အဝါကဒ်ပြား လူမှားပြခံရတဲ့ ဂါဘီ-ဂိုး၊ ဂန်းနားတွေကို စိတ်အေးစေတဲ့ ဘာလိုဂန်နှင့် နောက်ဆုံးရသတင်းများ
အဝါကဒ်ပြား လူမှားပြခံလိုက်သည့် မာတင်နယ်လီ
မနေ့ညက စပို့တင်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲချိန် ပထမပိုင်း ၄၃ မိနစ်ခန့်မှာ အာဆင်နယ်အသင်းတိုက်စစ်ဆင်မှုကနေ စပို့တင်းလစ္စဘွန်း ဂိုးသမားက ကာကွယ်ပြီး ဘောလုံးကို ရရှိသွားသည့်နောက် တန်ပြန် တိုက်စစ်ဆင်ဖို့ ကန်တင်မည်အလုပ် အာဆင်နယ်ကစားသမားတစ်ဦးမှ ဘောလုံးကို လက်နဲ့ ပုတ်ချသွား ပြစ်မှုကျူးလွန်သွားသည့်အတွက် ဂိုးသမား အဒန်က ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ပြီး ဒိုင်လူကြီးက စစ်ဆေးပြီးနောက် မာတီနယ်လီကို အဝါကဒ်ပြား ပြသခဲ့ပါတယ်။ တကယ် ဘောလုံးကို ပုတ်ချသွားသည့် ပြစ်ဒဏ်ကျူးလွန်သူဟာ မာတီနယ်လီမဟုတ်ပဲ ဂရားနစ် ချာကာ ဖြစ်နေတာပါ။ ဒီထက်ပိုဆိုးတာက ဒိုင်လူကြီးမှ VAR ပြန်ကြည့်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပြီး အဝါကဒ်ပြား ပြသခံခဲ့ရတဲ့ မာတင်နယ်လီမှာ အံ့သြသင့်ပြီး ငိုရမလို ရယ်ရမလို ဖြစ်ခဲ့ရပါတယ်။
အာတီတာရဲ့ ဆူပူကြိမ်းမောင်းခြင်းခံခဲ့ရတဲ့ ကစားသမား နှစ်ယောက်
ဂန်းနားများသည် စပို့တင်း လစ္စဘွန်းကို အနိုင်ကစားရင် ပေါ်တူဂီသို့ သွားရောက်ခဲ့သော်လည်း ရူဘန် အမ်မိုရင်မ်၏ အသင်းသားများက အာတီတာ၏အသင်းသားများကို အခက်တွေ့စေခဲ့ပါတယ်။ ဆာလီဘာနဲ့ ချာကာ၏ ကန်ချက်မှ ရရှိသော မိုရီတာ၏ own goal များကြောင့် တစ်ဖက် နှစ်ဂိုးစီ သရေကျပြီးနောက် ဒုတိယပိုင်းပြီးဆုံးချိန်လောက်မှာ ဆာကာနဲ့ ဘန် ဝှိုက်တို့၏ လုပ်ရပ်အပေါ် အာဆင်နယ်နည်းပြ အာတီတာက ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်က ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဆာကာသည် ပွဲချိန်ပြည့် ကစားခဲ့ပြီး ဘန် ဝှိုက်ကတော့ ဒုတိယပိုင်းမှာ တိုမီယဆုအစား ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ဒီကစားသမား နှစ်ယောက်စလုံးဟာ ညာတောင်ပံတခြမ်းမှာ တွဲဖက်ပြီး အံ့မခန်းခြေစွမ်းကို ပြသနေနိုင်သူတွေဖြစ်ပါတယ်။ မနေ့ညကပွဲမှာ နည်း့ပြအာတီတာဟာ အသင်းအတွက် အပြောင်းအလဲ ခြောက်နေရာ ပြုလုပ်ခဲ့ပေမယ့် ဆာကာနဲ့ ဘန်ဝှိုက်တို့ကိုတော့ အနားမပေးပဲ ပွဲသိမ်းခရာမှုတ်ချိန်ထိ ကစားစေခဲ့ပါတယ်။ သို့သော် စပို့တင်းအသင်းဟာ အာဆင်နယ်ရဲ့ အဓိက ဂိုးသွင်းရှင်ဖြစ်တဲ့ ဆာကာရဲ့တောင်ပံခြမ်းကို ရပ်တန့်နိုင်မယ့် အစီအစဉ်များ ပြုလုပ်ထားပြီး အလုပ်ဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။ဘန် ဝှိုက်အနေနဲ့ တိုက်စစ်မှာ ပိုမိုလိုက်ပါပြီး ဆာကာကို ပံ့ပိုးပေးဖို့ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ချေ။ သူတို့ နှစ်ဦးစလုံးဟာ ပွဲတစ်လျှောက်လုံး တိုက်စစ်မှာ အလွန်အမင်း ကြိုးစား ကစားခဲ့ကြတဲ့အတွက် ပွဲပြီးဆုံးခါနီးတွင် ပင်ပန်းနေကြပြီး ရုန်းကန်နေကြရပါတယ်။
ဒုတိယပိုင်း ပြီးလုပြီးခင်မှာ စပို့တင်းအသင်းဘက်မှ ဂိုးလွန်ဘောရရှိသွားပြီး အာဆင်နယ်ဘက်ခြမ်းကို ကန်တင်ဖို့ ပြင်ဆင်ပါတော့တယ်။ ဆာကာနဲ့ ဘန် ဝှိုက်တို့ဟာ အလွန်ပင်ပန်း နွမ်းနယ်နေပုံရပြီး ဖြေးညှင်းစွာ နောက်ပြန်ဆုတ်သွားချိန် ကင်မရာက အာတီတာရှိရာဆီ ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ အလွန် ဒေါသထွက်နေပြီး တိုက်စစ်တက်ဆင်ချိန် လွတ်နေသော နေရာများကို စပို့တင်းကစားသမားများ အသုံးမချနိုင်ခင် နောက်အမြန်ပြန်ဆင်းကာ သူတို့နေရာအသီးသီးကို ပြန်နေရာယူဖို့ အော်ဟစ်နေခဲ့တာကို တွေ့လိုက်ရပါတယ်။ ဆာကာနဲ့ ဝှိုက်တို့ဟာ နည်းပြအာတီတာ ဘယ်လောက်ဒေါသထွက်နေလဲ သိရှိပြီး အမြန်ပြန်လာဖို့ ကြိုးစားပေမယ့် အလွန်မောပန်းနေကြောင်း သူတို့ပုံစံတွေက ဖော်ပြနေတာတွေ့ရှိရခဲ့တာဖြစ်ပါတယ်။
နည်းပြအာတီတာအနေနဲ့ အာဆင်နယ်ကို စတင်တာဝန်ယူသည့်အချိန်ကစပြီး ကစားသမားတွေဆီက တောင်းဆိုမှု များပြားခဲ့ပြီး ၁၀၀ ရာခိုင်နှုန်းထက်မနည်း ရအောင် တောင်းဆိုခဲ့တယ်လို့ ဝန်ခံထားသလို အဲဒါကြောင့်လည်း အာဆင်နယ်အသင်းအနေနဲ့ ယခုလို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပွဲဆက်များပြီး ပင်ပန်းနေတဲ့ ဆာကာနဲ့ ဘန် ဝှိုက်တို့နှစ်ယောက် လာမယ့် ဆန်းဒေးမှာ ကစားမယ့် ဖူဟမ်လ်နဲ့ပွဲမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝပြီး ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။
ကောလာဟလသတင်းတွေနဲ့ပတ်သတ်ပြီး တုံ့ပြန်လိုက်တဲ့ ဘလိုဂန်ရဲ့ အပြုအမှုကို နှစ်သက်သဘောကျနေတဲ့ ဂန်းနားပရိသတ်များ
အာဆင်နယ်အသင်းရဲ့ ဟေးအန့် အကယ်ဒမီထွက် ကစားသမားဟာ ယခုအခါ ပြင်သစ် လီဂူးကလပ် ရိမ်းစ်အသင်းမှာ အငှားသွားရောက်ကစားနေပြီး ၂၅ ပွဲ ကစားထားရာမှာ ၁၅ ဂိုးသွင်းယူပေးထားနိုင်သည့်အတွက် ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ထက် ယခုရာသီသွင်းဂိုးပိုများနေခဲ့ပါတယ်။ လာမယ့်ရာသီမှာ ဒီအသက် ၂၁ နှစ်အရွယ် ကစားသမားကို အာဆင်နယ်အသင်းမှာ ပြန်လည်ကစားစေချင်တဲ့ ပရိသတ်တွေအတွက် စိတ်ပူစရာ သတင်းတစ်ခုကို တိုင်းမ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ထုတ်ဖော်ပြောသူကတော့ Transfer insider တစ်ဦးဖြစ်တဲ့ ဒင်းန်ဂျုံးစ်ဖြစ်ပြီ လာမယ့်ရာသီ အာဆင်နယ်အသင်းမှာ ဂါဘရီယဲလ်ဂျေးဇု၊ အန်ကီးတီးယားတို့ရဲ့ နောက်အရန်နေရာတွင် ကစားရရင် ဘာလိုဂန်ဟာ ပျော်ရွှင်မှာ မဟုတ်သလို အာဆင်နယ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်၊ ဗီလာ ရီးရဲလ်၊ မာဆေးလ်အသင်း တစ်ခုခုဆီ ပေါင် သန်း၅၀ ရရှိလျှင် ရောင်းချမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
Folarin Balogun sharing a comp of him with this caption on Instagram ? pic.twitter.com/fuIzmILB3W
— Doc (@karthikadhaigal) March 9, 2023
ဒါပေမယ့် အသက် ၂၁ နှစ်အရွယ် ခြေစွမ်းထက်မြက်တဲ့ ကစားသမားလေးကတော့ ဒီ ကောလာဟလတွေကို ချေဖျက်သည့်အနေနဲ့ သူ့ကို အားပေးတဲ့ ပရိသတ်တစ်ဦးက တွစ်တာမှာ သူ့ရဲ့ဘာလိုဂန်တွစ်တာအကောင့်ကို မန်းရှင်းခေါ်ခဲ့ပြီးတင်ထားတဲ့ “မက်ဆီနဲ့ နေမာထက် ဂိုးပိုသွင်းတဲ့သူ။ လာမယ့်ရာသီသစ်မှာ အာဆင်နယ်အတွက် အကောင်းဆုံး လူသစ်ခေါ်ယူမှုပဲ” လို့ရေးတင်ခဲ့တဲ့ တွစ်က အဲဒီစာတန်းပါ ဗီဒီယိုကို သူ့ရဲ့ အင်စတာဂရမ်မှာ စတိုရီမှာ ယနေ့တင်လိုက်တာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အသင်းပြောင်းရွှေ့မလာ စိတ်ပူနေတဲ့ ဂန်းနားပရိသတ်များက သူ့ရဲ့ အင်စတာက စတိုရီကိုမြင်ပြီး သဘောကျနှစ်သက်စိတ်အေးကာ လာမယ့်ရာသီမှာ ဘာလိုဂန်ကို အာဆင်နယ်အသင်းဆီ ပြန်လာရောက်ကစားမှာကို မျှော်လင့်စောင့်စားနေကြပြီဖြစ်ပါတယ်။
-ရေချယ် ဘရောင်း-ဖင်းနစ်နဲ့ မာတင် ကီယွန်တို့ဟာ အာဆင်နယ်ဂိုးသမား မတ် တန်နာကို ကြာသပတေးနေ့က စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ပေးခဲ့ရတဲ့ ပထမဂိုးအပြီးမှာ ယုံကြည်အားထားလို့ရတဲ့ ဂိုးသမားမျိုးမဟုတ်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အိမ်ရှင် စပို့တင်းဟာ မားကပ်စ် အက်ဒွပ်စ်ရဲ့ ထောင့်ကန်ဘောကနေ ဂွန်ဆာလို အင်နာစီယိုရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဂိုးရရှိသွားတာဖြစ်ပြီး နောက်ခံလူ ခီဗီယောက ခုန်တောင်မခုန်ခဲ့ဘဲ ရပ်ကြည့်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် ခီဗီယောဟာ ဝေဖန်မှုအချို့ ခံခဲ့ရပေမယ့်လည်း ဘောလုံးဝေဖန်သူ ၂ ဦးစလုံးက တန်နာကလည်း ကိုက်အနည်းငယ်အကွာက သွင်းယူခဲ့တဲ့ဂိုးမှာ ဒီထက်ပိုပြီး အများကြီး လုပ်ခဲ့သင့်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။
ဖင်းနစ်က “တန်နာအနေနဲ့ သူ့ ၃ ကိုက်စည်းအတွင်းမှာ ခံစစ်ကစားသမားတွေ အော်ဟစ် ဆက်သွယ်ပြောဆိုရမယ် အမိန့်ပေးရမယ်။ သူက အဲလို မလုပ်တော့ ခီဗီယာကလည်း ဂိုးသမားလုပ်မယ်ဆိုပြီး ဘာမှ မလုပ်ပဲ နေခဲ့တာလေ။ တကယ်လို့ တာနာအနေနဲ့ ခံစစ်ကစားသမားတွေကို မညွှန်ကြားနိုင်ရင်လည်း ကိုယ်တိုင် ထွက်ဆွဲတာ၊ အနာခံ ပုတ်ထုတ်တာမျိုး လုပ်ခဲ့သင့်တယ်”လို့ဆိုပြီး စပို့တင်းရဲ့ ပထမဂိုးမှာ ခီဗီယာအနေနဲ့ တခုခုလုပ်သင့်ပေမယ့်လည်း ပိုမှားသူက ဂိုးသမားတာနာဖြစ်ကြောင်း အပြစ်တင်ခဲ့ပါတယ်။ အာဆင်နယ် ဂန္တဝင်ကစားသမားကြီး မာတင်ကီယွန်ကလည်း ပေးလိုက်ရတဲ့ ပထမဂိုးက တာနာက တက်ပုတ်မလိုလိုနဲ့ နောက်ဆုတ်သွားတယ်ဗျာ။ ဒီဖြစ်ရပ်က ကျန်ကစားသမားအားလုံးကို သတ်လိုက်သလိုပါပဲ” ဟုဆိုတာ တာနာကို အပြစ်တင်ခဲ့ပါတယ်။ ဆက်လက်ပြီး “ကျွန်တော်တာ ဒီလိုဂိုးသမားနဲ့ ပုံမှန် တူတူတွဲ ကစားရရင် သူ့ကို လုံးဝ မယုံကြည်ရတော့လို့ ရောက်လာသမျှ ဘောလုံးတွေကို ခေါင်းတိုက်ရှင်းထုတ်သွားဖို့ပဲ စဉ်းစားတော့မှာပါ။ ခုလို တစ်ပွဲတည်း သူမှားတာဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ကီယွန်က ပြောသွားခဲ့ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWHYI:
အဝါကဒ္ျပား လူမွားျပခံလိုက္သည့္ မာတင္နယ္လီ
မေန႔ညက စပို႔တင္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားသည့္ ပြဲခ်ိန္ ပထမပိုင္း ၄၃ မိနစ္ခန႔္မွာ အာဆင္နယ္အသင္းတိုက္စစ္ဆင္မႈကေန စပို႔တင္းလစၥဘြန္း ဂိုးသမားက ကာကြယ္ၿပီး ေဘာလုံးကို ရရွိသြားသည့္ေနာက္ တန္ျပန္ တိုက္စစ္ဆင္ဖို႔ ကန္တင္မည္အလုပ္ အာဆင္နယ္ကစားသမားတစ္ဦးမွ ေဘာလုံးကို လက္နဲ႔ ပုတ္ခ်သြား ျပစ္မႈက်ဴးလြန္သြားသည့္အတြက္ ဂိုးသမား အဒန္က ကြင္းလယ္ဒိုင္ကို ေစာဒကတက္ခဲ့ၿပီး ဒိုင္လူႀကီးက စစ္ေဆးၿပီးေနာက္ မာတီနယ္လီကို အဝါကဒ္ျပား ျပသခဲ့ပါတယ္။ တကယ္ ေဘာလုံးကို ပုတ္ခ်သြားသည့္ ျပစ္ဒဏ္က်ဴးလြန္သူဟာ မာတီနယ္လီမဟုတ္ပဲ ဂရားနစ္ ခ်ာကာ ျဖစ္ေနတာပါ။ ဒီထက္ပိုဆိုးတာက ဒိုင္လူႀကီးမွ VAR ျပန္ၾကည့္ၿပီးမွ ဒီဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာျဖစ္ၿပီး အဝါကဒ္ျပား ျပသခံခဲ့ရတဲ့ မာတင္နယ္လီမွာ အံ့ၾသသင့္ၿပီး ငိုရမလို ရယ္ရမလို ျဖစ္ခဲ့ရပါတယ္။
အာတီတာရဲ႕ ဆူပူႀကိမ္းေမာင္းျခင္းခံခဲ့ရတဲ့ ကစားသမား ႏွစ္ေယာက္
ဂန္းနားမ်ားသည္ စပို႔တင္း လစၥဘြန္းကို အႏိုင္ကစားရင္ ေပၚတူဂီသို႔ သြားေရာက္ခဲ့ေသာ္လည္း ႐ူဘန္ အမ္မိုရင္မ္၏ အသင္းသားမ်ားက အာတီတာ၏အသင္းသားမ်ားကို အခက္ေတြ႕ေစခဲ့ပါတယ္။ ဆာလီဘာနဲ႔ ခ်ာကာ၏ ကန္ခ်က္မွ ရရွိေသာ မိုရီတာ၏ own goal မ်ားေၾကာင့္ တစ္ဖက္ ႏွစ္ဂိုးစီ သေရက်ၿပီးေနာက္ ဒုတိယပိုင္းၿပီးဆုံးခ်ိန္ေလာက္မွာ ဆာကာနဲ႔ ဘန္ ဝႈိက္တို႔၏ လုပ္ရပ္အေပၚ အာဆင္နယ္နည္းျပ အာတီတာက ေဒါသတႀကီးနဲ႔ တုံ႔ျပန္ခဲ့မႈ တစ္ခု ျဖစ္ပြားခဲ့ပါတယ္။
ၿပီးခဲ့သည့္ သီတင္းပတ္က ဘုန္းေမာက္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဆာကာသည္ ပြဲခ်ိန္ျပည့္ ကစားခဲ့ၿပီး ဘန္ ဝႈိက္ကေတာ့ ဒုတိယပိုင္းမွာ တိုမီယဆုအစား ဝင္ေရာက္ကစားခဲ့တာျဖစ္ၿပီး ဒီကစားသမား ႏွစ္ေယာက္စလုံးဟာ ညာေတာင္ပံတျခမ္းမွာ တြဲဖက္ၿပီး အံ့မခန္းေျခစြမ္းကို ျပသေနႏိုင္သူေတြျဖစ္ပါတယ္။ မေန႔ညကပြဲမွာ နည္း့ျပအာတီတာဟာ အသင္းအတြက္ အေျပာင္းအလဲ ေျခာက္ေနရာ ျပဳလုပ္ခဲ့ေပမယ့္ ဆာကာနဲ႔ ဘန္ဝႈိက္တို႔ကိုေတာ့ အနားမေပးပဲ ပြဲသိမ္းခရာမႈတ္ခ်ိန္ထိ ကစားေစခဲ့ပါတယ္။ သို႔ေသာ္ စပို႔တင္းအသင္းဟာ အာဆင္နယ္ရဲ႕ အဓိက ဂိုးသြင္းရွင္ျဖစ္တဲ့ ဆာကာရဲ႕ေတာင္ပံျခမ္းကို ရပ္တန႔္ႏိုင္မယ့္ အစီအစဥ္မ်ား ျပဳလုပ္ထားၿပီး အလုပ္ျဖစ္ခဲ့တာကို ေတြ႕ရွိရပါတယ္။ဘန္ ၀ိႈက္အေနနဲ႔ တိုက္စစ္မွာ ပိုမိုလိုက္ပါျပီး ဆာကာကို ပံ့ပိုးေပးဖို႔ ႀကိဳးစားခဲ့ေသာ္လည္း အရာမထင္ခဲ့ေခ်။ သူတို႔ ႏွစ္ဦးစလုံးဟာ ပြဲတစ္ေလွ်ာက္လုံး တိုက္စစ္မွာ အလြန္အမင္း ႀကိဳးစား ကစားခဲ့ၾကတဲ့အတြက္ ပြဲၿပီးဆုံးခါနီးတြင္ ပင္ပန္းေနၾကၿပီး ႐ုန္းကန္ေနၾကရပါတယ္။
ဒုတိယပိုင္း ၿပီးလုၿပီးခင္မွာ စပို႔တင္းအသင္းဘက္မွ ဂိုးလြန္ေဘာရရွိသြားၿပီး အာဆင္နယ္ဘက္ျခမ္းကို ကန္တင္ဖို႔ ျပင္ဆင္ပါေတာ့တယ္။ ဆာကာနဲ႔ ဘန္ ဝႈိက္တို႔ဟာ အလြန္ပင္ပန္း ႏြမ္းနယ္ေနပုံရၿပီး ေျဖးညႇင္းစြာ ေနာက္ျပန္ဆုတ္သြားခ်ိန္ ကင္မရာက အာတီတာရွိရာဆီ ေရာက္သြားခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာ အလြန္ ေဒါသထြက္ေနၿပီး တိုက္စစ္တက္ဆင္ခ်ိန္ လြတ္ေနေသာ ေနရာမ်ားကို စပို႔တင္းကစားသမားမ်ား အသုံးမခ်ႏိုင္ခင္ ေနာက္အျမန္ျပန္ဆင္းကာ သူတို႔ေနရာအသီးသီးကို ျပန္ေနရာယူဖို႔ ေအာ္ဟစ္ေနခဲ့တာကို ေတြ႕လိုက္ရပါတယ္။ ဆာကာနဲ႔ ဝႈိက္တို႔ဟာ နည္းျပအာတီတာ ဘယ္ေလာက္ေဒါသထြက္ေနလဲ သိရွိၿပီး အျမန္ျပန္လာဖို႔ ႀကိဳးစားေပမယ့္ အလြန္ေမာပန္းေနေၾကာင္း သူတို႔ပုံစံေတြက ေဖာ္ျပေနတာေတြ႕ရွိရခဲ့တာျဖစ္ပါတယ္။
နည္းျပအာတီတာအေနနဲ႔ အာဆင္နယ္ကို စတင္တာဝန္ယူသည့္အခ်ိန္ကစၿပီး ကစားသမားေတြဆီက ေတာင္းဆိုမႈ မ်ားျပားခဲ့ၿပီး ၁၀၀ ရာခိုင္ႏႈန္းထက္မနည္း ရေအာင္ ေတာင္းဆိုခဲ့တယ္လို႔ ဝန္ခံထားသလို အဲဒါေၾကာင့္လည္း အာဆင္နယ္အသင္းအေနနဲ႔ ယခုလို အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ပြဲဆက္မ်ားၿပီး ပင္ပန္းေနတဲ့ ဆာကာနဲ႔ ဘန္ ဝႈိက္တို႔ႏွစ္ေယာက္ လာမယ့္ ဆန္းေဒးမွာ ကစားမယ့္ ဖူဟမ္လ္နဲ႔ပြဲမွာ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝၿပီး ပါဝင္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနရမွာ ျဖစ္ပါတယ္။
ေကာလာဟလသတင္းေတြနဲ႔ပတ္သတ္ၿပီး တုံ႔ျပန္လိုက္တဲ့ ဘလိုဂန္ရဲ႕ အျပဳအမႈကို ႏွစ္သက္သေဘာက်ေနတဲ့ ဂန္းနားပရိသတ္မ်ား
အာဆင္နယ္အသင္းရဲ႕ ေဟးအန႔္ အကယ္ဒမီထြက္ ကစားသမားဟာ ယခုအခါ ျပင္သစ္ လီဂူးကလပ္ ရိမ္းစ္အသင္းမွာ အငွားသြားေရာက္ကစားေနၿပီး ၂၅ ပြဲ ကစားထားရာမွာ ၁၅ ဂိုးသြင္းယူေပးထားႏိုင္သည့္အတြက္ ကမာၻေက်ာ္ကစားသမားေတြျဖစ္တဲ့ မက္ဆီနဲ႔ ေနမာတို႔ထက္ ယခုရာသီသြင္းဂိုးပိုမ်ားေနခဲ့ပါတယ္။ လာမယ့္ရာသီမွာ ဒီအသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားကို အာဆင္နယ္အသင္းမွာ ျပန္လည္ကစားေစခ်င္တဲ့ ပရိသတ္ေတြအတြက္ စိတ္ပူစရာ သတင္းတစ္ခုကို တိုင္းမ္သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီသတင္းကို ထုတ္ေဖာ္ေျပာသူကေတာ့ Transfer insider တစ္ဦးျဖစ္တဲ့ ဒင္းန္ဂ်ဳံးစ္ျဖစ္ၿပီ လာမယ့္ရာသီ အာဆင္နယ္အသင္းမွာ ဂါဘရီယဲလ္ေဂ်းဇု၊ အန္ကီးတီးယားတို႔ရဲ႕ ေနာက္အရန္ေနရာတြင္ ကစားရရင္ ဘာလိုဂန္ဟာ ေပ်ာ္႐ႊင္မွာ မဟုတ္သလို အာဆင္နယ္အသင္းကလည္း သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ေအစီမီလန္၊ ဗီလာ ရီးရဲလ္၊ မာေဆးလ္အသင္း တစ္ခုခုဆီ ေပါင္ သန္း၅၀ ရရွိလွ်င္ ေရာင္းခ်မယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။
Folarin Balogun sharing a comp of him with this caption on Instagram ? pic.twitter.com/fuIzmILB3W
— Doc (@karthikadhaigal) March 9, 2023
ဒါေပမယ့္ အသက္ ၂၁ ႏွစ္အ႐ြယ္ ေျခစြမ္းထက္ျမက္တဲ့ ကစားသမားေလးကေတာ့ ဒီ ေကာလာဟလေတြကို ေခ်ဖ်က္သည့္အေနနဲ႔ သူ႔ကို အားေပးတဲ့ ပရိသတ္တစ္ဦးက တြစ္တာမွာ သူ႔ရဲ႕ဘာလိုဂန္တြစ္တာအေကာင့္ကို မန္းရွင္းေခၚခဲ့ၿပီးတင္ထားတဲ့ “မက္ဆီနဲ႔ ေနမာထက္ ဂိုးပိုသြင္းတဲ့သူ။ လာမယ့္ရာသီသစ္မွာ အာဆင္နယ္အတြက္ အေကာင္းဆုံး လူသစ္ေခၚယူမႈပဲ” လို႔ေရးတင္ခဲ့တဲ့ တြစ္က အဲဒီစာတန္းပါ ဗီဒီယိုကို သူ႔ရဲ႕ အင္စတာဂရမ္မွာ စတိုရီမွာ ယေန႔တင္လိုက္တာပဲ ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရ အသင္းေျပာင္းေ႐ႊ႕မလာ စိတ္ပူေနတဲ့ ဂန္းနားပရိသတ္မ်ားက သူ႔ရဲ႕ အင္စတာက စတိုရီကိုျမင္ၿပီး သေဘာက်ႏွစ္သက္စိတ္ေအးကာ လာမယ့္ရာသီမွာ ဘာလိုဂန္ကို အာဆင္နယ္အသင္းဆီ ျပန္လာေရာက္ကစားမွာကို ေမွ်ာ္လင့္ေစာင့္စားေနၾကၿပီျဖစ္ပါတယ္။
-ေရခ်ယ္ ဘေရာင္း-ဖင္းနစ္နဲ႔ မာတင္ ကီယြန္တို႔ဟာ အာဆင္နယ္ဂိုးသမား မတ္ တန္နာကို ၾကာသပေတးေန႔က စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ ေပးခဲ့ရတဲ့ ပထမဂိုးအၿပီးမွာ ယုံၾကည္အားထားလို႔ရတဲ့ ဂိုးသမားမ်ိဳးမဟုတ္ဘူးလို႔ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ အိမ္ရွင္ စပို႔တင္းဟာ မားကပ္စ္ အက္ဒြပ္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ဂြန္ဆာလို အင္နာစီယိုရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဂိုးရရွိသြားတာျဖစ္ၿပီး ေနာက္ခံလူ ခီဗီေယာက ခုန္ေတာင္မခုန္ခဲ့ဘဲ ရပ္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ အဲဒီအတြက္ ခီဗီေယာဟာ ေဝဖန္မႈအခ်ိဳ႕ ခံခဲ့ရေပမယ့္လည္း ေဘာလုံးေဝဖန္သူ ၂ ဦးစလုံးက တန္နာကလည္း ကိုက္အနည္းငယ္အကြာက သြင္းယူခဲ့တဲ့ဂိုးမွာ ဒီထက္ပိုၿပီး အမ်ားႀကီး လုပ္ခဲ့သင့္တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။
ဖင္းနစ္က “တန္နာအေနနဲ႔ သူ႔ ၃ ကိုက္စည္းအတြင္းမွာ ခံစစ္ကစားသမားေတြ ေအာ္ဟစ္ ဆက္သြယ္ေျပာဆိုရမယ္ အမိန႔္ေပးရမယ္။ သူက အဲလို မလုပ္ေတာ့ ခီဗီယာကလည္း ဂိုးသမားလုပ္မယ္ဆိုၿပီး ဘာမွ မလုပ္ပဲ ေနခဲ့တာေလ။ တကယ္လို႔ တာနာအေနနဲ႔ ခံစစ္ကစားသမားေတြကို မၫႊန္ၾကားႏိုင္ရင္လည္း ကိုယ္တိုင္ ထြက္ဆြဲတာ၊ အနာခံ ပုတ္ထုတ္တာမ်ိဳး လုပ္ခဲ့သင့္တယ္”လို႔ဆိုၿပီး စပို႔တင္းရဲ႕ ပထမဂိုးမွာ ခီဗီယာအေနနဲ႔ တခုခုလုပ္သင့္ေပမယ့္လည္း ပိုမွားသူက ဂိုးသမားတာနာျဖစ္ေၾကာင္း အျပစ္တင္ခဲ့ပါတယ္။ အာဆင္နယ္ ဂႏၲဝင္ကစားသမားႀကီး မာတင္ကီယြန္ကလည္း ေပးလိုက္ရတဲ့ ပထမဂိုးက တာနာက တက္ပုတ္မလိုလိုနဲ႔ ေနာက္ဆုတ္သြားတယ္ဗ်ာ။ ဒီျဖစ္ရပ္က က်န္ကစားသမားအားလုံးကို သတ္လိုက္သလိုပါပဲ” ဟုဆိုတာ တာနာကို အျပစ္တင္ခဲ့ပါတယ္။ ဆက္လက္ၿပီး “ကြၽန္ေတာ္တာ ဒီလိုဂိုးသမားနဲ႔ ပုံမွန္ တူတူတြဲ ကစားရရင္ သူ႔ကို လုံးဝ မယုံၾကည္ရေတာ့လို႔ ေရာက္လာသမွ် ေဘာလုံးေတြကို ေခါင္းတိုက္ရွင္းထုတ္သြားဖို႔ပဲ စဥ္းစားေတာ့မွာပါ။ ခုလို တစ္ပြဲတည္း သူမွားတာျဖစ္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ ကီယြန္က ေျပာသြားခဲ့ပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- Articles