အော်ဒီဂွါ့ဒ် ဘာကြောင့်လွဲချော်ခဲ့သလဲနဲ့ စပို့တင်းနဲ့ သရေပွဲအပြီး နည်းပြ အာတီတာပြောခဲ့သမျှ admin

အော်ဒီဂွါ့ဒ် ဘာကြောင့်လွဲချော်ခဲ့သလဲနဲ့ စပို့တင်းနဲ့ သရေပွဲအပြီး နည်းပြ အာတီတာပြောခဲ့သမျှ

အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်အဖြစ် စပို့တင်းအသင်းနဲ့ ပေါ်တူဂီမြေမှာ ကစားခဲ့ရတဲ့ ပွဲမှာ နည်းပြအာတီတာအနေနဲ့ ကစားသမား ၆ ယောက်လောက်ထိ အပြောင်းအလဲလုပ်ခဲ့ပြီး စပို့တင်းအသင်းကို အနိုင်မကစားနိုင်ခဲ့ပဲ တဖက် ၂ ဂိုးစီနဲ့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ပွဲပြီးအင်တာဗျူးမှာ အာဆင်နယ်နည်းပြအာတီတာ ဖြေကြားခဲ့တာတွေထဲမှ တချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
အာဆင်နယ်အသင်းကံကောင်းခဲ့သလား မေးတဲ့အပေါ်
“ကံကောင်းခဲ့သလားတော့ သေချာ မသိပါဘူး။ ဒါပေမယ့် ဒုတိယဂိုးကတော့ ကံကောင်းခဲ့တယ်”ဟု အာဆင်နယ်အသင်း မရှုံးခဲ့ပဲ သရေရလဒ် ရခဲ့တဲ့အပေါ်မှာ ပြောခဲ့ပါတယ်။

set-piece တွေကနေ ဂိုးတွေ လွယ်လွယ်ပေးရလေ့ရှိနေသလား
တခါတရံ ပြိုင်ဘက်တွေက set-piece တွေကနေ တကယ်ကို ကောင်းကောင်းအလုပ်လုပ်နိုင်ကြတယ်။ တိကျတဲ့ဖြတ်တင်ပေးပို့မှု၊ မှန်ကန်တဲ့နေရာယူမှုတွေနဲ့ တခါတရံ စင်တီမီတာဝက်လောက်လေး ခေါင်းတိုက်ခွင့်ရရင်တောင် ဂိုးအဖြစ်သွင်းယူနိုင်ကြပါတယ်။ အမှန်အတိုင်းဝန်ခံရရင် နောက်လာမယ့် ပွဲတွေမှာ ကျွန်တော်တို့ အနိုင်ရချင်ရင် set-piece တွေကနေ ဂိုးမပေးရအောင် ကြိုးစားဖို့က ကျွန်တော်တို့ တိုးတက်ဖို့ တကယ်လိုအပ်နေတဲ့ အရာပါ။

စပို့တင်းရသွားတဲ့ ပထမဂိုးက နားလည်မှုလွဲရာကနေ (မတ်တာနာနဲ့ခီဗီယာ) ပေးလိုက်ရတာလား...
အဲဒီဂိုးက ဘယ်လိုဖြစ်သွားလဲ ကျွန်တော် မသိလိုက်ဘူး။ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတာကြောင့် ဘာဖြစ်သလဲဆိုတာ ပြောဖို့ အလွန်ခက်ပါတယ်။ အဲဒီနေရာမှာ တစ်စုံတစ်ယောက်က ခေါင်းလွတ်လွတ်ကျွတ်ကျွတ်တိုက်ခွင့်ရတာကို မတားဆီးနိုင်ခဲ့ရင် ဂိုးပေးရမှာပါပဲ။ ဘာကြောင့်လဲဆိုတာက အလွန်ရိုးရှင်းလွန်းပါတယ်။

ယူရိုပါလိဂ်ကို အလေးအနက် မထားထားဘူးလား…
မဟုတ်ပါဘူး။ ကျွန်တော်တို့ ( ယူရိုပါလိဂ်ကို စွန့်လွှတ်ခြင်းမဟုတ်) အဲလိုမဟုတ်ပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ ကစားသမားအနည်းငယ်နဲ့ တိုက်စစ်မှူး သုံးဦး သို့မဟုတ် ၄ ဦးကို ဆုံးရှုံးလိုက်ရတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရလို့ပါ။ ဒါပေမယ့် ပြိုင်ပွဲကို နောက်တဆင့်တက်ချင်ရင်တော့ ခုလို ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းကို ဖြတ်သန်းရမှာပါ။ အမ်းမရိတ်စ်မှာ ကစားရဦးမှာဖြစ်ပြီး ကျွန်တော်တို့မှာ နောက်တဆင့်တက်ဖို့ အခွင့်အရေး အားလုံးရှိနေသေးတယ်ဆိုတာ သိပါတယ်။ အဲဒီအခါကြရင် ကျွန်တော်တို့ အနိုင်ရရှိဖို့ ထိုက်တန်အောင် ပိုကောင်းအောင် ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဖာဘီယို ဗီယာရာရဲ့ တိုးတက်မှုနဲ့ ပတ်သတ်ပြီး…
ကျွန်တော်တို့ သူ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ သူဒီထက် မိနစ်များများပို ကစားဖို့ ထိုက်တန်ခဲ့ပါတယ်။ သူကျွန်တော်တို့အသင်းကို ပြောင်းလာလာပြီးချင်း ဒဏ်ရာရသွားတဲ့အတွက် ခက်ခဲမှုနဲ့ စတင်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကိုလိုချင်တဲ့အဆင့်ရောက်ဖို့ အချိန်အနည်းငယ် လိုအပ်ပါသေးတယ်။ ဒီနေ့ညပွဲမှာ သူက ကျွန်တော်တို့ဖက်ကနေ ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေထဲမှာ တစ်ယောက်ဖြစ်ပြီး ကျွန်တော်တကယ် နှစ်သက်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ဟာ ပေါ်တူဂီခရီးစဉ်ကို လိုက်ပါလာခဲ့သော်လည်း စပို့တင်းကို ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ အရန်လူစာရင်းမှာတောင် မပါဝင်နိုင်ခဲ့တာတွေ့ရပြီး ယခုလို လွဲချော်ခဲ့တာဟာ အဖျားရောဂါခံစားနေရလို့ ကြိုတင်ကာကွယ်မှုအနေနဲ့ အနားပေးခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ အာဆင်နယ်တိုက်စစ်မှူး ဂျေးဇုအနေနဲ့ ပေါ်တူဂီခရီးစဉ်ကို လိုက်ပါဖို့ မျှော်လင့်ထားပေမယ့် နောက်ဆုံးတော့ လန်ဒန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။

ထိန်းချုပ်နိုင်မှု ပျက်ပြားခဲ့ရတဲ့ ပွဲအပေါ်အမြင်..
ဥရောပပြိုင်ပွဲတွေရဲ့ အဝေးကွင်းကို လာကစားရခဲ့အခါ ညံ့ဖျင်းစွာ ဂိုး နှစ်ဂိုးပေးလိုက်ရပြီးရင် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အနိုင်ရလဒ်ကို ရရှိဖို့ ခက်ခဲသွားပါပြီ။ ဘောလုံးပွဲတွေမှာ မတူညီတဲ့ အနေအထားတွေရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို ဘောလုံးအများကြီး ပေးကိုင်လိုက်ရတဲ့အခါနဲ့ ကျွန်တော်တို့ရဲ့ ကွင်းတစ်ဝက်မှာ ရိုးရှင်းတဲ့ ဘောလုံးတွေများလွန်းတာကြောင့် သူတို့အတွက် မျှော်လင့်ချက်ချက်တွေ အခွင့်အရေးတွေ ပေးသလိုဖြစ်ခဲ့ပါတယ်။ သူတို့က ဒါကို ကောင်းကောင်းအသုံးချသွားနိုင်ခဲ့ပြီး ပိုကောင်းအောင် စွမ်းဆောင်နိုင်သွားခဲ့တာပါ။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်လိုက်နိုင်တဲ့ အခိုက်အတန့်တွေမှာလည်း တိုက်စစ်မှူးတော်တော်များများ မပါဝင်နိုင်ခဲ့လို့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆုံးရှုံးခဲ့ နည်းခဲ့ရတာပါ။ အပြုသဘောဆောင်တာတွေလဲ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှုံးကနေ ပြန်လာနိုင်တဲ့ ခံနိုင်ရည်စွမ်းအားတွေ ရှိခဲ့လို့ပါ။ ဂိုးဧရိယာထဲမှာ ခံစစ်ကို လုံအောင်လုပ်ဖို့ လိုအပ်တာတွေကို ပြုလုပ်ပြီး ကျွန်တော်တို့ ဒုတိယအကျော့မှာ သူတို့ကို အနိုင်ယူဖို့ ပြုလုပ်မှာပါ။

ARSENAL MYANMAR
PHOTOS CREDIT

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ရႈံးထြက္ပြဲစဥ္အျဖစ္ စပို႔တင္းအသင္းနဲ႔ ေပၚတူဂီေျမမွာ ကစားခဲ့ရတဲ့ ပြဲမွာ နည္းျပအာတီတာအေနနဲ႔ ကစားသမား ၆ ေယာက္ေလာက္ထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး စပို႔တင္းအသင္းကို အႏိုင္မကစားႏိုင္ခဲ့ပဲ တဖက္ ၂ ဂိုးစီနဲ႔ သေရရလဒ္သာ ရရွိခဲ့ပါတယ္။ ပြဲၿပီးအင္တာဗ်ဴးမွာ အာဆင္နယ္နည္းျပအာတီတာ ေျဖၾကားခဲ့တာေတြထဲမွ တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပေပးလိုက္ပါတယ္။
အာဆင္နယ္အသင္းကံေကာင္းခဲ့သလား ေမးတဲ့အေပၚ
“ကံေကာင္းခဲ့သလားေတာ့ ေသခ်ာ မသိပါဘူး။ ဒါေပမယ့္ ဒုတိယဂိုးကေတာ့ ကံေကာင္းခဲ့တယ္”ဟု အာဆင္နယ္အသင္း မရႈံးခဲ့ပဲ သေရရလဒ္ ရခဲ့တဲ့အေပၚမွာ ေျပာခဲ့ပါတယ္။

set-piece ေတြကေန ဂိုးေတြ လြယ္လြယ္ေပးရေလ့ရွိေနသလား
တခါတရံ ၿပိဳင္ဘက္ေတြက set-piece ေတြကေန တကယ္ကို ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ၾကတယ္။ တိက်တဲ့ျဖတ္တင္ေပးပို႔မႈ၊ မွန္ကန္တဲ့ေနရာယူမႈေတြနဲ႔ တခါတရံ စင္တီမီတာဝက္ေလာက္ေလး ေခါင္းတိုက္ခြင့္ရရင္ေတာင္ ဂိုးအျဖစ္သြင္းယူႏိုင္ၾကပါတယ္။ အမွန္အတိုင္းဝန္ခံရရင္ ေနာက္လာမယ့္ ပြဲေတြမွာ ကြၽန္ေတာ္တို႔ အႏိုင္ရခ်င္ရင္ set-piece ေတြကေန ဂိုးမေပးရေအာင္ ႀကိဳးစားဖို႔က ကြၽန္ေတာ္တို႔ တိုးတက္ဖို႔ တကယ္လိုအပ္ေနတဲ့ အရာပါ။

စပို႔တင္းရသြားတဲ့ ပထမဂိုးက နားလည္မႈလြဲရာကေန (မတ္တာနာနဲ႔ခီဗီယာ) ေပးလိုက္ရတာလား...
အဲဒီဂိုးက ဘယ္လိုျဖစ္သြားလဲ ကြၽန္ေတာ္ မသိလိုက္ဘူး။ စကၠန႔္ပိုင္းအတြင္း ျဖစ္ပ်က္သြားတာေၾကာင့္ ဘာျဖစ္သလဲဆိုတာ ေျပာဖို႔ အလြန္ခက္ပါတယ္။ အဲဒီေနရာမွာ တစ္စုံတစ္ေယာက္က ေခါင္းလြတ္လြတ္ကြၽတ္ကြၽတ္တိုက္ခြင့္ရတာကို မတားဆီးႏိုင္ခဲ့ရင္ ဂိုးေပးရမွာပါပဲ။ ဘာေၾကာင့္လဲဆိုတာက အလြန္႐ိုးရွင္းလြန္းပါတယ္။

ယူ႐ိုပါလိဂ္ကို အေလးအနက္ မထားထားဘူးလား…
မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ( ယူ႐ိုပါလိဂ္ကို စြန႔္လႊတ္ျခင္းမဟုတ္) အဲလိုမဟုတ္ပါဘူး။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ ကစားသမားအနည္းငယ္နဲ႔ တိုက္စစ္မႉး သုံးဦး သို႔မဟုတ္ ၄ ဦးကို ဆုံးရႈံးလိုက္ရတဲ့ ျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရလို႔ပါ။ ဒါေပမယ့္ ၿပိဳင္ပြဲကို ေနာက္တဆင့္တက္ခ်င္ရင္ေတာ့ ခုလို ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းကို ျဖတ္သန္းရမွာပါ။ အမ္းမရိတ္စ္မွာ ကစားရဦးမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔မွာ ေနာက္တဆင့္တက္ဖို႔ အခြင့္အေရး အားလုံးရွိေနေသးတယ္ဆိုတာ သိပါတယ္။ အဲဒီအခါၾကရင္ ကြၽန္ေတာ္တို႔ အႏိုင္ရရွိဖို႔ ထိုက္တန္ေအာင္ ပိုေကာင္းေအာင္ ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဖာဘီယို ဗီယာရာရဲ႕ တိုးတက္မႈနဲ႔ ပတ္သတ္ၿပီး…
ကြၽန္ေတာ္တို႔ သူ႔အတြက္ တကယ္ကို ေပ်ာ္႐ႊင္မိပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္လအတြင္းမွာ သူဒီထက္ မိနစ္မ်ားမ်ားပို ကစားဖို႔ ထိုက္တန္ခဲ့ပါတယ္။ သူကြၽန္ေတာ္တို႔အသင္းကို ေျပာင္းလာလာၿပီးခ်င္း ဒဏ္ရာရသြားတဲ့အတြက္ ခက္ခဲမႈနဲ႔ စတင္ခဲ့ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ သူ႔ကိုလိုခ်င္တဲ့အဆင့္ေရာက္ဖို႔ အခ်ိန္အနည္းငယ္ လိုအပ္ပါေသးတယ္။ ဒီေန႔ညပြဲမွာ သူက ကြၽန္ေတာ္တို႔ဖက္ကေန ၿပိဳင္ဘက္ကို အႏၲရာယ္ေပးႏိုင္တဲ့ ကစားသမားေတြထဲမွာ တစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ္တကယ္ ႏွစ္သက္တဲ့ ကစားသမား တစ္ဦးလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ့ဒ္ဟာ ေပၚတူဂီခရီးစဥ္ကို လိုက္ပါလာခဲ့ေသာ္လည္း စပို႔တင္းကို ၂ ဂိုးစီ သေရက်တဲ့ပြဲမွာ အရန္လူစာရင္းမွာေတာင္ မပါဝင္ႏိုင္ခဲ့တာေတြ႕ရၿပီး ယခုလို လြဲေခ်ာ္ခဲ့တာဟာ အဖ်ားေရာဂါခံစားေနရလို႔ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ အနားေပးခဲ့ျခင္းျဖစ္တယ္လို႔ သိရွိရပါတယ္။ အာဆင္နယ္တိုက္စစ္မႉး ေဂ်းဇုအေနနဲ႔ ေပၚတူဂီခရီးစဥ္ကို လိုက္ပါဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ေနာက္ဆုံးေတာ့ လန္ဒန္မွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရွိရပါတယ္။

ထိန္းခ်ဳပ္ႏိုင္မႈ ပ်က္ျပားခဲ့ရတဲ့ ပြဲအေပၚအျမင္..
ဥေရာပၿပိဳင္ပြဲေတြရဲ႕ အေဝးကြင္းကို လာကစားရခဲ့အခါ ညံ့ဖ်င္းစြာ ဂိုး ႏွစ္ဂိုးေပးလိုက္ရၿပီးရင္ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားတဲ့ အႏိုင္ရလဒ္ကို ရရွိဖို႔ ခက္ခဲသြားပါၿပီ။ ေဘာလုံးပြဲေတြမွာ မတူညီတဲ့ အေနအထားေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို ေဘာလုံးအမ်ားႀကီး ေပးကိုင္လိုက္ရတဲ့အခါနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ကြင္းတစ္ဝက္မွာ ႐ိုးရွင္းတဲ့ ေဘာလုံးေတြမ်ားလြန္းတာေၾကာင့္ သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္ခ်က္ေတြ အခြင့္အေရးေတြ ေပးသလိုျဖစ္ခဲ့ပါတယ္။ သူတို႔က ဒါကို ေကာင္းေကာင္းအသုံးခ်သြားႏိုင္ခဲ့ၿပီး ပိုေကာင္းေအာင္ စြမ္းေဆာင္ႏိုင္သြားခဲ့တာပါ။ ကြၽန္ေတာ္တို႔ ပြဲကို ထိန္းခ်ဳပ္လိုက္ႏိုင္တဲ့ အခိုက္အတန႔္ေတြမွာလည္း တိုက္စစ္မႉးေတာ္ေတာ္မ်ားမ်ား မပါဝင္ႏိုင္ခဲ့လို႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ဆုံးရႈံးခဲ့ နည္းခဲ့ရတာပါ။ အျပဳသေဘာေဆာင္တာေတြလဲ ရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အရႈံးကေန ျပန္လာႏိုင္တဲ့ ခံႏိုင္ရည္စြမ္းအားေတြ ရွိခဲ့လို႔ပါ။ ဂိုးဧရိယာထဲမွာ ခံစစ္ကို လုံေအာင္လုပ္ဖို႔ လိုအပ္တာေတြကို ျပဳလုပ္ၿပီး ကြၽန္ေတာ္တို႔ ဒုတိယအေက်ာ့မွာ သူတို႔ကို အႏိုင္ယူဖို႔ ျပဳလုပ္မွာပါ။

ARSENAL MYANMAR
PHOTOS CREDIT