Posts By :

coyg

ဂိုးသမားတွေကြား မွှေနေတယ်လို့ အပြောခံခဲ့ရတဲ့ အာတီတာ 640 360 coyg

ဂိုးသမားတွေကြား မွှေနေတယ်လို့ အပြောခံခဲ့ရတဲ့ အာတီတာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်ဂိုးသမားသစ် ဒေးဗစ် ရာယာဟာ ဖိအားတွေကို စတင်ခံစားလာရပြီဖြစ်ပြီး ရလဒ်အနေနဲ့ အမှားတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ ထင်မြင်နေပါတယ်။ ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာပြီးနောက် စပိန်ဂိုးသမားဟာ အာဆင်နယ် ပွဲထွက်လူစာရင်းမှာ အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ အစားထိုးခြင်း ခံခဲ့ရတာဖြစ်ပြီး ရာယာဟာ နောက်ဆုံးကစားခဲ့တဲ့ လွန်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း ချဲလ်ဆီးနဲ့ ၂-၂…

read more
ချဲလ်ဆီးနဲ့ပွဲက ဂိုးဟာ သရဲနီဂန္တဝင်ကို အတုခိုးခဲ့တာလို့ ဝန်ခံခဲ့တဲ့ ဒီကလန် ရိုက် 1024 576 coyg

ချဲလ်ဆီးနဲ့ပွဲက ဂိုးဟာ သရဲနီဂန္တဝင်ကို အတုခိုးခဲ့တာလို့ ဝန်ခံခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်က ချဲလ်ဆီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့စေတဲ့ ကိုက် ၃၀ အကွာကနေ သွင်းဂိုးကို သွင်းယူခဲ့ချိန်မှာ ဒေးဗစ် ဘက်ဟမ်းကို အတုခိုးခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲကစားချိန်ပြည့်ဖို့ ၁၃ မိနစ်သာ လိုတော့တဲ့အချိန်မှာ ချဲလ်ဆီးဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ ဘောလုံးပေးပို့မှု ညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီချေပဂိုးကြောင့်…

read more
Super Sub လေး ကောင်းမှုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

Super Sub လေး ကောင်းမှုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ ၂-၀ နဲ့ ဦးဆောင်ခြင်းခံခဲ့ရပြီးနောက် ရာသီအစ ရှုံးပွဲမရှိ စံချိန် ကျိုးပျက်တော့မယ့်ပုံပေါ်ခဲ့ပါတယ်။ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ကိုး ပါလ်မာက ချဲလ်ဆီးတို့ကို လန်ဒန်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့ပွဲမှာ လျင်လျင်မြန်မြန်နဲ့ စတင်ခွင့် ပေးခဲ့ပြီး VAR က ဝီလီယံ ဆာလီဘာ လက်ထိဘောဖြစ်ခဲ့တယ်လို့ သတ်မှတ်ခဲ့တဲ့အတွက် ပင်နယ်တီကနေ စီးတီးကြယ်ပွင့်ဟောင်းက ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။…

read more
ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ကိုင် ဟာဗတ်ဇ်ကို သတိပေးလိုက်တဲ့ အာတီတာ 1024 504 coyg

ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ကိုင် ဟာဗတ်ဇ်ကို သတိပေးလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာက ယနေ့ညနေ စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် ကိုင် ဟာဗတ်ဇ်ကို အသင်းဟောင်းနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားလို့ သတိပေးစကားပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ ကိုင် ဟာဗတ်ဇ်ကို ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၃ ရာသီကြာတဲ့အထိ ခြေမပေါ်ခဲ့တဲ့ ကစားသမားကို ခေါ်ယူခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။…

read more
ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ 810 539 coyg

ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိချင်နေမယ့် မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ မေး-ဆာကာ၊ ဆာလီဘာ၊ ထရော့ဆာ့ဒ်တို့နဲ့ပတ်သက်ပြီး ဘာထူးလဲ။ ဖြေ-အများကြီးမရှိပါဘူး။ ကျွန်တော်တို့မှာ ကစားသမားအများကြီး မရှိပါဘူး။ ကျွန်တော်တို့ ဒီနေ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို လုပ်သွားမှာဖြစ်ပြီး လေ့ကျင့်ရေးပြီးမှ ကျွန်တော်တို့ ပိုသိမှာပါ။ မေး- နိုင်ငံတကာပွဲစဉ်အားလပ်ရက်က အချိန်ကောင်းမှာ ရောက်လာတာလား။ ဖြေ-ခင်ဗျား ရလဒ်ကောင်းတွေရနေချိန်မှာ…

read more
စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်ဘုရင်ဘွဲ့ကို ဆက်လက် ဘွဲ့ခံဦးမယ့် ဂန်းနားများ 1024 504 coyg

စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်ဘုရင်ဘွဲ့ကို ဆက်လက် ဘွဲ့ခံဦးမယ့် ဂန်းနားများ

နိုင်ငံတကာပွဲစဉ်အားလပ်ရက် ၂ ပတ်ကြောင့် နားခဲ့ရပြီးနောက် အာတီတာရဲ့အသင်းဟာ စနေနေ့ညနေမှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ်ကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မြင့်မားတဲ့စိတ်ဓာတ်နဲ့အတူ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဖြတ်သန်းခဲ့တာဖြစ်ပြီး အာတီတာရဲ့လူစာရင်းဟာ လန်ဒန်ကိုလ်နီကွင်းကို ဒဏ်ရာကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ကြီးမားတဲ့ အောင်ပွဲကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ…

read more
ချဲလ်ဆီးကို ရှယ်ဖြုတ်မှာလို့ ဟောကိန်းထုတ်လိုက်တဲ့ အီယန် ရိုက် 1024 504 coyg

ချဲလ်ဆီးကို ရှယ်ဖြုတ်မှာလို့ ဟောကိန်းထုတ်လိုက်တဲ့ အီယန် ရိုက်

အီယန် ရိုက်ဟာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားသွားမယ့် စနေနေ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအတွက် ဟောကိန်းထုတ်လိုက်ပါတယ်။ ချဲလ်ဆီးဟာ စနေနေ့ညနေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂန်းနားတွေကို လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ကောင်းမွန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အလွန်ခက်ခဲတဲ့ စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ချဲလ်ဆီးက လက်ရှိမှာတော့ ပြိုင်ပွဲစုံမှာ နောက်ဆုံး ၃ ပွဲစလုံး အနိုင်ရခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းဟာ ယုံကြည်မှု…

read more
စတမ်းဖို့ဒ်ဘရစ်ချ်မှာ အံ့အားသင့်ဖွယ် အဝေးကွင်းမှတ်တမ်းကို ထိန်းသိမ်းရမယ့် လန်ဒန်ဘုရင် 960 640 coyg

စတမ်းဖို့ဒ်ဘရစ်ချ်မှာ အံ့အားသင့်ဖွယ် အဝေးကွင်းမှတ်တမ်းကို ထိန်းသိမ်းရမယ့် လန်ဒန်ဘုရင်

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၈ နှစ်ကြာ ကျိန်စာဆိုးကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရာသီအစ ၈ ပွဲမှာ ရှုံးပွဲမရှိခဲ့ရုံတင်သာမကဘဲ အမှတ်ပေးဇယား ဒုတိယနေရာမှာ စပါးစ်နဲ့ ဂိုးကွာခြားချက်ကြောင့် နောက်ကနေ ရပ်တည်နေရတာ ဖြစ်ပေမယ့် အာတီတာရဲ့အသင်းက ၂၀၂၂ ခုနှစ် မေလက စပါးစ်အိမ်ကွင်းမှာ ရှုံးနိမ့်ပြီးကတည်းက လန်ဒန်ဒါဘီမှာ…

read more
ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် မာဒရစ်ခ်ကို သတိပေးစကားပြောလိုက်တဲ့ ဇင်ချန်ကို 1000 562 coyg

ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် မာဒရစ်ခ်ကို သတိပေးစကားပြောလိုက်တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုက ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် လက်ရွေးစင်အသင်းဖော် မိုင်ခေလို မာဒရစ်ခ်ကို သတိပေးစကား ပြောကြားခဲ့ပါတယ်။ ဇင်ချန်ကိုနဲ့ မာဒရစ်ခ်တို့ ၂ ဦးစလုံးဟာ အင်္ဂါနေ့ညနေက မော်လ်တာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ယူကရိန်းအတွက် ပါဝင်ကစားပေးခဲ့ကြသူတွေဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်က ပွဲပြီးခါနီးမှာ တကိုယ်တော်အစွမ်းနဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့်…

read more
ဘရာဇီးလ်ရှုံးပွဲအတွက် ခုတုံးလုပ်ခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် 720 469 coyg

ဘရာဇီးလ်ရှုံးပွဲအတွက် ခုတုံးလုပ်ခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇုနဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်တို့ နှစ်ဦးစလုံးဟာ ဗုဒ္ဓဟူးနေ့နံနက်မှာ ဥရုဂွေးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်အဆင့်မှာ ရှုံးပွဲမရှိ စတင်မှုကို ထိန်းသိမ်းဖို့ ကူညီပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဖာနန်ဒို ဒီနစ်ဇ်ရဲ့ အသင်းဟာ စက်တင်ဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း ဘိုလစ်ဗီးယားနဲ့ ပီရူးတို့ကို နိုင်ပွဲ ၂ ပွဲရယူနိုင်ခဲ့ပေမယ့်လည်း အောက်တိုဘာလမှာတော့ ဗင်နီဇွဲလားနဲ့ ဥရုဂွေးတို့ကို…

read more