လူမျိုးရေးခွဲခြားမှုတွေခံနေရတဲ့ ဆာကာကို အားကောင်းတဲ့ သတင်းစကားပေးပို့ခဲ့တဲ့ အီယန် ရိုက်
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က တနင်္ဂနွေနေ့ညမှာ လူမျိုးရေးခွဲခြားမှုတွေကို ခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် ဘူကာယို ဆာကာကို အားပေးထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဆာကာရဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်အပြီးမှာ လူမှုကွန်ရက်ပေါ်ကနေတဆင့် နှောင့်ယှက်စော်ကားတဲ့ သတင်းစကားတွေ ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီးမှ အင်္ဂလန်ကြယ်ပွင့်က အာတီတာရဲ့အသင်း ၂-၁ နဲ့ ဥိးဆောင်နေချိန်မှာ အရေးကြီးတဲ့ပင်နယ်တီကို လွဲချော်ခဲ့ပြီးနောက် ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။
ပွဲပြီးဝီစီမှုတ်ပြီးနောက် ဆာကာဟာ လူမှုကွန်ရက်ပေးမှာ လူမျိုးရေးခွဲခြားတဲ့ သတင်းစကားတွေ ပေးပို့ခြင်းခံခဲ့ရတာဖြစ်ပြီး လူမှုကွန်ရက် အသုံးပြုသူအများက အဲဒီပို့စ်တွေကို ပြစ်တင်ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အင်္ဂလန်ကြယ်ပွင့်ကို စိတ်သက်သာရာ ရစေမယ့် သတင်းစကားကို ပေးပို့ခဲ့တာဖြစ်ပြီး”သူက ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်း ကျွန်တော်တို့ရဲ့ ကြယ်ပွင့်လေးဖြစ်နေမှာပါ။ သူက ကျွန်တော့်ရဲ့ ရှင်းလင်းပြတ်သားတဲ့ အားပေးထောက်ခံမှုကို ရရှိနေပြီး အာဆင်နယ်နဲ့ပတ်သက်တဲ့လူတိုင်းကလည်း အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
“နှုတ်နဲ့ ထုတ်ဖော်အားပေးမှုတွေက အရေးပါပါတယ်။ ကျွန်တော်တို့က အမြဲတမ်း သူ့ရဲ့ဘေးနားမှာ ဝန်းရံနေမယ်ဆိုတာကို သူသိစေချင်ပါတယ်။ ပြီးတော့ ခင်ဗျား လူမျိုးရေးခွဲခြားမှုတွေကို မြင်မှာပါ။ လူမည်းကစားသမားတစ်ယောက်အနေနဲ့ အမြဲတမ်း အဲဒီလို လူမျိုးရေးခွဲခြားမှုတွေကို ကြုံနေရမှာပါ။ ပင်နယ်တီ လွဲချော်လို့ စိတ်ပျက်ရတာနဲ့တင် မလုံလောက်သေးဘဲ ခင်ဗျားက လူမည်းကစားသမားဖြစ်နေတာကြောင့် လူမျိုးရေးခွဲခြားမှုတွေကိုလည်း ခံရဦးမှာလား။”
အီယန် ရိုက်က အမ်းမရိတ်စ်က အမာခံပရိသတ်တွေဟာ သောကြာနေ့ည ဆောက်သမ်တန်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်အတွငး ဆာကာကို အားပေးထောက်ခံဖို့ အခွင့်အရေးရချိန်မှာ အသံကုန်ဟစ်ကြွေးပြီး အားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အမုန်းတရားတွေထက် မြင့်မားတဲ့နေရာမှာ သူ့ကိုဆက်ပြီး မြှင့်တင်ထားပေးရမှာပါ။ သောကြာနေ့ညမှာ ကျွန်တော်တို့ ပရိသတ်တွေကို ကြည့်လိုက်ပါ။ သူ ချစ်ခြင်းတရားကို ခံစားရမှာပါ။ ကျွန်တော် ခင်ဗျားကို အဲဒါတော့ ပြောနိုင်တယ်။ သူ ဖြတ်သန်းခဲ့ရတာတွေကြားမှာ သူ ဆက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပြုလုပ်သွားရမှာပါ။ သူ နောက်ထပ်တစ်ကြိမ် လုပ်နိုင်မှာပါ။ သူ့မှာ ကြီးမြတ်မှုရှိတယ်။ နောက်ထပ်တစ်ကြိမ် သွားကြတာပေါ့ ဘူကာယို”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆာကာအတွက်တော့ ပင်နယ်တီ လွဲချော်ပြီးနောက်ပိုင်း ကြောက်မက်ဖွယ် ဆိုးရွားတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ခံခဲ့ရတာက ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ရှက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့နဲ့အတူ လူမျိုးရေးခွဲခြားမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ ဆာကာက လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ကမ်ပိန်းအပေါ်နဲ့ ၎င်း ရရှိခဲ့တဲ့ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ဖို့ လူမှုကွန်ရက်ပေါ်မှာ ရှည်လျားတဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်ကိုယ်စား လှုံ့ဆော်မှုတွေ လုပ်ပေးခဲ့တဲ့သူတွေနဲ့ ကျွန်တော့်ကို ကြည်နူးဖွယ် စာတွေ၊ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့တဲ့သူတွေကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ် ။ဒါက ဘောလုံးမှာ ရှိနေသင့်တဲ့အရာပါ။ စိတ်ဆန္ဒပြင်းပြမှု၊ လူမျိုးပေါင်းစုံ၊ ကျား/မ၊ ဘာသာတရား၊ နောက်ခံအကြောင်းတရားတွေအားလုံးဟာ ဘောလုံးရဲ့ အနိမ့်အမြင့်အတက်အကျရဲ့ ပျော်ရွှင်မှုကို အားလုံးအတူတကွ မျှဝေခံစားရမှာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles