အာဆင်နယ်တို့ ၃ ပွဲတိတိ မရှုမလှရှုံးပြီး ဖလားလက်မဲ့ဖြစ်မယ်လို့ ပြောခဲ့တဲ့ အိုဟားရား coyg

အာဆင်နယ်တို့ ၃ ပွဲတိတိ မရှုမလှရှုံးပြီး ဖလားလက်မဲ့ဖြစ်မယ်လို့ ပြောခဲ့တဲ့ အိုဟားရား

talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ အိုဟားရားက အာဆင်နယ်အနေနဲ့ ရာသီမကုန်ခင်မှာပဲ ပရီးမီးယားလိဂ်ဆုဖလားအနိုင်ရမယ့် အနေအထားကနေ ခြေချော်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၇ ပွဲ ကစားပြီးချိန်မှာ မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လည်း ရာသီကုန်ဖို့ ၁၁ ပွဲသာ ကျန်တော့တာဖြစ်ပြီး အဲဒီ ၁၁ ပွဲထဲမှာ ဖလားပြိုင်ဘက်တွေနဲ့ ကစားရမယ့်ပွဲစဉ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ ချဲလ်ဆီးနဲ့ နယူးကာဆယ်လ်တို့ကို ရင်ဆိုင်ရမယ့် ရက်သတ္တပတ်အစမှာ ကစားသွားရမှာ ဖြစ်ပြီး အိုဟားရားက အဲဒီလို ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ကစားရမှာဖြစ်တာကြောင့် ဂန်းနားတွေရဲ့ ဆုဖလားစိန်ခေါ်မှုဟာ လဲပြိုသွားပြီး မန်စီးတီးက ကျော်တက်သွားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ယုံကြည်ချက်အပြည့်ရှိနေမှာ သေချာပြီး အများစုက အာတီတာရဲ့အသင်းဟာ ဆယ်စုနှစ် ၂ ခုနီးပါး စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်တော့မယ်ုလိ့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပါးစ်ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ အိုဟားရားက အယုံအကြည်မရှိတာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ခြေချော်သွားလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မန်စီးတီးက အနိုင်ရရှိနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ဆီ တွိတစ်ခု ရောက်လာခဲ့ပြီး အဲဒါက ကျွန်တော် တွေးထားတဲ့အတိုင်းပဲ။ ‘စီးတီးက အာဆင်နယ်နဲ့ ရာသီနောက်ဆုံးပွဲစဉ် ၅ ပွဲအထိ ဆက်ရှိနေမယ်ဆိုရင် အာဆင်နယ် ခြေချော်လိမ့်မယ်’တဲ့။ ကျွန်တော်လည်း အဲဒီအတိုင်းကို တွေးနေတာပါ။ ခင်ဗျား အာဆင်နယ်နဲ့ မလှမ်းမကမ်း ၅ မှတ်၊ ၃ မှတ်လောက်မှာရှိနေပြီး သူတို့တွေ တစ်သင်းနဲ့တစ်သင်းနဲ့ ရင်ဆိုင်ကစားဖို့ရှိနေတယ်။ မန်စီးတီးက အာဆင်နယ်ကို အနိုင်ယူဖို့လိုတယ်။ အဲဒါက ၆ ပွဲကစားဖို့ ကျန်တဲ့အချိန်အတွင်းမှာပဲ။ အဲဒီပွဲပြီးရင် ခင်ဗျား ၅ ပွဲကစားဖို့ ကျန်တယ်။ မန်စီးတီးသာ အာဆင်နယ်ကို အနိုင်ကစားနိုင်ခဲ့ရင် သူတို့တွေ ၅ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ နီးနီးလေးမှာ ရှိနေတော့မှာပါ။

ဘယ်သူက အတွေ့အကြုံရှိလဲ၊ ဘယ်သူက ခြေချော်မှာလဲ။ မန်စီးတီးက အရင်တုန်းကတည်းက ချန်ပီယံဖြစ်ခဲ့တာပါ။ ကစားဖို့ ပွဲတွေအများကြီး ကျန်ပါသေးတယ်။ သူတို့တွေ မန်စီးတီးနဲ့ ကစားရဦးမှာဖြစ်ပြီး အဲဒီပွဲအပြီးကျတော့ ချဲလ်ဆီးနဲ့ ကစားရမှာပါ။ ပြီးတော့ သူတို့တွေ နယူးကာဆယ်လ် အိမ်ကွင်းကို သွားကစားရမှာပါ။ ကြီးမားတဲ့ ပွဲစဉ် ၃ ပွဲဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဆုဖလားကို လက်လွှတ်ရမှာပါ။ အဲဒီအပတ်က အာဆင်နယ် လိဂ်ဖလားပြိုင်ပွဲမှာ ရှုံးနိမ့်မယ့် အချိန်ပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

talkSPORT ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီ အိုဟားရားက အာဆင္နယ္အေနနဲ႔ ရာသီမကုန္ခင္မွာပဲ ပရီးမီးယားလိဂ္ဆုဖလားအႏိုင္ရမယ့္ အေနအထားကေန ေျခေခ်ာ္လိမ့္မယ္လို႔ အခိုင္အမာ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ၂၇ ပြဲ ကစားၿပီးခ်ိန္မွာ မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္လည္း ရာသီကုန္ဖို႔ ၁၁ ပြဲသာ က်န္ေတာ့တာျဖစ္ၿပီး အဲဒီ ၁၁ ပြဲထဲမွာ ဖလားၿပိဳင္ဘက္ေတြနဲ႔ ကစားရမယ့္ပြဲစဥ္လည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

အဲဒီပြဲစဥ္ဟာ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္လ္တို႔ကို ရင္ဆိုင္ရမယ့္ ရက္သတၱပတ္အစမွာ ကစားသြားရမွာ ျဖစ္ၿပီး အိုဟားရားက အဲဒီလို ပြဲႀကီးပြဲေကာင္းေတြ ဆက္တိုက္ ကစားရမွာျဖစ္တာေၾကာင့္ ဂန္းနားေတြရဲ႕ ဆုဖလားစိန္ေခၚမႈဟာ လဲၿပိဳသြားၿပီး မန္စီးတီးက ေက်ာ္တက္သြားႏိုင္မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္အပါအဝင္ ပရီးမီးယားလိဂ္ ၅ ပြဲဆက္တိုက္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီးေနာက္ ယုံၾကည္ခ်က္အျပည့္ရွိေနမွာ ေသခ်ာၿပီး အမ်ားစုက အာတီတာရဲ႕အသင္းဟာ ဆယ္စုႏွစ္ ၂ ခုနီးပါး ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ေတာ့မယ္ုလိ့ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပါးစ္ကြင္းလယ္ကစားသမားေဟာင္းျဖစ္တဲ့ talkSPORT ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီ အိုဟားရားက အယုံအၾကည္မရွိတာျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ေျခေခ်ာ္သြားလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“မန္စီးတီးက အႏိုင္ရရွိႏိုင္ေသးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ဆီ တြိတစ္ခု ေရာက္လာခဲ့ၿပီး အဲဒါက ကြၽန္ေတာ္ ေတြးထားတဲ့အတိုင္းပဲ။ ‘စီးတီးက အာဆင္နယ္နဲ႔ ရာသီေနာက္ဆုံးပြဲစဥ္ ၅ ပြဲအထိ ဆက္ရွိေနမယ္ဆိုရင္ အာဆင္နယ္ ေျခေခ်ာ္လိမ့္မယ္’တဲ့။ ကြၽန္ေတာ္လည္း အဲဒီအတိုင္းကို ေတြးေနတာပါ။ ခင္ဗ်ား အာဆင္နယ္နဲ႔ မလွမ္းမကမ္း ၅ မွတ္၊ ၃ မွတ္ေလာက္မွာရွိေနၿပီး သူတို႔ေတြ တစ္သင္းနဲ႔တစ္သင္းနဲ႔ ရင္ဆိုင္ကစားဖို႔ရွိေနတယ္။ မန္စီးတီးက အာဆင္နယ္ကို အႏိုင္ယူဖို႔လိုတယ္။ အဲဒါက ၆ ပြဲကစားဖို႔ က်န္တဲ့အခ်ိန္အတြင္းမွာပဲ။ အဲဒီပြဲၿပီးရင္ ခင္ဗ်ား ၅ ပြဲကစားဖို႔ က်န္တယ္။ မန္စီးတီးသာ အာဆင္နယ္ကို အႏိုင္ကစားႏိုင္ခဲ့ရင္ သူတို႔ေတြ ၅ ပြဲပဲ က်န္ေတာ့တဲ့အခ်ိန္မွာ နီးနီးေလးမွာ ရွိေနေတာ့မွာပါ။

ဘယ္သူက အေတြ႕အႀကဳံရွိလဲ၊ ဘယ္သူက ေျခေခ်ာ္မွာလဲ။ မန္စီးတီးက အရင္တုန္းကတည္းက ခ်န္ပီယံျဖစ္ခဲ့တာပါ။ ကစားဖို႔ ပြဲေတြအမ်ားႀကီး က်န္ပါေသးတယ္။ သူတို႔ေတြ မန္စီးတီးနဲ႔ ကစားရဦးမွာျဖစ္ၿပီး အဲဒီပြဲအၿပီးက်ေတာ့ ခ်ဲလ္ဆီးနဲ႔ ကစားရမွာပါ။ ၿပီးေတာ့ သူတို႔ေတြ နယူးကာဆယ္လ္ အိမ္ကြင္းကို သြားကစားရမွာပါ။ ႀကီးမားတဲ့ ပြဲစဥ္ ၃ ပြဲျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ဆုဖလားကို လက္လႊတ္ရမွာပါ။ အဲဒီအပတ္က အာဆင္နယ္ လိဂ္ဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္မယ့္ အခ်ိန္ပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet