Posts By :

coyg

ရုန်းကန်နေရတဲ့ ဘန်လေကို အားနာနာနဲ့ ၅ ပွဲဆက်နိုင်ပွဲရယူမယ့် ဂန်းနားများ 1024 504 coyg

ရုန်းကန်နေရတဲ့ ဘန်လေကို အားနာနာနဲ့ ၅ ပွဲဆက်နိုင်ပွဲရယူမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ယနေ့ညနေ ဘန်လေအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ၅ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲကို ရယူသွားဖို့ ရည်မှန်းနေပါတယ်။ ဂန်းနားတွေဟာ ဆောင်းရာသီအားလပ်ရက်မတိုင်ခင်တုန်းက စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နှစ်သစ်အစကတည်း အထင်ကြီးဖွယ် ပြန်လည်သက်ဝင်လာခဲ့ပြီး နောက်ဆုံး နိုင်ပွဲ ၄ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့…

read more
အမ်ဘာပေရဲ့သတင်း၊ ပါတေး အခြေအနေတွေအပါအဝင် အာတီတာ ပြောခဲ့သမျှ 1024 538 coyg

အမ်ဘာပေရဲ့သတင်း၊ ပါတေး အခြေအနေတွေအပါအဝင် အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ညနေ တာ့ဖ် မိုးမှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အမ်ဘာပေရဲ့ အပြောင်းအရွှေ့သတင်း၊ ပါတေး ပြန်လာတော့မလား၊ အသင်းသတင်းတွေကို အဖြေပေးခဲ့ပါတယ်။ မေး- ရွိုင်း ဟော့ဒ်ဆန်အခြေအနေဘယ်လိုလဲ။ ဖြေ- ကျွန်တော် အတိအကျအသေးစိတ်မသိပါဘူ။ သူ အများကြီး ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် သူ မနက်ဖြန် ချက်ချင်း ပြန်လာမယ်ဆိုတာ…

read more
အီဒူးနဲ့အာတီတာတို့ ချီးမွမ်းခဲ့တဲ့ ကစားသမားကို ခေါ်ယူဖို့ အခွင့်အရေးရှိနေတဲ့ အာဆင်နယ် 940 626 coyg

အီဒူးနဲ့အာတီတာတို့ ချီးမွမ်းခဲ့တဲ့ ကစားသမားကို ခေါ်ယူဖို့ အခွင့်အရေးရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဝုလ်ဗ်စ်တောင်ပံကြယ်ပွင့် ပက်ဒရို နီတိုကို ကာလရှည် ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို အဆုံးသတ်ဖို့ ရွှေရောင်အခွင့်အရေး ရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီတောင်ပံကစားသမားဟာ ယခုရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် နောက်ထပ်တစ်ကြိမ် ထူးချွန်တဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပေမယ့်လည်း ဝံပုလွေတွေဟာ FFP ရဲ့ မညှာမတာ ဒဏ်ခတ်မှုကို ရှောင်လွှဲနိုင်အောင် ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဝုလ်ဗ်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့…

read more
အာတီတာရဲ့ လုပ်ငန်းစဉ်ကို ယုံကြည်မှုရှိကြောင်း သက်သေပြသသွားမယ့် အာဆင်နယ် 1024 676 coyg

အာတီတာရဲ့ လုပ်ငန်းစဉ်ကို ယုံကြည်မှုရှိကြောင်း သက်သေပြသသွားမယ့် အာဆင်နယ်

အာဆင်နယ်ဟာ အသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မီခေးလ် အာတီတာကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အာတီတာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်မပြည့်ခင်ကမှ စာချုပ်သစ် ချုပ်ဆိုထားခဲ့တာဖြစ်ပေမယ့်လည်း စပိန်လူမျိုးနည်းပြကို စာချုပ်သစ် ချုပ်ဆိုသွားချင်နေတယ်လို့ Football Transfers က ဖော်ပြခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် နည်းပြဟာ…

read more
ပေါ်တိုနဲ့ပွဲမတိုင်ခင် အားတက်စရာ ဒဏ်ရာသတင်းကြားခဲ့ရတဲ့ အာဆင်နယ် 1024 683 coyg

ပေါ်တိုနဲ့ပွဲမတိုင်ခင် အားတက်စရာ ဒဏ်ရာသတင်းကြားခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်ကွင်းလယ်ကစားသမား ဖေဘီယို ဗီယာရာဟာ လာမယ့်အပတ် ပေါ်တိုမှာ ကစားရမယ့် ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အမီ လူစာရင်းထဲ ပြန်ပါလာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဗီယာရာဟာ နိုဝင်ဘာလမှာ ပေါင်ခြံခွဲစိတ်ကုသမှု ခံယူခဲ့သူဖြစ်ပေမယ့်လည်း လျင်လျင်မြန်မြန် ပြန်လည်သက်သာလာနေပြီး လေ့ကျင့်ရေး အပြည့်ပြန်ဆင်းနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၃ လကြာ…

read more
ဂန်းနားဂန္တဝင်လက်သစ် ဖြစ်လာချင်လို့ အင်္ဂလန်ပြောင်းလာချင်နေတဲ့ အမ်ဘာပေ 644 417 coyg

ဂန်းနားဂန္တဝင်လက်သစ် ဖြစ်လာချင်လို့ အင်္ဂလန်ပြောင်းလာချင်နေတဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ သူ့ရဲ့ သူရဲကောင်းဖြစ်တဲ့ သီယာရီ အွန်နရီရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်ဖို့ အာဆင်နယ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ကြီးမားတဲ့ အတားအဆီးကြီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအတွက် သဘောတူညီမှုရရှိဖို့ နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး…

read more
ဝက်စ်ဟမ်းနဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်ချိုးခဲ့တဲ့ အော်ဒီဂွါဒ် 640 480 coyg

ဝက်စ်ဟမ်းနဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်ချိုးခဲ့တဲ့ အော်ဒီဂွါဒ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ တနင်္ဂနွေနေ့ညက လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်းကို ၆-၀ နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပထမပိုင်းအပြီးမှာပဲ ၄-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး အော်ဒီဂွါဒ်က ထရော့ဆာ့ဒ်ရဲ့ စတုတ္ထမြောက်ဂိုးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ…

read more
အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ရိုက်ရဲ့အစွမ်းနဲ့ ပြိုင်ဘက်တွေကို ခြောက်ခြားစေခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ရိုက်ရဲ့အစွမ်းနဲ့ ပြိုင်ဘက်တွေကို ခြောက်ခြားစေခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ လန်ဒန်ကွင်းမှာ ပထမပိုင်းအတွင်း ၄ ဂိုးအထိ သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆာလီဘာရဲ့ သွင်းဂိုးနဲ့ စဖွင့်ခဲ့ပြီး ဆာကာ၊ ဂါဘရီယဲလ်၊ ထရော့ဆာ့ဒ်နဲ့ ဒီကလန် ရိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲကနေ ပြန်ပြောရမယ့်အချက် ၅…

read more
ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ လီဗာပူးလ်ကို တဖန်ပြန်ကြုံးခဲ့တဲ့ ဂန်းနားပရိသတ်များ 644 429 coyg

ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ လီဗာပူးလ်ကို တဖန်ပြန်ကြုံးခဲ့တဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ ဘန်လေကို စနေနေ့ညက ၃-၁ နဲ့ လီဗာပူးလ်က အနိုင်ရခဲ့ပြီးနောက် ယာဂန် ကလော့ပ်ရဲ့ အောင်ပွဲခံဟန်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ လီဗာပူးလ်ဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးကို ၂ မှတ်ပြန်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဂျိုတာ၊ လူးဝစ္စ ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်ဇ်တို့က အန်းဖီးမှာ ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ ပြီးခဲ့တဲ့အပတ်က အမ်းမရိတ်စ်မှာ ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်ကို…

read more
ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး ဇယားထိပ်ကို မျက်ခြေအပြတ်မခံမယ့် အာဆင်နယ် 1024 619 coyg

ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး ဇယားထိပ်ကို မျက်ခြေအပြတ်မခံမယ့် အာဆင်နယ်

ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်နဲ့ပွဲမှာ အရေးကြီးတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ဝက်စ်ဟမ်းအိမ်ကွင်းကို တနင်္ဂနွေနေ့မှာ သွားရောက်ပြီး နောက်ထပ်နိုင်ပွဲကို ရယူသွားရမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ လီဗာပူးလ်နဲ့ပွဲမှာ ဒီရာသီရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲကို ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့အသင်းဆိုတာကို အကောင်းဆုံး သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအပတ်မှာ ၄ ပွဲဆက်နိုင်ပွဲကို မရယူနိုင်ဘူးဆိုရင်တော့ သိပ်တော့ အကြောင်းထူးမှာမဟုတ်ဘဲ…

read more