အသင်းကြီးကိုမှ အနိုင်ယူချင်တာလို့ ဂန်းနားတွေကို သတိပေးခဲ့တဲ့ ဝက်စ်ဟမ်းကြယ်ပွင့်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

အသင်းကြီးကိုမှ အနိုင်ယူချင်တာလို့ ဂန်းနားတွေကို သတိပေးခဲ့တဲ့ ဝက်စ်ဟမ်းကြယ်ပွင့်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်ဂန္တဝင် ရောဘတ် ပီးရက်စ်က လာမယ့်ရာသီမှာ မန်စီးတီးနဲ့အခြားကလပ် ၃ သင်းက ပရီးမီးယားလိဂ်ဖလားအတွက် ဂန်းနားတွေကို စိန်ခေါ်မှာဖြစ်တာကြောင့် အာဆင်နယ်အတွက် ပိုမိုခက်ခဲလာမှာကို ကြောက်ရွံ့နေပါတယ်။ ဟုတ်တာပေါ့။ အနာဂတ်မှာ မန်ချက်စတာစီးတီး မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့က အမြင့်မားဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်စွမ်း ဆက်ရှိနေဖို့ ပိုကောင်းတဲ့ ဘဏ္ဍာရေးအခြေအနေရှိနေမှာ ရှင်းပါတယ်။ အဲဒီတော့ လာမယ့်ရာသီက အာဆင်နယ်အတွက် အများကြီး ပိုခက်ခဲလိမ့်မယ်။ အထူးသဖြင့် ချန်ပီယံလိဂ် ဝန်ထုပ်ဝန်ပိုး ပိုလာတဲ့အတွက်ပေါ့လို့ ပြောကြားခဲ့ပါတယ်။

-ဖလင်း ဒေါင်းစ်က အာဆင်နယ်ရဲ့ ဆုဖလား အိပ်မက်မက်သူတွေကို ဝက်စ်ဟမ်းက ထိပ်တန်းအသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ အနိုင်ယူသွားမှာဖြစ်ပြီး သူတို့ကို ကျွန်တော်တို့ မကြောက်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ၎င်းတို့ရဲ့ အိမ်ကွင်း ပုံစံကောင်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ နယူးကာဆယ်ကို ၅-၁ နဲ့ ရှုံးနိမ့်ခဲ့မှုက ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်နဲ့ပွဲမှာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ဝက်စ်ဟမ်းအိမ်ကွင်းမှာ အမြဲတမ်း မပျော်ရွှင်ခဲ့ရတာဖြစ်ပြီး အရှေ့လန်ဒန်သားတွေဟာ အာဆင်နယ်ကို ၁-၀၊ ၃-၃(၃ ဂိုးနဲ့ ဦးဆောင်ပြီးမှ ၃ ဂိုးပြန်ပေးခဲ့ရ)ရလဒ် ရရှိခဲ့တာဖြစ်ပြီး ဒေါင်းစ်က ကျွန်တော်တို့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ ရလဒ်ကောင်း ရယူဖို့ မျှော်မှန်းထားပြီး အဲဒါက လာတော့မယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ ဖူလ်ဟမ်နဲ့ပွဲမှာ ကြီးမားတဲ့ နိင်ပွဲရခဲ့ရပြီး အဲဒါက အပြုသဘောဆောင်ပြီး အဲဒီရလဒ်ကို တနင်္ဂနွေနေ့ကို ယူဆောင်သွားမှာပါ။ ကျွန်တော်တို့အသင်းကို ကြည့်လိုက်ပါ။ ကျွန်တော်တို့အသင်းက အသင်းကောင်းပါ။ ကျွန်တော်တို့ သူတို့ကို မကြောက်ပါဘူး။ သူတို့က ကျွန်တော်တို့အိမ်ကို လာရမှာပါ။ အဲဒီတော့ ကျွန်တော်တို့ သူတို့ကို ရင်ဆိုင်သွားမှာဖြစ်ပြီး အနိုင်ရအောင် ကြိုးပမ်းသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အူဘာမီယန်း အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့အချိန်တုန်းက ၎င်းကို တောင်းဆိုခဲ့တဲ့အရာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကျွန်တော် သူနဲ့ကစားရတဲ့အချိန်တိုင်း အရမ်းကို ယုံကြည်ချက် အများကြီးရှိခဲ့ပါတယ်။ တစ်ခါတလေ သူက ခင်ဗျားကို ပြောလိမ့်မယ်။ ခင်ဗျား သူ့ဆီကို ဘောလုံးပေးပို့ရလိမ့်မယ်လို့။ ခင်ဗျား အမှားလုပ်ရင် သူ တော်တော်လေး ဒေါသထွက်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော် အာဆင်နယ်အတွက် ပထမဆုံး ဂိုးသွင်းခဲ့တဲ့ပွဲဖြစ်တဲ့ ဖရန့်ဖွတ်နဲ့ ပွဲမတိုင်ခင်မှာ သူက ကျွန်တော့်ကို ဘူကာယိုရေ မင်းက အရမ်းကောင်းတဲ့ ကစားသမားဆိုတာ မင်းသိလား။ မင်း ဂိုးရှေ့မှာ ရှိနေပြီး ကန်ချင်တယ်ဆိုရင် ကန်သာကန်လိုက်။ ငါ မင်းကို ဘာမှ ပြောမှာမဟုတ်ဘူးတဲ့။ ကျွန်တော့် မိဘတွေကလည်း သူ့ကို အရမ်းချစ်မြတ်နိုးကြပါတယ်လို့ ပြောပြခဲ့ပါတယ်။

-ဒီကလန် ရိုက်စ်ဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွက် အာဆင်နယ်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကလည်း ဂန်းနားပရိသတ်ဖြစ်ပါတယ်။ The Independent ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို အမှန်တကယ် အထင်ကြီးသဘောကျခဲ့တယ်သိရပြီး ပေါင်သန်း ၈၀ တန်အာဆင်နယ်ပစ်မှတ်ဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့ ပွဲစဉ်ကို အသင်းဖော်တွေနဲ့ ကြည့်ရှုခဲ့ချိန်မှာ အာတီတာရဲ့အသင်းက ဘယ်လောက်အထိ ထူးခြားကောင်းမွန်လဲဆိုတာကို ချီးကျူးခဲ့တယ်လို့ သိရပါတယ်။

Arsenal Myanmar

Ref: Internet