Posts By :

coyg

ပေါင် ၁၁၂ သန်းတန်အပြောင်းအရွှေ့အတွက် မီးစိမ်းပြခံလိုက်ရပြီဖြစ်တဲ့ အာဆင်နယ် 1024 511 coyg

ပေါင် ၁၁၂ သန်းတန်အပြောင်းအရွှေ့အတွက် မီးစိမ်းပြခံလိုက်ရပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားအားလုံးနဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း အပြောင်းအရွှေ့တစ်ခုမှ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ နောက်လာမယ့် ရက်အနည်းငယ်အထိလည်း ဒီတိုင်းပဲ ဆက်သွားနေဦးမှာ ဖြစ်ပါတယ်။ အာတီတာရဲ့ လူစာရင်းဟာ လူအင်အားဖြည့်တင်းမှု အချို့ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်နေပေမယ့်လည်း အီဒူးတို့တသိုက် ဘာတွေ လုပ်နေမှန်းမသိရသေးဘဲ အိုင်ဗန် တိုနီကို ခေါ်ဖို့ကိစ္စကလည်း ပွဲပယ်စေ့လို့ ပြန်ကစားပြီး ဂိုးတွေဘာတွေ သွင်းနိုင်ခဲ့ပြီးကတည်းက ငြိမ်ချက်သား…

read more
အာဆင်နယ်မှာ အသင်းစိတ်ဓာတ်က ဘယ်လောက်အရေးကြီးလဲ ပြောပြခဲ့တဲ့ ဒီကလန် ရိုက် 1024 538 coyg

အာဆင်နယ်မှာ အသင်းစိတ်ဓာတ်က ဘယ်လောက်အရေးကြီးလဲ ပြောပြခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်ဟာ အာဆင်နယ်က အသင်းအဖွဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာ ကွင်းပြင်ပ သွားလာလှုပ်ရှားမှုတွေမှာ အသင်းအဖွဲ့စိတ်ဓာတ်အရေးပါပုံကို အဓိကထား ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်အထိ အမ်းမရိတ်စ်က ပရိသတ်တွေ မျှော်မှန်းချက်အတိုင်း ကစားပြနေသူဖြစ်ပါတယ်။ ဒီကလန် ရိုက်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အသင်း တိုးတက်မှုအတွက် အဓိကကျခဲ့တယ်ဆိုတာကို သံသယဖြစ်စရာမရှိဘဲ…

read more
အမ်ဘာပေလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဂန်းနားပစ်မှတ် 1024 683 coyg

အမ်ဘာပေလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဂန်းနားပစ်မှတ်

ကာရင် ဘန်ဇီးမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာက အချိန်ခရီးသွားစက်ထဲ ခုန်ဝင်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကို ပြန်ရောက်သွားသလိုမျိုး ခံစားရပါတယ်။ ဂန်းနားတွေဟာ ၂၀၁၀ အစောပိုင်းနှစ်တွေတလျှောက်လုံး ဘန်ဇီးမားကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ထပ် ၁၀ နှစ်ကျော်အကြာ လက်ရှိမှာလည်း နောက်ထပ်တစ်ကြိမ် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။ အများစုကတော့…

read more
ဘန်ဝှိုက်ကို အနားပေးဖို့ စပါးစ်ကြယ်ပွင့်ဟောင်းကို ခေါ်မယ့် အာဆင်နယ် 770 506 coyg

ဘန်ဝှိုက်ကို အနားပေးဖို့ စပါးစ်ကြယ်ပွင့်ဟောင်းကို ခေါ်မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှုအနည်းငယ်ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း အခုထက်ထိတော့ တိတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲ ရရှိခဲ့ပြီး နောက်ဆုံး အနိုင်ရခဲ့တဲ့ပွဲစဉ်ကတော့ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ခေါ်ယူနိုင်ခြေရှိတဲ့ကစားသမားတွေကို စောင့်ကြည့်နေပုံပေါ်ပါတယ်။ ကိုင်လီ ဝေါ်ကာ-ပီတာစ်ဟာ အာဆင်နယ်ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့…

read more
အမ်ဘာပေရဲ့မြန်နှုန်းနဲ့ ကစားသမားကြောင့် ဘန်ဇီးမားကို မေ့ထားလို့ရနိုင်တဲ့ အာဆင်နယ် 1024 512 coyg

အမ်ဘာပေရဲ့မြန်နှုန်းနဲ့ ကစားသမားကြောင့် ဘန်ဇီးမားကို မေ့ထားလို့ရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ပြောစရာပြဿနာဆိုလို့ အဲဒီ ၅ ဂိုးထဲမှာ အသင်းရဲ့ အထောင်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇု သွင်းယူခဲ့တဲ့ သွင်းဂိုး ၁ ဂိုးမှ မပါဝင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ယခုရာသီ သွင်းဂိုး ၃…

read more
ဖောရက်စ်နဲ့ပွဲမတိုင်ခင် ကြီးမားတဲ့ အားတက်စရာဒဏ်ရာသတင်း ၂ ခု ကြားခဲ့ရတဲ့ အာဆင်နယ် 644 464 coyg

ဖောရက်စ်နဲ့ပွဲမတိုင်ခင် ကြီးမားတဲ့ အားတက်စရာဒဏ်ရာသတင်း ၂ ခု ကြားခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ပရီးမီးယားလိဂ်ဖလား ရရှိဖို့ ကြိုးပမ်းနေတဲ့အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်တွေမတိုင်ခင် အားတက်စရာ ဒဏ်ရာသတင်းတွေကို ရရှိခဲ့ပါတယ်။ ဒီကလန် ရိုက်ဟာ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ် စနေနေ့ပွဲစဉ်အတွင်း ပွဲကစားချိန် မိနစ် ၂၀ သာကျန်တော့တဲ့အချိန်မှာ တံကောက်ကြော ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရတာကြောင့် အာဆင်နယ်တို့အတွက် စိုးရိမ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ အာတီတာက အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့…

read more
ဝေဖန်မှုတွေ ခံခဲ့ရပြီးနောက် ဂန်းနားတွေရဲ့စွမ်းဆောင်ရည်ကို ဝန်ခံချက်ပေးခဲ့တဲ့ ရာယာ 1024 683 coyg

ဝေဖန်မှုတွေ ခံခဲ့ရပြီးနောက် ဂန်းနားတွေရဲ့စွမ်းဆောင်ရည်ကို ဝန်ခံချက်ပေးခဲ့တဲ့ ရာယာ

ဒေးဗစ် ရာယာဟာ ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အထင်ကြီးဖွယ် လက်စွမ်းက အမ်းမရိတ်စ်က ကစားသမားဘဝအတွက် အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေပေမယ့် ပုံမှန်လက်စွမ်းရဖို့ အချိန်လိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာဟာ ဘရန့်တ်ဖို့ဒ်ကနေ ရာယာကို အငြင်းပွားဖွယ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားခဲ့တဲ့ ရမ်းစေးလ်ကို…

read more
ဖော်ထုတ်ခံလိုက်ရတဲ့ ဂန်းနားတွေရဲ့ တည်ကန်ဘော အချက်ပြမှု 644 361 coyg

ဖော်ထုတ်ခံလိုက်ရတဲ့ ဂန်းနားတွေရဲ့ တည်ကန်ဘော အချက်ပြမှု

အာဆင်နယ်ရဲ့ တည်ကန်ဘော အချက်ပြမှုကို Match of the Day အဖွဲ့က ထုတ်ဖော်နိုင်ခဲ့ပုံပေါ်ပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ သူ့ရဲ့ ခြေအိတ်ဟာ တည်ကန်ဘောအတွက် အဓိကအချက်ပြမှုဖြစ်ပုံပေါ်ပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရဲ့ တည်ကန်ဘောတွေမှာ အကျိုးသက်ရောက်မှု အရှိဆုံးအသင်းဖြစ်လာခဲ့တာဖြစ်ပြီး တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ အစီအစဉ်ကြောင့် ဒီရာသီမှာ တည်ကန်ဘောကနေ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။…

read more
ဂန်းနားတွေရဲ့ တည်ကန်ဘောနည်းပြကို ကြွေသွားတဲ့ ဖာဒီနန် 615 409 coyg

ဂန်းနားတွေရဲ့ တည်ကန်ဘောနည်းပြကို ကြွေသွားတဲ့ ဖာဒီနန်

ရီယို ဖာဒီနန်ဟာ ဂန်းနားတွေရဲ့ တည်ကန်ဘောတွေဟာ အသင်းအောင်မြင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီးနောက် အာဆင်နယ်ရဲ့ တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ အကျိုးသက်ရောက်မှုကို အထင်ကြီးခဲ့ပါတယ်။ အာဆင်နယ်ဟာ ယခုရာသီမှာ သွင်းဂိုးအများအပြားကို တည်ကန်ဘောကနေ သွင်းယူခဲ့တာဖြစ်ပြီး စနေနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာလည်း ဂန်းနားတွေရဲ့ တည်ကန်ဘောတွေက ဧည့်သည်တွေကို ပြဿနာဖြစ်စေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ပထမဆုံးသွင်းဂိုး ၂…

read more
လင်းယုန်တွေကို ပညာပေးခန်းကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ 1024 504 coyg

လင်းယုန်တွေကို ပညာပေးခန်းကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ ဂါဘရီယဲလ်ရဲ့ တည်ကန်ဘောအားသာချက်ကြောင့် လမ်းမှန်ပေါ်ပြန်ရောက်ခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ ပထမပိုင်း ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဒင်း ဟန်ဒါဆန်ကို အမှားပြုလုပ်စေခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။ လီအန်ဒရို ထရော့ဆာ့ဒ်က ၁၀…

read more