လန်ဒန်ဒါဘီမှာ နောက်ထပ် အနိုင် ၃ မှတ်ထပ်သိမ်းမယ့် ဂန်းနားများ 1024 504 coyg

လန်ဒန်ဒါဘီမှာ နောက်ထပ် အနိုင် ၃ မှတ်ထပ်သိမ်းမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့ပြီးနောက် လန်ဒန်ဒါဘီတွေမှာ အသာစီးရယူထားနိုင်မှုကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး စနေနေ့ညနေမှာ ဖူလ်ဟမ်ကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ မကြာသေးမီက ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဆန့်ကျင်ဘက် ရလဒ်တွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းက ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ချိန်မှာ ဖူလ်ဟမ်က အိမ်ကွင်းမှာ ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ပဲလေ့စ်နဲ့ပွဲက အနီကတ်ကြောင့် အာဆင်နယ်နောက်ခံလူ တိုမီယဆုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် တင်းဘား၊ ဂါဘရီယဲလ် ဂျေဆူးစ်၊ ဘာလိုဂန်တို့နဲ့အတူ လွဲချော်မှာဖြစ်ပြီး လိုကွန်ဂါကလည်း ကြွက်သားဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ဦးမှာမဟုတ်တာဖြစ်ပါတယ်။

ဖူလ်ဟမ်ဘက်မှာလည်း ရီးမ်က ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ၂ ဝါ ၁ နီထိခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမယ့်လည်း အခြား ဒဏ်ရာပြဿနာတွေ မရှိတာဖြစ်ပြီး ဝီလီယံတစ်ဦးတည်းသာ ဖော်ပြထားခြင်းမရှိတဲ့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေတာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အိုဒီဂတ်၊ ရိုက်၊ ဟာဗတ်ဇ်၊ ဆာကာ၊ အန်ကီးတီးယား၊ မာတီနယ်လီ။
ဖူလ်ဟမ်-လီနို၊ တီတီ၊ ဒီယော့၊ ဘက်ဆီ၊ ရော်ဘင်ဆင်၊ ရိဒ်၊ ပယ်ဟင်ညာ၊ ထရာအိုရေး၊ ပါရဲရား၊ ရိဒ်၊ ဂျီမီနက်ဇ်။

ပွဲကြိုသုံးသပ်ချက်

အာတီတာဟာ ရာသီအဖွင့်ပွဲစဉ် ၂ ပွဲမှာ ကစားကွက်သစ်ကို စမ်းသုံးခဲ့ပြီး ပြဿနာအချို့ရှိခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ ဖူလ်ဟမ်ကို ပြဿနာမရှိဘဲ အနိုင်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ ပယ်လ်ဟင်ညာ ပြန်လည်ပါဝင်လာမှုက ဖူလ်ဟမ်ကွင်းလယ်ကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး အမ်းမရိတ်စ်က ဂန်းနားတွေရဲ့ ခံစစ်မှတ်တမ်းတွေက ဖူလ်ဟမ်အတွက် မျှော်လင့်ချက်မဲ့စေမှာဖြစ်တာကြောင့် အနီရောင်တပ်သားတွေကပဲ ၃ ပွဲဆက်နိုင်ပွဲကို ရယူသွားမှာ သေချာပါတယ်။

ပေါလ်မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဖူလ်ဟမ်)
ခရစ္စဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဖူလ်ဟမ်)
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ဖူလ်ဟမ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ လန္ဒန္ဒါဘီေတြမွာ အသာစီးရယူထားႏိုင္မႈကို ဆက္လက္ ထိန္းသိမ္းဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး စေနေန႔ညေနမွာ ဖူလ္ဟမ္ကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ဒီႏွစ္သင္းဟာ မၾကာေသးမီက ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ဆန႔္က်င္ဘက္ ရလဒ္ေတြ ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းက ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့ခ်ိန္မွာ ဖူလ္ဟမ္က အိမ္ကြင္းမွာ ဘရန႔္တ္ဖို႔ဒ္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ပဲေလ့စ္နဲ႔ပြဲက အနီကတ္ေၾကာင့္ အာဆင္နယ္ေနာက္ခံလူ တိုမီယဆုဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ တင္းဘား၊ ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ ဘာလိုဂန္တို႔နဲ႔အတူ လြဲေခ်ာ္မွာျဖစ္ၿပီး လိုကြန္ဂါကလည္း ႂကြက္သားဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ဦးမွာမဟုတ္တာျဖစ္ပါတယ္။

ဖူလ္ဟမ္ဘက္မွာလည္း ရီးမ္က ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ ၂ ဝါ ၁ နီထိခဲ့ၿပီးေနာက္ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ႏိုင္မွာမဟုတ္ေပမယ့္လည္း အျခား ဒဏ္ရာျပႆနာေတြ မရွိတာျဖစ္ၿပီး ဝီလီယံတစ္ဦးတည္းသာ ေဖာ္ျပထားျခင္းမရွိတဲ့ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဖို႔ မေရမရာျဖစ္ေနတာျဖစ္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ပြဲထြက္လူစာရင္း

အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ အိုဒီဂတ္၊ ႐ိုက္၊ ဟာဗတ္ဇ္၊ ဆာကာ၊ အန္ကီးတီးယား၊ မာတီနယ္လီ။
ဖူလ္ဟမ္-လီႏို၊ တီတီ၊ ဒီေယာ့၊ ဘက္ဆီ၊ ေရာ္ဘင္ဆင္၊ ရိဒ္၊ ပယ္ဟင္ညာ၊ ထရာအိုေရး၊ ပါရဲရား၊ ရိဒ္၊ ဂ်ီမီနက္ဇ္။

ပြဲႀကိဳသုံးသပ္ခ်က္

အာတီတာဟာ ရာသီအဖြင့္ပြဲစဥ္ ၂ ပြဲမွာ ကစားကြက္သစ္ကို စမ္းသုံးခဲ့ၿပီး ျပႆနာအခ်ိဳ႕ရွိခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ ဖူလ္ဟမ္ကို ျပႆနာမရွိဘဲ အႏိုင္ယူႏိုင္ဦးမွာ ျဖစ္ပါတယ္။ ပယ္လ္ဟင္ညာ ျပန္လည္ပါဝင္လာမႈက ဖူလ္ဟမ္ကြင္းလယ္ကို ပိုမိုအားေကာင္းေစမွာျဖစ္ၿပီး အမ္းမရိတ္စ္က ဂန္းနားေတြရဲ႕ ခံစစ္မွတ္တမ္းေတြက ဖူလ္ဟမ္အတြက္ ေမွ်ာ္လင့္ခ်က္မဲ့ေစမွာျဖစ္တာေၾကာင့္ အနီေရာင္တပ္သားေတြကပဲ ၃ ပြဲဆက္ႏိုင္ပြဲကို ရယူသြားမွာ ေသခ်ာပါတယ္။

ေပါလ္မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဖူလ္ဟမ္)
ခရစၥဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဖူလ္ဟမ္)
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ဖူလ္ဟမ္)

Arsenal Myanmar

Ref: Internet