အာဆင်နယ်ရဲ့ ယခုရာသီ ကျန်အသင်းတွေထက် သာလွန်သော စွမ်းဆောင်ချက်များ changyi

အာဆင်နယ်ရဲ့ ယခုရာသီ ကျန်အသင်းတွေထက် သာလွန်သော စွမ်းဆောင်ချက်များ

အာဆင်နယ်ရဲ့ ယခုရာသီ ပထမအသင်းသား ၁၁ ဦးမှာ ဂိုးသမားကလွဲလို့ ကျန် ၁၀ ဦးဟာ goals+assists ပါဝင်ပတ်သတ်မှု ရှိကြပြီး ၉ ဦးဟာ ကိုယ်စီ ဂိုးတွေ သွင်းထားနိုင်ကြပါတယ်။

ဒါ့အပြင် အရန်ခုံက ကစားသမားတွေပါ ထည့်တွက်မယ်ဆိုရင် ဒီရာသီမှာ အာဆင်နယ်ရဲ့ ကစားသမား ၁၃ ဦးဟာ သွင်းဂိုးစာရင်းထဲမှာ ပါဝင်နေပြီး ဂိုးဖန်တီးမှုမှာလည်း ကစားသမား ၁၃ ဦးဟာ ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ တစ်သင်းတည်းက သွင်းဂိုးတွေနဲ့ ပတ်သက်တဲ့ ကစားသမားဦးရေအမြင့်ဆုံးဖြစ်ပြီး တိတိကျကျပြောရရင်တော့ အာဆင်နယ် ကစားသမား ၁၅ ဦးက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ကြပါတယ်။

ဒါဟာ အာဆင်နယ်အသင်းဟာ ဂိုးရဖို့အတွက် တစ်ဦးတစ်ယောက်တည်းအပေါ် မှီခိုနေရတဲ့ အသင်းမဟုတ်ကြောင်း ပြသတဲ့ အချက်ဖြစ်ပြီး ပွဲချိန်အတွင်းမှာ နေရာစုံက ဂိုးသွင်းယူနိုင်စွမ်းရှိကြောင်း အချက်အလက်တွေက ပြသနေပါတယ်။

အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေကို ကြည့်ပြန်ရင်လည်း မာတီနယ်လီ ၁၁ ဂို၊း ဆာကာ ၁၀ ဂိုး၊ အိုဒီဂတ် ၉ ဂိုး၊ ထရောဆတ် ၈ ဂိုးဖြစ်တာကြောင့် အားလုံးဟာ သွင်းဂိုးတွေကို အညီအမျှနီးနီး သွင်းယူထားကြလို့ team work goals ကောင်းမွန်မှု ရှိကြောင်း အချက်အလက်တွေက ညွှန်းဆိုနေပါတယ်။

ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားအပြီးမှာ ၂ ပွဲသာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ကျန် ၂၃ ပွဲမှာ ၆ ပွဲ ၁ ဂိုးစီသွင်းယူပြီး ၁၇ ပွဲမှာ ၂ ဂိုးနဲ့ ၂ ဂိုးအထက်သွင်းယူထားနိုင်ခဲ့ပါတယ်။ ၂ ဂိုးနဲ့ ၂ ဂိုးအထက် သွင်းယူနိုင်တဲ့ ပွဲအရေအတွက်အများဆုံးမှာလည်း အာဆင်နယ် ဦးဆောင်နေပါသေးတယ်။

ဒီအချက်တွေဟာ အာဆင်နယ်ရဲ့ အရင်ရာသီတွေနဲ့မတူ ထင်ရှားတဲ့ တိုးတက်မှုဖြစ်ပြီး ယခုရာသီ အခြေအနေကောင်းနေရခြင်းရဲ့ ထင်ရှားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်ကို ဆက်ထိန်းထားရင် ရာသီကုန်မှာ အာဆင်နယ် အတွက် ထိုက်တန်တဲ့ နေရာတစ်နေရာက စောင့်ကြိုနေမယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

Chan-G