Posts By :

coyg

အာဆင်နယ်ပစ်မှတ်အတွက် စျေးသတ်မှတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း 590 344 coyg

အာဆင်နယ်ပစ်မှတ်အတွက် စျေးသတ်မှတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း

အက်စတန် ဗီလာဟာ အာဆင်နယ်၊ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ကွင်းလယ်ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ အူနိုင်း အမ်မရီလက်အောက် အက်စတန် ဗီလာကွင်းလယ်ရဲ့ အဓိကအစိတ်အပိုင်းအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀…

read more
အာဆင်နယ်ရဲ့စိတ်ဝင်စားခြင်းခံနေရချိန်မှာ အနာဂတ်ကို အဖြေပေးခဲ့တဲ့ လော်တာရို မာတီနက်ဇ် 745 490 coyg

အာဆင်နယ်ရဲ့စိတ်ဝင်စားခြင်းခံနေရချိန်မှာ အနာဂတ်ကို အဖြေပေးခဲ့တဲ့ လော်တာရို မာတီနက်ဇ်

လော်တာရို မာတီနက်ဇ်ဟာ စီးရီးအေမှာ နောက်ထပ် ဂိုးသွင်းကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး အဖြေပေးခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ အင်တာမီလန်ကို စီးရီးအေချန်ပီယံဖြစ်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ပြီးနောက် အီတလီစီးရီးအေရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက လော်တာရို မာတီနက်ဇ်ကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်ဖွင့်ဖို့ နီးကပ်လာချိန်မှာ ဂန်းနားတွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။…

read more
မန်ယူနိုက်တက် တိုက်စစ်မှူးကို အမ်းမရိတ်စ်လာဖို့ ဆွေးနွေးခဲ့တဲ့ အာတီတာ 640 480 coyg

မန်ယူနိုက်တက် တိုက်စစ်မှူးကို အမ်းမရိတ်စ်လာဖို့ ဆွေးနွေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးကို အမ်းမရိတ်စ်ကို ဒီနွေရာသီမှာ ပြောင်းလာဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ပဏာမလူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပြီး အဲရစ် တန်ဟက်က အင်္ဂလန်တိုက်စစ်မှူးအသင်းကနေ ထွက်ခွာမှာကို တားဆီးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ တန်ဟက်လက်အောက်မှာ ပြန်လည်သက်ဝင်လာတဲ့…

read more
မန်စီးတီးခြေချော်ပြီး အာဆင်နယ်ဖလားရဖို့ မျှော်လင့်နေတဲ့ အွန်နရီ 644 389 coyg

မန်စီးတီးခြေချော်ပြီး အာဆင်နယ်ဖလားရဖို့ မျှော်လင့်နေတဲ့ အွန်နရီ

သီယာရီ အွန်နရီက မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ခြေချော်ပြီး အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလားရဖို့ အခွင့်အရေးပေးမယ်လို့ မျှော်လင့်နေပေမယ့် ဂွါဒီယိုလာရဲ့အသင်းက ဆုဖလားပြိုင်ပွဲမှာ အမှားခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်စီးတီးက ဝက်စ်ဟမ်းကို ယနေ့ည အစ်တီဟတ်မှာ အနိုင်ကစားနိုင်တာနဲ့ ၄ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်ဆွတ်ခူးသွားနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေးဗစ် မိုရက်စ်ရဲ့အသင်းကို…

read more
ရာသီပိတ်ပွဲစဉ်အပြီး ဆုဖလားဘယ်သူရသွားမလဲ ဟောကိန်းထုတ်ခဲ့တဲ့ ပေါလ် မာဆန် 644 423 coyg

ရာသီပိတ်ပွဲစဉ်အပြီး ဆုဖလားဘယ်သူရသွားမလဲ ဟောကိန်းထုတ်ခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က တနင်္ဂနွေနေ့မှာ ဂန်းနားတွေအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ်လို့ ထင်မြင်နေခြင်းမရှိဘဲ မန်စီးတီးက ဝက်စ်ဟမ်းကို အနိုင်ယူပြီး ဖလားရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဆုဖလားပြိုင်ပွဲဟာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကြား ရာသီပိတ်ပွဲစဉ်မတိုင်ခင် ၂ မှတ်သာ ကွာဟနေတာကြောင့် နောက်ဆုံးပွဲစဉ်အထိ အဖြေထွက်ဖို့ စောင့်ဆိုင်းရမှာဖြစ်ပြီး အာဆင်နယ်က အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို တစ်ဖက်မှာ မန်စီးတီးက ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။…

read more
ပထမဆုံးနွေရာသီခေါ်ယူမှုနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ် 1024 724 coyg

ပထမဆုံးနွေရာသီခေါ်ယူမှုနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်

အာတီတာဟာ ဆက်တိုက် ဆုဖလားစိန်ခေါ်သူတွေအဖြစ် အသင်းကို တည်ဆောက်ဖို့ ရည်မှန်းထားတာကြောင့် ဒီနွေရာသီမှာ အဆင်နယ်က ကြီးမားတဲ့ အစီအစဉ်တွေ ရှိနေပြီး ဘယ်နောက်ခံနေရာက စပိန်လူမျိုးနည်းပြရဲ့ ဦးစားပေးတွေထဲက တစ်ခုဖြစ်ပါတယ်။ တိုမိယဆုက မကြာသေးမီက ဘယ်နောက်ခံနေရာအတွက် အာတီတာရဲ့ ပထမဦးစားပေးရွေးချယ်မှုဖြစ်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ ဂျပန်နောက်ခံလူအတွက် ယှဉ်ပြိုင်မှု ပိုပေးနိုင်မယ့် ကစားသမားမျိုးကို ထပ်ခေါ်ချင်နေတာဖြစ်ပါတယ်။ ဒီရာသီ စိတ်ပျက်စရာ စွမ်းဆောင်ရည် ပြသခဲ့တဲ့…

read more
စပါး-မန်စီးတီးပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ်သတင်းများ 1024 504 coyg

စပါး-မန်စီးတီးပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ်သတင်းများ

ဒီနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီးတို့ ကစားမယ့်ပွဲမတိုင်ခင် အာဆင်နယ်ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်လှုပ်ရှားနေကြပြီး ဒီပွဲရလဒ်ဟာ ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမတိုင်ခင် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ဖြစ်ပျက်နေတဲ့အရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ -အာဆင်နယ်ပရိသတ်တွေဟာ အင်္ဂါနေ့ည တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မန်ချက်စတာစီးတီးကစားသမားတွေ အနားယူနေတဲ့ မန်ချက်စတာဟိုတယ်အပြင်ဘက်မှာ တနင်္လာနေ့နံနက် ၂ နာရီလောက် မီးရှူးမီးပန်းတွေသွားဖောက်ပြီး အနှောက်အယှက်ပေးခဲ့ပါတယ်။ -အာဆင်နယ်ကြယ်ပွင့်ဟောင်း…

read more
အိုးထရက်ဖို့ဒ်ကပွဲအပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကိုခေါ်ဖို့ ဂန်းနားတွေကို ပီတစ် တိုက်တွန်း 1024 504 coyg

အိုးထရက်ဖို့ဒ်ကပွဲအပြီး မန်ယူနိုက်တက်ကြယ်ပွင့်ကိုခေါ်ဖို့ ဂန်းနားတွေကို ပီတစ် တိုက်တွန်း

အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က မန်ချက်စတာယူနိုက်တက်အပယ်ခံ ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်မှာ ကစားသမားဘဝ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဂန်းနားတွေအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် ပထမအသင်း လူစာရင်းထဲကနေ ထုတ်ခံခဲ့ရပြီး ဇန်နဝါရီလမှာ အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်သွားကစားခဲ့တာဖြစ်ပါတယ်။ ဂျာမနီကို ပြန်ရောက်ခဲ့ချိန်ကတည်းက ဆန်ချိုက…

read more
ကစားသမား ၇ ဦးအထိ အရောင်းတင်လိုက်တဲ့ အာဆင်နယ် 1024 504 coyg

ကစားသမား ၇ ဦးအထိ အရောင်းတင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား ၇ ဦးအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ အာတီတာဟာ ယခုနွေရာသီမှာ အသင်းတာဝန်ရှိသူတွေဆီကနေ နောက်ထပ်သိသာထင်ရှားတဲ့ အပြောင်းအရွှေ့ဘတ်ဂျက်တစ်ခု ရရှိဦးမှာဖြစ်ပြီး ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် ထိပ်ဆုံးကနေ ယှဉ်ပြိုင်သူတွေထဲက တစ်သင်းဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာတည်ဆောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုဟာ ဒီရာသီကုန်မှာ အမ်းမရိတ်စ်ကနေ ထွက်တော့မယ်လို့…

read more
သူ့ထက် ပါးနပ်တဲ့အသင်းဖော် ၂ ဦးကို သတ်မှတ်ခဲ့တဲ့ ဆာကာ 1024 791 coyg

သူ့ထက် ပါးနပ်တဲ့အသင်းဖော် ၂ ဦးကို သတ်မှတ်ခဲ့တဲ့ ဆာကာ

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းဖော်ထဲမှာ သူ့ထက်ပိုပြီး ပါးနပ်တဲ့ကစားသမား ၂ ဦးရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ အရည်အသွေးနဲ့ စွမ်းရည်တွေဟာ အခြား အဆင့်တစ်ခုမှာ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာကာရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းဟာ သူ့ရဲ့ လူသိအနည်းဆုံးအရည်အချင်းတွေထဲက တစ်ခုဖြစ်ပြီး ပါးနပ်မှုမရှိဘဲနဲ့တော့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ကောင်းမွန်ခြင်းရှိမှာမဟုတ်ပါဘူး။ ဆာကာက…

read more