စကိုင်းစပို့စ်နဲ့ အထူးအင်တာဗျူးမှာ ချာကာပြောပြခဲ့တဲ့ နည်းပြအာတီတာနဲ့ ပတ်သတ်သမျှ
စနေနေ့ညမှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားမယ့် အာဆင်နယ်တို့ရဲ့ နောက်ဆုံး ထရိန်နင်အပြီးမှာ ကွင်းလယ်လူ ဂရာနစ် ချာကာကို စကိုင်းစပို့စ်ရဲ့ ဂျာနယ်လစ် ပေါလ် ဂီးလ်မိုးက လန်ဒန်ကော်လ်နီ လေ့ကျင့်ရေးကွင်းမှာ ဆက်သွယ်လာခဲ့ပြီး အင်တာဗျူးတစ်ခု ဖြစ်မြောက်သွားခဲ့သလို အသင်းအကြောင်း၊ နည်းပြ မီခယ်လ် အာတီတာအကြောင်းနဲ့ ချန်ပီယံဆု ရနိုင်မယ့်အကြောင်းတွေကို မေးမြန်းသွားခဲ့ပါတယ်။ ဒီထဲကမှ နည်းပြအာတီတာအကြောင်းနှင့် ပတ်သတ်တာတွေ အရင်ဆုံး ကောက်နုတ်တင်ဆက်ပေးလိုက်ပါတယ်။
(မေး) မီခယ်လ် အာတီတာကို စကားလုံး တစ်လုံးတည်းနဲ့ တင်စားပြောမယ်ဆိုရင်
ချာကာ အိုး… ဒါက အတော်လေး အတွေးကောင်းဖို့တော့ လိုလိမ့်မယ်ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သုံးစရာ စကားတွေက များလွန်းလို့ပါပဲ။ ကဲဗျာ… အထူးစပယ်ရှယ်ပေါ့။
(မေး) အာတီတာက အခုအသင်းကို ဘာတွေ ဘယ်လို တိုးတက်အောင်လုပ်ပေးထားသလဲ…
ချာကာ သူ့ရဲ့ ပထမဆုံး ထရိန်နင်ပေးတာကို စပြီး ကြုံရတာ မှတ်မိသေးတယ်ဗျ… စစချင်း အခန်းထဲမှာ ကုလားထိုင်တွေ ချပြီး အစည်းအဝေးပေါ့။ ကုလားထိုင်တွေအားလုံးကို သူက စုပြခဲ့ပြီး သူပြောခဲ့တာက ငါတို့က ဒီလိုမျိုးပဲ သပွတ်အူလိုက်နေတာပဲကွတဲ့။ ဒါပေမယ့် ပထမနှစ်အပြီး ဒုတိယနှစ်နဲ့ တတိယနှစ်မှာတော့ ကုလားထိုင်တွေက စနစ်တကျနဲ့ စီလိုက်သလိုဖြစ်လာတယ်။ စနစ်တကျလို့ ဆိုရာမှာ တစ်သင်းလုံးရဲ့ စုစည်းမှုရယ်၊ လေ့ကျင့်ရေး ဝန်ထမ်းနဲ့ နည်းပြတွေရယ်၊ ပြိုင်ဘက်တွေကို ဘယ်လိုရင်ဆိုင်ဖို့ ပြင်ဆင်မလဲဆိုတာရယ်၊ ထရိန်နင်၊ ကွင်းထဲက အရာအားလုံးနဲ့ အသင်းနဲ့ ပတ်ဝန်းကျင်က အရာအားလုံးပါပဲ။ တစ်ခါမှ ဒီလို စနစ်တကျ လုပ်လို့ရတယ်ဆိုတာ ကျွန်တော် မတွေးမိခဲ့ဖူးတာမျိုးတွေပေါ့။
(မေး) သူက အသင်းသားတွေကို ဘယ်လို စိတ်ဓာတ်မြင့်ပေးပြီး ပြင်ဆင်သလဲ… (All or Nothing ကို သတိရပြီး မေးသည်)
ချာကာ ရိုးရိုးသားသား ပြောရရင် ဒါတွေကို သူဘယ်လိုပြင်ဆင်လာခဲ့သလဲဆိုတာ ကျွန်တော် အံ့ဩတယ်။ လေ့ကျင့်ရေးမှာရော အဝတ်လဲခန်းထဲမှာပါ သီချင်းဖွင့်လေ့ရှိတယ်။ နေ့တိုင်းမှာ ဘယ်လိုသီချင်းဖွင့်ရမယ်ဆိုတာ ကောင်းကောင်းသိနေတဲ့သူပေါ့။ ပွဲတစ်ပွဲမတိုင်ခင်မှာ ကစားသမားတွေကို ဘယ်လိုမျိုး နိုးကြားတက်ကြွနေအောင် ပြင်ဆင်ပေးထားရမလဲဆိုတာ သူကျွမ်းကျင်တယ်။ စိတ်ဝင်စားစရာပေါ့ဗျာ… အရင်က ကျွန်တော် ဒါမျိုးမှ မကြုံဖူးတာကိုး။ သူက ကျွန်တော်တို့ကို ဘယ်လို ဖိအားပေးရမယ်ဆိုတာရော၊ ဘယ်လို ဖိအားတွေ လျော့အောင် လုပ်ပေးရမလဲဆိုတာရော နားလည်တယ်။ သူက ဘာဖြစ်တော့မလဲ ဆိုတာကို ကြိုပြီး အနံ့ရနေတဲ့သူမျိုးပဲ။ တစ်ခါမှ နည်းပြချုပ် မလုပ်ခဲ့ဖူးတဲ့သူက ဒီလိုမျိုး လုပ်ပြနိုင်တာတွေ့တော့ ကျွန်တော် အတော့်ကို အံ့ဩမိတယ်။ ဒါကပဲ သူ့ကို အထူးစပယ်ရှယ်နည်းပြဖြစ်နေစေတာပေါ့။
(မေး) အိုဇေးလ်၊ အူဘာမီယန်းတို့လို နာမည်ကြီးတွေကို ရှင်းထုတ်ပြီး လူသစ်တွေ အစားထိုးနိုင်ခဲ့တာက…
ချာကာ ဒါက အခုလုပ်နေကြတဲ့ လုပ်ငန်းစဉ်ပေါ့ဗျာ။ ပြီးတော့ မပြီးသေးဘူး၊ လုပ်နေတုန်းပဲ။ ဒီနှစ်ယောက်အကြောင်း ပြောရရင် တကယ့် နာမည်ကြီးတွေပဲလေ။ သူတို့ကို ရှင်းထုတ်လိုက်ပြီး အဆင်ပြေအောင် ဆက်သွားဖို့က အသင်းဘက်က ထောက်ပံ့ကူညီနိုင်မှုကလည်း အရေးကြီးပါတယ်။ ကျွန်တော့်အမြင်တော့ မီခယ်လ်က တာဝန်ရှိသူတွေရဲ့ ထောက်ခံမှုကောင်းကောင်းရထားတယ်။ မတူညီတဲ့ စိတ်နေစိတ်ထားတွေ၊ မတူညီတဲ့ ကစားသမား ပုံစံတွေနဲ့ သူတွေ့ကြုံခဲ့ရချိန်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ထင်တာပဲလေ။ အဲ့ဒီနှစ်ယောက်နဲ့ ကျွန်တော့်ကြားမှာ ဆက်ဆံရေးကောင်း ရှိပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ မီခယ်လ်ကပဲ ဆုံးဖြတ်ချက်ကို လုပ်ဆောင်သွားခဲ့တာပါ။
(မေး) ပရီးမီးယားလိဂ် ချန်ပီယံဆုယူဖို့ စကားတွေ အာတီတာ တားမြစ်ထားလား၊ အားပေးထားသလား…
ချာကာ သူက အလိုရှိသလို ကျွန်တော့်တို့ဆီကလည်း အများကြီး တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အချင်းချင်း တစ်ဦးကို တစ်ဦးပါ စုစည်းပြီး အပြန်အလှန် တောင်းဆိုကြဖို့လည်း သူအလိုရှိနေတယ်။ နေ့တိုင်းမှာ ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ဖို့ပေါ့ဗျာ။ ဘာကိုမှ ပေါ့ဆလို့တော့ မရဘူးဗျ။ တစ်ပွဲနှစ်ပွဲ ရှုံးလိုက်တာနဲ့ ခင်ဗျားက အဆင့် ၂ ရောက်သွားမယ်ဆို ဘယ်လိုလုပ်မလဲ။ အမှန် ပြောရရင်တော့ ချန်ပီယံဆုအတွက် ကျွန်တော်တို့တွေ မပြောသေးဘူး။ ဒုတိယကို ငါးမှတ် ဖြတ်ထားပေမယ့် ၁၃ ပွဲ ၁၄ ပွဲ ကစားရဦးမယ်ဆိုတာ လွယ်သေးတာမှ မဟုတ်တာ။ ဒီတော့ တစ်ဦးကို တစ်ဦး ယုံကြည်မှု ထည့်သွင်းပေးပြီးမှ ငါတို့ လုပ်နိုင်တယ်လို့ စကားမျိုးကို ပြောမှာလေ… ကျွန်တော်လည်း ဒီချန်ပီယံအိပ်မက်ကို မက်နေတာပဲ။ နေဦး… ဒါက အိပ်မက်တစ်ခု မဟုတ်ဘူး၊ အောင်မြင်အောင်လုပ်ပြရမယ့် အရာတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ တစ်လှမ်းချင်း၊ တစ်ပွဲချင်း အဲ့ဒီကို သွားနေပြီး ကျွန်တော်တို့ ဘယ်လောက် လုပ်ပြနိုင်သလဲဆိုတာ ပြကြမှာပါ။
Admin #Z
Reference : Skysports
zawgyi:
စေနေန႔ညမွာ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ကစားမယ့္ အာဆင္နယ္တို႔ရဲ႕ ေနာက္ဆုံး ထရိန္နင္အၿပီးမွာ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို စကိုင္းစပို႔စ္ရဲ႕ ဂ်ာနယ္လစ္ ေပါလ္ ဂီးလ္မိုးက လန္ဒန္ေကာ္လ္နီ ေလ့က်င့္ေရးကြင္းမွာ ဆက္သြယ္လာခဲ့ၿပီး အင္တာဗ်ဴးတစ္ခု ျဖစ္ေျမာက္သြားခဲ့သလို အသင္းအေၾကာင္း၊ နည္းျပ မီခယ္လ္ အာတီတာအေၾကာင္းနဲ႔ ခ်န္ပီယံဆု ရႏိုင္မယ့္အေၾကာင္းေတြကို ေမးျမန္းသြားခဲ့ပါတယ္။ ဒီထဲကမွ နည္းျပအာတီတာအေၾကာင္းႏွင့္ ပတ္သတ္တာေတြ အရင္ဆံုး ေကာက္ႏုတ္တင္ဆက္ေပးလိုက္ပါတယ္။
(ေမး) မီခယ္လ္ အာတီတာကို စကားလံုး တစ္လုံးတည္းနဲ႔ တင္စားေျပာမယ္ဆိုရင္
ခ်ာကာ အိုး… ဒါက အေတာ္ေလး အေတြးေကာင္းဖို႔ေတာ့ လိုလိမ့္မယ္ထင္တယ္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ သုံးစရာ စကားေတြက မ်ားလြန္းလို႔ပါပဲ။ ကဲဗ်ာ… အထူးစပယ္ရွယ္ေပါ့။
(ေမး) အာတီတာက အခုအသင္းကို ဘာေတြ ဘယ္လို တိုးတက္ေအာင္လုပ္ေပးထားသလဲ…
ခ်ာကာ သူ႔ရဲ႕ ပထမဆုံး ထရိန္နင္ေပးတာကို စၿပီး ႀကဳံရတာ မွတ္မိေသးတယ္ဗ်… စစခ်င္း အခန္းထဲမွာ ကုလားထိုင္ေတြ ခ်ၿပီး အစည္းအေဝးေပါ့။ ကုလားထိုင္ေတြအားလုံးကို သူက စုျပခဲ့ၿပီး သူေျပာခဲ့တာက ငါတို႔က ဒီလိုမ်ိဳးပဲ သပြတ္အူလိုက္ေနတာပဲကြတဲ့။ ဒါေပမယ့္ ပထမႏွစ္အၿပီး ဒုတိယႏွစ္နဲ႔ တတိယႏွစ္မွာေတာ့ ကုလားထိုင္ေတြက စနစ္တက်နဲ႔ စီလိုက္သလိုျဖစ္လာတယ္။ စနစ္တက်လို႔ ဆိုရာမွာ တစ္သင္းလုံးရဲ႕ စုစည္းမႈရယ္၊ ေလ့က်င့္ေရး ဝန္ထမ္းနဲ႔ နည္းျပေတြရယ္၊ ၿပိဳင္ဘက္ေတြကို ဘယ္လိုရင္ဆိုင္ဖို႔ ျပင္ဆင္မလဲဆိုတာရယ္၊ ထရိန္နင္၊ ကြင္းထဲက အရာအားလုံးနဲ႔ အသင္းနဲ႔ ပတ္ဝန္းက်င္က အရာအားလုံးပါပဲ။ တစ္ခါမွ ဒီလို စနစ္တက် လုပ္လို႔ရတယ္ဆိုတာ ကြၽန္ေတာ္ မေတြးမိခဲ့ဖူးတာမ်ိဳးေတြေပါ့။
(ေမး) သူက အသင္းသားေတြကို ဘယ္လို စိတ္ဓာတ္ျမင့္ေပးၿပီး ျပင္ဆင္သလဲ… (All or Nothing ကို သတိရၿပီး ေမးသည္)
ခ်ာကာ ႐ိုး႐ိုးသားသား ေျပာရရင္ ဒါေတြကို သူဘယ္လိုျပင္ဆင္လာခဲ့သလဲဆိုတာ ကြၽန္ေတာ္ အံ့ဩတယ္။ ေလ့က်င့္ေရးမွာေရာ အဝတ္လဲခန္းထဲမွာပါ သီခ်င္းဖြင့္ေလ့ရွိတယ္။ ေန႔တိုင္းမွာ ဘယ္လိုသီခ်င္းဖြင့္ရမယ္ဆိုတာ ေကာင္းေကာင္းသိေနတဲ့သူေပါ့။ ပြဲတစ္ပြဲမတိုင္ခင္မွာ ကစားသမားေတြကို ဘယ္လိုမ်ိဳး ႏိုးၾကားတက္ႂကြေနေအာင္ ျပင္ဆင္ေပးထားရမလဲဆိုတာ သူကြၽမ္းက်င္တယ္။ စိတ္ဝင္စားစရာေပါ့ဗ်ာ… အရင္က ကြၽန္ေတာ္ ဒါမ်ိဳးမွ မႀကဳံဖူးတာကိုး။ သူက ကြၽန္ေတာ္တို႔ကို ဘယ္လို ဖိအားေပးရမယ္ဆိုတာေရာ၊ ဘယ္လို ဖိအားေတြ ေလ်ာ့ေအာင္ လုပ္ေပးရမလဲဆိုတာေရာ နားလည္တယ္။ သူက ဘာျဖစ္ေတာ့မလဲ ဆိုတာကို ႀကိဳၿပီး အနံ႔ရေနတဲ့သူမ်ိဳးပဲ။ တစ္ခါမွ နည္းျပခ်ဳပ္ မလုပ္ခဲ့ဖူးတဲ့သူက ဒီလိုမ်ိဳး လုပ္ျပႏိုင္တာေတြ႕ေတာ့ ကြၽန္ေတာ္ အေတာ့္ကို အံ့ဩမိတယ္။ ဒါကပဲ သူ႔ကို အထူးစပယ္ရွယ္နည္းျပျဖစ္ေနေစတာေပါ့။
(ေမး) အိုေဇးလ္၊ အူဘာမီယန္းတို႔လို နာမည္ႀကီးေတြကို ရွင္းထုတ္ၿပီး လူသစ္ေတြ အစားထိုးႏိုင္ခဲ့တာက…
ခ်ာကာ ဒါက အခုလုပ္ေနၾကတဲ့ လုပ္ငန္းစဥ္ေပါ့ဗ်ာ။ ၿပီးေတာ့ မၿပီးေသးဘူး၊ လုပ္ေနတုန္းပဲ။ ဒီႏွစ္ေယာက္အေၾကာင္း ေျပာရရင္ တကယ့္ နာမည္ႀကီးေတြပဲေလ။ သူတို႔ကို ရွင္းထုတ္လိုက္ၿပီး အဆင္ေျပေအာင္ ဆက္သြားဖို႔က အသင္းဘက္က ေထာက္ပံ့ကူညီႏိုင္မႈကလည္း အေရးႀကီးပါတယ္။ ကြၽန္ေတာ့္အျမင္ေတာ့ မီခယ္လ္က တာဝန္ရွိသူေတြရဲ႕ ေထာက္ခံမႈေကာင္းေကာင္းရထားတယ္။ မတူညီတဲ့ စိတ္ေနစိတ္ထားေတြ၊ မတူညီတဲ့ ကစားသမား ပုံစံေတြနဲ႔ သူေတြ႕ႀကဳံခဲ့ရခ်ိန္မွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တယ္လို႔ ထင္တာပဲေလ။ အဲ့ဒီႏွစ္ေယာက္နဲ႔ ကြၽန္ေတာ့္ၾကားမွာ ဆက္ဆံေရးေကာင္း ရွိပါတယ္။ ဘာျပႆနာမွ မရွိပါဘူး။ မီခယ္လ္ကပဲ ဆုံးျဖတ္ခ်က္ကို လုပ္ေဆာင္သြားခဲ့တာပါ။
(ေမး) ပရီးမီးယားလိဂ္ ခ်န္ပီယံဆုယူဖို႔ စကားေတြ အာတီတာ တားျမစ္ထားလား၊ အားေပးထားသလား…
ခ်ာကာ သူက အလိုရွိသလို ကြၽန္ေတာ့္တို႔ဆီကလည္း အမ်ားႀကီး ေတာင္းဆိုထားပါတယ္။ ဒါ့အျပင္ ကြၽန္ေတာ္တို႔အခ်င္းခ်င္း တစ္ဦးကို တစ္ဦးပါ စုစည္းၿပီး အျပန္အလွန္ ေတာင္းဆိုၾကဖို႔လည္း သူအလိုရွိေနတယ္။ ေန႔တိုင္းမွာ ၁၀၀ ရာခိုင္ႏႈန္း ေပးဆပ္ဖို႔ေပါ့ဗ်ာ။ ဘာကိုမွ ေပါ့ဆလို႔ေတာ့ မရဘူးဗ်။ တစ္ပြဲႏွစ္ပြဲ ရႈံးလိုက္တာနဲ႔ ခင္ဗ်ားက အဆင့္ ၂ ေရာက္သြားမယ္ဆို ဘယ္လိုလုပ္မလဲ။ အမွန္ ေျပာရရင္ေတာ့ ခ်န္ပီယံဆုအတြက္ ကြၽန္ေတာ္တို႔ေတြ မေျပာေသးဘူး။ ဒုတိယကို ငါးမွတ္ ျဖတ္ထားေပမယ့္ ၁၃ ပြဲ ၁၄ ပြဲ ကစားရဦးမယ္ဆိုတာ လြယ္ေသးတာမွ မဟုတ္တာ။ ဒီေတာ့ တစ္ဦးကို တစ္ဦး ယုံၾကည္မႈ ထည့္သြင္းေပးၿပီးမွ ငါတို႔ လုပ္ႏိုင္တယ္လို႔ စကားမ်ိဳးကို ေျပာမွာေလ… ကြၽန္ေတာ္လည္း ဒီခ်န္ပီယံအိပ္မက္ကို မက္ေနတာပဲ။ ေနဦး… ဒါက အိပ္မက္တစ္ခု မဟုတ္ဘူး၊ ေအာင္ျမင္ေအာင္လုပ္ျပရမယ့္ အရာတစ္ခုျဖစ္တယ္။ ကြၽန္ေတာ္တို႔ တစ္လွမ္းခ်င္း၊ တစ္ပြဲခ်င္း အဲ့ဒီကို သြားေနၿပီး ကြၽန္ေတာ္တို႔ ဘယ္ေလာက္ လုပ္ျပႏိုင္သလဲဆိုတာ ျပၾကမွာပါ။
Admin #Z
Reference : Skysports
- Posted In:
- Articles