အော်ဒီဂွါဒ်၊ ဆာကာတို့အပြီး နောက်ထပ် စာချုပ်သစ်နဲ့ ဆောက်ဂိတ်မှားကြောင်း သက်သေပြမယ့် အာတီတာ
အာဆင်နယ်နောက်ခံကစားသမား ဘန် ဝှိုက်ဟာ အသင်းနဲ့ ကာလရှည် အနာဂတ်ကို ကတိကဝတ်ပြုမယ့် နောက်ထပ်ကစားသမားဖြစ်လာတော့မယ်လို့ သိရပါတယ်။
အင်္ဂလန်နောက်ခံကစားသမားဟာ ၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်ကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အာတီတာရဲ့အသင်းထဲမှာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ခဲ့တာဖြစ်ပြီး ဘန် ဝှိုက်ဟာ ဂန်းနားတွေအတွက် ၃ ရာသီအတွင်း ၉၃ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အစပိုင်းတုန်းက ဗဟိုခံစစ်ကစားသမားအဖြစ် ရောက်လာပေမယ့်လည်း ဘန် ဝှိုက်ဟာ အာတီတာရဲ့ အလိုက်သင့်စီးမျောတဲ့ ကစားကွက်ထဲမှာ အသားကျအောင် လုပ်ပြီး ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံး ညာနောက်ခံလူတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်နောက်ခံလူဟောင်းရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၃ နှစ်နီးပါး ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း အာဆင်နယ်က ဝှိုက်အနေနဲ့ ၎င်းရဲ့ စွမ်းဆောင်ရည်အတွက် စာချုပ်သစ်နဲ့ ဆုချခံရသင့်တယ်လို့ ရှုမြင်ထားတာဖြစ်ပါတယ်။
Mirror ရဲ့ ဖော်ပြချက်အရ ဝှိုက်ဟာ လန်ဒန် ကိုလ်နီမှာ စာချုပ်သစ် ပေးအပ်ခြင်းခံရမယ့် နောက်ထပ်ကစားသမားဖြစ်လာဖွယ်ရှိတယ်လို့ သိရပြီး မာတင် အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီ၊ ဆာလီဘာတို့အားလုံးကလည်း အောင်မြင်တဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် စာချုပ်သစ်နဲ့ ဆုချခံခဲ့ရတာဖြစ်ပါတယ်။
Amazon က ရိုက်ကူးခဲ့တဲ့ All or Nothing မှတ်တမ်းရုပ်ရှင်ထဲမှာ အာတီတာက ဘန် ဝှိုက်ကို အမှန်တကယ်အရည်အချင်းရှိပြီး ရဲရင့်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားနေရသလိုမျိုးပဲ လေ့ကျင့်နေတာကြောင့် အချိန်တိုအတွင်း ကစားသမားဘဝမှာ ဒီလောက်တိုးတက်လာခဲ့တာဖြစ်တယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြက ဘန် ဝှိုက်ဟာ မတူညီတဲ့နေရာတွေမှာ ကစားနိုင်စွမ်းရှိပြီး အဲဒါက ဘယ်လိုကစားသမားမျိုးအတွက်မဆို ကြီးမားတဲ့ အပေါင်းလက္ခဏာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘန် ဝှိုက်ကို စာချုပ်သစ် ချုပ်မယ်ဆိုတာ အာဆင်နယ်အသင်းက ဘာအတည်ပြုချက်မှ မပြုလုပ်သေးပေမယ့်လည်း ဘရိုက်တန်ကြယ်ပွင့်ဟောင်းကို စာချုပ်သစ် ချုပ်ဆိုမှုက အီဒူးနဲ့ အာတိတာတို့ရဲ့ ရေရှည်မဟာဗျူဟာစီမံကိန်းအတွက် နောက်ထပ် ဥပမာတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အလားအလာမြင့်မားတဲ့ ကြယ်ပွင့်ကစားသမားတွေကို ကာလရှည်စာချုပ် ချုပ်ဆိုပြီး ဥရောပရဲ့ စူပါပါဝါအသင်းကြီးတွေထဲက တစ်သင်းဖြစ်လာနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားတာဖြစ်ပါတယ်။
ဘန် ဝှိုက်ကို အာဆင်နယ်က စာချုပ်သစ် ချုပ်ဆိုလိုက်မယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်လူစာရင်းထဲကနေ ဖယ်ထုတ်ခဲ့တဲ့ ဂါးရတ် ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း နောက်ထပ် မေးခွန်းထုတ်စရာဖြစ်လာမှာဖြစ်ပြီး အာဆင်နယ်နောက်ခံလူဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ လက်ရွေးစင်အတွက် ပွဲဦးထွက်ခဲ့ပေမယ့်လည်း စုစုပေါင်း ၄ ပွဲသာ ပါဝင်ကစားခွင့်ရသေးတာဖြစ်ပါတယ်။
ဂါးရတ် ဆောက်ဂိတ်က ပြီးခဲ့တဲ့နှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရွေးစင်လူစာရင်းမှာ ဘန် ဝှိုက်ကို ခေါ်ယူခဲ့ပေမယ့်လည်း စခန်းသွင်းလေ့ကျင့်ချိန်အတွင်း လက်ထောက်နည်းပြနဲ့ ပြဿနာတက်လို့ ပြန်လွှတ်ပြီးကတည်းက နောက်ထပ် လူစာရင်းခေါ်ယူမှုတွေမှာ လစ်လျူရှုခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်က အသက် ၂၅ နှစ်အရွယ် နောက်ခံလူကို ဘာကြောင့် အင်္ဂလန်လူစာရင်းထဲ မခေါ်တာလဲဆိုတာ တိကျသေချာတဲ့ အဖြေမျိုးပေးခဲ့ခြင်းမရှိဘဲ ဘန် ဝှိုက်ရဲ့ ပရီးမီးယားလိဂ်က စွမ်းဆောင်ရည်ဟာ အင်္ဂလန်အတွက် အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်လာမှာဖြစ်ပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်နည်းပြက တခြားတစ်နေရာကနေပဲ ဆက်လက်ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ေနာက္ခံကစားသမား ဘန္ ဝႈိက္ဟာ အသင္းနဲ႔ ကာလရွည္ အနာဂတ္ကို ကတိကဝတ္ျပဳမယ့္ ေနာက္ထပ္ကစားသမားျဖစ္လာေတာ့မယ္လို႔ သိရပါတယ္။
အဂၤလန္ေနာက္ခံကစားသမားဟာ ၂၀၂၁ ခုႏွစ္မွာ ဘ႐ိုက္တန္ကေန ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အာတီတာရဲ႕အသင္းထဲမွာ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ခဲ့တာျဖစ္ၿပီး ဘန္ ဝႈိက္ဟာ ဂန္းနားေတြအတြက္ ၃ ရာသီအတြင္း ၉၃ ပြဲ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။
အစပိုင္းတုန္းက ဗဟိုခံစစ္ကစားသမားအျဖစ္ ေရာက္လာေပမယ့္လည္း ဘန္ ဝႈိက္ဟာ အာတီတာရဲ႕ အလိုက္သင့္စီးေမ်ာတဲ့ ကစားကြက္ထဲမွာ အသားက်ေအာင္ လုပ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ေျခစြမ္းပိုင္းအတည္ၿငိမ္ဆုံး ညာေနာက္ခံလူေတြထဲက တစ္ဦးျဖစ္လာခဲ့တာျဖစ္ပါတယ္။
လိဒ္စ္ယူႏိုက္တက္ေနာက္ခံလူေဟာင္းရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ ၃ ႏွစ္နီးပါး က်န္ရွိေနေသးတာျဖစ္ေပမယ့္လည္း အာဆင္နယ္က ဝႈိက္အေနနဲ႔ ၎ရဲ႕ စြမ္းေဆာင္ရည္အတြက္ စာခ်ဳပ္သစ္နဲ႔ ဆုခ်ခံရသင့္တယ္လို႔ ရႈျမင္ထားတာျဖစ္ပါတယ္။
Mirror ရဲ႕ ေဖာ္ျပခ်က္အရ ဝႈိက္ဟာ လန္ဒန္ ကိုလ္နီမွာ စာခ်ဳပ္သစ္ ေပးအပ္ျခင္းခံရမယ့္ ေနာက္ထပ္ကစားသမားျဖစ္လာဖြယ္ရွိတယ္လို႔ သိရၿပီး မာတင္ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီ၊ ဆာလီဘာတို႔အားလုံးကလည္း ေအာင္ျမင္တဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္နဲ႔ ဆုခ်ခံခဲ့ရတာျဖစ္ပါတယ္။
Amazon က ႐ိုက္ကူးခဲ့တဲ့ All or Nothing မွတ္တမ္း႐ုပ္ရွင္ထဲမွာ အာတီတာက ဘန္ ဝႈိက္ကို အမွန္တကယ္အရည္အခ်င္းရွိၿပီး ရဲရင့္တဲ့ ဖိုက္တာတစ္ေယာက္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ကစားေနရသလိုမ်ိဳးပဲ ေလ့က်င့္ေနတာေၾကာင့္ အခ်ိန္တိုအတြင္း ကစားသမားဘဝမွာ ဒီေလာက္တိုးတက္လာခဲ့တာျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။
စပိန္လူမ်ိဳးနည္းျပက ဘန္ ဝႈိက္ဟာ မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္စြမ္းရွိၿပီး အဲဒါက ဘယ္လိုကစားသမားမ်ိဳးအတြက္မဆို ႀကီးမားတဲ့ အေပါင္းလကၡဏာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ဘန္ ဝႈိက္ကို စာခ်ဳပ္သစ္ ခ်ဳပ္မယ္ဆိုတာ အာဆင္နယ္အသင္းက ဘာအတည္ျပဳခ်က္မွ မျပဳလုပ္ေသးေပမယ့္လည္း ဘ႐ိုက္တန္ၾကယ္ပြင့္ေဟာင္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမႈက အီဒူးနဲ႔ အာတိတာတို႔ရဲ႕ ေရရွည္မဟာဗ်ဴဟာစီမံကိန္းအတြက္ ေနာက္ထပ္ ဥပမာတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။
အာဆင္နယ္ဟာ အလားအလာျမင့္မားတဲ့ ၾကယ္ပြင့္ကစားသမားေတြကို ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ဥေရာပရဲ႕ စူပါပါဝါအသင္းႀကီးေတြထဲက တစ္သင္းျဖစ္လာႏိုင္မယ္လို႔ အခိုင္အမာ ယုံၾကည္ထားတာျဖစ္ပါတယ္။
ဘန္ ဝႈိက္ကို အာဆင္နယ္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္မယ္ဆိုရင္ အဂၤလန္လက္ေ႐ြးစင္လူစာရင္းထဲကေန ဖယ္ထုတ္ခဲ့တဲ့ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ ဆုံးျဖတ္ခ်က္အတြက္လည္း ေနာက္ထပ္ ေမးခြန္းထုတ္စရာျဖစ္လာမွာျဖစ္ၿပီး အာဆင္နယ္ေနာက္ခံလူဟာ ၂၀၂၁ ခုႏွစ္ ဇြန္လမွာ လက္ေ႐ြးစင္အတြက္ ပြဲဦးထြက္ခဲ့ေပမယ့္လည္း စုစုေပါင္း ၄ ပြဲသာ ပါဝင္ကစားခြင့္ရေသးတာျဖစ္ပါတယ္။
ဂါးရတ္ ေဆာက္ဂိတ္က ၿပီးခဲ့တဲ့ႏွစ္ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လက္ေ႐ြးစင္လူစာရင္းမွာ ဘန္ ဝႈိက္ကို ေခၚယူခဲ့ေပမယ့္လည္း စခန္းသြင္းေလ့က်င့္ခ်ိန္အတြင္း လက္ေထာက္နည္းျပနဲ႔ ျပႆနာတက္လို႔ ျပန္လႊတ္ၿပီးကတည္းက ေနာက္ထပ္ လူစာရင္းေခၚယူမႈေတြမွာ လစ္လ်ဴရႈခဲ့တာျဖစ္ပါတယ္။
ေဆာက္ဂိတ္က အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံလူကို ဘာေၾကာင့္ အဂၤလန္လူစာရင္းထဲ မေခၚတာလဲဆိုတာ တိက်ေသခ်ာတဲ့ အေျဖမ်ိဳးေပးခဲ့ျခင္းမရွိဘဲ ဘန္ ဝႈိက္ရဲ႕ ပရီးမီးယားလိဂ္က စြမ္းေဆာင္ရည္ဟာ အဂၤလန္အတြက္ အေရးႀကီးတဲ့ အရည္အခ်င္းတစ္ခုျဖစ္လာမွာျဖစ္ေပမယ့္လည္း အဂၤလန္လက္ေ႐ြးစင္နည္းျပက တျခားတစ္ေနရာကေနပဲ ဆက္လက္ရွာေဖြေနခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles