ဟမ်နဲ့လား။ ကျွန်တော် သူ့ကို ချစ်မြတ်နိုးတယ်။ သူ့ကို နှစ်သက်တယ်။ ဒါပေမယ့် ရှိုးမတိုင်ခင် စီစဉ်ထားတဲ့…

read more
ယူကရိန်းနဲ့ပွဲအပြီးမှာ မက်ဆီနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဘူကာယို ဆာကာ 644 361 coyg

ယူကရိန်းနဲ့ပွဲအပြီးမှာ မက်ဆီနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဘူကာယို ဆာကာ

အင်္ဂလန်ဂန္တဝင်တောင်ပံကစားသမား ဂျိုး ကိုးက စနေနေ့ညနေက ယူကရိန်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အင်္ဂလန်ကြယ်ပွင့် ဘူကာယို ဆာကာကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ ဆာကာဟာ အင်္ဂလန်က ရလဒ်ကောင်း မပိုင်ဆိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တာဖြစ်ပြီး အနိုင်ဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးတိုင်ထိသွားခဲ့တာဖြစ်ပါတယ်။…

read more
နီကိုလာ ပေပေနဲ့ တစ်ခန်းတည်းမနေနိုင်လို့ ပြောင်းပြေးခဲ့ရတဲ့ အသင်းဖော် ၂ ဦး 720 404 coyg

နီကိုလာ ပေပေနဲ့ တစ်ခန်းတည်းမနေနိုင်လို့ ပြောင်းပြေးခဲ့ရတဲ့ အသင်းဖော် ၂ ဦး

နီကိုလာ ပေပေဟာ နောက်ဆုံးမှာတော့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်ခဲ့ပြီဖြစ်ပြီး ထရက်ဇွန်စပေါ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အိုင်ဗရီကို့စ်ကြယ်ပွင့်ကို ၂၀၁၉ ခုနှစ်တုန်းက ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ပေပေဟာ လိုင်လီနဲ့ လီဂူးဝမ်းမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း ပေပေကို ခေါ်ယူချင်ခဲ့တဲ့အသင်းတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပေမယ့် မြောက်လန်ဒန်ကလပ်က လိုင်လီတောင်ပံကြယ်ပွင့်အတွက်…

read more
နိုင်ငံတကာပွဲတွေအပြီးမှာ အာတီတာစဉ်းစားရမယ့် အသင်းလူစာရင်းရွေးချယ်မှု ၃ ခု 1024 576 coyg

နိုင်ငံတကာပွဲတွေအပြီးမှာ အာတီတာစဉ်းစားရမယ့် အသင်းလူစာရင်းရွေးချယ်မှု ၃ ခု

စက်တင်ဘာနိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ အာဆင်နယ်အတွက် စောင့်မျှော်နေတဲ့အရာတွေ အများအပြားရှိနေပြီး စက်တင်ဘာနားရက်ဟာ ဂန်းနားတွေအတွက် ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်ကို နောက်ကနေ လိုက်ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အကောင်းဆုံးဖြစ်ပျက်ခဲ့တဲ့အရာမဟုတ်ခဲ့တာဖြစ်နိုင်ပါတယ်။ အမ်းမရိတ်စ်က ဒုတိယပိုင်းစွမ်းဆောင်ရည်ဟာ အာဆင်နယ်ဟာ အမ်းမရိတ်စ်က လူအုပ်ကြီးရဲ့ အားပေးသံတွေကြားမှာ ဘယ်လောက်အထိ တောက်ပနိုင်လဲဆိုတာကို ပြသခဲ့တာဖြစ်ပြီး နိုင်ငံတကာအားလပ်ရက်အပြီးမှာတော့ အာတီတာရဲ့အသင်းဟာ မြောက်လန်ဒန်ဒါဘီအဖြစ် စပါးစ်ကို အိမ်ကွင်းမှာ လက်ခံမယှဉ်ပြိုင်မီ အဲဗာတန်ရဲ့ ဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။…

read more
အာတီတာရဲ့ ပြုပြင်ပြောင်းလဲမှုကို မီးမောင်းထိုးပြနေတဲ့ ပေါင် ၂၇ သန်းတန်ကြယ်ပွင့်ရဲ့ သဘောထား 1024 768 coyg

အာတီတာရဲ့ ပြုပြင်ပြောင်းလဲမှုကို မီးမောင်းထိုးပြနေတဲ့ ပေါင် ၂၇ သန်းတန်ကြယ်ပွင့်ရဲ့ သဘောထား

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာ အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီပြုပြင်ပြောင်းလဲမှုတွေကို နည်းပြ အာတီတာက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အညှာအတာကင်းမဲ့တဲ့ လူစာရင်းထဲက အစုလိုက်အပြုံလိုက် ရှင်းထုတ်မှုတွေ တဖြည်းဖြည်းချင်းလုပ်ဆောင်ခဲ့ပြီး တိကျသေချာတဲ့ ကစားသမားခေါ်ယူမှုတွေက အာဆင်နယ်ရဲ့ နွေရာသီလုပ်ငန်းဟာ ပရမ်းပတာခေါ်ယူမှုမဟုတ်ဘူးဆိုတာ ထပ်မံပြသခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်၊ တင်းဘား၊ ဒေးဗစ် ရာယာတို့အားလုံးကို အာဆင်နယ်က အရခေါ်ယူနိုင်ခဲ့ပြီး…

read more
ဒီကလန် ရိုက်က ကျွန်တော့် ဘယ်ခြေတစ်ဖက်လောက်တောင် မတန်ဘူးဆိုတဲ့ ကိုင်ဆေဒို 1024 504 coyg

ဒီကလန် ရိုက်က ကျွန်တော့် ဘယ်ခြေတစ်ဖက်လောက်တောင် မတန်ဘူးဆိုတဲ့ ကိုင်ဆေဒို

အာဆင်နယ်ပရိသတ်တွေက ဒီကလန် ရိုက်နဲ့ နှိုင်းယှဉ်နေမှုကို ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုက နောက်ဆုံးမှာတော့ တုံ့ပြန်လိုက်ပြီဖြစ်ပြီး ဂန်းနားကြယ်ပွင့်က ၎င်းရဲ့ဘယ်ခြေတစ်ဖက်လောက်တောင် တန်ကြေးမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပေါလ် မာဆန်ကလည်း ဘရိုက်တန်ကနေ ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူခဲ့တဲ့ မွိုက်စ် ကိုင်ဆေဒိုထက် ဒီကလန် ရိုက်က ပိုမိုတောက်ခဲ့တဲ့အကြောင်းကို ဆွေးနွေးခဲ့ပြီး ချဲလ်ဆီးဟာ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံး ၃…

read more
အိုဇေးလ်ဆုံးဖြတ်ချက်မှာ အာတီတာမှန်တယ်ဆိုတာ သက်သေပြခဲ့တဲ့ အော်ဒီဂွါဒ် 1024 504 coyg

အိုဇေးလ်ဆုံးဖြတ်ချက်မှာ အာတီတာမှန်တယ်ဆိုတာ သက်သေပြခဲ့တဲ့ အော်ဒီဂွါဒ်

မာတင် အော်ဒီဂွါဒ်ဟာ မီဆွတ် အိုဇေးလ်ရဲ့ အဓိကစံချိန်ကို လိုက်မီခဲ့ပြီး ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကို အသင်းကနေ ထွက်ခွာစေခဲ့တဲ့ မီခေးလ် အာတီတာရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း နော်ဝေကွင်းလယ်ကြယ်ပွင့်က သက်သေပြသပေးခဲ့ပါတယ်။ အာတီတာဟာ ဂန်းနားတွေရဲ့ အဓိကကွင်းလယ်ဖန်တီးရှင်ဖြစ်ခဲ့တဲ့ မီဆွတ် အိုဇေးလ်ရဲ့ နေရာမှာ ဆက်ခံဖို့အတွက် မာတင် အော်ဒီဂွါဒ်ကို ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ဟောင်းရဲ့ အရည်အသွေးကြောင့် နော်ဝေကြယ်ပွင့်ကို အဲဒီအချိန်တုန်းက…

read more
အာဆင်နယ်ရဲ့ သွေးပူမှာ အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး သတိပြုမိခဲ့တာကို မျှဝေခဲ့တဲ့ ထရိုင် ဒီနေး 1024 683 coyg

အာဆင်နယ်ရဲ့ သွေးပူမှာ အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး သတိပြုမိခဲ့တာကို မျှဝေခဲ့တဲ့ ထရိုင် ဒီနေး

ထရိုင် ဒီနေးက ပွဲစဉ်တွေမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာအကြောင်းအရာကို မျှဝေခဲ့ပါတယ်။ ဒီနေးဟာ နော်ဝေလက်ရွေးစင်ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး ဂျာမိန်း ဒီဖိုးရဲ့ The Players Channel မှာ စကားပြောဆိုခဲ့တာဖြစ်ပြီး အော်ဒီဂွါဒ်ဟာ ပွဲစဉ်တွေမှာ အသင်းဖော်တွေကို စိတ်အားတက်ကြွအောင် အားပေးနိုင်သလို ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကလည်း အာတီတာက ရီးရဲလ်ကြယ်ပွင့်ဟောင်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ရတဲ့အကြောင်းအရင်းတွေထဲက…

read more