Trust the Processကြောင့် အမ်းမရိတ်စ်မှာ နယ်လ်ဆန်ပန်းတွေ ပွင့်ခဲ့တဲ့ပွဲမှ ထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်
အာဆင်နယ်အသင်းဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ နောက်ကျ အနိုင်ဂိုးနဲ့အတူ အရေးကြီးတဲ့ အနိုင် ၃ မှတ်စလုံးကို ရယူနိုင်ခဲ့ပါတယ်။
ရိစ် နယ်ဆန်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးက ဆုဖလားပြိုင်ပွဲကို သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့သွင်းဂိုးဖြစ်ခဲ့ပြီး ဘုန်းမောက်အသင်းကလည်း ၁၀ စက္ကန့်အတွင်းမှာ ဖီလစ်ပ် ဘီလ်လင်းက ဂိုးသွင်းယူသွားချိန်မှာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအမြန်ဆုံးသွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ စနေနေ့နေ့လယ်မှာ အနိုင်ရရှိခဲ့တဲ့ မန်စီးတီးကြောင့် ဖိအားအနည်းငယ် ရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မားကို့စ် ဆီနီဆီက ခေါင်းတိုက်ပြီး နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားချိန်မှာ ဖိအားတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ထပ် ၅ မိနစ်အကြာမှာ ပါတေးက ချေပဂိုးကို စတင်သွင်းယူပေးခဲ့ပြီး ဘန် ဝှိုက်က ပွဲပြီးဆုံးခါနီး မိနစ် ၂၀ အလိုမှာ ဘန် ဝှိုက်က နောက်ထပ်ချေပဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်အသင်းဟာ အရှိန် ရလာခဲ့ပေမယ့်လည်း အဆုံးအဖြတ်ဖြစ်စေမယ့် ပဉ္စမမြောက်ဂိုးကို နာကျင်အချိန်ပို ၆ မိနစ်အထိ ရှိလာတာတောင်မှ ရှာမတွေ့ခဲ့တာဖြစ်ပြီး ၉၇ မိနစ်မှာ ရိစ် နယ်ဆန်က အလွန်ကောင်းမွန်တဲ့ နောက်ကျအနိုင်ဂိုး သွင်းယူခဲ့ချိန်မှာတော့ အရန်ခုံတန်းကလူတွေအားလုံးကို ကွင်းထဲမှာ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတ်ယ။
၁။ အမ်းမရိတ်စ်မှာ နယ်လ်ဆန်ပန်းတွေ ပွင့်တဲ့ည
ဒဏ်ရာကနေ ပြန်သက်လာခဲ့တဲ့ ရီးစ် နယ်လ်ဆန်ဟာ ပွဲချိန် ၆၉ မိနစ်မှာ စမစ် ရိုးအစား လူစားဝင်ကစားလာခဲ့ပြီး စက္ကန့်ပိုင်းမှာပဲ မိနစ် ၇၀ မှာ ဘန်ဝှိုက်သွင်းယူလိုက်တဲ့ အာဆင်နယ်အသင်းအတွက် ဒုတိယချေပဂိုးကို ဖန်တီးပေးပို့ခဲ့ပါတယ်။ ပွဲသိမ်း ခရာမှုတ်ဖို့ စက္ကန့်ပိုင်းအလိုလေးမှာ အာဆင်နယ်အသင်းအတွက် အနိုင် ၃ မှတ် ရစေမယ့် ဂိုးကို လှလှပပ သွင်းပေးခဲ့နိုင်ခြင်းဟာ ယခုရာသီမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ဖြစ်ခဲ့ပြီး ယခုပွဲမှ လူစားဝင်ကစားပေးခဲ့ရတဲ့ ဟေးအန့်အကယ်ဒမီထွက်လေးအတွက် အမှတ်ရစရာပါပဲ။ အာဆင်နယ်သာ ပရီးမီးယားလိဂ် ဖလားကို ယခုရာသီ ရရှိခဲ့လျှင် ယခုပွဲမှာ နယ်လ်ဆန်ပန်းတွေ ပွင့်လန်းခဲ့ခြင်းက မှတ်မှတ်ရရ ပြောစရာ တခုဖြစ်လာမှာ မလွဲပါဘူး။
၂။ ဆုံးဖြတ်ချက် ပြတ်သားလွန်းပြီး ယုံကြည်ချက်ပြည့်ခဲ့တဲ့ နည်းစနစ်ဆရာ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ပထမပိုင်း ၄၅ မိနစ်မှာ တိုမီယဆုတစ်ယောက် ပုံမှန်ခြေမရပဲ အမှားများနေတဲ့အတွက် ဘန် ဝှိုက်နဲ့ လူစားလဲခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာ ဒဏ်ရာရသွားတဲ့ ထရော့စ်ဆာ့ဒ်အစား စမစ် ရိုးကို လူစားဝင်ကစားခဲ့ပေမယ့် ဒဏ်ရာကြောင့် ကာလရှည် မကစားရတဲ့ ဒီကစားသမားလေးရဲ့ ဘယ်တောင်ပံက တိုက်စစ်ဆင်သမျှဟာ ဘုန်းမောက်အသင်းရဲ့ ခံစစ်အောက်မှာ ရုန်းကန်နေခဲ့ရပါတယ်။ ဒါကို သိမြင်တဲ့ နည်းပြအာတီတာဟာ စမစ် ရိုးကို ပြန်လည် လူစားလဲဖို့ တွန့်ဆုတ်မနေပဲ ရီးစ် နယ်လ်ဆန်ကို ပွဲချိန် ၆၉ မိနစ်မှာ စမစ် ရိုးအစား လူစားဝင်ကစားစေခဲ့ပြီး နယ်လ်ဆန်အနေနဲ့ ဝင်ဝင်ချင်း တစ်မိနစ်အတွင်း ဘန် ဝှိုက်သွင်းယူတဲ့ ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့သလို ပွဲသိမ်းခရာ မမှုတ်ခင် နောက်ဆုံး စက္ကန့်မှာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် ခရီးလမ်းအတွက် လွန်စွာအကျိုးရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ၂ ဂိုးပြတ် ရှုံးနေခဲ့ပေမယ့် ပွဲသိမ်းခရာမှုတ်ချိန်မှာ အက်စတန်ဗီလာပွဲကလိုပဲ come back နဲ့ အနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ အာတီတာနဲ့ နည်းပြအဖွဲ့ဟာ ယုံကြည်ချက်အပြည့်နဲ့ ကွင်းဘေးစည်းကနေ နောက်ဆုံး စက္ကန့်အထိ ဇွဲမလျော့ပဲ အသင်းကို စက္ကန့်မလပ် တွန်းအားပေးနေခြင်းကလည်း ယခုပွဲရဲ့ အနိုင် ၃ မှတ်ကို ရရှိစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တချက်ဖြစ်ပါတော့တယ်။
၃။ ချန်ပီယံဖြစ်မယ့်ရာသီကို သတ်မှတ်ပေးနိုင်ခဲ့တဲ့ ၄၅ မိနစ်
အာဆင်နယ်သာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် မတ်လ ၄ ရက်နေ့ညနေဟာ အရေးကြီးတဲ့အခိုက်အတန်အဖြစ် ညွှန်ပြရမှာဖြစ်ပါတယ်။ ပွဲကစားချိန် ၁ နာရီပြည့်တဲ့အထိ ဂန်းနားတွေဟာ ၂-၀ နဲ့ ဘုန်းမောက်ကို လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်း မိနစ် ၆၂ မိနစ်ကနေ ၉၇ မိနစ်အတွင်း အံ့အားသင့်ဖွယ်သွင်းဂိုး ၃ ဂိုးအထိ သွင်းယူပြခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ အက်စတန် ဗီလာနဲ့ပွဲအပြီးမှာ ဂန်းနားတွေရဲ့ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ဓာတ်မျိုးကို နောက်ထပ်တစ်ကြိမ် ထင်ဟပ်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းတည်းနဲ့တင် ဂန်းနားတို့ ချန်ပီယံဖြစ်သင့်တယ်ဆိုတာ ကြည့်ရှုနေတဲ့ ပြိုင်ဘက်တွေ ကြိတ်ပြီး လက်ခံမိကြမှာဖြစ်ပါတယ်။
၄။ လျင်မြန်တဲ့ သွင်းဂိုး
လက်ဒလီ ကင်းက ၂၀၀၀ ပြည့်နှစ်တုန်းက ဘရက်ဒ်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ရဲ့အလျင်မြန်ဆုံးသွင်းဂိုးစံချိန်ကို ရေးထိုးနိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရှိန်းလောင်းက ၈ စက္ကန့်အောက်နဲ့ အမြန်ဆုံးသွင်းဂိုးကို စံချိန်သစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘီလ်လင်းဟာ အမ်းမရိတ်စ်မှာ အဲဒီစံချိန်ကိုချိုးဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးစည်းကို ၉.၁၁ စက္ကန့်အကြာမှ ကျော်သွားခဲ့တာကြောင့် ရှိန်းလောင်းရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ဖို့ သီသီလေး လွဲချော်သွားခဲ့ပြီး ဒုတိယအမြန်ဆုံးသွင်းဂိုးသာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
၅။ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲနာရီ
ဖီဖာက ပွဲစဉ်အတွင်း အချိန်ကို ထိန်းသိမ်းရာမှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ Marca ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ဘောလုံးအဖွဲ့အစည်းကြီးဟာ ပွဲနာရီ စည်းမျဉ်းသစ်ကို အလေးအနက်စဉ်းစားနေပြီး ဘောလုံး ကွင်းထဲကနေ ထွက်သွားတဲ့အချိန်မှာ နာရီက ရပ်တန့်သွားမှာဖြစ်ပါတယ်။ အဲဒါက အချိန်ဖြုန်းတီးခြင်းကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်က ကောင်လေးတစ်ယောက်ကတော့ မတူညီတဲ့ပုံစံမျိုး ပြုလုပ်ခဲ့မှာဖြစ်ပါတယ်။ ဘုန်းမောက်ဂိုးသမား နီတိုဟာ အဖွင့်ပွဲကစားချိန် ၁၅ မိနစ်တွင်းမှာ ဂိုးလွန်ဘောတွေကို ကန်တင်ဖို့ အချိန်ဆွဲခဲ့တာကြောင့် လှောင်ပြောင်ခံခဲ့ရတာဖြစ်ပါတယ်။ အာတီတာကလည်း ဧည့်သည်အသင်း အချိန်ဆွဲခြင်းကို ခံနေရတာကြောင့် လက်တွေကို ဆန့်ထုတ်ပြီး မပျော်မရွှင်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုအပြောင်းအလဲကြောင့် ကမ္ဘာ့ဖလားတုန်းက ပွဲကစားချိန်တွေက မိနစ် ၁၀၀ ကျော်ခဲ့ပြီး အစွန်းရောက်လွန်းသလိုဖြစ်ခဲ့ပေမယ့်လည်း အများစုက ကြိုဆိုခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် စနေနေ့ညနေ အမ်းမရိတ်စ်က ပရိသတ်တွေကတော့ ပွဲကစားချိန်ပြီးသွားတာထက် အချိန်ပိုဘယ်လောက်ရမလဲဆိုတာကို ပိုဂရုစိုက်ခဲ့တာဖြစ်ပါတယ်။
၆။ ဗီယာရာရဲ့အခွင့်အလမ်း
ချာကာ ပွဲထွက်လူစာရင်းမှာ မပါဝင်မှုက ပွဲမတိုင်ခင် ပြောစရာဖြစ်ခဲ့ပြီးဆွစ်ဇာလန်ကွင်းလယ်လူဟာ ရှားရှားပါးပါး အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒါက ဖေဘီယို ဗီယာရာကို ရှားရှားပါးပါး ပွဲထွက်ကစားခွင့် ရရှိစေခဲ့ပြီး ကွင်းလယ်ကြယ်ပွင့်ဟာ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။ ပေါ်တိုကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ယခုရာသီအစောပိုင်းတုန်းက ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ဖူးတာဖြစ်ပြီး အာဆင်နယ်ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်မှုက ဗီယာရာရဲ့ အားသာချက်တွေအတွက် အထောက်အကူဖြစ်ခဲ့ပြီး ချာကာထက် ပိုမို တိုက်စစ်လိုက်ပါတဲ့အခန်းကဏ္ဍနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ဗီယာရာကို ထည့်သုံးဖို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေး ဖြစ်ခဲ့ပေမယ့်လည်း ချာကာက ပိုမိုကောင်းမွန်တဲ့အသင်းတွေနဲ့ရင်ဆိုင်ရာမှာ ခံစစ်ပိုင်းပိုမိုအာမခံချက်ပေးနိုင်တာကြောင့် ပေါ်တူဂီကွင်းလယ်ကစားသမားရဲ့ ပွဲထွက်ကစားသမားအဖြစ် ကစားရတဲ့အချိန်တွေက တိုတောင်းဦးမှာဖြစ်ပါတယ်။
၇။ နောက်ထပ်စိုးရိမ်စရာကောင်းလာတဲ့ ဒဏ်ရာပြဿနာ
Plan B က အန်ကီးတီယားကို တိုက်စစ်မှူးအဖြစ် ကစားခိုင်းတာဖြစ်ပြီး ထရော့ဆာ့ဒ်က false 9 အဖြစ်ကစားတာက Plan C ဆိုရင် အာဆင်နယ်အနေနဲ့ စနေနေ့က ပွဲကစားချိန် ၂၅ မိနစ်အတွင်းမှာ Plan D ကို ရှာတွေ့ခဲ့တာဖြစ်ပါလိမ့်မယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပွဲကစားချိန် အစောပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး စမစ် ရိုးက လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဟေးအမ်းအကယ်ဒမီထွက်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပေမယ့်လည်း စီစဉ်ထားတာထက် စောပြီး ကွင်းထဲ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီလူစားလဲလှယ်မှုကြောင့် တိုက်စစ်မှာ အပြောင်းအလဲတွေ ပြန်လုပ်ခဲ့ရပြီး စမစ် ရိုးက ဘယ်တောင်ပံထွက်ကစားခဲ့ရာမှာ မာတီနယ်လီက အလယ်ကို ပြောင်းကစားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ရဲ့ အင်အားနည်းပါးတဲ့လူစာရင်းဟာ ပြဿနာအဖြစ် ပြောကြားခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း ရာသီအချိန်အများစုမှာ ဒဏ်ရာကင်းစင်နေအောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာပြသနာတွေက ရာသီရဲ့ နောက်ဆုံးအပိုင်းမှာ ဖြစ်လာဖွယ်ရှိနေပြီ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္အသင္းဟာ စေနေန႔ညေန အမ္းမရိတ္စ္မွာ ေနာက္က် အႏိုင္ဂိုးနဲ႔အတူ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္စလုံးကို ရယူႏိုင္ခဲ့ပါတယ္။
ရိစ္ နယ္ဆန္ရဲ႕ နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးက ဆုဖလားၿပိဳင္ပြဲကို သတ္မွတ္ႏိုင္တဲ့ အေရးႀကီးတဲ့သြင္းဂိုးျဖစ္ခဲ့ၿပီး ဘုန္းေမာက္အသင္းကလည္း ၁၀ စကၠန႔္အတြင္းမွာ ဖီလစ္ပ္ ဘီလ္လင္းက ဂိုးသြင္းယူသြားခ်ိန္မွာ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယအျမန္ဆုံးသြင္းဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ စေနေန႔ေန႔လယ္မွာ အႏိုင္ရရွိခဲ့တဲ့ မန္စီးတီးေၾကာင့္ ဖိအားအနည္းငယ္ ရွိခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ မားကို႔စ္ ဆီနီဆီက ေခါင္းတိုက္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူသြားခ်ိန္မွာ ဖိအားေတြ ပိုမိုျမင့္တက္လာခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေနာက္ထပ္ ၅ မိနစ္အၾကာမွာ ပါေတးက ေခ်ပဂိုးကို စတင္သြင္းယူေပးခဲ့ၿပီး ဘန္ ဝႈိက္က ပြဲၿပီးဆုံးခါနီး မိနစ္ ၂၀ အလိုမွာ ဘန္ ဝႈိက္က ေနာက္ထပ္ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ အိမ္ရွင္အသင္းဟာ အရွိန္ ရလာခဲ့ေပမယ့္လည္း အဆုံးအျဖတ္ျဖစ္ေစမယ့္ ပၪၥမေျမာက္ဂိုးကို နာက်င္အခ်ိန္ပို ၆ မ ိနစ္အထိ ရွိလာတာေတာင္မွ ရွာမေတြ႕ခဲ့တာျဖစ္ၿပီး ၉၇ မိနစ္မွာ ရိစ္ နယ္ဆန္က အလြန္ေကာင္းမြန္တဲ့ ေနာက္က်အႏိုင္ဂိုး သြင္းယူခဲ့ခ်ိန္မွာေတာ့ အရန္ခုံတန္းကလူေတြအားလုံးကို ကြင္းထဲမွာ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတ္ယ။
၁။ အမ္းမရိတ္စ္မွာ နယ္လ္ဆန္ပန္းေတြ ပြင့္တဲ့ည
ဒဏ္ရာကေန ျပန္သက္လာခဲ့တဲ့ ရီးစ္ နယ္လ္ဆန္ဟာ ပြဲခ်ိန္ ၆၉ မိနစ္မွာ စမစ္ ႐ိုးအစား လူစားဝင္ကစားလာခဲ့ၿပီး စကၠန႔္ပိုင္းမွာပဲ မိနစ္ ၇၀ မွာ ဘန္ဝႈိက္သြင္းယူလိုက္တဲ့ အာဆင္နယ္အသင္းအတြက္ ဒုတိယေခ်ပဂိုးကို ဖန္တီးေပးပို႔ခဲ့ပါတယ္။ ပြဲသိမ္း ခရာမႈတ္ဖို႔ စကၠန႔္ပိုင္းအလိုေလးမွာ အာဆင္နယ္အသင္းအတြက္ အႏိုင္ ၃ မွတ္ ရေစမယ့္ ဂိုးကို လွလွပပ သြင္းေပးခဲ့ႏိုင္ျခင္းဟာ ယခုရာသီမွာ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ျဖစ္ခဲ့ၿပီး ယခုပြဲမွ လူစားဝင္ကစားေပးခဲ့ရတဲ့ ေဟးအန႔္အကယ္ဒမီထြက္ေလးအတြက္ အမွတ္ရစရာပါပဲ။ အာဆင္နယ္သာ ပရီးမီးယားလိဂ္ ဖလားကို ယခုရာသီ ရရွိခဲ့လွ်င္ ယခုပြဲမွာ နယ္လ္ဆန္ပန္းေတြ ပြင့္လန္းခဲ့ျခင္းက မွတ္မွတ္ရရ ေျပာစရာ တခုျဖစ္လာမွာ မလြဲပါဘူး။
၂။ ဆုံးျဖတ္ခ်က္ ျပတ္သားလြန္းၿပီး ယုံၾကည္ခ်က္ျပည့္ခဲ့တဲ့ နည္းစနစ္ဆရာ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ပထမပိုင္း ၄၅ မိနစ္မွာ တိုမီယဆုတစ္ေယာက္ ပုံမွန္ေျခမရပဲ အမွားမ်ားေနတဲ့အတြက္ ဘန္ ဝႈိက္နဲ႔ လူစားလဲခဲ့ပါတယ္။ ပြဲခ်ိန္ ၂၂ မိနစ္မွာ ဒဏ္ရာရသြားတဲ့ ထေရာ့စ္ဆာ့ဒ္အစား စမစ္ ႐ိုးကို လူစားဝင္ကစားခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ ကာလရွည္ မကစားရတဲ့ ဒီကစားသမားေလးရဲ႕ ဘယ္ေတာင္ပံက တိုက္စစ္ဆင္သမွ်ဟာ ဘုန္းေမာက္အသင္းရဲ႕ ခံစစ္ေအာက္မွာ ႐ုန္းကန္ေနခဲ့ရပါတယ္။ ဒါကို သိျမင္တဲ့ နည္းျပအာတီတာဟာ စမစ္ ႐ိုးကို ျပန္လည္ လူစားလဲဖို႔ တြန႔္ဆုတ္မေနပဲ ရီးစ္ နယ္လ္ဆန္ကို ပြဲခ်ိန္ ၆၉ မိနစ္မွာ စမစ္ ႐ိုးအစား လူစားဝင္ကစားေစခဲ့ၿပီး နယ္လ္ဆန္အေနနဲ႔ ဝင္ဝင္ခ်င္း တစ္မိနစ္အတြင္း ဘန္ ဝႈိက္သြင္းယူတဲ့ ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့သလို ပြဲသိမ္းခရာ မမႈတ္ခင္ ေနာက္ဆုံး စကၠန႔္မွာ အာဆင္နယ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ ခရီးလမ္းအတြက္ လြန္စြာအက်ိဳးရွိေစမယ့္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ၂ ဂိုးျပတ္ ရႈံးေနခဲ့ေပမယ့္ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ အက္စတန္ဗီလာပြဲကလိုပဲ come back နဲ႔ အႏိုင္ရမယ္ဆိုတဲ့ ယုံၾကည္ခ်က္အျပည့္နဲ႔ အာတီတာနဲ႔ နည္းျပအဖြဲ႕ဟာ ယုံၾကည္ခ်က္အျပည့္နဲ႔ ကြင္းေဘးစည္းကေန ေနာက္ဆုံး စကၠန႔္အထိ ဇြဲမေလ်ာ့ပဲ အသင္းကို စကၠန႔္မလပ္ တြန္းအားေပးေနျခင္းကလည္း ယခုပြဲရဲ႕ အႏိုင္ ၃ မွတ္ကို ရရွိေစခဲ့တဲ့ အေၾကာင္းရင္းေတြထဲက တခ်က္ျဖစ္ပါေတာ့တယ္။
၃။ ခ်န္ပီယံျဖစ္မယ့္ရာသီကို သတ္မွတ္ေပးႏိုင္ခဲ့တဲ့ ၄၅ မိနစ္
အာဆင္နယ္သာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့မယ္ဆိုရင္ မတ္လ ၄ ရက္ေန႔ညေနဟာ အေရးႀကီးတဲ့အခိုက္အတန္အျဖစ္ ၫႊန္ျပရမွာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ၁ နာရီျပည့္တဲ့အထိ ဂန္းနားေတြဟာ ၂-၀ နဲ႔ ဘုန္းေမာက္ကို လိုက္ကစားခဲ့ရၿပီး ဒုတိယပိုင္း မိနစ္ ၆၂ မိနစ္ကေန ၉၇ မိနစ္အတြင္း အံ့အားသင့္ဖြယ္သြင္းဂိုး ၃ ဂိုးအထိ သြင္းယူျပခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ အက္စတန္ ဗီလာနဲ႔ပြဲအၿပီးမွာ ဂန္းနားေတြရဲ႕ ငုပ္မိသဲတိုင္ တက္ႏိုင္ဖ်ားေရာက္ စိတ္ဓာတ္မ်ိဳးကို ေနာက္ထပ္တစ္ႀကိမ္ ထင္ဟပ္ခဲ့တဲ့ ပြဲစဥ္ျဖစ္ခဲ့ၿပီး ဒုတိယပိုင္းတစ္ပိုင္းတည္းနဲ႔တင္ ဂန္းနားတို႔ ခ်န္ပီယံျဖစ္သင့္တယ္ဆိုတာ ၾကည့္ရႈေနတဲ့ ၿပိဳင္ဘက္ေတြ ႀကိတ္ၿပီး လက္ခံမိၾကမွာျဖစ္ပါတယ္။
၄။ လ်င္ျမန္တဲ့ သြင္းဂိုး
လက္ဒလီ ကင္းက ၂၀၀၀ ျပည့္ႏွစ္တုန္းက ဘရက္ဒ္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ပရီးမီးယားလိဂ္ရဲ႕အလ်င္ျမန္ဆုံးသြင္းဂိုးစံခ်ိန္ကို ေရးထိုးႏိုင္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ ဝက္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ရွိန္းေလာင္းက ၈ စကၠန႔္ေအာက္နဲ႔ အျမန္ဆုံးသြင္းဂိုးကို စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘီလ္လင္းဟာ အမ္းမရိတ္စ္မွာ အဲဒီစံခ်ိန္ကိုခ်ိဳးဖို႔ အခြင့္အေရးရခဲ့ေပမယ့္လည္း ေဘာလုံးက ဂိုးစည္းကို ၉.၁၁ စကၠန႔္အၾကာမွ ေက်ာ္သြားခဲ့တာေၾကာင့္ ရွိန္းေလာင္းရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ဖို႔ သီသီေလး လြဲေခ်ာ္သြားခဲ့ၿပီး ဒုတိယအျမန္ဆုံးသြင္းဂိုးသာ ျဖစ္ခဲ့တာျဖစ္ပါတယ္။
၅။ စိတ္ဝင္စားစရာေကာင္းတဲ့ ပြဲနာရီ
ဖီဖာက ပြဲစဥ္အတြင္း အခ်ိန္ကို ထိန္းသိမ္းရာမွာ ႀကီးမားတဲ့ အေျပာင္းအလဲျဖစ္လိမ့္မယ္လို႔ ေၾကညာခဲ့ပါတယ္။ Marca ရဲ႕ ေဖာ္ျပခ်က္အရ ကမာၻ႔ေဘာလုံးအဖြဲ႕အစည္းႀကီးဟာ ပြဲနာရီ စည္းမ်ဥ္းသစ္ကို အေလးအနက္စဥ္းစားေနၿပီး ေဘာလုံး ကြင္းထဲကေန ထြက္သြားတဲ့အခ်ိန္မွာ နာရီက ရပ္တန႔္သြားမွာျဖစ္ပါတယ္။ အဲဒါက အခ်ိန္ျဖဳန္းတီးျခင္းကို ကာကြယ္ဖို႔ ရည္႐ြယ္ခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္က ေကာင္ေလးတစ္ေယာက္ကေတာ့ မတူညီတဲ့ပုံစံမ်ိဳး ျပဳလုပ္ခဲ့မွာျဖစ္ပါတယ္။ ဘုန္းေမာက္ဂိုးသမား နီတိုဟာ အဖြင့္ပြဲကစားခ်ိန္ ၁၅ မိနစ္တြင္းမွာ ဂိုးလြန္ေဘာေတြကို ကန္တင္ဖို႔ အခ်ိန္ဆြဲခဲ့တာေၾကာင့္ ေလွာင္ေျပာင္ခံခဲ့ရတာျဖစ္ပါတယ္။ အာတီတာကလည္း ဧည့္သည္အသင္း အခ်ိန္ဆြဲျခင္းကို ခံေနရတာေၾကာင့္ လက္ေတြကို ဆန႔္ထုတ္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီလိုအေျပာင္းအလဲေၾကာင့္ ကမာၻ႔ဖလားတုန္းက ပြဲကစားခ်ိန္ေတြက မိနစ္ ၁၀၀ ေက်ာ္ခဲ့ၿပီး အစြန္းေရာက္လြန္းသလိုျဖစ္ခဲ့ေပမယ့္လည္း အမ်ားစုက ႀကိဳဆိုခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ စေနေန႔ညေန အမ္းမရိတ္စ္က ပရိသတ္ေတြကေတာ့ ပြဲကစားခ်ိန္ၿပီးသြားတာထက္ အခ်ိန္ပိုဘယ္ေလာက္ရမလဲဆိုတာကို ပိုဂ႐ုစိုက္ခဲ့တာျဖစ္ပါတယ္။
၆။ ဗီယာရာရဲ႕အခြင့္အလမ္း
ခ်ာကာ ပြဲထြက္လူစာရင္းမွာ မပါဝင္မႈက ပြဲမတိုင္ခင္ ေျပာစရာျဖစ္ခဲ့ၿပီးဆြစ္ဇာလန္ကြင္းလယ္လူဟာ ရွားရွားပါးပါး အရန္ခုံထိုင္ခဲ့ရတာျဖစ္ပါတယ္။ အဲဒါက ေဖဘီယို ဗီယာရာကို ရွားရွားပါးပါး ပြဲထြက္ကစားခြင့္ ရရွိေစခဲ့ၿပီး ကြင္းလယ္ၾကယ္ပြင့္ဟာ လူစားဝင္ကစားသမားအျဖစ္သာ ကစားခဲ့ရတာျဖစ္ပါတယ္။ ေပၚတိုကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ယခုရာသီအေစာပိုင္းတုန္းက ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ဖူးတာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူထားႏိုင္မႈက ဗီယာရာရဲ႕ အားသာခ်က္ေတြအတြက္ အေထာက္အကူျဖစ္ခဲ့ၿပီး ခ်ာကာထက္ ပိုမို တိုက္စစ္လိုက္ပါတဲ့အခန္းက႑နဲ႔ ကစားခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ ဗီယာရာကို ထည့္သုံးဖို႔အတြက္ ၿပီးျပည့္စုံတဲ့ အခြင့္အေရး ျဖစ္ခဲ့ေပမယ့္လည္း ခ်ာကာက ပိုမိုေကာင္းမြန္တဲ့အသင္းေတြနဲ႔ရင္ဆိုင္ရာမွာ ခံစစ္ပိုင္းပိုမိုအာမခံခ်က္ေပးႏိုင္တာေၾကာင့္ ေပၚတူဂီကြင္းလယ္ကစားသမားရဲ႕ ပြဲထြက္ကစားသမားအျဖစ္ ကစားရတဲ့အခ်ိန္ေတြက တိုေတာင္းဦးမွာျဖစ္ပါတယ္။
၇။ ေနာက္ထပ္စိုးရိမ္စရာေကာင္းလာတဲ့ ဒဏ္ရာျပႆနာ
Plan B က အန္ကီးတီယားကို တိုက္စစ္မႉးအျဖစ္ ကစားခိုင္းတာျဖစ္ၿပီး ထေရာ့ဆာ့ဒ္က false 9 အျဖစ္ကစားတာက Plan C ဆိုရင္ အာဆင္နယ္အေနနဲ႔ စေနေန႔က ပြဲကစားခ်ိန္ ၂၅ မိနစ္အတြင္းမွာ Plan D ကို ရွာေတြ႕ခဲ့တာျဖစ္ပါလိမ့္မယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ပြဲကစားခ်ိန္ အေစာပိုင္းမွာပဲ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရၿပီး စမစ္ ႐ိုးက လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ေဟးအမ္းအကယ္ဒမီထြက္ဟာ ဒီရာသီမွာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရေပမယ့္လည္း စီစဥ္ထားတာထက္ ေစာၿပီး ကြင္းထဲ ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။ ဒီလူစားလဲလွယ္မႈေၾကာင့္ တိုက္စစ္မွာ အေျပာင္းအလဲေတြ ျပန္လုပ္ခဲ့ရၿပီး စမစ္ ႐ိုးက ဘယ္ေတာင္ပံထြက္ကစားခဲ့ရာမွာ မာတီနယ္လီက အလယ္ကို ေျပာင္းကစားခဲ့တာျဖစ္ပါတယ္။အာဆင္နယ္ရဲ႕ အင္အားနည္းပါးတဲ့လူစာရင္းဟာ ျပႆနာအျဖစ္ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း ရာသီအခ်ိန္အမ်ားစုမွာ ဒဏ္ရာကင္းစင္ေနေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဒဏ္ရာျပသနာေတြက ရာသီရဲ႕ ေနာက္ဆုံးအပိုင္းမွာ ျဖစ္လာဖြယ္ရွိေနၿပီ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles