Posts By :

coyg

အော်ဒီဂွါဒ်အတွက် အရမ်းကောင်းတဲ့ နည်းပြဖြစ်လာမယ့် ကာဇိုလာ 1024 504 coyg

အော်ဒီဂွါဒ်အတွက် အရမ်းကောင်းတဲ့ နည်းပြဖြစ်လာမယ့် ကာဇိုလာ

ဇန်နဝါရီမှာ ကာဇိုလာ အာဆင်နယ်ကို ပြန်လာနိုင်ခြေရှိနေတယ်လို့ ကောလာဟလတွေ စတင်ထွက်ပေါ်နေပေမယ့်လည်း စပိန်ကွင်းလယ်ကြယ်ပွင့်ဟောင်းကို နည်းပြရာထူး ပေးတာက ထိုက်တန်မှုတစ်ခုဖြစ်ပါတယ်။ ကာဇိုလာဟာ ကျန်တဲ့ကစားသမားတွေအတွက်တော့ မသိပေမယ့် ပါရမီရှင် ကွင်းလယ်ကစားသမားဖြစ်တဲ့ မာတင် အော်ဒီဂွါဒ် လိုအပ်နေတဲ့ အကူအညီမျိုး ပေးနိုင်တဲ့သူဆိုတာတော့ သေချာပါတယ်။ အထူးသဖြင့် အသက် ၃၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟောင်းဟာ ဂိုးဖန်တီးပေးရတဲ့ တောင်ပံကစားသမားအဖြစ်ကနေ ကွင်းလယ် ကစားကွက်ဖန်တီးရှင်၊…

read more
ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အာတီတာလုပ်မယ့် အဓိကအပြောင်းအလဲကို အတည်ပြုခဲ့တဲ့ ဆီးမန်း 1024 504 coyg

ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အာတီတာလုပ်မယ့် အဓိကအပြောင်းအလဲကို အတည်ပြုခဲ့တဲ့ ဆီးမန်း

အာဆင်နယ်ဂန္တဝင် ဒေးဗစ် ဆီးမန်းက ယခုအပတ် ဘရန့်တ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားသမားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာရွန် ရမ်းစ်ဒေးလ် ပြန်လည်ပွဲထွက်ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပုံပေါ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီအစောပိုင်းမှာ ဂန်းနားတွေရဲ့ ကျောနံပါတ် ၁ နေရာကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒေးဗစ် ရာယာရဲ့ လက်စွမ်းက စိတ်မချရပေမယ့်လည်း အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲကို ပြန်ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်က မကြာသေးမီက ၎င်းရဲ့ ကစားသမားဘဝ စိန်ခေါ်မှုအပြင်းထန်ဆုံး…

read more
ဇန်နဝါရီပစ်မှတ်အတွက် အဖြေရခဲ့ပြီဖြစ်တဲ့ အာဆင်နယ် 1024 645 coyg

ဇန်နဝါရီပစ်မှတ်အတွက် အဖြေရခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်စတန် ဗီလာကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝီးဇ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လည်း အူနိုင်း အမ်မရီရဲ့အသင်းက ဂန်းနားတွေဆီက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဂန်းနားတွေဆီကနေ ကမ်းလှမ်းမှု ၃ ကြိမ်အထိ ရရှိခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက အက်စတန် ဗီလာနဲ့ စာချုပ်သက်တမ်း ၁ နှစ်တောင်မကျန်တော့ဘဲ…

read more
ဂေါင်းကြီးကို အတုယူဖို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် 800 450 coyg

ဂေါင်းကြီးကို အတုယူဖို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်

ဘောလုံးဝေဖန် သုံးသပ်သူ ဂရေမီ ဆောင်းနက်စ်က အမ်းမရိတ်စ်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးခဲ့တာကြောင့် စိတ်ပျက်နေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို မန်ချက်စတာယူနိုက်တက်နောက်ခံလူနဲ့ နှိုင်းယှဉ်ပြီး အားပေးစကားပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဖြစ်တဲ့ ဟာရီ မက်ဂွိုင်းယားဟာ နည်းပြ အဲရစ် တန်ဟက်ရဲ့ အပယ်ခံဘဝကနေ အယုံကြည်ရဆုံးကစားသမားတွေထဲက တစ်ဦး ပြန်ဖြစ်လာတဲ့အထိ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက်…

read more
ဆော်ဒီပရိုလိဂ်ကြယ်ပွင့်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုနေတဲ့ အာတီတာ 1024 504 coyg

ဆော်ဒီပရိုလိဂ်ကြယ်ပွင့်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုနေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ် ဟီလာလ်ကွင်းလယ်ကစားသမား ရူဘင် နက်ဗက်စ်ကို အရခေါ်ယူပေးဖို့ အသင်းကို အခိုင်အမာ တောင်းဆိုနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်စ်နဲ့ ရှိနေခဲ့တဲ့ ကာလတုန်းက တောက်ပခဲ့သူဖြစ်ပြီး ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီးနောက် ဆုဖလားစိန်ခေါ်နေတဲ့ အာဆင်နယ်လို အသင်းမျိုးမှာ ဘာလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်တစား…

read more
ဂျာမန်တွေ နာမည်မပျက်စေဖို့ ကင်းကိုင်ကို အကြံကောင်းပေးလိုက်တဲ့ ဘားလက်ခ် 1024 504 coyg

ဂျာမန်တွေ နာမည်မပျက်စေဖို့ ကင်းကိုင်ကို အကြံကောင်းပေးလိုက်တဲ့ ဘားလက်ခ်

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ကိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ဂျာမနီကြယ်ပွင့်ဟာ အမ်းမရိတ်စ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ချဲလ်ဆီးဂန္တဝင် မိုက်ကယ် ဘားလက်ခ်က အာဆင်နယ်ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်အတွက် အဖိုးတန်အကြံဉာဏ်အချို့ မျှဝေပေးခဲ့ပြီး နည်းပြ အာတီတာလက်အောက်မှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ကိုင် ဟာဗတ်ဇ်ရဲ့…

read more
ပါတေးရဲ့နေရာမှာ ပေါင် ၄၂ သန်းတန်ကစားသမားနဲ့ အစားထိုးသွားတော့မယ့် အာဆင်နယ် 1024 576 coyg

ပါတေးရဲ့နေရာမှာ ပေါင် ၄၂ သန်းတန်ကစားသမားနဲ့ အစားထိုးသွားတော့မယ့် အာဆင်နယ်

အာတီတာရဲ့ အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အမြဲလိုလို ရုန်းကန်နေရတဲ့ သောမတ်စ် ပါတေးရဲ့ နေရာမှာ မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်ပ်စ်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ Tuttojuve ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂါနာကွင်းလယ်လူရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် မန်ချက်စတာစီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ပါတေးဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း…

read more
မန်ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ရီးရဲလ်တို့ထက် တန်ဖိုးပိုရှိတဲ့လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ် 1024 504 coyg

မန်ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ရီးရဲလ်တို့ထက် တန်ဖိုးပိုရှိတဲ့လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ နည်းပြ အာတီတာလက်အောက်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ဆယ်စုနှစ် ၂ ခုကြာဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားနဲ့ လက်မတင်လေး လွဲချော်ခဲ့ပြီးနောက် ဒီရာသီမှာ နောက်ထပ် ဆုဖလားစိန်ခေါ်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ဂန်းနားတွေရဲ့ လူစာရင်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့ရဲ့ လူစာရင်းထက် ပေါင်သန်း ၂၀၀ ပိုမို တန်ကြေးရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့လူစာရင်းထက်လည်း တန်ဖိုးပိုမို မြင့်မားနေတာ…

read more
ဇန်နဝါရီအတွက် အာတီတာကို အဖြေပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ် 1024 504 coyg

ဇန်နဝါရီအတွက် အာတီတာကို အဖြေပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နည်းပြ အာတီတာကို ငွေကြေးသုံးစွဲခွင့်ပေးလိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ကစားသမားတစ်ဦးအတွက် ပေါင်သန်း ၅၀ လောက်အထိ သုံးစွဲချင်တဲ့ဆန္ဒရှိနေပြီး ဆုဖလားစိန်ခေါ်နေတဲ့ အသင်းအတွက် လိုအပ်တဲ့ ငွေကြေးတွေ ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့တဲ့ Football Insider ရဲ့ သတင်းအရ သိရပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ၁…

read more
စီးတီးရဲ့အနီးကပ်ဆုံးပြိုင်ဘက်က အာဆင်နယ်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ရစ်ချတ် 1024 504 coyg

စီးတီးရဲ့အနီးကပ်ဆုံးပြိုင်ဘက်က အာဆင်နယ်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ရစ်ချတ်

မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း မီကာ ရစ်ချတ်က ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးလ်က အာဆင်နယ်ထက် ပိုပြီး မန်စီးတီးရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေ ဖြစ်လာလိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို လီဗာပူးလ်က အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးထက် ၁ မှတ်လျော့ အနေအထားနဲ့ ဖြတ်သန်းသွားရမှာဖြစ်ပြီး ၁၂ ပွဲကစားပြီးချိန်မှာ ၂၇ မှတ်နဲ့ တတိယနေရာက အာဆင်နယ်ထက် ဂိုးကွာခြားချက်အသာနဲ့…

read more