ဆုဖလားပြိုင်ပွဲမှာ စီးတီးရဲ့ချေမှုန်းခြင်းခံခဲ့ရတဲ့ပွဲမှာ ဂန်းနားတွေကို စိတ်ပျက်စေခဲ့တဲ့ ကစားသမား ၃ ဦး coyg

ဆုဖလားပြိုင်ပွဲမှာ စီးတီးရဲ့ချေမှုန်းခြင်းခံခဲ့ရတဲ့ပွဲမှာ ဂန်းနားတွေကို စိတ်ပျက်စေခဲ့တဲ့ ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကို သိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ အစ်တီဟတ်က နိင်ပွဲမတိုင်ခင်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားဖို့ ရေပန်းအစားဆုံးဖြစ်နေပြီးသားဖြစ်တဲ့ ဂွါဒီယိုလာရဲ့အသင်းရဲ့ ခုခံကာကွယ်လို့မရနိုင်တဲ့ တိုက်စစ်ကြောင့် ချေမှုန်းခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ အာလင်း ဟာလန်းရဲ့ ကြောက်မက်ဖွယ် ဂိုးကန်သွင်းချက် အများအပြားကို ကာကွယ်နိုင်ခဲ့လို့သာ ဒီထက် ဂိုးပိုမပြတ်ခဲ့တာဖြစ်ပြီး အစ်တီဟတ်က ပွဲကြီးပွဲကောင်းမှာ အသင်းအတွက် စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့တဲ့ကစားသမား ၃ ဦးရှိခဲ့ပါတယ်။

မာတင် အော်ဒီဂွါဒ်

အော်ဒီဂွါဒ်ဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ခဲ့တဲ့အချိန်ကတည်းက ယခုရာသီမှာ စံနမူနာအဖြစ် ဦးဆောင်ခဲ့ပေမယ့်လည်း ဒီလိုမျိုး အရေးကြီးတဲ့ ဆုဖလားအဆုံးအဖြတ်ပွဲမှာ ပျောက်ဆုံးနေခဲ့တာကြောင့် ဒီဘရိုင်းနားက အားလုံးရဲ့ အာရုံကို ဖမ်းစားသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဒီဘရိုင်းနားရဲ့ အစောပိုင်း သွင်းဂိုးအပြီးမှာ ပွဲကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သလို ဂန်းနားတိုက်စစ်အတွက်လည်း ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်စွမ်းလည်း မရှိခဲ့တာဖြစ်ပါတယ်။ နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးရဲ့ တတိယမြောက် သွင်းဂိုးဖြစ်လာစေမယ့် ဘောလုံးကို ပေးပစ်ခဲ့ပြီးနောက်သိပ်မကြာခင် ၇၁ မိနစ်မှာ စမစ် ရိုးနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

သောမတ်စ် ပါတေး

အာဆင်နယ်က အော်ဒီဂွါဒ်ကို ဂိုးဖန်တီးမှုပြုလုပ်ပေးဖို့ အသည်းအသန် လိုအပ်ခဲ့ချိန်မှာ ပါတေးရဲ့ အရေးအကြီးဆုံးအလုပ်တွေထဲက တစ်ခုက ဒီဘရိုင်းနားကို အနှောင့်အယှက်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါနာကွင်းလယ်ကစားသမားဟာ ဒီဘရိုင်းနားက အိမ်ရှင်တွေအတွက် သွင်းဂိုးတွေ သွင်းယူသွားတာကို နောက်ကနေ ရပ်ကြည့်ခဲ့ရပြီး ပွဲကစားချိန်အများစုမှာ ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့်ရဲ့ နောက်ကနေ လိုက်ရင်းသာ အချိန်ကုန်ခဲ့ရတာဖြစ်ပါတယ်။ အော်ဒီဂွါဒ်က ဘောလုံးကို လွယ်လွယ်နဲ့ပေးပစ်ခဲ့ပြီးနောက် ပါတေးဟာ မလှုပ်မယှက်ဖြစ်နေခဲ့တာကြောင့် ဟာလန်းက ဘောလုံးကို ရယူပြီး ဒီဘရိုင်းနား ဂိုးသွင်းယူနိုင်အောင် ခင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော့ဘ် ဟိုးဒင်း

ဟိုးဒင်းဟာ ဟာလန်းနဲ့ ရင်ဆိုင်ကစားရမှာ ဘယ်လိုမှ ထိန်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ ခံစားမှုမျိုး အမြဲတမ်းရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ကံဆိုးစွာနဲ့ပဲ အဲဒီအတိုင်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အားကောင်းတဲ့ စတင်မှု ပြုလုပ်ဖို့ လိုအပ်ခဲ့တဲ့ ညမှာ ဟာလန်းက ဂန်းနားနောက်ခံလူကို သိပ်တောင် အားမစိုက်ရဘဲ ကျော်ဖြတ်ပြီး ဒီဘရိုင်းနားရဲ့ မန်စီးတီးအတွက် အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟိုးဒင်းဟာ နောက်ဆုံးမိနစ်အနည်းငယ်အတွင်းမှာ နှစ်သိမ့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ထိခိုက်ပျက်စီးမှုတွေကတော့ ပြန်ပြင်လို့မရနိုင်တော့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ဟာ ဝီလီယံ ဆာလီဘာ ဒဏ်ရာရရှိနေမှုနဲ့ တိုက်ဆိုင်မှုတော့မဟုတ်ခဲ့တာဖြစ်ပြီ ဟိုးဒင်းရဲ့ စီးတီးနဲ့ စွမ်းဆောင်ရည်ဟာ နောက်ထပ်တစ်ကြိမ် အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပုံမှန် စိန်ခေါ်နိုင်ချင်တယ်ဆိုရင် လိုအပ်တဲ့ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုတာကို မြင်သာစေခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet