၂၀၂၂-၂၀၂၃ ရာသီက အာဆင်နယ်ရဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦး coyg

၂၀၂၂-၂၀၂၃ ရာသီက အာဆင်နယ်ရဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦး

အာဆင်နယ်ရဲ့ ရာသီဟာ ဆုဖလားကို လက်လွှတ်ခဲ့ရတာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ပြီးနောက် ဝုလ်ဗ်စ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပြီးပြည့်စုံတဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

တစ်ရာသီလုံးမှာ ဆာကာ၊ ဆာလီဘာ၊ အော်ဒီဂွါဒ်၊ ဇင်ချန်ကို၊ ဂျေးဇု၊ မာတီနယ်လီတို့လို ကစားသမားတွေဟာ မမျှော်မှန်းထားတဲ့ အဆင့်အတန်းကို ရောက်ရှိခဲ့ကြတာကို အားလုံးမြင်တွေ့ခဲ့ရပေမယ့်လည်း ပရိသတ်တွေ သတိမထားမိခဲ့တဲ့ နောက်ကွယ်က သူရဲကောင်းတွေလည်း ရှိခဲ့ပါတယ်။

၁။ ဂါဘရီယဲလ် မာဂါလိုင်စ်

ဂါဘီလတ်ကို အာဆင်နယ်ရဲ့ နောက်ကွယ်က သူရဲကောင်းလို့ ပြောမယ်ဆိုရင် ပွဲတိုင်းကို ပွဲထွက်ပါဝင်ခဲ့ပြီး ဒီနေ့အထိ သူ့ရဲ့အကောင်းဆုံးရာသီအဖြစ် အသင်းအတွက် ၃၄၁၁ မိနစ်အထိ ကစားပေးခဲ့တာကြောင့် ထူးဆန်းသလိုဖြစ်နေမှာပါ။ တစ်ရာသီလုံး ဂါဘရီယဲလ်ရဲ့ စည်းကမ်းပိုင်းနဲ့ ပွဲဖတ်နိုင်စွမ်း ကြီးကြီးမားမားတိုးတ်ကလာတာကို မြင်ခဲ့ရပြီး ပရီးမီးယားလိဂ်ဖလား ရရှိနိုင်တဲ့ ဗဟိုခံစစ်ကစားသမားဖြစ်လာဖို့ လိုအပ်တဲ့ ဘက်ပေါင်းစုံကောင်းမွန်တဲ့ အဆင့်အတန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကို ဂါဘရီယဲလ်ဟာ တစ်ပွဲကို ၀.၂ ကြိမ်သာ အလိမ်အခေါက်ခံခဲ့ရတာက ပြသခဲ့ပြီး ဗန်ဒိုက်နဲ့ ရူဘင် ဒီယက်စ်တို့ ၂ ဦးစလုံးထက် ပိုမိုနည်းပါးတာဖြစ်ပါတယ်။ ဆာလီဘာက မကြာခဏ ချီးကျူးခံခဲ့ရပေမယ့်လည်း ဂါဘရီယဲလ် လုပ်နေတာတွေကတော့ ဘယ်သူမှ သတိထားခြင်းမခံခဲ့ရဘဲ ဘရာဇီးလ်နောက်ခ့လူဟာ ဗဟိုခံစစ်နဲ့ ဘယ်နောက်ခံကို အပြောင်းအလဲလုပ်ကစားပေးပြီး ဇင်ချန်ကို ရှေ့တက်နိုင်အောင် ကာဗာလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအခန်းကဏ္ဍမှာ ကစားတာကြောင့် ဂါဘရီယဲလ်ဟာ တစ်ပွဲပျမ်းမျှ ဘောလုံးထိတွေ့မှု ၇၄.၄ ကြိမ်၊ တိကျတဲ့ပေးပို့မှု ၅၆.၅ ကြိမ်၊ တစ်ဦးချင်းတိုက်ပွဲမှာ ၅ ကြိမ်အနိုင်၊ သွင်းဂိုး ၃ ဂိုးနဲ့ ပေးဂိုးမရှိပွဲစဉ် ၁၄ ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

၂။ ဂျော်ဂျင်ညို

ဇန်နဝါရီမှာ အာဆင်နယ်တို့ ကိုင်ဆေဒိုကို အပြင်းအထန် ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ဂျော်ဂျင်ညိုကို အလျင်အမြန် ခေါ်ယူခဲ့ပြီး ဒီအပြောင်းအရွှေ့ကို မကြိုက်တဲ့သူက ပိုများခဲ့ပါတယ်။ ဒါပေမယ့်လည်း အီတလီဝါရင့်ကွင်းလယ်လူဟာ အသင်းအပေါ်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ပြီး ပါတေးရဲ့နေရာမှာ အရန်သင့်ရွေးချယ်စရာအဖြစ်နဲ့ ၈ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့သလို ၆ ပွဲ အရန်ခုံကနေ ပါဝင်ကစားပေးခဲ့ပါတယ်။ ဂျော်ဂျင်ညို ရောက်လာပြီးတဲ့နောက် ပါတေးက ပွဲတော်တော်များများ လွဲချော်ခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်းက ဂါနာကွင်းလယ်လူကို အေးအေးဆေးဆေး အနားယူနိုင်အောင် ကွင်းလယ်မှာ လျင်လျင်မြန်မြန် အသားကျအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာအားလပ်ရက်အပြီး ပါတေး ခြေကျခဲ့ချိန်မှာလည်း ဂျော်ဂျင်ညိုက ဝင်ကစားပေးခဲ့ပြီး ချဲလ်ဆီး၊ နယူးကာဆယ်တို့နဲ့ပွဲမှာ အံ့မခန်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း အရေးအကြီးဆုံးဖြစ်နိုင်တာက ဂျော်ဂျင်ညိုဟာ ရာသီနောက်ဆုံး ၂ ပွဲမှာ ပါတေးကို အာတီတာက ညာနောက်ခံနေရာမှာ အသုံးပြုဖို့ ရွေချယ်စရာပေးခဲ့တာဖြစ်ပြီး လူစာရင်း အလှည့်ကျပွဲထုတ်ဖို့ ပိုမိုလိုအပ်လာမယ့် လာမယ့်ရာသီအတွက် အရေးကြီးလာမှာဖြစ်ပါတယ်။

၃။ အာရွန် ရမ်းစ်ဒေးလ်

ရမ်းစ်ဒေးလ်က ဒီရာသီမှာ ချီးကျူးမှုတွေ တော်တော်လေး ရခဲ့တဲ့သူဖြစ်ပေမယ့်လည်း ရာသီအစကနေ အဆုံးအထိ သူ့ရဲ့ တိုးတက်မှုကိုတော့ လူတွေက လစ်လျူရှုခဲ့ကြပြီး ၁၄ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲတော်တော်များများမှာ ရမ်းစ်ဒေးလ် ကယ်ပေးလို့ အနိုင် ၃ မှတ် သေချာခဲ့ရတာဖြစ်ပြီး စက်တင်ဘာလတုန်းက မန်ယူနိုက်တက်နဲ့ပွဲမှာ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ နှိုင်းယှဉ်ရင် လက်စွမ်းဘယ်လောက်တက်လာလဲဆိုတာ မြင်နိုင်မှာပါ။ အသိသာဆုံးဖြစ်တဲ့အရာကို ပြောရမယ်ဆိုရင် အန်းဖီးမှာ ကစားခဲ့တဲ့ပွဲမှာ နူးညက်ဇ်နဲ့ ဆာလားတို့ရဲ့ အပိုင် ဂိုးသွင်းခွင့်တွေကို အံ့မခန်း ကာကွယ်ပေးခဲ့တာဖြစ်ပြီး ရမ်းစ်ဒေးလ်ရဲ့ အသင်းမှာ ရှိနေခဲ့တဲ့ ၂ နှစ်အတွင်း တိုးတက်မှုတွေက တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မကြာသေးမီက စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် ဂန်းနားတွေဟာ လာမယ့်ရာသီမှာ ဒီထက်ပိုပြီး ကောင်းမွန်လာအောင် အကူအညီပေးနိုင်မယ့် ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ နိုင်ပွဲတွေ ရယူချင်တဲ့စိတ်ဓာတ်ရှိတဲ့ ဂိုးသမားမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet