ဇင်ကြီး ဉာဏ်ကောင်းခဲ့လေသလား အပါအဝင် စပို့တင်းနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲက ထုတ်နုတ်ပြောစရာ ၇ ချက်
အာတီတာရဲ့အသင်းဟာ ကြာသပတေးနေ့ညမှာ လစ္စဘွန်းကို ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဝီလီယံ ဆာလီဘာက မိနစ် ၂၀ မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့ပြီးနောက် ၁၀ မိနစ် အကြာမှာပဲ စပို့တင်းက ဂွန်ဆာလို အင်နာစီယိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ပြန်လည် ချေပသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁၀ မိနစ်အကြာမှာပဲ ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး စပို့တင်းလစ္စဘွန်းက တန်နာ ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို ပေါ်လင်ဟိုက ကန်သွင်းယူပြီး ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပေါ်လင်ဟိုဟာ သိပ်မကြာခင်မှာ စပို့တင်း လစ္စဘွန်းကို ၃-၁ နဲ့ ဦးဆောင်နိုင်စေမယ့် အခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း ဂိုးကန်သွင်းချက်က ဝိုက်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အရေးကြီးတဲ့ ချေပဂိုးကို ထူးဆန်းတဲ့ အခြေအနေမှာ ရရှိခဲ့တာဖြစ်ပြီး ချာကာရဲ့ ပေးပို့မှုက ဟိုင်ဒီမာဆာ မိုရီတာနဲ့ ထိခဲ့လို့ လမ်းကြောင်း ပြောင်းပြီး ဂိုးထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
၁။ ခီဗီယောရဲ့ ပထမဆုံးပွဲ
ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ခီဗီယောဟာ စပီးဇီးယားကနေ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၂ လနီးပါးအကြာမှာ ပထမဆုံး ပွဲဦးထွက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ပိုလန်နောက်ခံလူရဲ့ အားအကောင်းဆုံးအရည်အချင်းတွေထဲက တစ်ခုဖြစ်တဲ့ ဘောလုံးပေးပို့မှုအရည်အချင်းနဲ့ ဘက်ပေါင်းစုံ နည်းစနစ်ပိုင်း အရည်အသွေးကို သေချာစောင့်ကြည့်ချင်တဲ့သူတွေအတွက် ဆန္ဒပြည့်ဝခဲ့တာဖြစ်ပြီး ခီဗီယောဟာ အရပ်အမောင်းကောင်းပေမယ့်လည်း စပို့တင်းရဲ့ ပထမဂိုးက ၎င်းအနေနဲ့ အမြင့်ဘောတွေမှာ လုပ်ဆောင်ရမယ့်အရာတွေ ရှိနေသေးတယ်လို့ ပြောပြခဲ့တာဖြစ်ပါတယ်။ စပီးဇီးယားကြယ်ပွင့်ဟောင်းဟာ ထောင့်ကန်ဘောကို ရှင်းထုတ်ဖို့အတွက် ခုန်ရမယ့်အချိန်မှာ မတ်မတ်ကြီးရပ်နေပြီး စပို့တင်းရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးမှာလည်း ခီဗီယောရဲ့နေရာယူပုံက မေးခွန်းထုတ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။
၂။ အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့တဲ့ အာတီတာ
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်ထားတာကြောင့် ပရိသတ်အချို့က ယူရိုပါလိဂ်ပွဲစဉ်မှာ အရန်ကစားသမားအချို့ကို ပွဲထုတ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် စပိန်လူမျိုးနည်းပြက သူ့ရဲ့ ကစားသမားတွေအနေနဲ့ တစ်ပတ်ကို ၃ ကြိမ်အထိ ကစားနိုင်ရမယ်လို့ မျှော်မှန်းထားကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့တာ ကြာပြီဖြစ်ပါတယ်။ အာတီတာဟာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ၆ ခုအထိ ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အာဆင်နယ်နည်းပြက အပြောင်းအလဲ အများဆုံး ၃ ခုအထိသာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်အိမ်ကွင်းကို သွားကစားရမယ့် အန္တရာယ်ရှိတဲ့ ခရီးစဉ်ကလည်း တနင်္ဂနွေနေ့မှာ စောင့်ဆိုင်းနေပေမယ့်လည်း စပို့တင်းနဲ့ပွဲမှာ အားအကောင်းဆုံးလူစာရင်းကို ထုတ်ခဲ့တာဖြစ်ပြီး ဆာကာ၊ မာတီနယ်လီ၊ ဆာလီဘာတို့နဲ့အတူ တနင်္ဂနွေနေ့မှာ ပါဝင်ကစားသွားမယ့် ဇင်ချန်ကို၊ ဘန် ဝှိုက်၊ ချာကာတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
၃။ အိမ်ကို တောက်ပစွာ ပြန်ခဲ့တဲ့ ဗီယာရာ
အချိန်တော်တော် များများမှာ ဘောလုံးဆုံးရှုံးမှုတွေနဲ့အတူ အဆင်မပြေဖြစ်ခဲ့တဲ့သူကတော့ ဖေဘီယို ဗီယာရာဖြစ်ပြီး ပေါ်တိုအသင်းအတွက် ကစားပေးခဲ့သူဖြစ်တာကြောင့် စပို့တင်းလစ္စဘွန်းပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေနဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပေမယ့်လည်း လုပ်စရာရှိတာတွေကို ဆက်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗီယာရာရဲ့ ဆာလီဘာအတွက် ဂိုးဖန်တီးမှုဟာ အလွန်ကြည့်လို့ ကောင်းခဲ့ပြီး သင့်တော်တဲ့ အမြင့်နဲ့ ဝေ့ဝိုက်မှုတွေ ပါဝင်တဲ့ ပြီးပြည့်စုံတဲ့ ဖြတ်တင်ဘောက စပို့တင်းလစ္စဘွန်းနောက်ခံလူတွေကို ကူကယ်ရာမဲ့စေခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီယူ-၂၁ ကွင်းလယ်ကစားသမားသာ ဒီလိုခြေစွမ်းမျိုး လန်ဒန်မှာ ပြန်လည်ပြသနိုင်မယ်ဆိုရင် အာဆင်နယ်အသင်းက အနိုင်ရရှိသူဖြစ်မှာဖြစ်ပါတယ်။ ဗီယာရာဟာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ၁၃ ပွဲကစားပေးခဲ့ရာမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၆ ကြိမ် ဂိုး ရရှိအောင် ဖန်တီးပေးပို့ပေးနိုင်ခဲ့တဲ့အတွက် ယခုရာသီအာဆင်နယ်အသင်းရဲ့ အသင်းဖော်တွေကို ဂိုးရရှိအောင် ဖန်တီးပေးပို့သူများဇယားမှာ ပထမနေရာက ဆာကာထက် ၉ ကြိမ်ရဲ့နောက် ဒုတိယနေရာမှာ ၆ ကြိမ်နဲ့ အော်ဒီဂါ့ဒ်၊ ဂျေးဇုတို့နဲ့ အတူတူ ရပ်တည်နေပါတယ်။
၄။ တိုက်စစ်ကို ဦးဆောင်လာတဲ့ မာတီနယ်လီ
ဂျေးဇု၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ မာတီနယ်လီက တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ အန်ကီးတီးယားထက် ဂျေးဇု၊ ထရော့ဆာ့ဒ်တို့ ကစားဟန်မျိုးနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ မကြာခဏ မျှော်လင့်ထားတာထက် ဘောလုံးကို နောက်ဆင်းယူပြီး ဂန်းနားတောင်ပံကစားသမားတွေ အရှေ့တက်နေချိန်မှာ ကွင်းလယ်ကနေ ဘောလုံးကို ရယူခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ ဂိုးသွင်းယူနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ၂ ကြိမ်အထိ ရရှိခဲ့ပြီး ပထမအကြိမ်က ဂိုးသွင်းဖို့ ပိုအခွင့်သာတဲ့ ဗီယာရာဆီကို ထိုးပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယအခွင့်အရေးကတော့ အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှု ပြုလုပ်ခဲ့ပြီးနောက် ရရှိခဲ့တာဖြစ်ပြီး စိန့် ဂျပ်စတီက ထူးခြားတဲ့ တကိုယ်တော်သွင်းဂိုးကို နောက်ဆုံးအချိန်မှာ ကြားဝင်ပြီး ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ အားလုံးခြုံပြောရရင် အာတီတာအနေနဲ့ သူ မြင်တွေ့ခဲ့ရတာတွေအတွက် အားရကျေနပ်နေခဲ့မှာဖြစ်ပြိး မာတီနယ်လီကို တနင်္ဂနွေနေ့မှာ တူညီတဲ့အခန်းကဏ္ဍမှာ အသုံးပြုမယ်ဆိုရင်လည်း အံ့အားသင့်စရာဖြစ်တော့မှာမဟုတ်တာဖြစ်ပါတယ်။
၅။ အသင်းခေါင်းဆောင် နှလုံးလှလူမိုက်ကြီး
ချာကာရဲ့ အသင်းပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့တဲ့ကိစ္စဟာ လက်ရှိမှာတော့ ဟိုးအရင်တုန်းက ကိစ္စတစ်ခုလိုမျိုး ခံစားနေရပြီဖြစ်ပြီး အဲဒီကိစ္စက ဆွစ်ကွင်းလယ်လူရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးစေခဲ့တာကို မေ့ဖို့ လွယ်ကူစေပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင် အော်ဒီဂွါဒ် မပါဝင်နိုင်တာကြောင့် ချာကာက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခဲ့ပြီး သူ့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေကို ပြသတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အဖွင့်ဂိုးအပြီးမှာ ဇင်ချန်ကိုဟာ ၎င်းရဲ့ မျက်နှာကို ထိမှန်ခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့် ရန်ပွဲတစ်ခုဖြစ်ခဲ့ပြီး ချာကာက ရှေ့ကနေ ၎င်းရဲ့အသင်းဖော်တွေအတွက် တိုက်ပွဲဝင်ပေးခဲ့သလို အနီနဲ့အဖြူရှပ်ဝတ်ထားတဲ့သူအားလုံးကို ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။
၆။ ကြည့်ကောင်းတော့မယ့် ဒုတိယအကျော့ပွဲစဉ်
လစ္စဘွန်းက ရလဒ်ဟာ လာမယ့် တစ်ပတ်အတွင်း အမ်းမရိတ်စ်မှာ ပြန်ကစားရမယ့် ဒုတိယအကျော့အတွက် စိတ်ဝင်စားစရာဖြစ်လာပြီဖြစ်ပြီး အဝေးဂိုးစည်းမျဉ်းကလည်း မရှိတော့တာကြောင့် စပို့တင်းဟာ မြောက်လန်ဒန်မှာ အံ့အားသင့်စရာတွေ လုပ်ပြနိုင်မယ်လို့ ယုံကြည်ချက်ရှိနေမှာဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကနေ ကြည့်မယ်ဆိုရင်လည်း အိမ်ကွင်းအားသာချက်နဲ့ ပေါ်တူဂီကလပ်အသင်းကို သက်တောင့်သက်သာ အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပေမယ့် ခံစစ်ပိုင်းချို့ယွင်းချက်အချို့ ပေါ်လာခဲ့တာက အာတီတာအတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်ခဲ့တာဖြစ်ပါတယ်။
၇ ။စပို့တင်းအသင်းခေါင်းဆောင်ကို ဒုတိယအကျော့ပွဲ လွဲစေခဲ့တဲ့ ဇင်ချန်ကို
ပွဲချိန် ၂၂ မိနစ်မှာ ဂန်းနားတို့အတွက် ဦးဆောင်ဂိုးကို ဆာလီဘာမှ သွင်းယူပြီး အောင်ပွဲခံနေချိန်မှာ ဇင်ချန်ကိုနဲ့ ပေါ်တိုနောက်တန်း ကစားသမားတဦး ကတောက်ကဆဖြစ်ခဲ့ပြီး ဇင်ချန်ကိုမှ ဘာတွေသွားပြောလိုက်သလဲ မသိ စပို့တင်းအသင်းခေါင်းဆောင် နောက်တန်းဗဟိုခံစစ်မှူး ကိုအာတက်စ်ပါ ဒေါသတကြီး ရန်ပွဲထဲ ပါဝင်လာပြီး ဇင်ချန်ကိုနဲ့ ဆက်လက်အချင်းများနေသည်ကို ကွင်းလယ်ဒိုင်က ဖျန်ဖြေကာ နှစ်ဦးစလုံးကို အဝါကဒ်ပြား ပြသခဲ့ပါတယ်။ ယခုပွဲ အဝါကဒ်ပြားပြခံရလို့ သတ်မှတ် အဝါကဒ်အရည်အတွက်ပြည့်သွားသည့်အတွက် လာမယ့် အမ်းမရိတ်စ်ကွင်းမှာ ကစားမည့်ပွဲကို လွဲချော်ရတော့မှာ သိနေသည့် စပို့တင်းအသင်းခေါင်းဆောင်အတွက်တော့ ဒေါသကို မထိန်းနိုင်ခဲ့သည့်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သည့် ကွင်းလယ်ကစားသမား မိုရီတာလည်း ပွဲချိန် ၅၈ မိနစ်မှာ အဝါကဒ်ပြားအပြခံရလို့ လာမယ့် ဒုတိယအကျော့ပွဲအတွက် ပွဲပယ်ပြစ်ဒဏ်ရဖို့ အဝါကဒ်ပြားလုံလောက်သွားခြင်းကြောင့် လွဲချော်တော့မှာ ဖြစ်ပြီး အမ်းမရိတ်စ်ကွင်းမှာ လာကစားရမယ့် စပို့တင်းအသင်းအတွက် အားနည်းချက်ဖြစ်ခဲ့ပြီး အိမ်ရှင်အသင်းဖြစ်တဲ့ အာဆင်နယ်အတွက်တော့ နောက်တဆင့်တက်ဖို့ အားသာချက်ဖြစ်လာပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာတီတာရဲ႕အသင္းဟာ ၾကာသပေတးေန႔ညမွာ လစၥဘြန္းကို ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။
ဝီလီယံ ဆာလီဘာက မိနစ္ ၂၀ မွာ အာဆင္နယ္အတြက္ ဦးေဆာင္ဂိုးကို ေခါင္းတိုက္သြင္းယူသြားခဲ့ၿပီးေနာက္ ၁၀ မိနစ္ အၾကာမွာပဲ စပို႔တင္းက ဂြန္ဆာလို အင္နာစီယိုရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔ ျပန္လည္ ေခ်ပသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၁၀ မိနစ္အၾကာမွာပဲ ပြဲအေျခအေနက ေျပာင္းျပန္ျဖစ္သြားခဲ့ၿပီး စပို႔တင္းလစၥဘြန္းက တန္နာ ပုတ္ထုတ္လိုက္တဲ့ေဘာလုံးကို ေပၚလင္ဟိုက ကန္သြင္းယူၿပီး ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ေပၚလင္ဟိုဟာ သိပ္မၾကာခင္မွာ စပို႔တင္း လစၥဘြန္းကို ၃-၁ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ အခြင့္အေရးကို ရရွိခဲ့ေပမယ့္လည္း ဂိုးကန္သြင္းခ်က္က ဝိုက္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းအတြက္ အေရးႀကီးတဲ့ ေခ်ပဂိုးကို ထူးဆန္းတဲ့ အေျခအေနမွာ ရရွိခဲ့တာျဖစ္ၿပီး ခ်ာကာရဲ႕ ေပးပို႔မႈက ဟိုင္ဒီမာဆာ မိုရီတာနဲ႔ ထိခဲ့လို႔ လမ္းေၾကာင္း ေျပာင္းၿပီး ဂိုးထဲကို ဝင္သြားခဲ့တာ ျဖစ္ပါတယ္။
၁။ ခီဗီေယာရဲ႕ ပထမဆုံးပြဲ
ဇန္နဝါရီကစားသမားေခၚယူမႈျဖစ္တဲ့ ခီဗီေယာဟာ စပီးဇီးယားကေန ေပါင္ ၂၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ၂ လနီးပါးအၾကာမွာ ပထမဆုံး ပြဲဦးထြက္ခြင့္ ရခဲ့တာျဖစ္ပါတယ္။ ပိုလန္ေနာက္ခံလူရဲ႕ အားအေကာင္းဆုံးအရည္အခ်င္းေတြထဲက တစ္ခုျဖစ္တဲ့ ေဘာလုံးေပးပို႔မႈအရည္အခ်င္းနဲ႔ ဘက္ေပါင္းစုံ နည္းစနစ္ပိုင္း အရည္အေသြးကို ေသခ်ာေစာင့္ၾကည့္ခ်င္တဲ့သူေတြအတြက္ ဆႏၵျပည့္ဝခဲ့တာျဖစ္ၿပီး ခီဗီေယာဟာ အရပ္အေမာင္းေကာင္းေပမယ့္လည္း စပို႔တင္းရဲ႕ ပထမဂိုးက ၎အေနနဲ႔ အျမင့္ေဘာေတြမွာ လုပ္ေဆာင္ရမယ့္အရာေတြ ရွိေနေသးတယ္လို႔ ေျပာျပခဲ့တာျဖစ္ပါတယ္။ စပီးဇီးယားၾကယ္ပြင့္ေဟာင္းဟာ ေထာင့္ကန္ေဘာကို ရွင္းထုတ္ဖို႔အတြက္ ခုန္ရမယ့္အခ်ိန္မွာ မတ္မတ္ႀကီးရပ္ေနၿပီး စပို႔တင္းရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးမွာလည္း ခီဗီေယာရဲ႕ေနရာယူပုံက ေမးခြန္းထုတ္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။
၂။ အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္ခဲ့တဲ့ အာတီတာ
အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ထားတာေၾကာင့္ ပရိသတ္အခ်ိဳ႕က ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အရန္ကစားသမားအခ်ိဳ႕ကို ပြဲထုတ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ စပိန္လူမ်ိဳးနည္းျပက သူ႔ရဲ႕ ကစားသမားေတြအေနနဲ႔ တစ္ပတ္ကို ၃ ႀကိမ္အထိ ကစားႏိုင္ရမယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ရွင္းရွင္းလင္းလင္း ျပသခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ အာတီတာဟာ ဘုန္းေမာက္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ၆ ခုအထိ ျပဳလုပ္ခဲ့ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ အာဆင္နယ္နည္းျပက အေျပာင္းအလဲ အမ်ားဆုံး ၃ ခုအထိသာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဖူလ္ဟမ္အိမ္ကြင္းကို သြားကစားရမယ့္ အႏၲရာယ္ရွိတဲ့ ခရီးစဥ္ကလည္း တနဂၤေႏြေန႔မွာ ေစာင့္ဆိုင္းေနေပမယ့္လည္း စပို႔တင္းနဲ႔ပြဲမွာ အားအေကာင္းဆုံးလူစာရင္းကို ထုတ္ခဲ့တာျဖစ္ၿပီး ဆာကာ၊ မာတီနယ္လီ၊ ဆာလီဘာတို႔နဲ႔အတူ တနဂၤေႏြေန႔မွာ ပါဝင္ကစားသြားမယ့္ ဇင္ခ်န္ကို၊ ဘန္ ဝႈိက္၊ ခ်ာကာတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။
၃။ အိမ္ကို ေတာက္ပစြာ ျပန္ခဲ့တဲ့ ဗီယာရာ
အခ်ိန္ေတာ္ေတာ္ မ်ားမ်ားမွာ ေဘာလုံးဆုံးရႈံးမႈေတြနဲ႔အတူ အဆင္မေျပျဖစ္ခဲ့တဲ့သူကေတာ့ ေဖဘီယို ဗီယာရာျဖစ္ၿပီး ေပၚတိုအသင္းအတြက္ ကစားေပးခဲ့သူျဖစ္တာေၾကာင့္ စပို႔တင္းလစၥဘြန္းပရိသတ္ေတြဆီကေန ေလွာင္ေျပာင္သံေတြနဲ႔ တိုက္ခိုက္ျခင္းခံခဲ့ရေပမယ့္လည္း လုပ္စရာရွိတာေတြကို ဆက္လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဗီယာရာရဲ႕ ဆာလီဘာအတြက္ ဂိုးဖန္တီးမႈဟာ အလြန္ၾကည့္လို႔ ေကာင္းခဲ့ၿပီး သင့္ေတာ္တဲ့ အျမင့္နဲ႔ ေဝ့ဝိုက္မႈေတြ ပါဝင္တဲ့ ၿပီးျပည့္စုံတဲ့ ျဖတ္တင္ေဘာက စပို႔တင္းလစၥဘြန္းေနာက္ခံလူေတြကို ကူကယ္ရာမဲ့ေစခဲ့တာ ျဖစ္ပါတယ္။ ေပၚတူဂီယူ-၂၁ ကြင္းလယ္ကစားသမားသာ ဒီလိုေျခစြမ္းမ်ိဳး လန္ဒန္မွာ ျပန္လည္ျပသႏိုင္မယ္ဆိုရင္ အာဆင္နယ္အသင္းက အႏိုင္ရရွိသူျဖစ္မွာျဖစ္ပါတယ္။
၄။ တိုက္စစ္ကို ဦးေဆာင္လာတဲ့ မာတီနယ္လီ
ေဂ်းဇု၊ အန္ကီးတီးယား၊ ထေရာ့ဆာ့ဒ္တို႔ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ မာတီနယ္လီက တိုက္စစ္ကို ဦးေဆာင္ခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ အန္ကီးတီးယားထက္ ေဂ်းဇု၊ ထေရာ့ဆာ့ဒ္တို႔ ကစားဟန္မ်ိဳးနဲ႔ ကစားခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီဟာ မၾကာခဏ ေမွ်ာ္လင့္ထားတာထက္ ေဘာလုံးကို ေနာက္ဆင္းယူၿပီး ဂန္းနားေတာင္ပံကစားသမားေတြ အေရွ႕တက္ေနခ်ိန္မွာ ကြင္းလယ္ကေန ေဘာလုံးကို ရယူခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီဟာ ဂိုးသြင္းယူႏိုင္ဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရး ၂ ႀကိမ္အထိ ရရွိခဲ့ၿပီး ပထမအႀကိမ္က ဂိုးသြင္းဖို႔ ပိုအခြင့္သာတဲ့ ဗီယာရာဆီကို ထိုးေပးခဲ့တာျဖစ္ပါတယ္။ ဒုတိယအခြင့္အေရးကေတာ့ အလြန္ေကာင္းမြန္တဲ့ ေျပးလႊားမႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ရရွိခဲ့တာျဖစ္ၿပီး စိန႔္ ဂ်ပ္စတီက ထူးျခားတဲ့ တကိုယ္ေတာ္သြင္းဂိုးကို ေနာက္ဆုံးအခ်ိန္မွာ ၾကားဝင္ၿပီး ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။ အားလုံးၿခဳံေျပာရရင္ အာတီတာအေနနဲ႔ သူ ျမင္ေတြ႕ခဲ့ရတာေတြအတြက္ အားရေက်နပ္ေနခဲ့မွာျဖစ္ၿပိး မာတီနယ္လီကို တနဂၤေႏြေန႔မွာ တူညီတဲ့အခန္းက႑မွာ အသုံးျပဳမယ္ဆိုရင္လည္း အံ့အားသင့္စရာျဖစ္ေတာ့မွာမဟုတ္တာျဖစ္ပါတယ္။
၅။ အသင္းေခါင္းေဆာင္ ႏွလုံးလွလူမိုက္ႀကီး
ခ်ာကာရဲ႕ အသင္းပရိသတ္ေတြနဲ႔ ျပႆနာတက္ခဲ့တဲ့ကိစၥဟာ လက္ရွိမွာေတာ့ ဟိုးအရင္တုန္းက ကိစၥတစ္ခုလိုမ်ိဳး ခံစားေနရၿပီျဖစ္ၿပီး အဲဒီကိစၥက ဆြစ္ကြင္းလယ္လူရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို ဆုံးရႈံးေစခဲ့တာကို ေမ့ဖို႔ လြယ္ကူေစပါတယ္။ ဒါေပမယ့္လည္း အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ မပါဝင္ႏိုင္တာေၾကာင့္ ခ်ာကာက အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားခဲ့ၿပီး သူ႔ရဲ႕ ေခါင္းေဆာင္မႈအရည္အခ်င္းေတြကို ျပသတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ အဖြင့္ဂိုးအၿပီးမွာ ဇင္ခ်န္ကိုဟာ ၎ရဲ႕ မ်က္ႏွာကို ထိမွန္ခဲ့တယ္လို႔ ခံစားခဲ့ရတာေၾကာင့္ ရန္ပြဲတစ္ခုျဖစ္ခဲ့ၿပီး ခ်ာကာက ေရွ႕ကေန ၎ရဲ႕အသင္းေဖာ္ေတြအတြက္ တိုက္ပြဲဝင္ေပးခဲ့သလို အနီနဲ႔အျဖဴရွပ္ဝတ္ထားတဲ့သူအားလုံးကို ကာကြယ္ေပးခဲ့တာျဖစ္ပါတယ္။
၆။ ၾကည့္ေကာင္းေတာ့မယ့္ ဒုတိယအေက်ာ့ပြဲစဥ္
လစၥဘြန္းက ရလဒ္ဟာ လာမယ့္ တစ္ပတ္အတြင္း အမ္းမရိတ္စ္မွာ ျပန္ကစားရမယ့္ ဒုတိယအေက်ာ့အတြက္ စိတ္ဝင္စားစရာျဖစ္လာၿပီျဖစ္ၿပီး အေဝးဂိုးစည္းမ်ဥ္းကလည္း မရွိေတာ့တာေၾကာင့္ စပို႔တင္းဟာ ေျမာက္လန္ဒန္မွာ အံ့အားသင့္စရာေတြ လုပ္ျပႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနမွာျဖစ္ပါတယ္။ အာဆင္နယ္ဘက္ကေန ၾကည့္မယ္ဆိုရင္လည္း အိမ္ကြင္းအားသာခ်က္နဲ႔ ေပၚတူဂီကလပ္အသင္းကို သက္ေတာင့္သက္သာ အႏိုင္ယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနေပမယ့္ ခံစစ္ပိုင္းခ်ိဳ႕ယြင္းခ်က္အခ်ိဳ႕ ေပၚလာခဲ့တာက အာတီတာအတြက္ စဥ္းစားစရာေတြ အမ်ားႀကီး ျဖစ္ခဲ့တာျဖစ္ပါတယ္။
၇။ စပို႔တင္းအသင္းေခါင္းေဆာင္ကို ဒုတိယအေက်ာ့ပြဲကို လြဲေစခဲ့တဲ့ ဇင္ခ်န္ကို
ပြဲခ်ိန္ ၂၂ မိနစ္မွာ ဂန္းနားတို႔အတြက္ ဦးေဆာင္ဂိုးကို ဆာလီဘာမွ သြင္းယူၿပီး ေအာင္ပြဲခံေနခ်ိန္မွာ ဇင္ခ်န္ကိုနဲ႔ ေပၚတိုေနာက္တန္း ကစားသမားတဦး ကေတာက္ကဆျဖစ္ခဲ့ၿပီး ဇင္ခ်န္ကိုမွ ဘာေတြသြားေျပာလိုက္သလဲ မသိ စပို႔တင္းအသင္းေခါင္းေဆာင္ ေနာက္တန္းဗဟိုခံစစ္မႉး ကိုအာတက္စ္ပါ ေဒါသတႀကီး ရန္ပြဲထဲ ပါဝင္လာၿပီး ဇင္ခ်န္ကိုနဲ႔ ဆက္လက္အခ်င္းမ်ားေနသည္ကို ကြင္းလယ္ဒိုင္က ဖ်န္ေျဖကာ ႏွစ္ဦးစလုံးကို အဝါကဒ္ျပား ျပသခဲ့ပါတယ္။ ယခုပြဲ အဝါကဒ္ျပားျပခံရလို႔ သတ္မွတ္ အ၀ါကဒ္အရည္အတြက္ျပည့္သြားသည့္အတြက္ လာမယ့္ အမ္းမရိတ္စ္ကြင္းမွာ ကစားမည့္ပြဲကို လြဲေခ်ာ္ရေတာ့မွာ သိေနသည့္ စပို႔တင္းအသင္းေခါင္းေဆာင္အတြက္ေတာ့ ေဒါသကို မထိန္းႏိုင္ခဲ့သည့္အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။
ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့သည့္ ကြင္းလယ္ကစားသမား မိုရီတာလည္း ပြဲခ်ိန္ ၅၈ မိနစ္မွာ အဝါကဒ္ျပားအျပခံရလို႔ လာမယ့္ ဒုတိယအေက်ာ့ပြဲအတြက္ ပြဲပယ္ျပစ္ဒဏ္ရဖို႔ အဝါကဒ္ျပားလုံေလာက္သြားျခင္းေၾကာင့္ လြဲေခ်ာ္ေတာ့မွာ ျဖစ္ၿပီး အမ္းမရိတ္စ္ကြင္းမွာ လာကစားရမယ့္ စပို႔တင္းအသင္းအတြက္ အားနည္းခ်က္ျဖစ္ခဲ့ၿပီး အိမ္ရွင္အသင္းျဖစ္တဲ့ အာဆင္နယ္အတြက္ေတာ့ ေနာက္တဆင့္တက္ဖို႔ အားသာခ်က္ျဖစ္လာပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles