London Award 2023 မှာ ဆုတွေရရှိခဲ့တဲ့ နည်းပြအာတီတာနဲ့ ဂန်းနား ၄ ဦးရဲ့ ဆုယူအပြီး ရင်ဖွင့်စကားသံများ
တနင်္လာနေ့ညက RoundHouse မှာ ပြုလုပ်ကျင်းပတဲ့ လန်ဒန်မြို့က ဘောလုံးအသင်းတွေထဲမှ တစ်နှစ်တာအကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်တဲ့ London Award 2023 ရဲ့ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး အာဆင်နယ်အသင်းက ဆုများအားလုံးနီးပါး သိမ်းကြုံးရယူသွားတာ တွေ့ခဲ့ရပါတယ်။
တစ်နှစ်တာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ မာတင် အော်ဒီဂွါဒ်က “ဒီဆုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီဆုကို တစ်သင်းလုံးနဲ့အတူ မျှဝေချင်ပါတယ်။ အသင်းက ဒီညမှာ ဆုတွေအားလုံးနဲ့အတူ အသိအမှတ်ပြုခံရတာကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ အဲဒါက ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်ခဲ့လဲဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ ဒီနှစ်လုပ်နေတာတွေက အရမ်းထူးခြားတယ်။ ကျွန်တော် ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို အရမ်းပျော်ရွှင်မိပါတယ်။ နောက်ထပ်အများကြီးလာစရာရှိသေးတယ်ဆိုတာ ကျွန်တော် သေချာတယ်။ အနာဂတ်အတွက်လည်း အရမ်း စိတ်လှုပ်ရှားမိပါတယ်။”
ဆုပေးပွဲအပြီးမှာ အော်ဒီဂွါဒ်က အာဆင်နယ်ပရိသတ်တွေကို မျှဝေချင်တဲ့ သတင်းစကားရှိလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ”ကျွန်တော့်ရဲ့ သတင်းစကားက ကျေးဇူးတင်တယ်ဆိုတာပါ။ ကျွန်တော် ဒီဆုကို ဒီနှစ်မှာ ခင်ဗျားတို့အားလုံး ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာတွေအပြီးမှာ အားလုံးနဲ့ မျှဝေချင်ပါတယ်။ ဒီရာသီက အံ့အားသင့်စရာ ကောင်းခဲ့တယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုမှာ ခင်ဗျားတို့က အဓိကသော့ချက်ပဲ။ အဲဒီတော့ ကျွန်တော်တို့ အတူတူ ကြီးမားတဲ့အရာအချို့ကို အောင်မြင်မှုရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် အနာဂတ်အတွက် တကယ်စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစာသးမားဆု ရရှိခဲ့တဲ့ ဆာကာကလည်း ”ဒီဆုအတွက် ကျွန်တော့်ကို မဲပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဝီလ်လိုးက လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အရမ်းထူးခြားတဲ့ ပရဟိတအဖွဲ့ပါ။ ကျွန်တော် ဒီဆုကို အနိုင်ရတာ တကယ်ဂုဏ်ယူမိပြီး လန်ဒန်မှာ ကြီးမားတဲ့အိပ်မက်တွေနဲ့ ကြီးပြင်းလာတဲ့ ကလေးငယ်တွေအားလုံးကို ရည်ညွှန်းချင်ပါတယ်။ တစ်ခါတုန်းက သူတို့လိုပဲ ဖြစ်ခဲ့ပြီး အဲဒါကို အမှတ်ရနေတာက အမြဲတမ်း ကောင်းမွန်ပါတယ်။ အဲဒါက ဒီလိုမျိုး ပိုပြီး ထူးခြားတဲ့အရာတွေကို အနိုင်ရစေပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့တဲ့သူတိုင်းနဲ့ ဒီဆုအတွက် ကျွန်တော့်ကို အသိအမှတ်ပြုခဲ့တဲ့သူတိုင်းကို တကယ်ကျေးဇူးတင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဆုပေးပွဲအခမ်းအနားအပြီးမှာ အာရွန် ရမ်းစ်ဒေးလ်က ဘီဘီစီကို တစ်နှစ်တာအကောင်းဆုံး ဂိုးသမား ဆုရရှိခဲ့တဲ့အပေါ် ထင်မြင်ချက်နဲ့ပတ်သက်ပြီး ”ဂုဏ်ယူမိတယ်။ စိတ်လှုပ်ရှားမိခဲ့တယ်။ တကယ်ပါပဲ။ အဲဒါက ကျွန်တော့်ရဲ့ ကလပ်အသင်းအပြင်ဘက်က ပထမဆုံးရတဲ့ ဆုပါ။ လန်ဒန်က သူ့ဆီမှာရှိနေတဲ့ ဘောလုံးကလပ်အသင်းတွေနဲ့ ကြီးမားပြီး ဆုရရှိတာ၊ မဲပေးခံရတာက ကြီးကြီးမားမား ဂုဏ်ယူစရာပါ”
အာဆင်နယ်က အချိန်တွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရမ်းစ်ဒေးလ်က ”အသင်းတစ်သင်းကနေ တစ်သင်းကို ပြောင်းရတာက ခက်ခဲတဲ့အချိန်ကာလဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတောင် ကျွန်တော် အငှားနဲ့ ထွက်ကစားခဲ့တယ်။ ကျွန်တော် တစ်နှစ်အကြာမှာဘုန်းမောက်ကို စွန့်ခွာရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ကျွန်တော် ရှက်ဖီးယူနိုက်တက်ကို တစ်နှစ်အကြာမှာ စွန့်ခွာရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော့်ကိုယ် ကျွန်တော် နောက်ထပ် ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိနေမယ်လို့ မြင်နိုင်ပါတယ်။ အဲဒါက ရည်မှန်းချက်ပဲ။ အဲဒါက ပန်းတိုင်ပဲ။ အဲဒီအချိန်ပမာဏလောက် ထိပ်တန်းအဆင့်မှာ ရှိနေဖို့က ရည်မှန်းချက်ပဲ။ ကျွန်တော် အသင်းကနေ ဘယ်တော့မှ မထွက်ခွာရဘဲ ဒီလို ဘောလုံးကလပ်အသင်းမျိုးမှာ သူရဲကောင်းလိုလို၊ ဂန္တဝင်လိုလို ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ထိုက်ထိုက်တန်တန် ပေးအပ်ခြင်း ခံခဲ့ရတဲ့ အာဆင်နယ်နည်းပြ အာတီတာကလည်း ”ဆုပေးတဲ့အတွက် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေအားလုံး ၊ အသင်းဝန်ထမ်းတွေအားလုံးနဲ့ အသင်းမှာ ရှိနေပြီး ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွအောင် အားပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကိုလည်း အားပေးထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ စိတ်ရှည်သည်းခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ သူတို့ကို အများကြီး ပြန်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ စိတ်ဆန္ဒပြင်းပြမှုရှိသလောက် ဖြည့်ဆည်းနိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးစားနေပြီး ရာသီကုန်မှာ သူတို့ကို ပျော်ရွှင်မှုတွေ ပေးနိုင်အောင်ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အမျိုးသမီးအသင်းမှ ဘတ် မိဒ်နှင့်အတူ အင်္ဂလန်အမျိုးသမီးအသင်း ယူရို ၂၀၂၂ ရရှိခဲ့ရာမှာ အဓိကစွမ်းဆောင်ခဲ့လို့ Power of the Football Award ကို ချီးမြင့်ခြင်းခံခဲ့ရတဲ့ လေး ဝီလီယမ်ဆန်က “ကျွန်မတို့ လက်ရှိဆောင်ရွက်ပြုလုပ်နေတာတွေကို မရပ်တန့်ပဲ လာမယ့်နွေရာသီမှာ အင်္ဂလန်အသင်းအတွက်လည်း ဆုဖလားတစ်လုံး ( အမျိုးသမီး ကမ္ဘာ့ဖလား) ရရှိအောင်ဆောင်ရွက်ပေးသွားပါ့မယ်”လို့ ပြောခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
တနလၤာေန႔ညက RoundHouse မွာ ျပဳလုပ္က်င္းပတဲ့ လန္ဒန္ၿမိဳ႕က ေဘာလုံးအသင္းေတြထဲမွ တစ္ႏွစ္တာအေကာင္းဆုံးဆုမ်ား ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ London Award 2023 ရဲ႕ ဆုေပးပြဲအခမ္းအနားကို က်င္းပခဲ့ၿပီး အာဆင္နယ္အသင္းက ဆုမ်ားအားလုံးနီးပါး သိမ္းႀကဳံးရယူသြားတာ ေတြ႕ခဲ့ရပါတယ္။
တစ္ႏွစ္တာ ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားဆုရရွိခဲ့တဲ့ မာတင္ ေအာ္ဒီဂြါဒ္က “ဒီဆုအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကြၽန္ေတာ့္ကို မဲေပးခဲ့တဲ့အတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ ဒီဆုကို တစ္သင္းလုံးနဲ႔အတူ မွ်ေဝခ်င္ပါတယ္။ အသင္းက ဒီညမွာ ဆုေတြအားလုံးနဲ႔အတူ အသိအမွတ္ျပဳခံရတာကို ျမင္ေတြ႕ရတာ အရမ္းေကာင္းပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕အေနနဲ႔ ဘယ္ေလာက္အထိ လုပ္ႏိုင္ခဲ့လဲဆိုတာကို ျပသေနတာပါ။ ကြၽန္ေတာ္တို႔ ဒီႏွစ္လုပ္ေနတာေတြက အရမ္းထူးျခားတယ္။ ကြၽန္ေတာ္ ဒီအသင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ရတာကို အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ေနာက္ထပ္အမ်ားႀကီးလာစရာရွိေသးတယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာတယ္။ အနာဂတ္အတြက္လည္း အရမ္း စိတ္လႈပ္ရွားမိပါတယ္။”
ဆုေပးပြဲအၿပီးမွာ ေအာ္ဒီဂြါဒ္က အာဆင္နယ္ပရိသတ္ေတြကို မွ်ေဝခ်င္တဲ့ သတင္းစကားရွိလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ”ကြၽန္ေတာ့္ရဲ႕ သတင္းစကားက ေက်းဇူးတင္တယ္ဆိုတာပါ။ ကြၽန္ေတာ္ ဒီဆုကို ဒီႏွစ္မွာ ခင္ဗ်ားတို႔အားလုံး ကြၽန္ေတာ္တို႔အတြက္ လုပ္ေပးခဲ့တာေတြအၿပီးမွာ အားလုံးနဲ႔ မွ်ေဝခ်င္ပါတယ္။ ဒီရာသီက အံ့အားသင့္စရာ ေကာင္းခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေအာင္ျမင္မႈမွာ ခင္ဗ်ားတို႔က အဓိကေသာ့ခ်က္ပဲ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အတူတူ ႀကီးမားတဲ့အရာအခ်ိဳ႕ကို ေအာင္ျမင္မႈရႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ အနာဂတ္အတြက္ တကယ္စိတ္လႈပ္ရွားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
တစ္ႏွစ္တာ အေကာင္းဆုံး လူငယ္ကစာသးမားဆု ရရွိခဲ့တဲ့ ဆာကာကလည္း ”ဒီဆုအတြက္ ကြၽန္ေတာ့္ကို မဲေပးခဲ့တဲ့သူတိုင္းကို ေက်းဇူးတင္ပါတယ္။ ဝီလ္လိုးက လူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ အရမ္းထူးျခားတဲ့ ပရဟိတအဖြဲ႕ပါ။ ကြၽန္ေတာ္ ဒီဆုကို အႏိုင္ရတာ တကယ္ဂုဏ္ယူမိၿပီး လန္ဒန္မွာ ႀကီးမားတဲ့အိပ္မက္ေတြနဲ႔ ႀကီးျပင္းလာတဲ့ ကေလးငယ္ေတြအားလုံးကို ရည္ၫႊန္းခ်င္ပါတယ္။ တစ္ခါတုန္းက သူတို႔လိုပဲ ျဖစ္ခဲ့ၿပီး အဲဒါကို အမွတ္ရေနတာက အၿမဲတမ္း ေကာင္းမြန္ပါတယ္။ အဲဒါက ဒီလိုမ်ိဳး ပိုၿပီး ထူးျခားတဲ့အရာေတြကို အႏိုင္ရေစပါတယ္။ ကြၽန္ေတာ့္ကို မဲေပးခဲ့တဲ့သူတိုင္းနဲ႔ ဒီဆုအတြက္ ကြၽန္ေတာ့္ကို အသိအမွတ္ျပဳခဲ့တဲ့သူတိုင္းကို တကယ္ေက်းဇူးတင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
ဆုေပးပြဲအခမ္းအနားအၿပီးမွာ အာ႐ြန္ ရမ္းစ္ေဒးလ္က ဘီဘီစီကို တစ္ႏွစ္တာအေကာင္းဆုံး ဂိုးသမား ဆုရရွိခဲ့တဲ့အေပၚ ထင္ျမင္ခ်က္နဲ႔ပတ္သက္ၿပီး ”ဂုဏ္ယူမိတယ္။ စိတ္လႈပ္ရွားမိခဲ့တယ္။ တကယ္ပါပဲ။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ကလပ္အသင္းအျပင္ဘက္က ပထမဆုံးရတဲ့ ဆုပါ။ လန္ဒန္က သူ႔ဆီမွာရွိေနတဲ့ ေဘာလုံးကလပ္အသင္းေတြနဲ႔ ႀကီးမားၿပီး ဆုရရွိတာ၊ မဲေပးခံရတာက ႀကီးႀကီးမားမား ဂုဏ္ယူစရာပါ”
အာဆင္နယ္က အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ရမ္းစ္ေဒးလ္က ”အသင္းတစ္သင္းကေန တစ္သင္းကို ေျပာင္းရတာက ခက္ခဲတဲ့အခ်ိန္ကာလျဖစ္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္တုန္းကေတာင္ ကြၽန္ေတာ္ အငွားနဲ႔ ထြက္ကစားခဲ့တယ္။ ကြၽန္ေတာ္ တစ္ႏွစ္အၾကာမွာဘုန္းေမာက္ကို စြန႔္ခြာရမယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့ဘူး။ ကြၽန္ေတာ္ ရွက္ဖီးယူႏိုက္တက္ကို တစ္ႏွစ္အၾကာမွာ စြန႔္ခြာရမယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့ဘူး။ ဒါေပမယ့္ ဒီေနရာမွာ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ေနာက္ထပ္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္ရွိေနမယ္လို႔ ျမင္ႏိုင္ပါတယ္။ အဲဒါက ရည္မွန္းခ်က္ပဲ။ အဲဒါက ပန္းတိုင္ပဲ။ အဲဒီအခ်ိန္ပမာဏေလာက္ ထိပ္တန္းအဆင့္မွာ ရွိေနဖို႔က ရည္မွန္းခ်က္ပဲ။ ကြၽန္ေတာ္ အသင္းကေန ဘယ္ေတာ့မွ မထြက္ခြာရဘဲ ဒီလို ေဘာလုံးကလပ္အသင္းမ်ိဳးမွာ သူရဲေကာင္းလိုလို၊ ဂႏၲဝင္လိုလို ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
တစ္ႏွစ္တာအေကာင္းဆုံး နည္းျပဆုကို ထိုက္ထိုက္တန္တန္ ေပးအပ္ျခင္း ခံခဲ့ရတဲ့ အာဆင္နယ္နည္းျပ အာတီတာကလည္း ”ဆုေပးတဲ့အတြက္ ကြၽန္ေတာ့္ လုပ္ေဖာ္ကိုင္ဖက္ေတြအားလုံး ၊ အသင္းဝန္ထမ္းေတြအားလုံးနဲ႔ အသင္းမွာ ရွိေနၿပီး ကြၽန္ေတာ့္ကို စိတ္ဓာတ္တက္ႂကြေအာင္ အားေပးခဲ့တဲ့သူတိုင္းကို ေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြကိုလည္း အားေပးေထာက္ခံမႈအတြက္ ေက်းဇူးတင္ပါတယ္။ စိတ္ရွည္သည္းခံေပးမႈအတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို အမ်ားႀကီး ျပန္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္တို႔ စိတ္ဆႏၵျပင္းျပမႈရွိသေလာက္ ျဖည့္ဆည္းႏိုင္ေအာင္ ျပင္းျပင္းထန္ထန္ ႀကိဳးစားေနၿပီး ရာသီကုန္မွာ သူတို႔ကို ေပ်ာ္႐ႊင္မႈေတြ ေပးႏိုင္ေအာင္ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles