အာဆင်နယ်ခံစစ်အတွက် မရှိမဖြစ်အရေးပါသူလို့ ပြသနေတဲ့ ဆာလီဘာရဲ့ အချက်အလက်များနှင့် နောက်ဆုံးရ ဂန်းနားသတင်းများ
အာဆင်နယ်အသင်းက ခရစ်စတယ်ပဲလေ့စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသည့်ပွဲမှာ ကောင်းပေမယ့် ပရိသတ်ချီးကျူးမှု သိပ်မရခဲ့တဲ့ ညနောက်ခံကစားသမား ဘန် ဝှိုက်ရဲ့ စွမ်းဆောင်ရည်ကို မိုက်ကယ် အိုဝင်က ချီးကျူးစကားပြောသွားခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟောင်း အိုဝင်က ညာနောက်ခံနေရာမှာ ပြောင်းရွှေ့ကစားနေတဲ့ ဝှိုက်နဲ့ ဆာကာတို့ရဲ့ ညာဘက်ခြမ်း တိုက်စစ်ဟာ ပရီးမီးယားလိဂ်ကို ဦးဆောင်နိုင်နေတဲ့ အာဆင်နယ်အသင်းအတွက် အလွန်အရေးကြီးသည်ဟုလည်း ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပရိုဓာတ်ရှင်း နဲ့ အင်တာဗျူးမှာ အိုဝင်က ” ဒီကစားသမား နှစ်ဦးပေါင်းဖက်ကစားမှုက အထင်ကြီးစရာကောင်းလှပါတယ်။ ဆာကာနဲ့ ဝှိုက်တို့ရဲ့ ပေါင်းဖက် ကစားမှုဟာ အာဆင်နယ်အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဘန် ဝှိုက်က ရှေ့ကို တက်လာပြီး တိုက်စစ်မှာ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားတယ်။ ပြီးရင် လိုအပ်လို့ နောက်ကို ပြန်ဆင်းရရင်လည်း သူက လျင်မြန်စွာ ပြန်ဆင်းနိုင်တဲ့ လျင်မြန်မှုနှုန်း ရှိနေတယ်။ ပွဲပြီးဆုံးခါနီးမှာ သူဘောလုံးဖျက်ထုတ်ပြီးနောက် အောင်ပွဲခံတဲ့ အခိုက်အတန့်ဟာ ချစ်စရာကောင်းလှပါတယ်။ ကျွန်တော့်အနေနဲ့ ဘန် ဝှိုက်ဟာတန်ဖိုးထားသင့်သလောက် အထားမခံရ၊ကောင်းသလောက်ချီးကျူးမခံရတဲ့ အာဆင်နယ်ကစားသမားပါ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ နောက်တန်း ဗဟိုခံစစ်ကစားသမား ဆာလီဘာဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အထင်ကြီးဖွယ် ခြေစွမ်းကို ပြသနိုင်နေသည့်အပြင် အချက်အလက် စစ်တမ်းများအရလည်း ယခုရာသီမှာ တခြား ပရီးမီးယားလိဂ် ကစားသမားများထက် ခံစစ် တတိယဇုန်ထဲ ဘောလုံးပိုင်ဆိုင်ခွင့် အများဆုံးအနိုင်ရရှိထားသူဖြစ်ပြီး စုစုပေါင်း ၂၀၆ ကြိမ် ဘောလုံးပြန်လည်ဆယ်ယူရယူပေးထားနိုင်ခဲ့ပါတယ်။ ဒီ ၂၀၆ ကြိမ်မှာ ခံစစ် တတိယဇုန်ထဲ ၁၁၂ ကြိမ်၊ ကွင်းလယ် တတိယဇုန် ၉၁ ကြိမ်နဲ့ ဖိုင်နယ်တတိယဇုန် ၃ ကြိမ်တို့ဖြစ်ပါတယ်။
ဒီအသက် ၂၁ အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ စပို့တင်းနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့ပြီး ၂ ပတ်လောက် အနားယူရဖွယ်ရှိနေပါတယ်။ ဆာလီဘာရဲ့ ယခုလို ကောင်းမွန်းတဲ့ခြေစွမ်းဟာ ၂၀၀၄ ထဲက ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ယခုရာသီ ပြန်လည်ရနိုင်ခွင့်ရှိနေတဲ့ အာဆင်နယ်အသင်းအတွက် အရေးကြီးနေပြီး နိုင်ငံတကာပွဲများ ကစားအပြီးမှာ ပြန်လည်ကောင်းမွန်လာကာ အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ သတင်းများက ဆိုထားပါတယ်။
အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အလွန်လျင်မြန်ဖျတ်လတ်တဲ့ ဝုဖ်ဘတ်အသင်းရဲ့ နောက်တန်း ဗဟိုခံစစ်ကစားသမား မစ်ကီ ဗန် ဒီ ဗင်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း Bild ရဲ့သတင်းထောက် ခရစ်တီယန် ဖော့ခ်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဝုဖ်ဘတ်အသင်းအနေနဲ့ အသက် ၂၁ နှစ်အရွယ် နယ်သာလန် ဗဟိုခံစစ်ကစားသမားအတွက် အနည်းဆုံး ယူရို သန်း ၃၀ (ပေါင် ၂၆.၅ သန်း) အလိုရှိနေပြီး အာဆင်နယ်အသင်းနည်းတူ မန်ချက်စတာစီးတီးအသင်းကလည်း ဗန် ဒီ ဗင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းထဲ ပါဝင်နေတယ်လို့ ဖော့ခ်က ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။
ရိမ်းစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်ကစားသမားလေး ဘာလိုဂန်ဟာ မနေ့ညက ရိမ်းစ်အသင်းက မာဆေးလ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရိမ်းစ်အသင်းအတွက် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဘာလိုဂန်အတွက် ယခုရာသီ ၁၇ ဂိုးမြောက် ဂိုးဖြစ်လာပြီး ၁၉၅၆ ခုနှစ်နောက်ပိုင်း ပြင်သစ် လီဂူး ဝမ်းရဲ့ တစ်ရာသီအတွင်း အသက်အငယ်ဆုံး ဂိုးအများဆုံးသွင်းသူဖြစ်လာပါတယ်။ ဘာလိုဂန်ဟာ သိပ်မကြာသော ကာလမှာ ထပ်မံပြီး သမိုင်း စံချိန်သစ် တစ်ခုရေးထိုးဖွယ်ရှိနေပြီး အဲဒီစံချိန်ကတော့ လီဂူး ဝမ်းမှာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းတဲ့ အင်္ဂလိပ်ကစားသမားဖြစ်လာမယ့် စံချိန်ပဲဖြစ်ပါတယ်။
ဒီစံချိန်ကို ၁၉၈၈-၈၉ မှာ စပါးစ်ကစားသမားဟောင်း ဂရင်း ဟော်ဒယ်လ်က မိုနာကို အသင်းမှာ ကစားစဉ် ၁၈ ဂိုး သွင်းယူပြီး တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ သွင်းဂို ၁၇ ဂိုးရှိပြီဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မှူးလေးအတွက် လီဂူး ဝမ်းမှာ သမိုင်းစံချိန်သစ်တခု မကြာမီ ထပ်ရဖို့ သေချာနေပြီဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ဂန်းနား ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးဟာ မိုနာကို အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုရာသီမှာ ၂၇ ပွဲ ကစားပြီးချိန်မှာ ၁၇ ဂိုးထိ သွင်းယူထားတဲ့ နယူးယောက်မှာ မွေးဖွားခဲ့တဲ့ ဒီအသက် ၂၁ အရွယ် အင်္ဂလန်နိုင်ငံသားလေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှ ရွေးချယ်မှုတွင် မပါဝင်ခဲ့သည့်အတွက် စိတ်ပျက်နေပြီး နယူးယောက်မြို့မှာ မွေးဖွားခဲ့တဲ့ သူ့ကို နေရာပေး ခေါ်ယူချင်သည့် အမေရိကန် နိုင်ငံလက်ရွေးစင်အသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေး တခုလည်း ရွေးချယ်စရာ တစ်ခုအဖြစ်ရှိနေပါတယ်။
နည်းပြအာတီတာရဲ့အာဆင်နယ်အသင်းဟာ လန်ဒန်ဒါဘီရဲ့ မှတ်တမ်းဟောင်းတွေကို တခုပြီး တခုရိုက်ချိုးနေပြီး မှတ်တမ်းသစ်တွေ ရေးထိုးနေပါတယ်။ ယခု ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီမှာ အာဆင်နယ်ရဲ့ တစ်ရာသီအတွင်း လန်ဒန် ဒါဘီ ပြိုင်ဖက်တွေကို ၉ ကြိမ် အနိုင်ယူထားတဲ့ မှတ်တမ်းဟာ အင်္ဂလိပ် ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဦးဆုံးအကြိမ် စွမ်းဆောင်နိုင်တဲ့ လန်ဒန်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့ညက ခရစ်စတယ်ပဲလေ့စ်အသင်းကို လန်ဒန်ဒါဘီပြိုင်ပွဲမှာ နိုင်ပြီးနောက် ယခုရာသီမှာ လန်ဒန်အသင်းတွေနဲ့ ဒါဘီပွဲ ၁၀ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၉ ပွဲ နိုင် ၁ ပွဲ သရေ ၊ ရှုံးပွဲမရှိ မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီ ၁၀ ပွဲကတော့ အိမ်ကွင်းမှာ အာဆင်နယ် ၂-၁ ဖူလ်ဟမ်၊ အာဆင်နယ် ၃-၁ စပါး၊ အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း၊ အာဆင်နယ် ၁-၁ ဘရန့်ဖို့ဒ်၊အာဆင်နယ် ၄-၁ ခရစ်စတယ်ပဲလေ့စ် တို့ဖြစ်ပြီး အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ် ဝ-၂ အာဆင်နယ်၊ ဘရန့်ဖိုဒ် ဝ-၃ အာဆင်နယ်၊ ချဲလ်ဆီး ဝ-၁ အာဆင်နယ်၊ စပါးစ် ဝ-၂ အာဆင်နယ်၊ ဖူလ်ဟမ် ဝ-၃ အာဆင်နယ်တို့ဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အနိုင်ရရမယ့်အစား သရေရလဒ်ထွက်ခဲ့ခြင်းဟာလည်း ဒိုင်လူကြီးတွေရဲ့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုရာသီအတွက် လန်ဒန်ဒါဘီ လက်ကျန် ၂ ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်းကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမယ့်ပွဲနဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ကစားရမယ့်ပွဲတွေမှာသာ ရလဒ်ကောင်းရခဲ့ရင် တချိန်က ဖြစ်ခဲ့ဖူးတဲ့ လန်ဒန်ရဲ့အရှင်သခင်ဘွဲ့ကို ပြန်လည်ရယူနိုင်ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI:
အာဆင္နယ္အသင္းက ခရစ္စတယ္ပဲေလ့စ္အသင္းကို ၄ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိသည့္ပြဲမွာ ေကာင္းေပမယ့္ ပရိသတ္ခ်ီးက်ဴးမႈ သိပ္မရခဲ့တဲ့ ညေနာက္ခံကစားသမား ဘန္ ဝႈိက္ရဲ႕ စြမ္းေဆာင္ရည္ကို မိုက္ကယ္ အိုဝင္က ခ်ီးက်ဴးစကားေျပာသြားခဲ့ပါတယ္။ အဂၤလန္ တိုက္စစ္မႉးေဟာင္း အိုဝင္က ညာေနာက္ခံေနရာမွာ ေျပာင္းေ႐ႊ႕ကစားေနတဲ့ ဝႈိက္နဲ႔ ဆာကာတို႔ရဲ႕ ညာဘက္ျခမ္း တိုက္စစ္ဟာ ပရီးမီးယားလိဂ္ကို ဦးေဆာင္ႏိုင္ေနတဲ့ အာဆင္နယ္အသင္းအတြက္ အလြန္အေရးႀကီးသည္ဟုလည္း ေျပာခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ပ႐ိုဓာတ္ရွင္း နဲ႔ အင္တာဗ်ဴးမွာ အိုဝင္က ” ဒီကစားသမား ႏွစ္ဦးေပါင္းဖက္ကစားမႈက အထင္ႀကီးစရာေကာင္းလွပါတယ္။ ဆာကာနဲ႔ ဝႈိက္တို႔ရဲ႕ ေပါင္းဖက္ ကစားမႈဟာ အာဆင္နယ္အတြက္ အလြန္ပဲ အေရးႀကီးပါတယ္။ ဘန္ ဝႈိက္က ေရွ႕ကို တက္လာၿပီး တိုက္စစ္မွာ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားတယ္။ ၿပီးရင္ လိုအပ္လို႔ ေနာက္ကို ျပန္ဆင္းရရင္လည္း သူက လ်င္ျမန္စြာ ျပန္ဆင္းႏိုင္တဲ့ လ်င္ျမန္မႈႏႈန္း ရွိေနတယ္။ ပြဲၿပီးဆုံးခါနီးမွာ သူေဘာလုံးဖ်က္ထုတ္ၿပီးေနာက္ ေအာင္ပြဲခံတဲ့ အခိုက္အတန႔္ဟာ ခ်စ္စရာေကာင္းလွပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ဘန္ ဝႈိက္ဟာတန္ဖိုးထားသင့္သေလာက္ အထားမခံရ၊ေကာင္းသေလာက္ခ်ီးက်ဴးမခံရတဲ့ အာဆင္နယ္ကစားသမားပါ” လို႔ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းရဲ႕ ေနာက္တန္း ဗဟိုခံစစ္ကစားသမား ဆာလီဘာဟာ ယခုရာသီ ပရီးမီးယားလိဂ္တြင္ အထင္ႀကီးဖြယ္ ေျခစြမ္းကို ျပသႏိုင္ေနသည့္အျပင္ အခ်က္အလက္ စစ္တမ္းမ်ားအရလည္း ယခုရာသီမွာ တျခား ပရီးမီးယားလိဂ္ ကစားသမားမ်ားထက္ ခံစစ္ တတိယဇုန္ထဲ ေဘာလုံးပိုင္ဆိုင္ခြင့္ အမ်ားဆုံးအႏိုင္ရရွိထားသူျဖစ္ၿပီး စုစုေပါင္း ၂၀၆ ႀကိမ္ ေဘာလုံးျပန္လည္ဆယ္ယူရယူေပးထားႏိုင္ခဲ့ပါတယ္။ ဒီ ၂၀၆ ႀကိမ္မွာ ခံစစ္ တတိယဇုန္ထဲ ၁၁၂ ႀကိမ္၊ ကြင္းလယ္ တတိယဇုန္ ၉၁ ႀကိမ္နဲ႔ ဖိုင္နယ္တတိယဇုန္ ၃ ႀကိမ္တို႔ျဖစ္ပါတယ္။
ဒီအသက္ ၂၁ အ႐ြယ္ ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကစားခဲ့တဲ့ စပို႔တင္းနဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့ၿပီး ၂ ပတ္ေလာက္ အနားယူရဖြယ္ရွိေနပါတယ္။ ဆာလီဘာရဲ႕ ယခုလို ေကာင္းမြန္းတဲ့ေျခစြမ္းဟာ ၂၀၀၄ ထဲက ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ယခုရာသီ ျပန္လည္ရႏိုင္ခြင့္ရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ အေရးႀကီးေနၿပီး ႏိုင္ငံတကာပြဲမ်ား ကစားအၿပီးမွာ ျပန္လည္ေကာင္းမြန္လာကာ အာဆင္နယ္အသင္းအတြက္ ျပန္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔ သတင္းမ်ားက ဆိုထားပါတယ္။
အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ အလြန္ျမန္ဆန္တဲ့ ဝုဖ္ဘတ္အသင္းရဲ႕ ေနာက္တန္း ဗဟိုခံစစ္ကစားသမား မစ္ကီ ဗန္ ဒီ ဗင္ကို ေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ ပါဝင္လာေၾကာင္း Bild ရဲ႕သတင္းေထာက္ ခရစ္တီယန္ ေဖာ့ခ္က ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ဝုဖ္ဘတ္အသင္းအေနနဲ႔ အသက္ ၂၁ ႏွစ္အ႐ြယ္ နယ္သာလန္ ဗဟိုခံစစ္ကစားသမားအတြက္ အနည္းဆုံး ယူ႐ို သန္း ၃၀ (ေပါင္ ၂၆.၅ သန္း) အလိုရွိေနၿပီး အာဆင္နယ္အသင္းနည္းတူ မန္ခ်က္စတာစီးတီးအသင္းကလည္း ဗန္ ဒီ ဗင္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းထဲ ပါဝင္ေနတယ္လို႔ ေဖာ့ခ္က ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။
ရိမ္းစ္အသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ အာဆင္နယ္ကစားသမားေလး ဘာလိုဂန္ဟာ မေန႔ညက ရိမ္းစ္အသင္းက မာေဆးလ္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ရိမ္းစ္အသင္းအတြက္ ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒီဂိုးဟာ ဘာလိုဂန္အတြက္ ယခုရာသီ ၁၇ ဂိုးေျမာက္ ဂိုးျဖစ္လာၿပီး ၁၉၅၆ ခုႏွစ္ေနာက္ပိုင္း ျပင္သစ္ လီဂူး ဝမ္းရဲ႕ တစ္ရာသီအတြင္း အသက္အငယ္ဆုံး ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာပါတယ္။ ဘာလိုဂန္ဟာ သိပ္မၾကာေသာ ကာလမွာ ထပ္မံၿပီး သမိုင္း စံခ်ိန္သစ္ တစ္ခုေရးထိုးဖြယ္ရွိေနၿပီး အဲဒီစံခ်ိန္ကေတာ့ လီဂူး ဝမ္းမွာ တစ္ရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းတဲ့ အဂၤလိပ္ကစားသမားျဖစ္လာမယ့္ စံခ်ိန္ပဲျဖစ္ပါတယ္။ ဒီစံခ်ိန္ကို ၁၉၈၈-၈၉ မွာ စပါးစ္ကစားသမားေဟာင္း ဂရင္း ေဟာ္ဒယ္လ္က မိုနာကို အသင္းမွာ ကစားစဥ္ ၁၈ ဂိုး သြင္းယူၿပီး တင္ထားခဲ့ျခင္းျဖစ္ၿပီး ယခုအခါ သြင္းဂို ၁၇ ဂိုးရွိၿပီျဖစ္တဲ့ အာဆင္နယ္တိုက္စစ္မႉးေလးအတြက္ လီဂူး ဝမ္းမွာ သမိုင္းစံခ်ိန္သစ္တခု မၾကာမီ ထပ္ရဖို႔ ေသခ်ာေနၿပီျဖစ္ပါတယ္။ ယခုရာသီမွာ ၂၇ ပြဲ ကစားၿပီးခ်ိန္မွာ ၁၇ ဂိုးထိ သြင္းယူထားတဲ့ နယူးေယာက္မွာ ေမြးဖြားခဲ့တဲ့ ဒီအသက္ ၂၁ အ႐ြယ္ အဂၤလန္ႏိုင္ငံသားေလးဟာ အဂၤလန္လက္ေ႐ြးစင္အသင္းမွ ေ႐ြးခ်ယ္မႈတြင္ မပါဝင္ခဲ့သည့္အတြက္ စိတ္ပ်က္ေနၿပီး နယူးေယာက္ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ သူ႔ကို ေနရာေပး ေခၚယူခ်င္သည့္ အေမရိကန္ ႏိုင္ငံလက္ေ႐ြးစင္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အေရး တခုလည္း ေ႐ြးခ်ယ္စရာ တစ္ခုအျဖစ္ရွိေနပါတယ္။
နည္းျပအာတီတာရဲ႕အာဆင္နယ္အသင္းဟာ လန္ဒန္ဒါဘီရဲ႕ မွတ္တမ္းေဟာင္းေတြကို တခုၿပီး တခု႐ိုက္ခ်ိဳးေနၿပီး မွတ္တမ္းသစ္ေတြ ေရးထိုးေနပါတယ္။ ယခု ၂၀၂၂-၂၃ ပရီးမီးယားလိဂ္ရာသီမွာ အာဆင္နယ္ရဲ႕ တစ္ရာသီအတြင္း လန္ဒန္ ဒါဘီ ၿပိဳင္ဖက္ေတြကို ၉ ႀကိမ္ အႏိုင္ယူထားတဲ့ မွတ္တမ္းဟာ အဂၤလိပ္ ပရီးမီးယားလိဂ္ သမိုင္းမွာ ပထမဦးဆုံးအႀကိမ္ စြမ္းေဆာင္ႏိုင္တဲ့ လန္ဒန္အသင္းအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ မေန႔ညက ခရစ္စတယ္ပဲေလ့စ္အသင္းကို လန္ဒန္ဒါဘီၿပိဳင္ပြဲမွာ ႏိုင္ၿပီးေနာက္ ယခုရာသီမွာ လန္ဒန္အသင္းေတြနဲ႔ ဒါဘီပြဲ ၁၀ ပြဲ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ၉ ပြဲ ႏိုင္ ၁ ပြဲ သေရ ၊ ရႈံးပြဲမရွိ မွတ္တမ္းသစ္ကို ေရးထိုးႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။
ဒီ ၁၀ ပြဲကေတာ့ အိမ္ကြင္းမွာ အာဆင္နယ္ ၂-၁ ဖူလ္ဟမ္၊ အာဆင္နယ္ ၃-၁ စပါး၊ အာဆင္နယ္ ၃-၁ ဝက္စ္ဟမ္း၊ အာဆင္နယ္ ၁-၁ ဘရန႔္ဖို႔ဒ္၊အာဆင္နယ္ ၄-၁ ခရစ္စတယ္ပဲေလ့စ္ တို႔ျဖစ္ၿပီး အေဝးကြင္းမွာ ခရစ္စတယ္ပဲေလ့စ္ ဝ-၂ အာဆင္နယ္၊ ဘရန႔္ဖိုဒ္ ဝ-၃ အာဆင္နယ္၊ ခ်ဲလ္ဆီး ဝ-၁ အာဆင္နယ္၊ စပါးစ္ ဝ-၂ အာဆင္နယ္၊ ဖူလ္ဟမ္ ဝ-၃ အာဆင္နယ္တို႔ျဖစ္ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ အႏိုင္ရရမယ့္အစား သေရရလဒ္ထြက္ခဲ့ျခင္းဟာလည္း ဒိုင္လူႀကီးေတြရဲ႕ မမွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ျဖစ္ခဲ့ရတာ ျဖစ္ပါတယ္။ ယခုရာသီအတြက္ လန္ဒန္ဒါဘီ လက္က်န္ ၂ ပြဲျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းကို အမ္းမရိတ္စ္မွာ ဧည့္ခံကစားရမယ့္ပြဲနဲ႔ ဝက္စ္ဟမ္းကို အေဝးကြင္းမွာ ကစားရမယ့္ပြဲေတြမွာသာ ရလဒ္ေကာင္းရခဲ့ရင္ တခ်ိန္က ျဖစ္ခဲ့ဖူးတဲ့ လန္ဒန္ရဲ႕အရွင္သခင္ဘြဲ႕ကို ျပန္လည္ရယူႏိုင္ၿပီလို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။
- Posted In:
- Articles