ဒီကလန် ရိုက်ရဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ဝင်ရှုပ်လာနိုင်မှုကို ပြောပြခဲ့တဲ့ ဒီမာဇီယိုနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ admin

ဒီကလန် ရိုက်ရဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ဝင်ရှုပ်လာနိုင်မှုကို ပြောပြခဲ့တဲ့ ဒီမာဇီယိုနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဆာကာနဲ့အတူ ရွေးချယ်ခံထားရတဲ့ မန်ချက်စတာစီးတီးအသင်း တောင်ပံတိုက်စစ်မှူး ဖီးလ် ဖိုဒန်က အာဆင်နယ် အသင်းရဲ့ ညာတောင်ပံတိုက်စစ်မှူး ဆာကာကို ချီးကျူးစကားပြောသွားခဲ့ပါတယ်။ ဖိုဒန်က ” သေချာတာပေါ့ဗျာ။ ကျွန်တော့် ဆာကာဆီကနေ သင်ယူခဲ့ရတယ်။ သူ့ရဲ့ ပယ်နယ်တီ လွဲချော်ခဲ့မှုကို သူ့ရဲ့ အစွမ်းအစ အရည်အချင်းတွေကို အစွမ်းကုန်တောက်ပပြလိုက်ပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်း ပရိသတ်တွေကို မေ့ပျောက်စေခဲ့တယ်။ ဆာကာက အရမ်းချစ်စရာကောင်းပြီး သူ့ကို အကုန်လုံးကချစ်ကြတယ်။ သူဟာ ကျွန်တော်တို့အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ ဆာကာကို ချီးကျူးစကာပြောသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ပေးအပ်တဲ့ မတ်လအတွက် တစ်လတာ အကောင်းဆုံး ဂိုး ဆု ဆန်ခါတင်စာရင်းမှာ ဘုန်းမောက်အသင်းနဲ့ ပွဲရဲ့ နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ပါဝင်နေတဲ့ ရိစ် နယ်လ် ဆန်အနေနဲ့ လက်ရှိအနေအထားအရ ယခုပရီးမီးယားလိဂ် ရာသီမှာ အာဆင်နယ်အသင်းအတွက် ၄ ပွဲသာ ကစားထားတဲ့အတွက် အာဆင်နယ်အသင်း ပရီးမီးယားချန်ပီယံ ဖလားရခဲ့လျှင် ဆုတံဆိပ်ရရှိသူများထဲတွင် မပါဝင်ပဲ လွဲချော်မှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရရင် ၂၀၂၂-၂၀၂၃ ရာသီတွင် စတင်အသက်ဝင်ခဲ့သော ချန်ပီယံဆုရရှိတဲ့ အသင်းရှိ ကစားသမားများသည် ဆုတံဆိပ်ရရှိရန် အရည်အချင်းပြည့်မီရန် အနည်းဆုံး ၅ ပွဲ ကစားရန်လိုအပ်သည်ဆိုသော ပရီးမီးယားလိဂ်၏ တင်းကျပ်သော စည်းမျဉ်းများကြောင့်ပဲဖြစ်ပါတယ်။ ဂန်းနားအသင်းသားကိုယ်စီကို ချစ်တဲ့ အာဆင်နယ် နည်းပြအာတီတာအနေနဲ့ လက်ကျန် ၁၀ ပွဲ မှာ နယ်လ်ဆန်ကို တပွဲပွဲတော့ ထည့်သွင်းကစားပေးမှာ ဖြစ်တဲ့အတွက် နယ်လ် ဆန်အနေနဲ့ ဆုတံဆိပ် မရရှိမှာ စိုးရိမ်စရာ မလိုကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဒိန်း ဂျုံးစ်က အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူချင်တဲ့ ကစားသမား စာရင်းထဲမှာ မန်စီးတီးအကယ်ဒမီထွက် လက်ရှိ ဘေယာ လေဗာကူဆင်အသင်းရဲ့ ညာနောက်ခံကစားသမား ဂျရမီ ဖရင်းမ်ပေါင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဖရင်းမ်ပေါင်ဟာ ယနေ့ခေတ်သစ် ကစားဟန်နဲ့ ကစားတဲ့ နောက်တန်းအစွန်ကစားသမားတွေ ကစားတဲ့ပုံစံအတိုင်း ကစားသူဖြစ်ပြီး လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၇ ဂိုးသွင်းကာ ၉ ဂိုး ဖန်တီးပေးထားပါတယ်။

နယ်သာလန်နည်းပြ ရော်နယ်လ် ကိုးမန်းအနေနဲ့ ဖရင်းပေါင်ကို သူ့ရဲ့ အသင်းလက်ရွေးစင်အသင်းမှာ မရွေးချယ်ခြင်းက ခံစစ်ပိုင်း အားနည်းမှုကြောင့်လို့ အကြောင်းပြချက်ပေးခဲ့ပေမယ့်လည်း လေဗာကူဆင်အသင်းမန်နေဂျာ အလွန်ဆိုနဲ့ အားကစားဒါရိုက်တာတို့ကိုယ်တိုင် ” နည်းပညာပိုင်း ပြည့်ဝတဲ့ ကစားသမား” လို့ ဒီ အသက် ၂၂ အရွယ် တိုက်စစ်အားသန် ညာနောက်ခံကစားသမားကို ချီးကျူးထားခဲ့ကြပါတယ်။ နောက်လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကျိန်းသေပေါက်ရပြီဖြစ်တဲ့ အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်လိုက်ပါမှု အားနည်းတဲ့ တိုမီယဆုကြောင့် ဗဟိုနောက်ခံကစားသမားအဖြစ်မှ ညာနောက်ခံကစားသမားအဖြစ်ပြောင်း ကစားနေရတဲ့ ဘန် ဝှိုက်နေရာအတွက် နောက်ထပ် အရန်သင့် တိုက်စစ်အားသန်နောက်ခံကစားသမားတစ်ယောက် ထပ်မံခေါ်ယူဖြည့်တင်းလိုနေပြီး ဖရင်းပေါင်က နည်းပြအာတီတာ စိတ်ကြိုက် ခေါ်ယူချင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ခေါ်ယူချင်တဲ့ စာရင်းထဲ ပါဝင်လာတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက လာမယ့်နွေရာသီမှာ ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ဒီကလန် ရိုက်အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းပါ ပါဝင်လာမှုနဲ့ ပတ်သတ်ပြီး အပြောင်းရွှေ့ကျွမ်းကျင်သူ ဒီမာဇီယိုက ” ဒီကလန် ရိုက်ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စတင်ပြုလုပ်ပြီး နီးစပ်နေပြီဆိုတာ သိရင် ချဲလ်ဆီးအနေနဲ့ ရိုက်ကို အာဆင်နယ်ကို မသွားစေချင်တဲအတွက် ငွေပိုပေးပြီး ခေါ်ယူဖို့ ကြိုးစားဦးမှာ သေချာပါတယ်။ ချဲလ်ဆီးအသင်းဟာ လောင်းကစားပွဲဆန်ဆန် ကစားပွဲတစ်ခုလို ကစားသမားတွေကို လိုက်ဝယ်ယူနေပြီး အခုအချိန်မှာ သူတို့ဟာ ရူးသွပ်တဲ့အခြေအနေဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

ဒီမာဇီယိုကသူက ဆက်လက်ပြီး ” ရိုက်အနေနဲ့ ကွင်းလယ်ကစားသမားတွေ အများကြီးရှိတဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့မယ်လို့ မထင်ပါဘူး။ အာဆင်နယ် သို့မဟုတ် လီဗာပူးလ် အသင်း တခုခုစီသာ သူ့အနေနဲ့ ရွေးချယ် ပြောင်းရွှေ့ဖို့ အဖြစ်နိုင်ဆုံး အခြေအနေမှာ ရှိနေပါတယ်” လို့ လည်း ခန့်မှန်းပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းမှာသာ ရွေးချယ်ခံရပြီး ဒဏ်ရာကြောင့်ဆိုတာ နုတ်ထွက်သွားတဲ့ အာဆင်နယ် တိုက်စစ်မှူး ဘာလိုဂန်ကို အမေရိကန်အသင်းကို ပြောင်းရွှေ့ရွေးချယ်ကစားဖို့ အမေရိကန်အသင်းနည်းပြသာမက အာဆင်နယ် ဂိုးသမား မတ် တာနာတို့ကပါ တွေ့ဆုံဆွေးနွေးပြီး တိုက်တွန်းခဲ့ကြပါတယ်။ အမေရိကန်လက်ရွေးစင်အသင်းရဲ့ ယာယီနည်းပြ အန်တိုနီ ဟော့ဒ်ဆန်က ဘာလိုဂန်နဲ့ ဆွေးနွေးမှုအချို့ပြုလုပ်ပြီးဖြစ်ပြီး အနာဂတ်မှာ အမေရိကန်အသင်းကို ရွေးချယ်လာနိုင်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဟော့ဒ်ဆန်က ” အရင်တခါက ပြောခဲ့သလိုပဲ ကျွန်တော်တို့ကြားမှာ ဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ ပြောဆိုကြပြီးပြီ။ ဘာလိုဂန်က အခု ဖလော်ရီဒါမှာ ခဏအနားယူပြီး လေ့ကျင့်မှုအချို့ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့ ထပ်ဆွေးနွေးတာတွေ ရှိခဲ့ပြီးနောက်မှာ သူ့အနေနဲ့ အားလပ်ရက် လက်ကျန်ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါပြီ” လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဖော်ဖြစ်တဲ့ အမေရိကန် ဂိုးသမား မတ် တာနာကလည်း ယခုတပတ် သတင်းစာရှင်းလင်းပွဲမှာ ” ကျွန်တော် ဘာလိုဂန်နဲ့ စကားပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ရာသီကြိုကာလအများစုမှာ အတူတူရှိနေခဲ့တာပါ။ သူ့ရဲ့ စိတ်အတွင်းပိုင်းထဲမှာ အမေရိကန်ဟာ ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါကြောင့် သူနဲ့ကျွန်တော် ဆက်ဆံရေးက တော်တော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်။”

” သူက ကျွန်တော်တို့ နိုင်ငံအသင်းအတွက် ကောင်းမွန်တဲ့ အင်အားတိုးမှု တစ်ခုဖြစ်လာမှာပါ။ သူ့ကို အငှားချထားတဲ့ ကလပ်အတွက် တကယ်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ နိုင်ငံကိုယ်စားပြုအသင်းရွေးချယ်မှု ဆုံးဖြတ်ချက်က နှလုံးသားထဲက ထွက်လာတာကို တွေ့ရမှာပါ” ဟု ဘာလိုဂန်အနေနဲ့ မကြာခင် အမေရိကန်အသင်းသားအဖြစ် ရွေးချယ်လာစေဖို့ မဲဆွယ်တရားဟော သွားခဲ့တာဖြစ်ပါတယ်။

ARSENAL MYANMAR
PHOTOS CREDIT