အာတီတာ ချန်လှပ်ရတော့မယ့် ပြိုင်ဘက်တွေကို အလုပ်အကျွေးပြုနေတဲ့ ကစားသမား 1024 576 coyg

အာတီတာ ချန်လှပ်ရတော့မယ့် ပြိုင်ဘက်တွေကို အလုပ်အကျွေးပြုနေတဲ့ ကစားသမား

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ဘရန့်တ်ဖို့ဒ်ကို ကာရာဘောင်းဖလား တတိယအဆင့်မှာ နိုင်ပွဲရရှိခဲ့တာကို ဝမ်းမြောက်ပျော်ရွှင်နေဆဲဖြစ်ပုံပေါ်ပြီး ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ ၁-၀ နဲ့ နိုင်ပွဲရရှိခဲ့တာကြောင့် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက် တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားအများစုဟာ ထူးချွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း အထင်ကြီးအောင် လုပ်ပြဖို့ အခွင့်အရေးရရှိခဲ့ချိန်မှာတောင် စိတ်ပျက်စရာ ခြေစွမ်း ထပ်မံပြသခဲ့တဲ့ ကစားသမားလည်း ရှိခဲ့ပါတယ်။

အဲဒီကစားသမားက ပရိသတ်တွေ တွေးနေတဲ့သူဆိုတာ အမှန်ပဲဖြစ်ပြီး ကိုင် ဟာဗတ်ဇ်ဟာ ကွင်းလယ် ၃ ဦးထဲက ဘယ်တောင်ပံမှာ နောက်ထပ်တစ်ကြိမ် ပွဲထွက်ခွင့်ရခဲ့ချိန်မှာ ဂျာမန်ကြယ်ပွင့်အနေနဲ့ အသင်းခံစစ်ကို အန္တရာယ်မရှိစေဘဲ ၎င်းရဲ့ ဉာဏ်ကို လွှာသုံးပြီး ကွင်းလယ်ကနေ တိုက်စစ်ဆင်ဖို့ ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီအခန်းကဏ္ဍဟာ ချဲလ်ဆီးကြယ်ပွင့်ဟောင်းအတွက် အသစ်အဆန်း ဖြစ်နေသေးပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာတုန်းကလည်း ၎င်းရဲ့ အရည်အချင်းနဲ့ မသင့်တော်တဲ့နေရာတွေမှာ မကြာခဏ အသုံးပြုခံခဲ့ရသလို လက်ရှိမှာလည်း အဲဒီအတိုင်းပဲ ဖြစ်ခဲ့ပုံပေါ်ပါတယ်။

Sofascore ရဲ့ ဖော်ပြချက်အရ ကိုင် ဟာဗတ်ဇ်ဟာ ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဘောလုံးပေးပို့ရာမှာ တိကျမှု ၈၁ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး တစ်ဦးချင်း ရင်ဆိုင်တိုက်ပွဲမှာလည်း ၁၈ ကြိမ်မှာ ၉ ကြိမ်အထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ဘောလုံးထိတွေ့မှု ၆၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ချိန်မှာ ဘောလုံးပိုင်ဆိုင်မှု ၁၂ ကြိမ်အထိ ဆုံးရှုံးခဲ့တာကြောင့် ဘောလုံး ၅ ချက်ထိတိုင်းမှာ ဘောလုံးဆုံးရှုံးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ဟာ ဂျာမန်ကြယ်ပွင့်ဆီကနေ ဘောလုံးယူပြီး တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ အဓိကကျတဲ့ ပေးပို့မှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်း ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ အာဆင်နယ်ထက်စာရင် ပြိုင်ဘက်အသင်းတိုက်စစ်အတွက် ပိုလို့တောင် အကျိုးအမြတ်ဖြစ်နေသလိုတောင် ဖြစ်နေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက ဘရန႔္တ္ဖို႔ဒ္ကို ကာရာေဘာင္းဖလား တတိယအဆင့္မွာ ႏိုင္ပြဲရရွိခဲ့တာကို ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနဆဲျဖစ္ပုံေပၚၿပီး ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းမွာ ၁-၀ နဲ႔ ႏိုင္ပြဲရရွိခဲ့တာေၾကာင့္ ၿပိဳင္ပြဲစုံမွာ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားအမ်ားစုဟာ ထူးခြၽန္တဲ့ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္လည္း အထင္ႀကီးေအာင္ လုပ္ျပဖို႔ အခြင့္အေရးရရွိခဲ့ခ်ိန္မွာေတာင္ စိတ္ပ်က္စရာ ေျခစြမ္း ထပ္မံျပသခဲ့တဲ့ ကစားသမားလည္း ရွိခဲ့ပါတယ္။

အဲဒီကစားသမားက ပရိသတ္ေတြ ေတြးေနတဲ့သူဆိုတာ အမွန္ပဲျဖစ္ၿပီး ကိုင္ ဟာဗတ္ဇ္ဟာ ကြင္းလယ္ ၃ ဦးထဲက ဘယ္ေတာင္ပံမွာ ေနာက္ထပ္တစ္ႀကိမ္ ပြဲထြက္ခြင့္ရခဲ့ခ်ိန္မွာ ဂ်ာမန္ၾကယ္ပြင့္အေနနဲ႔ အသင္းခံစစ္ကို အႏၲရာယ္မရွိေစဘဲ ၎ရဲ႕ ဉာဏ္ကို လႊာသုံးၿပီး ကြင္းလယ္ကေန တိုက္စစ္ဆင္ဖို႔ ဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒီအခန္းက႑ဟာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းအတြက္ အသစ္အဆန္း ျဖစ္ေနေသးၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာတုန္းကလည္း ၎ရဲ႕ အရည္အခ်င္းနဲ႔ မသင့္ေတာ္တဲ့ေနရာေတြမွာ မၾကာခဏ အသုံးျပဳခံခဲ့ရသလို လက္ရွိမွာလည္း အဲဒီအတိုင္းပဲ ျဖစ္ခဲ့ပုံေပၚပါတယ္။

Sofascore ရဲ႕ ေဖာ္ျပခ်က္အရ ကိုင္ ဟာဗတ္ဇ္ဟာ ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ေဘာလုံးေပးပို႔ရာမွာ တိက်မႈ ၈၁ ရာခိုင္ႏႈန္းသာ ရွိခဲ့ၿပီး တစ္ဦးခ်င္း ရင္ဆိုင္တိုက္ပြဲမွာလည္း ၁၈ ႀကိမ္မွာ ၉ ႀကိမ္အထိ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ေဘာလုံးထိေတြ႕မႈ ၆၂ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ခ်ိန္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၁၂ ႀကိမ္အထိ ဆုံးရႈံးခဲ့တာေၾကာင့္ ေဘာလုံး ၅ ခ်က္ထိတိုင္းမွာ ေဘာလုံးဆုံးရႈံးခဲ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ဟာ ဂ်ာမန္ၾကယ္ပြင့္ဆီကေန ေဘာလုံးယူၿပီး တိုက္စစ္ဆင္ခဲ့တာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ အဓိကက်တဲ့ ေပးပို႔မႈတစ္ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ အာဆင္နယ္ထက္စာရင္ ၿပိဳင္ဘက္အသင္းတိုက္စစ္အတြက္ ပိုလို႔ေတာင္ အက်ိဳးအျမတ္ျဖစ္ေနသလိုေတာင္ ျဖစ္ေနတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet