အသက် ၂၆ နှစ်အရွယ်ကစားသမားကို အာဆင်နယ်ဆီ သွားခွင့်ပေးခဲ့တာကို မယုံနိုင်တဲ့ အလာဒိုက်စ် coyg

အသက် ၂၆ နှစ်အရွယ်ကစားသမားကို အာဆင်နယ်ဆီ သွားခွင့်ပေးခဲ့တာကို မယုံနိုင်တဲ့ အလာဒိုက်စ်

ဆမ် အလာဒိုက်စ်ဟာ အာဆင်နယ် နွေရာသီကစားသမားခေါ်ယူစုဆောင်းမှုနဲ့ မန်ချက်စတာစီးတီးကနေ ခေါ်ယူခဲ့တဲ့ ကစားသမားခေါ်ယူမှု ၂ ခုကို ဆွေးနွေးခဲ့ပါတယ်။

အာတီတာဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်းဆီကနေ ကစားသမား ၂ ဦးကို ခေါ်ယူခဲ့တာဖြစ်ပြီး မန်စီးတီးကနေ ခေါ်ယူခဲ့တဲ့ ဂါဘရီယဲလ် ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ ၂ ဦးစလုံးက ယခုရာသီမှာ ဂန်းနားတွေရဲ့ အဓိကကစားသမားတွေအဖြစ် သက်သေပြသနေကြတာဖြစ်ပါတယ်။

အလာဒိုက်စ်က ပက် ဂွါဒီယိုလာအနေနဲ့ အာဆင်နယ်အသင်းသာ ပရီးမီးယားလိဂ်ဖလားရသွားမယ်ဆိုရင် ဒီရောင်းချမှုတွေအတွက် နောင်တရလိမ့်မယ်လို့ ယုံကြည်နေပြီး မန်စီးတီးက ဘယ်နောက်ခံအင်အားနည်းပါးနေချိန်မှာ ယူကရိန်း နောက်ခံလူကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာကို မယုံနိုင်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဂွါဒီယိုလာက ဂန်းနားတွေသာ ဖလားရသွားမယ်ဆိုရင် ဒီကစားသမားတွေကို အာဆင်နယ်ဆီ ရောင်းချခဲ့တဲ့အတွက် နောင်တရပါလိမ့်မယ်။ သူ ဘယ်လိုနည်းနဲ့မဆို နောင်တရလိမ့်မယ်။ ပရိသတ်တွေအားလုံးက မန်စီးတီးသာ လိဂ်ဖလား မရခဲ့ရင် ‘ငါတို့ကို ဒုက္ခရောက်စေခဲ့တာ ကြည့်စမ်းပါဦး’ဆိုပြီး ပြောကြမယ်။ သူ အထောင်းခံရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက သူ့ရဲ့ ဘော်ဒါမလား။ သူက သူ(အာတီတာ)နဲ့ နှစ်အတော်ကြာရှိနေခဲ့ပြီး သူက သူ့ကို အာဆင်နယ်နည်းပြရာထူးရအောင် ကူညီပေးခဲ့တယ်။ အခုဆိုရင် သူ့ရဲ့ အရည်အသွေးရှိတဲ့ ကစားသမား ၂ ဦးကိုပါ သွားခွင့်ပါ ပေးခဲ့တယ်။ ဇင်ချန်ကိုရဲ့အပြောင်းအရွှေ့က ကျွန်တော့်အတွက် ထူးဆန်းတဲ့အပြောင်းအရွှေ့တစ်ခုပါ”

“ဘာလို့လဲဆိုတော့ သူက ဘယ်နောက်ခံနဲ့ ကွင်းလယ်ဘယ်ခြမ်းမှာ ကစားနိုင်တယ်။ ဒါပေမယ့် အထူးသဖြင့် ဘယ်နောက်ခံနေရာမှာ ကစားနိုင်ပါတယ်။ သူတို့တွေမှာ အခု ဘယ်နောက်ခံလူစစ်စစ် မရှိဘူး။ သူတို့တွေ ဗဟိုခံစစ်ကစားသမားကို အဲဒီနေရာမှာ ကစားခိုင်းနေပြီး ရှိတဲ့နောက်ခံလူကျတော့ အငှားနဲ့ ထွက်ခွင့်ပေးခဲ့တယ်။ ဂျာအို ကန်ဆယ်လိုကလည်း သာမန်မဟုတ်တဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ အာဆင်နယ်အသင်းသာ ပရီးမီးယားလိဂ်ဖလားရရှိသွားမယ်ဆိုရင် ဇင်ချန်ကို ကို ရောင်းချမှုက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး အမှားတွေထဲက တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်သေတွင်းကိုယ်တူးတဲ့ ရောင်းချမှုမျိုး ပရီးမီးယားလိဂ်မှာ အရင်တုန်းက မြင်တွေ့ခဲ့ဖူးပြီး ၁၉၉၀ ပြည့်နှစ်ကာလတွေတုန်းက လိဒ်စ်ယူနိုက်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီ အဲရစ် ကန်တိုနာကို ရောင်းချခဲ့တာက လူသိများ အကျော်ကြားဆုံးဖြစ်စဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ဆမ္ အလာဒိုက္စ္ဟာ အာဆင္နယ္ ေႏြရာသီကစားသမားေခၚယူစုေဆာင္းမႈနဲ႔ မန္ခ်က္စတာစီးတီးကေန ေခၚယူခဲ့တဲ့ ကစားသမားေခၚယူမႈ ၂ ခုကို ေဆြးေႏြးခဲ့ပါတယ္။

အာတီတာဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းေဟာင္းဆီကေန ကစားသမား ၂ ဦးကို ေခၚယူခဲ့တာျဖစ္ၿပီး မန္စီးတီးကေန ေခၚယူခဲ့တဲ့ ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ ဇင္ခ်န္ကိုတို႔ ၂ ဦးစလုံးက ယခုရာသီမွာ ဂန္းနားေတြရဲ႕ အဓိကကစားသမားေတြအျဖစ္ သက္ေသျပသေနၾကတာျဖစ္ပါတယ္။

အလာဒိုက္စ္က ပက္ ဂြါဒီယိုလာအေနနဲ႔ အာဆင္နယ္အသင္းသာ ပရီးမီးယားလိဂ္ဖလားရသြားမယ္ဆိုရင္ ဒီေရာင္းခ်မႈေတြအတြက္ ေနာင္တရလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး မန္စီးတီးက ဘယ္ေနာက္ခံအင္အားနည္းပါးေနခ်ိန္မွာ ယူကရိန္း ေနာက္ခံလူကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာကို မယုံႏိုင္ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဂြါဒီယိုလာက ဂန္းနားေတြသာ ဖလားရသြားမယ္ဆိုရင္ ဒီကစားသမားေတြကို အာဆင္နယ္ဆီ ေရာင္းခ်ခဲ့တဲ့အတြက္ ေနာင္တရပါလိမ့္မယ္။ သူ ဘယ္လိုနည္းနဲ႔မဆို ေနာင္တရလိမ့္မယ္။ ပရိသတ္ေတြအားလုံးက မန္စီးတီးသာ လိဂ္ဖလား မရခဲ့ရင္ ‘ငါတို႔ကို ဒုကၡေရာက္ေစခဲ့တာ ၾကည့္စမ္းပါဦး’ဆိုၿပီး ေျပာၾကမယ္။ သူ အေထာင္းခံရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက သူ႔ရဲ႕ ေဘာ္ဒါမလား။ သူက သူ(အာတီတာ)နဲ႔ ႏွစ္အေတာ္ၾကာရွိေနခဲ့ၿပီး သူက သူ႔ကို အာဆင္နယ္နည္းျပရာထူးရေအာင္ ကူညီေပးခဲ့တယ္။ အခုဆိုရင္ သူ႔ရဲ႕ အရည္အေသြးရွိတဲ့ ကစားသမား ၂ ဦးကိုပါ သြားခြင့္ပါ ေပးခဲ့တယ္။ ဇင္ခ်န္ကိုရဲ႕အေျပာင္းအေ႐ႊ႕က ကြၽန္ေတာ့္အတြက္ ထူးဆန္းတဲ့အေျပာင္းအေ႐ႊ႕တစ္ခုပါ”

“ဘာလို႔လဲဆိုေတာ့ သူက ဘယ္ေနာက္ခံနဲ႔ ကြင္းလယ္ဘယ္ျခမ္းမွာ ကစားႏိုင္တယ္။ ဒါေပမယ့္ အထူးသျဖင့္ ဘယ္ေနာက္ခံေနရာမွာ ကစားႏိုင္ပါတယ္။ သူတို႔ေတြမွာ အခု ဘယ္ေနာက္ခံလူစစ္စစ္ မရွိဘူး။ သူတို႔ေတြ ဗဟိုခံစစ္ကစားသမားကို အဲဒီေနရာမွာ ကစားခိုင္းေနၿပီး ရွိတဲ့ေနာက္ခံလူက်ေတာ့ အငွားနဲ႔ ထြက္ခြင့္ေပးခဲ့တယ္။ ဂ်ာအို ကန္ဆယ္လိုကလည္း သာမန္မဟုတ္တဲ့ အေျပာင္းအေ႐ႊ႕တစ္ခုပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ အာဆင္နယ္အသင္းသာ ပရီးမီးယားလိဂ္ဖလားရရွိသြားမယ္ဆိုရင္ ဇင္ခ်န္ကို ကို ေရာင္းခ်မႈက မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးမားဆုံး အမွားေတြထဲက တစ္ခု ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ကိုယ့္ေသတြင္းကိုယ္တူးတဲ့ ေရာင္းခ်မႈမ်ိဳး ပရီးမီးယားလိဂ္မွာ အရင္တုန္းက ျမင္ေတြ႕ခဲ့ဖူးၿပီး ၁၉၉၀ ျပည့္ႏွစ္ကာလေတြတုန္းက လိဒ္စ္ယူႏိုက္တက္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ အဲရစ္ ကန္တိုနာကို ေရာင္းခ်ခဲ့တာက လူသိမ်ား အေက်ာ္ၾကားဆုံးျဖစ္စဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet