Posts By :

admin

ပဲလေ့စ်ကို ဂိုးမိုးရွာပြီး ပရီးမီးယားလိဂ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေဆဲ ဂန်းနားများ admin

ပဲလေ့စ်ကို ဂိုးမိုးရွာပြီး ပရီးမီးယားလိဂ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေဆဲ ဂန်းနားများ

ဒီရာသီမှာ ဖလားပွဲတွေကလွဲလို့ အာဆင်နယ် ရှုံးပွဲကြုံတာမျိုးက သိပ်ရှားပါတယ်။ ရှူံးခဲ့ရင်လည်း နောက်ပွဲမှာ ပြန်လာတာချည်းပဲ။ မန်ယူကို ရှုံးခဲ့တုန်းက တကြိမ်၊ အဲဗာတန်၊ မန်စီးတီးတို့ကို ရှူံးပြီး ဘရန့်ဖို့ဒ်ကို သရေကျကာ ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့တုန်းက တကြိမ်၊ ဒီလူငယ်တွေဟာ ဒီရာသီမှာ ဘယ်လောက်အထိ ဒူပေတာပေခံကြောင်း ပြသခဲ့တယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်တုန်းကလည်း ကျွန်တော် ပြောခဲ့သေးတယ်။ ရလဒ်ပိုင်းက စိတ်ပျက်စရာ…

read more
ဆာကာ တောက်ပပြပြီး ဇယားထိပ်မှ ၈မှတ်ဖြတ် ဦးဆောင်ခဲ့တဲ့ပွဲစဉ်က ထူးထူးခြားခြား ပြောစရာ ၇ချက် admin

ဆာကာ တောက်ပပြပြီး ဇယားထိပ်မှ ၈မှတ်ဖြတ် ဦးဆောင်ခဲ့တဲ့ပွဲစဉ်က ထူးထူးခြားခြား ပြောစရာ ၇ချက်

အာဆင်နယ်အသင်းဟာ နည်းပြ မရှိတဲ့ ခရစ္စတယ် ပဲလေ့စ်ကို အပြတ်အသတ် ချေမှုန်းပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဂိုးရှေ့မှာ အဆုံးသတ် သေချာနေခဲ့ပြီး ၂၈ မိနစ်မှာ မာတီနယ်လီက ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ဘယ်​ခြေနဲ့ အပြင်းကန်ပြီး အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက်ပထမပိုင်း ပြီးခါနီးမှာ ဆာကာ ပင်နယ်တီဧရိယာထဲမှာ နေရာလွတ် ရှာတွေ့ခဲ့ပြီး…

read more
အာဆင်နယ်ကို ဒုက္ခပေးသွားဖို့ စီစဉ်နေတယ်လို့ပြောခဲ့တဲ့ မကာသီနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ admin

အာဆင်နယ်ကို ဒုက္ခပေးသွားဖို့ စီစဉ်နေတယ်လို့ပြောခဲ့တဲ့ မကာသီနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

အာဆင်နယ်အသင်းရဲ့ လုပ်ခလစာဟာ ချဲလ်ဆီးအသင်း ၂၁၂ သန်း၊ မန်ချက်စတာယူနိုက်တက်အသင်း ၂၁၁ သန်းနဲ့ မန်ချက်စတာစီးတီးအသင်း ၁၈၂ သန်းတို့နဲ့ နှိုင်းယှဉ်လျှင် တဝက်မျှသာရှိပြီး ပေါင် ၉၇ သန်းနဲ့ အဆင့်၆ နေရာမှာရှိတယ်လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်း၊ အိုဇေးလ်စတဲ့ တပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ ၃ သိန်းခွဲကစားသမားတွေ အသင်းက ထွက်ခွာပြီးနောက်…

read more
ပေါ်တူဂီမှာ ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် အမြင်အပါအဝင် စပို့တင်းနဲ့ ပွဲမတိုင်မီ မနက်ခင်းမှာ အော်ဒီဂွါ့ဒ်ပြောခဲ့သမျှ admin

ပေါ်တူဂီမှာ ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် အမြင်အပါအဝင် စပို့တင်းနဲ့ ပွဲမတိုင်မီ မနက်ခင်းမှာ အော်ဒီဂွါ့ဒ်ပြောခဲ့သမျှ

စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ယူရိုပါလိဂ်ပွဲကို အဖျားရောဂါကြောင့် လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဟာ ပထမအကျော့ပွဲ အမြင်နဲ့ အာဆင်နယ်အတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် သူ့သဘောထားအမြင်များကို သုံးသပ်ပြသွားပြီး ယနေ့ည ယူရိုပါလိဂ်ပွဲကို မည်သို့ အာရုံစူးစိုက်ထားသလဲဆိုတာ ယနေ့ မနက်ပြုလုပ်တဲ့ ပွဲကြိုအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ပထမအကျော့ ၂ ဂိုးစီသရေကျတဲ့ပွဲ အပေါ်သုံးသပ်ချက် ကျွန်တော်တို့ ပုံမှန်လုပ်နေကြ…

read more
အစဉ်အလာအရသာမက ယူရိုပါလိဂ်ပါပစ်မှတ်ထားမယ့် အာတီတာကြောင့် အမ်းမရိတ်နိုင်ပွဲနဲ့ ကွာတားတယ်မယ့် ဂန်းနားများ admin

အစဉ်အလာအရသာမက ယူရိုပါလိဂ်ပါပစ်မှတ်ထားမယ့် အာတီတာကြောင့် အမ်းမရိတ်နိုင်ပွဲနဲ့ ကွာတားတယ်မယ့် ဂန်းနားများ

အာဆင်နယ်အသင်းသည် ယနေ့ည (သောကြာနေ့ မနက် ၂ နာရီခွဲ)တွင် ပေါ်တူဂီ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ ပေါ်တူဂီမြေမှာ ကစားခဲ့စဉ်က တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့အတွက် ယခုပွဲဟာ အဆုံးအဖြစ်အတွက် ကစားရမယ့် အရေးကြီးပွဲစဉ်ဖြစ်လာပါတယ်။ ယခုအခါ အဝေးဂိုးဖြင့် ဆုံးဖြတ်မှု မရှိသည့်အတွက်လည်း သရေကျခဲ့လျှင် အချိန်ပို…

read more
ဖာဂူဆန်ဖြေဖို့ ကြောက်ရွံ့ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံက ဘယ်အသင်းလဲ မေးခွန်းကိုဖြေကြားပေးခဲ့တဲ့ ဟယ်ရီရက်နက်ပ် admin

ဖာဂူဆန်ဖြေဖို့ ကြောက်ရွံ့ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံက ဘယ်အသင်းလဲ မေးခွန်းကိုဖြေကြားပေးခဲ့တဲ့ ဟယ်ရီရက်နက်ပ်

ချဲလ်တန်ဟမ် မြင်းပြိုင်ကွင်းမှာ ပြုလုပ်ကျင်းပတဲ့ ချဲလ်တန်ဟမ်ပွဲတော်ကို နာမည်ကြီးကျော်ကျားသူများ အများအပြား တက်ရောက်ခဲ့ပြီး တချိန်က ပရီးမီးယားလိဂ်မှ နာမည်ကြီးနည်းပြတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး အဲလက်စ် ဖာဂူဆန်၊ တော့တင်ဟမ် ဟော့စပါး နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နပ်တို့လည်း တက်ရောက်ခဲ့ကြတာတွေ့ရှိရပါတယ်။ ITV သတင်းထောက် မတ် ချပ်မန်းက ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းကို အာဆင်နယ်လား မန်ချက်စတာစီးတီးလားဆိုတဲ့ မေးခွန်းကို အာဆင်နယ်၏…

read more
စပို့တင်းနဲ့ ပ အကျော့မှာ အမှားလုပ်ခဲ့တဲ့ ကစားသမားကို ကစားခွင့်ထပ်ပေးဖွယ်ရှိနေတဲ့ အာတီတာနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ admin

စပို့တင်းနဲ့ ပ အကျော့မှာ အမှားလုပ်ခဲ့တဲ့ ကစားသမားကို ကစားခွင့်ထပ်ပေးဖွယ်ရှိနေတဲ့ အာတီတာနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

အာဆင်နယ်ဂန္တဝင်ကစားသမားကြီး မာတင် ကီရွန်က မန်ချက်စတာစီးတီးကစားသမားတွေဟာ အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်းကို ဂိုးပြတ်နိုင်တဲ့ပွဲကို ကြည့်ပြီး စိတ်ထဲ တခုခုခံစားနေကြရမယ်လို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်းအဖြစ် ပပ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းတစ်သင်းထဲရှိရာကနေ ယခုအခါ နောက်ထပ် တစ်သင်း အဖြစ်အာဆင်နယ်အသင်းပေါ်လာပြီလို့ သူတို့ စိတ်ထဲ ရှိနေကြပြီလို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။ ကီရွန်က “အာဆင်နယ်အသင်းဟာ ၃ ဂိုးပြတ်နိုင်ပေမယ့် တကယ်က အရမ်းကောင်းတဲ့…

read more
အာတီတာက တပွဲမှ အနားမပေးလဲ ပြဿနာမရှိပဲ နွေရာသီမှာ သော့ပိတ်အိပ်ပြီး အနားယူနိုင်တယ်ဆိုတဲ့ ဆာကာ admin

အာတီတာက တပွဲမှ အနားမပေးလဲ ပြဿနာမရှိပဲ နွေရာသီမှာ သော့ပိတ်အိပ်ပြီး အနားယူနိုင်တယ်ဆိုတဲ့ ဆာကာ

အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူးလေး ဆာကာဟာ ယခုရာသီမှာ အံ့မခန်းပုံစံနဲ့ ခြေစွမ်းပြနေပြီး အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့အတွက် အဓိက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ယခုအခါ ပရီးမီးယားလိဂ်ပွဲ ၂၇ ပွဲ ကစားပြီးချိန်မှာ ဆာကာအနေနဲ့ ပွဲတိုင်း ပွဲထွက် ကစားခဲ့ရသလို ကာရာဘောင်းဖလား၊ ယူရိုပါလိဂ် နဲ့ အက်ဖ်အေ ဖလားပွဲများမှာလည်း ၁၃ ပွဲ ထပ်မံကစားထားခဲ့ရပါတယ်။…

read more
London Awardဆု ဆိုတာ ဘယ်လိုဆုမျိုးလဲနှင့် ၂၀၂၃မှာ ဘယ်သူတွေကို ကျော်ဖြတ်ပြီး ဂန်းနားတွေ ရရှိခဲ့တာလဲ admin

London Awardဆု ဆိုတာ ဘယ်လိုဆုမျိုးလဲနှင့် ၂၀၂၃မှာ ဘယ်သူတွေကို ကျော်ဖြတ်ပြီး ဂန်းနားတွေ ရရှိခဲ့တာလဲ

တနင်္လာနေ့ညက RoundHouse မှာ ပြုလုပ်ကျင်းပတဲ့ လန်ဒန်မြို့က ဘောလုံးအသင်းတွေထဲမှ တစ်နှစ်တာအကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်တဲ့ London Award 2023 ရဲ့ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး အာဆင်နယ်အသင်းက ဆုများအားလုံးနီးပါး သိမ်းကြုံးရယူသွားတာ တွေ့ခဲ့ရပါတယ်။ London Football Awards အခမ်းအနားကို ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီ ညချမ်းမှာ ရရှိသော ဝင်ငွေအားလုံးကို နိုင်ငံတော် ပရဟိတအဖွဲ့…

read more
ဂါဘရီယဲလ်ရဲ့ အဖွင့်ဂိုးကို ဒိုင်လူကြီးက ခွင့်မပြုသင့်ဘူးဆိုတဲ့ အလန်ရှီးယားရဲ့ စွပ်စွဲမှုနဲ့ တုံ့ပြန်ခဲ့တဲ့ အီယန်ရွိုက် admin

ဂါဘရီယဲလ်ရဲ့ အဖွင့်ဂိုးကို ဒိုင်လူကြီးက ခွင့်မပြုသင့်ဘူးဆိုတဲ့ အလန်ရှီးယားရဲ့ စွပ်စွဲမှုနဲ့ တုံ့ပြန်ခဲ့တဲ့ အီယန်ရွိုက်

ဖူလ်ဟမ်နဲ့ပွဲမှာ အာဆင်နယ်အသင်း နောက်တန်းကစားသမား ဂါဘရီယဲလ်က ဖူလ်ဟမ်ဘက်သို့ ပွဲချိန် ၂၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကို ခွင့်မပြုသင့်ဘူးလို့ နယူးကာဆယ်လ် ဂန္တဝင်ကစားသမားကြီး အလန်ရှီးယားက ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ခုဂိုးမတိုင်ခင် ပွဲချိန် ၁၆ မိနစ်မှာ မာတင်နယ်လီသွင်းယူခဲ့တဲ့ ဂိုးကို လူကျွံနေသည်ဟုဆိုကာ ဂိုးအဖြစ်မှ ကွင်းလယ်ဒိုင်က ပယ်ဖျက်တာ ခံခဲ့ရပါတယ်။ အာဆင်နယ်ဂန္တဝင်ကစားသမားကြီး အီယန် ရွိုက်က…

read more