Article: ပဲလေ့စ်ကို အလဲအကွဲ ချေမှုန်းပစ်တဲ့ပွဲက အကောင်းဆုံးကစားသမား (၃) ဦးကို ရွေးချယ်ကြည့်ခြင်း admin

Article: ပဲလေ့စ်ကို အလဲအကွဲ ချေမှုန်းပစ်တဲ့ပွဲက အကောင်းဆုံးကစားသမား (၃) ဦးကို ရွေးချယ်ကြည့်ခြင်း

ယူရိုပါလိဂ်မှာ စပို့တင်းလစ္စဘွန်းကို ပယ်နယ်တီနဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတော့ ပရိသတ်တွေ စိုးရိမ်သောက ရောက်ခဲ့ရပြန်တယ်။ ဒီပွဲရလဒ်က ပရီးမီးယားလိဂ်ကိုများ သက်ရောက်လာမလား … ဒီလူငယ်တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်သွားမှာ … အရှိန်အဟုန်တခုကို ဆက်ထိန်းနိုင်ပါ့မလား … အစရှိသဖြင့်။

တကယ်တမ်းမှာ‌တော့ ပရိသတ်တွေကိုယ်၌က အစိုးရိမ်ကြီးလွန်းနေတာပါဆိုတာမျိုး ဂန်းနားလူငယ်တွေက သူ့အလုပ်သူလုပ်ပြီး သက်သေပြသွားတယ်။ ပဲလေ့စ်က ဒီနှစ်ထဲမှာ နိုင်ပွဲ မရှိသေးတဲ့ ခပ်ယဲ့ယဲ့အသင်းဖြစ်နေတာ မှန်ပေမယ့်လည်း ဂန်းနားလူငယ်တွေဟာ အရည်အသွေး မြင့်မားတဲ့ ခြေစွမ်းမျိုးနဲ့ ကစားသွားတာ ဖြစ်တယ်။ တပွဲလုံးကို တဖက်သတ် လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်။ စူပါမန်းကို ပြန်အသက်သွင်းလိုက်သလိုမျိုး မြင်မြင်ရာ ရန်သူတိုင်းကို ပြိုလဲပျက်စီးစေခဲ့တယ်။ တဦးချင်း ကျွမ်းကျင်မှုအရရော၊ အသင်းလိုက်စုဖွဲ့မှုအရတော့ ကြောက်စရာကောင်းတဲ့ အသွင်သဏ္ဍန်ကို ပြသခဲ့ပြီး အထင်ကြီးစရာ လှပလွန်းတဲ့ သွင်းဂိုးတွေလည်း ရယူခဲ့တယ်။

ပွဲတပွဲကို သက်တောင့်သက်သာနဲ့ ဂိုးပြတ်နိုင်ပြီဆိုမှတော့ အကောင်းမြင်စရာတွေလည်း အများကြီးပေါ့။ ကောင်းခြင်းငါးရာထဲကနေ အကောင်းဆုံးတွေကို ရွေးထုတ်ရတာလည်း ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရ ဒီပွဲမှာ အကောင်းဆုံး ဖြစ်ခဲ့သူ (၃) ဦးကို ရွေးထုတ်ပေးချင်တယ်။

(၃) ရော့ဘ် ဟိုးဒင်း

” ဒီကောင်လေးက (၅၅) သန်းမတန်လို့ ဆောရီးပါ။ ” ဆိုတဲ့ ဂန္ထဝင်ကြီး အာစင်း စကားကိုပဲ သတိရနေမိတော့တယ်။ အာဆင်နယ်ကို ပေါင် (၂) သန်းလောက်နဲ့ပဲ ရောက်လာတဲ့ ဟိုးဒင်းကို ရောက်စက ဘယ်သူမှ အထင်မကြီးပါဘူး။ ဒါပေမယ့်လည်း မာတီဆက်ကာ၊ ကိုစီရယ်နီတို့လို စီနီယာတွေ ဒဏ်ရာရချိန် ရုန်းကန်ရချိန်မှာ အစားဝင်ရင်းတဖုံ၊ သုံးယောက်တန်းခံစစ်ပြောင်းလိုက်တော့လည်း စီနီယာနှစ်ယောက်နဲ့ တွဲဖက်ရင်း ရဲရင့်ပြခြင်းတနည်း ပရိသတ်တွေရင်ထဲ ရောက်လာခဲ့တာပေါ့။ အက်ဖ်အေဖလားဖိုင်နယ်မှာ ဒီယေဂိုကော်စတာကို လူကြမ်းကို သူတင်ကိုယ်တင်ဖြဲပြတဲ့ လူငယ်လေးတယောက်ကို အားလုံး အမှတ်ရနေလိမ့်မယ်။

သို့ပေမယ့် … သို့ပေမယ့်လည်းပေါ့လေ။ သိပ်ချစ်လွန်းတဲ့ မမက ရက်စက်ခဲ့သလိုမျိုး … ကံကြမ္မာက ဟိုးဒင်းကို ရက်စက်ပြတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ‌ခြေစုံပစ်ဝင်မှုက ကွင်းလယ်ဒိုင်အတွက်တော့ ဘာမှ အရေးတယူရှိစရာ မလိုတဲ့ ပြစ်ဒဏ်ဘော ဖြစ်ခဲ့ပေမယ့် ဟိုးဒင်းအတွက်တော့ သေရာပါပါ။ ‌ဒဏ်ရာကအစပြုလို့ နောက်ပိုင်းနေ့ရက်တွေ မှေးမှိန်လာတယ်။ အမြင့်ဆုံးအဆင့်နဲ့ လွဲခဲ့တယ်။ ဒါပေမယ့် အသင်းအတွက် လိုသုံးအဖြစ်၊ အဝတ်လဲခန်း‌ထဲမှာ လူငယ်တွေကို ဦးဆောင်သူအဖြစ် သူ ရှိနေဆဲ ….

ဆာလီဘာဒဏ်ရာရပြီဆိုတော့လည်း ဒီပွဲမှာ ဝင်ဖြည့်ပေးခဲ့ရတာက သူပေါ့။ ဇာဟာ၊ အေဒူယာတို့လို ထိန်းချုပ်ရခက်ခဲတဲ့ တိုက်စစ်ကစားသမားတွေကို သူ့နည်းသူ့ဟန်နဲ့ အသံတိတ်စေခဲ့သလို ခံစစ်ကစလို့ ကစားကွက်တည်ဆောက်မှုမှာလည်း အမှားအယွင်းနည်းတဲ့ ပေးပို့မှုတွေနဲ့ အထောက်အကူ ပြုခဲ့တယ်။ ဒီပွဲရဲ့ အကောင်း‌ဆုံးတွေထဲက တဦးပါပဲ။ ကျွန်တော် ဒီနှစ်မှာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ရစေချင်တယ်။ အခြား ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး။ ဟိုးဒင်း၊ ချာကာ၊ အယ်လ်နီနီတို့လို ကစားသမားတွေကို ဒီအသင်းနဲ့ အောင်မြင်ခဲ့တာ မြင်ချင်ရုံသပ်သပ်ပဲ။

(၂) ဘူကာရို ဆာကာ

ဒီရာသီမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု (၂) မျိုးစလုံး (၁၀) ကြိမ်နဲ့အထက်ဆီ ရောက်ခဲ့တဲ့ ပထမဆုံး ကစားသမားတဲ့။ တဖြည်းဖြည်းနဲ့ တရာသီ အကောင်းဆုံး ကစားသမားဆုအတွက် ငြင်းခုံရမယ့် စာရင်းထဲ ပေါက်လာတယ်။ သူဟာ အဆုံးမသတ်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေ၊ တိုးတက်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ ကြယ်ကောင်လေး၊ ငရုပ်သီးလေး ဘူကာရို ဆာကာပါပဲ။

အပတ်စဉ်တိုင်းမှာ သူ့လောက် ပွဲကစားရတဲ့သူ၊ သူ့လောက် ပင်ပန်းတဲ့သူဆိုတာ မရှိဘူး။ ညာတောင်ပံမှာ အစားထိုးစရာ အရန်ကစားသမား နည်းပါးတော့လည်း နည်းပြ အာတေတာက ဆာကာကို ရက်ရက်စက်စက် သုံးတယ်။ သူကလည်း ရက်ရက်စက်စက် ခြေစွမ်းပြပါတယ်။ ကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ ခွန်အား၊ ပါးနပ်မှု ဘာမှပြောစရာမလိုတဲ့သူ ဖြစ်တယ်။

ဘန်ဝှိုက်ရဲ့ အတိုပေးလေးကို လက်ခံရယူပြီး သူမသန်နဲ့ ညာခြေနဲ့ မာတင်နယ်လီဆီ အရောက်ပို့လိုက်တဲ့ ဖန်တီးမှုက လက်ဖျားခါစရာ … သူ့ရဲ့ ဉာဏ်ရည်မြင့်မားမှု၊ အမြော်အမြင်ကြီးမှုနဲ့ လုပ်တတ်ကိုင်တတ်မှုကို မြင်ခဲ့ရတဲ့ ဖန်တီးမှု ဖြစ်တယ်။ အသင်းဖော်အတွက် အချိန်နဲ့နေရာကို ကွက်တိ ရှာပေးခဲ့တယ်။

နောက်တော့ ဘန်ဝှိုက်ရဲ့ ဖန်တီးမှုကိုပဲ စားသုံးတဲ့ ဒုတိယဂိုး။ တီယာနေးရဲ့ဖန်တီးမှုကို ပိတ်သွင်းတဲ့ တတိယဂိုး။ ပဲလေ့စ်အတွက်တော့ ဆာကာဟာ ရင်ဆိုင်ဖို့ မဖြစ်နိုင်လွန်းတဲ့ ကြီးမြတ်တဲ့ အလက်ဇန်းဒါးပဲ။ ဒီလိုနဲ့ ပုံဆောင်ခဲနန်းတော်ကို သူ သိမ်းတယ်။ ဒီရာသီမှာ ကမ္ဘာအဆင့်ကို သူ တက်လှမ်းနေနိုင်ပြီဆိုရင် ဘယ်သူ ငြင်းမှာလဲ။

(၁) ဘန်ဝှိုက်

အင်္ဂလန်သား ဖြစ်နေတာတောင်မှ အင်္ဂလန်ဘောလုံးလောကမှာတော့ ဒီမြေထဲ ခိုးဝင်လာသူတဦးလို အနှိမ်ခံရတာက ဘန်ဝှိုက်ပဲ။ အာဆင်နယ်က ပေါင်သန်း (၅၀) ပေးခေါ်တော့ ဒီလိုကောင်အတွက် ဒီငွေ ဘာလို့ သုံးတာတုန်း။ ဗာရန်းတောင် အဲဒီလောက် မပေးလှဘူး။ နုံလှတဲ့ ကစားသမားအတွက် ဂျင်းကြေးပေးတဲ့ နုံလှတဲ့ အာဆင်နယ်။ အညှာအတာမဲ့လှတဲ့ သိက္ခာကင်းမဲ့လှတဲ့ ဝေဖန်မှုတွေပေါ့။ သူလိုကိုယ်လိုသူဆိုတော်သေး … အင်္ဂလန်ရဲ့ဂန္ထဝင်အဖြစ် သတ်မှတ်ထားသူတွေ၊ ပြိုင်ဘက်အသင်းက ဂန္ထဝင်တွေကိုယ်တိုင်က ပြောပြဆိုကြတာဆိုတော့လည်း ဒါတွေကို ဖတ်ရင်း နှုတ်ခမ်းမဲ့မိရုံအပြင် မတတ်နိုင်ပါဘူး။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း သူ့ကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင် မထင်ဘူး။ ခပ်ပိန်းပိန်းနည်းပြတဦးဟာ ခပ်ပိန်းပိန်းအမြင်ပဲ ရှိတတ်တာမို့ သိပ်တော့ ဂရုထားစရာ မလိုပါဘူး။ ဘောလုံးပွဲကြည့်ရတာ မကြိုက်တဲ့ ဥယျာဉ်မှူးရဲ့ သားလေးဟာလည်း ဂရုစိုက်နေမယ် မထင်ပါဘူး။

သူ့ကို တန်ဖိုးထားတဲ့အသင်းအတွက်ပဲ ဗဟိုခံစစ်မှာတမျိုး၊ ညာနောက်ခံလူနေရာမှာ တသွယ် ပေးဆပ်လာလိုက်တာ အခုတော့ ဘန်ဝှိုက် သန်း (၅၀) မတန်ဘူးလို့ ဘယ်သူ ငြင်းရဲမလဲ။ ပြင်ပက ဂန္ထဝင်ဆိုသူတွေလည်း အသံတိတ်ကုန်ပြီ။ ပဲလေ့စ်ပွဲမှာဆို သူ့ရဲ့ အဆင့်အတန်းက နောက်တဆင့်ရောက်နေပြီဆိုတာ မြင်ခဲ့ရတယ်။

ဆာကာက ဒီပွဲမှာ အားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့သူဆိုရင် နောက်ကွယ်ကနေ သူ့အတွက် ပေးဆပ်ခဲ့သူက ဘန်ဝှိုက်ပဲ။ သာမန်သူဆိုရင် ခပ်လွယ်လွယ် ဘေးတိုက်ပေးလိုက်မဲ့ ပေးပို့မှုမျိုးတွေဟာ ဆာကာအတွက် အရန်သင့် ခူးပြီးခပ်ပြီးသား အတိုးပေးလေးတွေ ဖြစ်လာခဲ့တယ်။

ပဲလေ့စ်ရဲ့ ဘယ်နောက်ခံလူ တိုင်ရီး မစ်ချဲလ်ဟာ အတော်ကောင်းပါတယ်။ ဒါပေမယ့် ဆာကာ၊ ဘန်ဝှိုက် အတွဲအဖက်အောက်မှာ မေးခွန်းဖတ်ပြီး ငိုနေတဲ့ စာမကျေတဲ့ ဆယ်တန်းကျောင်းသားလေးတဦးသာသာ ဖြစ်ခဲ့တယ်။ ဘန်ဝှိုက် အကူအညီလိုရင် ဆာကာက ဆင်းကူ။ ဆာကာလိုရင် ဘန်ဝှိုက်က အသင့်ရှိနေတဲ့ တွဲဖက်ညီမှုမျိုးကိုလည်း သူ အားကျနေမလားပဲ။ ဇာဟာရဲ့ ခံစစ်ကူနိုင်စွမ်းနည်းပါးခြင်းကလည်း သူ့ကို ဒီအခြေအနေ ရောက်စေတာကိုး။ ဒါကလည်း ဘန်ဝှိုက်ရဲ့ အရည်အသွေးကြောင့်ပါပဲ။

မစ်ချဲလ်နဲ့ ဇာဟာကြား ချိတ်ဆက်မှုတွေကိုလည်း သူက လုံးဝ ဖြတ်တောက်ထားခဲ့တယ်။ ဆာကာအတွက် လိုအပ်ရင် လိုအပ်သလို ပံ့ပိုးတယ်။ အော်ဒီဂွါဒ်နဲ့လည်း နားလည်မှုရှိရှိ ကစားနိုင်တယ်။ မင်းသားကြီး ဒွေးပြောသလို ဘာလိုသေးတယ် ဦးကြီးရယ်ပေါ့။ ချွင်းချက်မရှိ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားက သူပါပဲ။

ပြောရရင် နိုင်ငံတကာပွဲရက်တွေမတိုင်မီ နောက်ဆုံးအပတ်ကို အာဆင်နယ်က အပေါင်းလက္ခဏာတွေနဲ့ အဆုံးသတ်ခဲ့တယ်။ ကလပ်အသင်းတွေ တပတ်တာမရှိတဲ့အချိန်အတွင်း အားပြန်မွေးခွင့်ရမယ်။ ဒဏ်ရာတွေကို ကုစားခွင့်ရမယ်။ နောက်ထပ်ကစားရမယ့် ဗိုလ်လုပွဲက (၁၀) ပွဲ။ ဒီအချိန်မှာ မန်စီးတီးကို (၈) မှတ် ဖြတ်ထားတယ်။ အခြားနိုင်ငံက ပရိသတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားရုံသာ ဖြစ်ပေမယ့် သရဲသဘက်တဦးကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သားတွေအတွက်တော့ ဒီအသင်းသာ အိုအေစစ်တခု၊ စိတ်ထွက်ပေါက်တခုပဲ။ ဒီအိပ်မက်တွေ အမှန်တကယ်ပါစေလို့ပဲ မျှော်လင့်ရင်း …

~Red Gunner~
Photos Credit

ZAWGYI:

ယူ႐ိုပါလိဂ္မွာ စပို႔တင္းလစၥဘြန္းကို ပယ္နယ္တီနဲ႔ အေရးနိမ့္ၿပီး ထြက္ခြာခဲ့ရေတာ့ ပရိသတ္ေတြ စိုးရိမ္ေသာက ေရာက္ခဲ့ရျပန္တယ္။ ဒီပြဲရလဒ္က ပရီးမီးယားလိဂ္ကိုမ်ား သက္ေရာက္လာမလား … ဒီလူငယ္ေတြ စိတ္ဓာတ္ပိုင္းဆိုင္ရာ ထိခိုက္သြားမွာ … အရွိန္အဟုန္တခုကို ဆက္ထိန္းႏိုင္ပါ့မလား … အစရွိသျဖင့္။

တကယ္တမ္းမွာ‌ေတာ့ ပရိသတ္ေတြကိုယ္၌က အစိုးရိမ္ႀကီးလြန္းေနတာပါဆိုတာမ်ိဳး ဂန္းနားလူငယ္ေတြက သူ႔အလုပ္သူလုပ္ၿပီး သက္ေသျပသြားတယ္။ ပဲေလ့စ္က ဒီႏွစ္ထဲမွာ ႏိုင္ပြဲ မရွိေသးတဲ့ ခပ္ယဲ့ယဲ့အသင္းျဖစ္ေနတာ မွန္ေပမယ့္လည္း ဂန္းနားလူငယ္ေတြဟာ အရည္အေသြး ျမင့္မားတဲ့ ေျခစြမ္းမ်ိဳးနဲ႔ ကစားသြားတာ ျဖစ္တယ္။ တပြဲလုံးကို တဖက္သတ္ လႊမ္းမိုးခ်ဳပ္ကိုင္ခဲ့တယ္။ စူပါမန္းကို ျပန္အသက္သြင္းလိုက္သလိုမ်ိဳး ျမင္ျမင္ရာ ရန္သူတိုင္းကို ၿပိဳလဲပ်က္စီးေစခဲ့တယ္။ တဦးခ်င္း ကြၽမ္းက်င္မႈအရေရာ၊ အသင္းလိုက္စုဖြဲ႕မႈအရေတာ့ ေၾကာက္စရာေကာင္းတဲ့ အသြင္သ႑န္ကို ျပသခဲ့ၿပီး အထင္ႀကီးစရာ လွပလြန္းတဲ့ သြင္းဂိုးေတြလည္း ရယူခဲ့တယ္။

ပြဲတပြဲကို သက္ေတာင့္သက္သာနဲ႔ ဂိုးျပတ္ႏိုင္ၿပီဆိုမွေတာ့ အေကာင္းျမင္စရာေတြလည္း အမ်ားႀကီးေပါ့။ ေကာင္းျခင္းငါးရာထဲကေန အေကာင္းဆုံးေတြကို ေ႐ြးထုတ္ရတာလည္း ခက္ခဲပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အျမင္အရ ဒီပြဲမွာ အေကာင္းဆုံး ျဖစ္ခဲ့သူ (၃) ဦးကို ေ႐ြးထုတ္ေပးခ်င္တယ္။

(၃) ေရာ့ဘ္ ဟိုးဒင္း

” ဒီေကာင္ေလးက (၅၅) သန္းမတန္လို႔ ေဆာရီးပါ။ ” ဆိုတဲ့ ဂႏၴဝင္ႀကီး အာစင္း စကားကိုပဲ သတိရေနမိေတာ့တယ္။ အာဆင္နယ္ကို ေပါင္ (၂) သန္းေလာက္နဲ႔ပဲ ေရာက္လာတဲ့ ဟိုးဒင္းကို ေရာက္စက ဘယ္သူမွ အထင္မႀကီးပါဘူး။ ဒါေပမယ့္လည္း မာတီဆက္ကာ၊ ကိုစီရယ္နီတို႔လို စီနီယာေတြ ဒဏ္ရာရခ်ိန္ ႐ုန္းကန္ရခ်ိန္မွာ အစားဝင္ရင္းတဖုံ၊ သုံးေယာက္တန္းခံစစ္ေျပာင္းလိုက္ေတာ့လည္း စီနီယာႏွစ္ေယာက္နဲ႔ တြဲဖက္ရင္း ရဲရင့္ျပျခင္းတနည္း ပရိသတ္ေတြရင္ထဲ ေရာက္လာခဲ့တာေပါ့။ အက္ဖ္ေအဖလားဖိုင္နယ္မွာ ဒီေယဂိုေကာ္စတာကို လူၾကမ္းကို သူတင္ကိုယ္တင္ၿဖဲျပတဲ့ လူငယ္ေလးတေယာက္ကို အားလုံး အမွတ္ရေနလိမ့္မယ္။

သို႔ေပမယ့္ … သို႔ေပမယ့္လည္းေပါ့ေလ။ သိပ္ခ်စ္လြန္းတဲ့ မမက ရက္စက္ခဲ့သလိုမ်ိဳး … ကံၾကမၼာက ဟိုးဒင္းကို ရက္စက္ျပတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ ‌ေျခစုံပစ္ဝင္မႈက ကြင္းလယ္ဒိုင္အတြက္ေတာ့ ဘာမွ အေရးတယူရွိစရာ မလိုတဲ့ ျပစ္ဒဏ္ေဘာ ျဖစ္ခဲ့ေပမယ့္ ဟိုးဒင္းအတြက္ေတာ့ ေသရာပါပါ။ ‌ဒဏ္ရာကအစျပဳလို႔ ေနာက္ပိုင္းေန႔ရက္ေတြ ေမွးမွိန္လာတယ္။ အျမင့္ဆုံးအဆင့္နဲ႔ လြဲခဲ့တယ္။ ဒါေပမယ့္ အသင္းအတြက္ လိုသုံးအျဖစ္၊ အဝတ္လဲခန္း‌ထဲမွာ လူငယ္ေတြကို ဦးေဆာင္သူအျဖစ္ သူ ရွိေနဆဲ ….

ဆာလီဘာဒဏ္ရာရၿပီဆိုေတာ့လည္း ဒီပြဲမွာ ဝင္ျဖည့္ေပးခဲ့ရတာက သူေပါ့။ ဇာဟာ၊ ေအဒူယာတို႔လို ထိန္းခ်ဳပ္ရခက္ခဲတဲ့ တိုက္စစ္ကစားသမားေတြကို သူ႔နည္းသူ႔ဟန္နဲ႔ အသံတိတ္ေစခဲ့သလို ခံစစ္ကစလို႔ ကစားကြက္တည္ေဆာက္မႈမွာလည္း အမွားအယြင္းနည္းတဲ့ ေပးပို႔မႈေတြနဲ႔ အေထာက္အကူ ျပဳခဲ့တယ္။ ဒီပြဲရဲ႕ အေကာင္း‌ဆုံးေတြထဲက တဦးပါပဲ။ ကြၽန္ေတာ္ ဒီႏွစ္မွာ အာဆင္နယ္ကို ပရီးမီးယားလိဂ္ဖလား ရေစခ်င္တယ္။ အျခား ဘာအေၾကာင္းေၾကာင့္မွ မဟုတ္ဘူး။ ဟိုးဒင္း၊ ခ်ာကာ၊ အယ္လ္နီနီတို႔လို ကစားသမားေတြကို ဒီအသင္းနဲ႔ ေအာင္ျမင္ခဲ့တာ ျမင္ခ်င္႐ုံသပ္သပ္ပဲ။

(၂) ဘူကာ႐ို ဆာကာ

ဒီရာသီမွာ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ (၂) မ်ိဳးစလုံး (၁၀) ႀကိမ္နဲ႔အထက္ဆီ ေရာက္ခဲ့တဲ့ ပထမဆုံး ကစားသမားတဲ့။ တျဖည္းျဖည္းနဲ႔ တရာသီ အေကာင္းဆုံး ကစားသမားဆုအတြက္ ျငင္းခုံရမယ့္ စာရင္းထဲ ေပါက္လာတယ္။ သူဟာ အဆုံးမသတ္ႏိုင္တဲ့ ႀကိဳးစားအားထုတ္မႈေတြ၊ တိုးတက္မႈေတြနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ၾကယ္ေကာင္ေလး၊ င႐ုပ္သီးေလး ဘူကာ႐ို ဆာကာပါပဲ။

အပတ္စဥ္တိုင္းမွာ သူ႔ေလာက္ ပြဲကစားရတဲ့သူ၊ သူ႔ေလာက္ ပင္ပန္းတဲ့သူဆိုတာ မရွိဘူး။ ညာေတာင္ပံမွာ အစားထိုးစရာ အရန္ကစားသမား နည္းပါးေတာ့လည္း နည္းျပ အာေတတာက ဆာကာကို ရက္ရက္စက္စက္ သုံးတယ္။ သူကလည္း ရက္ရက္စက္စက္ ေျခစြမ္းျပပါတယ္။ ႀကံ့ခိုင္မႈ၊ စိတ္ဓာတ္၊ ခြန္အား၊ ပါးနပ္မႈ ဘာမွေျပာစရာမလိုတဲ့သူ ျဖစ္တယ္။

ဘန္ဝႈိက္ရဲ႕ အတိုေပးေလးကို လက္ခံရယူၿပီး သူမသန္နဲ႔ ညာေျခနဲ႔ မာတင္နယ္လီဆီ အေရာက္ပို႔လိုက္တဲ့ ဖန္တီးမႈက လက္ဖ်ားခါစရာ … သူ႔ရဲ႕ ဉာဏ္ရည္ျမင့္မားမႈ၊ အေျမာ္အျမင္ႀကီးမႈနဲ႔ လုပ္တတ္ကိုင္တတ္မႈကို ျမင္ခဲ့ရတဲ့ ဖန္တီးမႈ ျဖစ္တယ္။ အသင္းေဖာ္အတြက္ အခ်ိန္နဲ႔ေနရာကို ကြက္တိ ရွာေပးခဲ့တယ္။

ေနာက္ေတာ့ ဘန္ဝႈိက္ရဲ႕ ဖန္တီးမႈကိုပဲ စားသုံးတဲ့ ဒုတိယဂိုး။ တီယာေနးရဲ႕ဖန္တီးမႈကို ပိတ္သြင္းတဲ့ တတိယဂိုး။ ပဲေလ့စ္အတြက္ေတာ့ ဆာကာဟာ ရင္ဆိုင္ဖို႔ မျဖစ္ႏိုင္လြန္းတဲ့ ႀကီးျမတ္တဲ့ အလက္ဇန္းဒါးပဲ။ ဒီလိုနဲ႔ ပုံေဆာင္ခဲနန္းေတာ္ကို သူ သိမ္းတယ္။ ဒီရာသီမွာ ကမာၻအဆင့္ကို သူ တက္လွမ္းေနႏိုင္ၿပီဆိုရင္ ဘယ္သူ ျငင္းမွာလဲ။

(၁) ဘန္ဝႈိက္

အဂၤလန္သား ျဖစ္ေနတာေတာင္မွ အဂၤလန္ေဘာလုံးေလာကမွာေတာ့ ဒီေျမထဲ ခိုးဝင္လာသူတဦးလို အႏွိမ္ခံရတာက ဘန္ဝႈိက္ပဲ။ အာဆင္နယ္က ေပါင္သန္း (၅၀) ေပးေခၚေတာ့ ဒီလိုေကာင္အတြက္ ဒီေငြ ဘာလို႔ သုံးတာတုန္း။ ဗာရန္းေတာင္ အဲဒီေလာက္ မေပးလွဘူး။ ႏုံလွတဲ့ ကစားသမားအတြက္ ဂ်င္းေၾကးေပးတဲ့ ႏုံလွတဲ့ အာဆင္နယ္။ အညႇာအတာမဲ့လွတဲ့ သိကၡာကင္းမဲ့လွတဲ့ ေဝဖန္မႈေတြေပါ့။ သူလိုကိုယ္လိုသူဆိုေတာ္ေသး … အဂၤလန္ရဲ႕ဂႏၴဝင္အျဖစ္ သတ္မွတ္ထားသူေတြ၊ ၿပိဳင္ဘက္အသင္းက ဂႏၴဝင္ေတြကိုယ္တိုင္က ေျပာျပဆိုၾကတာဆိုေတာ့လည္း ဒါေတြကို ဖတ္ရင္း ႏႈတ္ခမ္းမဲ့မိ႐ုံအျပင္ မတတ္ႏိုင္ပါဘူး။

အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း သူ႔ကို ဖုတ္ေလတဲ့ငါးပိရွိတယ္လို႔ေတာင္ မထင္ဘူး။ ခပ္ပိန္းပိန္းနည္းျပတဦးဟာ ခပ္ပိန္းပိန္းအျမင္ပဲ ရွိတတ္တာမို႔ သိပ္ေတာ့ ဂ႐ုထားစရာ မလိုပါဘူး။ ေဘာလုံးပြဲၾကည့္ရတာ မႀကိဳက္တဲ့ ဥယ်ာဥ္မႉးရဲ႕ သားေလးဟာလည္း ဂ႐ုစိုက္ေနမယ္ မထင္ပါဘူး။

သူ႔ကို တန္ဖိုးထားတဲ့အသင္းအတြက္ပဲ ဗဟိုခံစစ္မွာတမ်ိဳး၊ ညာေနာက္ခံလူေနရာမွာ တသြယ္ ေပးဆပ္လာလိုက္တာ အခုေတာ့ ဘန္ဝႈိက္ သန္း (၅၀) မတန္ဘူးလို႔ ဘယ္သူ ျငင္းရဲမလဲ။ ျပင္ပက ဂႏၴဝင္ဆိုသူေတြလည္း အသံတိတ္ကုန္ၿပီ။ ပဲေလ့စ္ပြဲမွာဆို သူ႔ရဲ႕ အဆင့္အတန္းက ေနာက္တဆင့္ေရာက္ေနၿပီဆိုတာ ျမင္ခဲ့ရတယ္။

ဆာကာက ဒီပြဲမွာ အားလုံးရဲ႕ ႏွလုံးသားကို သိမ္းပိုက္ခဲ့သူဆိုရင္ ေနာက္ကြယ္ကေန သူ႔အတြက္ ေပးဆပ္ခဲ့သူက ဘန္ဝႈိက္ပဲ။ သာမန္သူဆိုရင္ ခပ္လြယ္လြယ္ ေဘးတိုက္ေပးလိုက္မဲ့ ေပးပို႔မႈမ်ိဳးေတြဟာ ဆာကာအတြက္ အရန္သင့္ ခူးၿပီးခပ္ၿပီးသား အတိုးေပးေလးေတြ ျဖစ္လာခဲ့တယ္။

ပဲေလ့စ္ရဲ႕ ဘယ္ေနာက္ခံလူ တိုင္ရီး မစ္ခ်ဲလ္ဟာ အေတာ္ေကာင္းပါတယ္။ ဒါေပမယ့္ ဆာကာ၊ ဘန္ဝႈိက္ အတြဲအဖက္ေအာက္မွာ ေမးခြန္းဖတ္ၿပီး ငိုေနတဲ့ စာမေက်တဲ့ ဆယ္တန္းေက်ာင္းသားေလးတဦးသာသာ ျဖစ္ခဲ့တယ္။ ဘန္ဝႈိက္ အကူအညီလိုရင္ ဆာကာက ဆင္းကူ။ ဆာကာလိုရင္ ဘန္ဝႈိက္က အသင့္ရွိေနတဲ့ တြဲဖက္ညီမႈမ်ိဳးကိုလည္း သူ အားက်ေနမလားပဲ။ ဇာဟာရဲ႕ ခံစစ္ကူႏိုင္စြမ္းနည္းပါးျခင္းကလည္း သူ႔ကို ဒီအေျခအေန ေရာက္ေစတာကိုး။ ဒါကလည္း ဘန္ဝႈိက္ရဲ႕ အရည္အေသြးေၾကာင့္ပါပဲ။

မစ္ခ်ဲလ္နဲ႔ ဇာဟာၾကား ခ်ိတ္ဆက္မႈေတြကိုလည္း သူက လုံးဝ ျဖတ္ေတာက္ထားခဲ့တယ္။ ဆာကာအတြက္ လိုအပ္ရင္ လိုအပ္သလို ပံ့ပိုးတယ္။ ေအာ္ဒီဂြါဒ္နဲ႔လည္း နားလည္မႈရွိရွိ ကစားႏိုင္တယ္။ မင္းသားႀကီး ေဒြးေျပာသလို ဘာလိုေသးတယ္ ဦးႀကီးရယ္ေပါ့။ ခြၽင္းခ်က္မရွိ ဒီပြဲရဲ႕ အေကာင္းဆုံး ကစားသမားက သူပါပဲ။

ေျပာရရင္ ႏိုင္ငံတကာပြဲရက္ေတြမတိုင္မီ ေနာက္ဆုံးအပတ္ကို အာဆင္နယ္က အေပါင္းလကၡဏာေတြနဲ႔ အဆုံးသတ္ခဲ့တယ္။ ကလပ္အသင္းေတြ တပတ္တာမရွိတဲ့အခ်ိန္အတြင္း အားျပန္ေမြးခြင့္ရမယ္။ ဒဏ္ရာေတြကို ကုစားခြင့္ရမယ္။ ေနာက္ထပ္ကစားရမယ့္ ဗိုလ္လုပြဲက (၁၀) ပြဲ။ ဒီအခ်ိန္မွာ မန္စီးတီးကို (၈) မွတ္ ျဖတ္ထားတယ္။ အျခားႏိုင္ငံက ပရိသတ္ေတြအတြက္ေတာ့ ရင္ခုန္စိတ္လႈပ္ရွား႐ုံသာ ျဖစ္ေပမယ့္ သရဲသဘက္တဦးေၾကာင့္ ဒုကၡပင္လယ္ေဝေနတဲ့ ျပည္သားေတြအတြက္ေတာ့ ဒီအသင္းသာ အိုေအစစ္တခု၊ စိတ္ထြက္ေပါက္တခုပဲ။ ဒီအိပ္မက္ေတြ အမွန္တကယ္ပါေစလို႔ပဲ ေမွ်ာ္လင့္ရင္း …

~Red Gunner~
Photos Credit