ပြိုင်ဘက်အသင်းကြီးတွေနဲ့ ပွဲကြီးတွေမှာ အော်ဒီဂွါဒ် တကယ် ပျောက်ဆုံးနေသလား admin

ပြိုင်ဘက်အသင်းကြီးတွေနဲ့ ပွဲကြီးတွေမှာ အော်ဒီဂွါဒ် တကယ် ပျောက်ဆုံးနေသလား

အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ်ကို ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဂျော်ဒန် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့က ပိုမို လွှမ်းမိုးထားနိုင်ခဲ့ပြီးနောက် ကွင်းလယ်တိုက်ပွဲနဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိခဲ့ပြီး မာတင် အော်ဒီဂွါဒ်၊ ချာကာနဲ့ ပါတေးတို့ဆီကနေ ဂန်းနား ပရိသတ်တွေက အလားတူ မျှော်မှန်းထားခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာ မာတီနယ်လီ ဂိုးသွင်းယူနိုင်စေခဲ့တဲ့ လှုပ်ရှားမှုမှာ ဂန်းနားအသင်းခေါင်းဆောင်ပါဝင်ခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ကွင်းလယ်က လီဗာပူးလ်ကွင်းလယ်ကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီပျော်ရွှင်မှုဟာ မာတင် အော်ဒီဂွါဒ်အတွက် ခဏတာသာ ဖြစ်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဒီပွဲစဉ်အတွင်း ဘောလုံးထိတွေ့မှု အကြိမ် ၄၀၊ ဘောလုံးပေးပို့ဖို့ ကြိုးပမ်းမှု ၂၈ ကြိမ်မှာ ၂၄ ကြိမ်အောင်မြင်ခဲ့တာဟာ ဒီရာသီ တစ်ပွဲပျမ်းမျှ ပြုလုပ်နိုင်ခဲ့တဲ့ ဘောလုံးထိတွေ့မှု ၆၀.၈ ကြိမ်၊ တိကျတဲ့ပေးပို့မှု ၃၈.၂ ကြိမ်နဲ့ နှိုင်းယှဉ်ရင်တော့ လီဗာပူးလ်နဲ့ပွဲမှာ နည်းပါးခဲ့တာ တွေ့ရှိရပါတယ်။

ဒါ့အပြင် မာတင် အော်ဒီဂွါဒ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ အဓိကကျတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ မြေပြင်တစ်ဦးချင်း ယှဉ်ပြိုင်လုယူမှု ၅ ကြိမ်မှာ ၁ ကြိမ်သာ အနိင်ရခဲ့ပြီး ယခင်ပွဲတွေက ရရှိခဲ့တဲ့ ပျမ်းမျှ အဓိကကျတဲ့ပေးပို့မှု ၂.၂ ကြိမ်နဲ့ မြေပြင်တစ်ဦးချင်း ယှဉ်ပြိုင်လုယူမှု ၃ ကြိမ်အနိုင်ရခဲ့တာနဲ့ နှိုင်းယှဉ်ရင်လည်း ယခုပွဲမှာ နည်းပါးခဲ့ပါတယ်။

အာဆင်နယ်အသင်းက လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီ သရေကျပြီးနောက် အထက်ပါ ပွဲတစ်ပွဲအပြီး ထွက်ပေါ်လာတဲ့ data analysis အချက်အလက်တွေအရ လူမှုကွန်ရက်ပေါ်မှာ မာတင် အော်ဒီဂွါဒ်ဟာ ပွဲကြီးတွေမှာဆိုရင် အိုဇေးလ်အတိုင်းပဲ ပျောက်နေတတ်တယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီပြောဆို ဝေဖန်မှုတွေဟာ လီဗာပူးလ်၊ မန်ယူနိုက်တက်တို့နဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု၊ စပါးစ်ကို အလွန်ကောင်းမွန်တဲ့ကန်ချက်နဲ့ ဂိုးသွင်းယူမှု၊ ပြီးခဲ့တဲ့နှစ် အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းယူမှု၊ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ဂန်းနား အသင်းခေါင်းဆောင်အတွက် မျှတမှုမရှိပဲ ပြင်းထန်လွန်းလှပါတယ်။

တကယ်တော့ အော်ဒီဂွါဒ်ဟာ ပွဲကြီးတွေ၊ ကြီးမားတဲ့အခိုက်အတန့်တွေမှာ ရုန်းကန်နေရတာမဟုတ်ပဲ ဂိုးမသွင်းနိုင်ခဲ့၊ ဂိုးမဖန်တီးနိုင်ခဲ့တဲ့ပွဲစဉ်တွေမှာတောင် ပြောင်မြောက်တဲ့စွမ်းဆောင်ရည်အချို့နဲ့အတူ အသင်းအတွက် အဓိကကျခဲ့ပါတယ်။

ဒါပေမယ့်လည်း အော်ဒီဂွါဒ်လို ကစားသမားမျိုးဟာ ၎င်းရဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှုနဲ့ ပွဲထိန်းချုပ်မှုအပေါ်မှာ အမြဲတမ်း ဝေဖန်ခံနေရမှာဖြစ်ပြီး ၎င်းရဲ့ ပွဲတပွဲအတွင်းက တစ်ဦးချင်း စွမ်းဆောင်ရည်အချက်အလက်တွေက အနီးအနားမှာရှိနေတဲ့ ကစားသမားတွေဟာ အဲဒီအရာတွေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် သက်ဆိုင်နေခြင်း ဖြစ်ပါတယ်။

လီဗာပူးလ်ပွဲက အော်ဒီဂွါဒ်ကို ပြန်သုံးသပ်ကြည့်ရရင် တနင်္ဂနွေနေ့မှာ မိနစ် ၄၀ ကစားပြီးနောက် လီဗာပူးလ်အသင်းက ကစားအား တက်လာခဲ့ပြီး တိုက်စစ်အထိ တော်တော်လေး တက်လာကာ အာဆင်နယ်ကို ၎င်းတို့ ကွင်းဘက်ခြမ်းမှာ တင်းကြပ်တဲ့ နေရာလွတ်တွေထဲ ရောက်အောင် ဖိထားခဲ့တာကြောင့် အော်ဒီဂွါဒ်ဟာ လူတွေ စုပြုံနေတဲ့ နေရာမှာ ကစားခဲ့ရပြီး ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အော်ဒီဂွါဒ်အနေနဲ့ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နိုင်ဖို့ ရွေးချယ်စရာတွေ လိုအပ်ပြီး အဓိက သက်ရောက်မှုကတော့ အဲဒီပွဲမှာ ဘန် ဝှိုက်က ၂၃ မိနစ်မှာ အဝါကတ်ထိပြီးနောက် ကစားအားကျဆင်းသွားခဲ့သလို တိုက်စစ်ကစားပုံမှာပါ ပါဝင်ပတ်သက်မှု ပိုမိုနည်းပါးသွားခဲ့ပါတယ်။

အော်ဒီဂွါဒ်ရဲ့ ပုံမှန် ဆာကာနဲ့ စိတ်ချင်းဆက်သွယ်ကစားပုံကလည်း ပွဲစဉ်တလျှောက်လုံး အနည်းငယ် ပြတ်တောက်သွားခဲ့ပုံပေါ်ခဲ့ပြီး ဂန်းနားအသင်းခေါင်းဆောင်ရဲ့ ဝှိုက်၊ ဆာကာတို့နဲ့ အပြန်အလှန် နားလည်မှုကြောင့် အာဆင်နယ်ရဲ့ ညာတောင်ပံခြမ်းဟာ ပြိုင်ဘက်တွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ပြိုင်ဘက် နောက်ခံကစားသမားအများအပြားဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ ညာတောင်ပံတိုက်စစ်ကို ကိုင်တွယ်ဖို့ ရုန်းကန်ခဲ့ရပြီး အသိသာဆုံးကတော့ ဇန်နဝါရီလတုန်းက အမ်းမရိတ်စ်မှာ လုခ် ရှောရဲ့ ရုန်းကန်ခဲ့ရမှု ဖြစ်ပါတယ်။

ရောဘတ်ဆန်က အာဆင်နယ်ကွင်းဘက်ခြမ်းအထိ ခပ်ကြမ်းကြမ်း တွန်းအားပေးကစားမှုနဲ့အတူ လီဗာပူးလ်ရဲ့ ယုံကြည်ချက်ကလည်း မြင့်တက်လာပြီး ဒီကစားသမား ၃ ဦး(အော်ဒီဂွါဒ်၊ ဆာကာ၊ ဝှိုက်)ဟာ ဒုတိယပိုင်းမှာ ပုံမှန်ကစားနေကျအတိုင်း ကစားဖို့တောင် ရုန်းကန်ခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း တခြားနေ့တွေမှာဆိုရင် အာဆင်နယ်ဟာ တိုက်စစ်ဆင်နိုင်တဲ့အခြေအနေ ဖန်တီးမှုမှာ ပိုမို ကောင်းမွန်ခဲ့ပြီး ပွဲကို အပြီးသတ်ပစ်လိုက်နိုင်မှာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ ပွဲကို မိမိရရ မဖမ်းဆုပ်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ အလွန်အရေးကြီးတဲ့ ပေးပို့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး တစ်ကြိမ်က မာတီနယ်လီကို ထောင့်ဖြတ်ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ ဘရာဇီးလ်ကြယ်ပွင့်က ဘောလုံးကို ပင်နယ်တီဧရိယာထဲ သယ်ဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပေးပို့မှုဟာ ကွင်းဘေးစည်းအတိုင်း မျှောထိုးပေးပို့ခဲ့တာဖြစ်ပြီး မာတီနယ်လီက ပြေးလွှားပြီး ဆာကာဆီ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့ချိန်မှာ ရောဘတ်ဆန်က အလွန်ကောင်းမွန်တဲ့ ဖြတ်တောက်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအခိုက်အတန့်တွေက အော်ဒီဂွါဒ်ရဲ့ အရည်အသွေးကို ပြသခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟာ မိနစ် ၉၀ စလုံး အကောင်းဆုံးပုံစံမပြသနိုင်တာ ဖြစ်နိုင်ပေမယ့်လည်း အလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေကို အခွင့်အရေးရတာနဲ့ လှစ်ခနဲ ထုတ်ဖော်ပြသနိုင်ဆဲဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ပွဲကြီးတွေမှာ ပျောက်ဆုံးနေတယ်လို့ ဝေဖန်ပြောဖို့ကတော့ စောလွန်သေးသလို မျှလည်း မမျှတဘဲ အထူးသဖြင့် မိနစ် ၄၀ ပြည့်တဲ့အချိန်အထိ အာဆင်နယ်ကစားသမားအနည်းငယ်သာ ကောင်းကောင်းကစားနိုင်ချိန်မှာ ၎င်းရဲ့ စွမ်းဆောင်ရည်ကို ပွဲတစ်ပွဲအပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေသာကြည့်ပြီး အကဲဖြတ်တာက မှန်ကန်တဲ့ ချဉ်းကပ်ပုံမဟုတ်ပဲ ဂန်းနားအသင်းခေါင်းဆောင်ဟာ ကစားပွဲတပွဲပြီးရင် သူအမြဲတမ်း လုပ်ခဲ့တဲ့အတိုင်း ဒီပွဲစဉ်ကနေ လေ့လာသင်ယူသွားနိုင်ဦးမှာဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

Arsenal Myanmar
Ref: Internet