ဆာလီဘာ ကြံ့ခိုင်မှု၊ ဇင်ချန်ကို စိတ်အခြေအနေနဲ့ မာတီနယ်လီခြေစွမ်းအပါအဝင် အာတီတာပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ အရှေ့လန်ဒန်ကိုသွားရောက်ပြီး ဝက်စ်ဟမ်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေသိလိုသမျှမေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
မေး- အသင်းရဲ့ နောက်ဆုံး သတင်းတွေက ဘာတွေလဲ။
ဖြေ- ဆာလီဘာ မကစားနိုင်သေးပါဘူ။ သူ ကောင်းကောင်းတိုးတက်နေပြီး ကျွန်တော်တို့ သူ့ကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ ကြည့်ရမှာပါ။ အက်ဒီ ပြန်လာပါပြီ။ သူ အခု အပြည့်အဝ ကြံ့ခိုင်နေပြီး သူ ပြန်လာပါပြီ။
မေး- အဲဒီတော့ အက်ဒီက ရွေးချယ်လို့ရနေပြီလား။
ဖြေ- ရပါပြီ။
မေး- ဆာလီဘာ မြက်ခင်းပေါ် ပြန်ရောက်ပြီလား။
ဖြေ- သူက အဲဒါကို လုပ်ဖို့အတွက် သိပ်မဝေးတော့ပါဘူး။ ဒဏ်ရာကြောင့် ကျွန်တော်တို့ သတိထားဖို့လိုတာ သိသာပါတယ်။ ဒါပေမယ့် သူ ကောင်းကောင်း တိုးတက်နေပါတယ်။
မေး- ရမ်းစ်ဒေးလ်က ခင်ဗျား စိန်ခေါ်နိုင်နေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုလား။
ဖြေ- ခင်ဗျား အမြင့်မားဆုံးအဆင့်မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကို လိုအပ်ပေမယ့် အခိုက်အတန့်အချို့မှာ ခင်ဗျားရဲ့ဂိုးသမားက အထင်ကြီးစရာကောင်းဖို့လိုတာ ကျိန်းသေပါတယ်။ ဆုဖလားရရှိခဲ့တဲ့ အသင်းတိုင်းက အဓိက ကူညီပံ့ပို့းပေးသူဖြစ်တဲ့ ဂိုးသမားရှိပြီး အာရွန်က ဒီရာသီမှာ တကယ်ကို ကောင်းမွန်နေခဲ့ပါတယ်။
မေး- စီးတီးပွဲကို ကြည့်မှာလား။
ဖြေ- ကျွန်တော်တို့ ကြည့်သွားမှာဖြစ်ပြီး ကျွန်တော်တို့ အခြား ပရီးမီးယားလိဂ်ပွဲစဉ်အများအပြားကိုလည်း ကြည့်သွားမှာပါ။
မေး- အော်ဒီဂွါဒ်ရဲ့ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် သူက အနာဂတ် ခေါင်းဆောင်ဆိုတာကို မြင်ခဲ့ရတာလား။
ဖြေ- မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီပွဲက သူ့ရဲ့ အဆင့်အတန်းကို မတူညီတဲ့အဆင့်အတန်းတစ်ခုကို ရောက်ရှိစေခဲ့တာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကာလက ပွဲအခြေအနေကြောင့်ပါ။ အဲဒါက သူ့ကို ကြီးမားတဲ့ ယုံကြည်မှု ပေးခဲ့ပြီး သူက ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာ နားလည်ဖို့ အကူအညီဖြစ်ခဲ့ပါတယ်။
မေး- ဇင်ချန်ကိုက လူစားလဲခံရပြီးနောက် စိတ်ပျက်နေခဲ့တယ်။ သူရဲ့ တုံ့ပြန်မှုက ကောင်းမွန်ခဲ့ရဲ့လား။
ဖြေ- တကယ်ကို ကောင်းပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။
မေး- ခင်ဗျား သူ့ကို လိဂ်ချန်ပီယံဖြစ်ဖို့နဲ့ သူ့အတွေ့အကြုံအရ အခု ဘာတွေ ပိုလိုအပ်လဲဆိုတာကို ပြောခဲ့လား။
ဖြေ- ဟင့်အင်း။ လိဂ်ဖလားကို အနိုင်ရရှိခဲ့တဲ့ ကောင်လေးတွေက အဲဒီအခိုက်အတန့်တွေကို တွေ့ကြုံခဲ့ပြီးသားဖြစ်တာကြောင့် အသင်းကို မတူညီတဲ့ တစ်စုံတရာကိုယူဆောင်လာခဲ့ပါတယ်။ သူတို့တွေက ကျွန်တော်တို့ ရင်ဆိုင်ကစားတဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ထူးချွန်ထက်မြက်နေအောင် လုပ်ရမယ်ဆိုတာကို သိနေပြီး ကျွန်တော်တို့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရရှိအောင် အရာအားလုံးမှာ ပြီးပြည့်စုံနေရပါမယ်။ နောက်တစ်ခုက အဲဒါကို အနိုင်ရရှိဖို့ဖြစ်ပေမယ့် ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေပြီး အခု ကျွန်တော်တို့ အဲဒါကို အနိုင်ရဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်တို့က လုပ်သမျှအရာအားလုံးမှာ ထူးခြားနေရပါမယ်။
မေး- ဒီရာသီမှာ မာတီနယ်လီကို အများကြီး တိုးတက်လာစေခဲ့တာ ဘာလဲ။
ဖြေ- သူ ပွဲတွေ ပိုပြီး ကစားနေတယ်။ အဲဒါကတော့ သေချာတယ်။ သူ နောက်ထပ် တစ်နှစ် အတွေ့အကြုံရှိလာပြီး သူ့အသင်းဖော်တွေနဲ့ ကြီးမားတဲ့ နားလည်မှု ရထားတယ်။ လေ့ကျင့်ရေးအစီအစဉ်တစ်ခုချင်းစီတိုင်း သူ ချဉ်းကပ်တဲ့ပုံစံ၊ သူ့လေ့ကျင့်ရေး၊ သူ့ရဲ့ဘဝ အဲဒါတွေက အကောင်းဆုံးဖြစ်ဖို့ပဲ။ ခင်ဗျားမှာ သူ့ဆီမှာ ရှိနေတဲ့ အဲဒီ တည်ငြိမ်မှုရှိနေတဲ့အချိန်မှာ သူ့ရှေ့မှာ ကောင်းမွန်တဲ့ ရလဒ်တွေပဲ ရှိနေမှာပါ။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး မအံ့ဩမိပါဘူ။ ကောင်းတဲ့အရာတစ်ခုက သူ့မှာ အများကြီး တိုးတက်လာဖို့ ရှိနေသေးတာပါ။
မေး- Opta ရဲ့ ရာခိုင်နှုန်း ဂဏန်းတွက်စက်မှာ မန်စီးတီးက ချန်ပီယံဖြစ်လာဖို့ ပိုများနေတယ်လို့ ပြနေတဲ့အပေါ်မှာရော။
ဖြေ- အင်း။ ခင်ဗျား သူတို့ကို ရာသီအစမှာ မေးခဲ့ရင်တော့ အဲဒီလိုပဲ ဖြစ်ခဲ့မှာသေချာပါတယ်။ အဲဒီတော့ ဘာမှ အပြောင်းအလဲမရှိပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles