အမ်းမရိတ်စ်မှာ အနိုင်ကစားမယ်လို့ ကြုံးဝါးလိုက်တဲ့ စပို့တင်းကြယ်ပွင့်နဲ့နောက်ဆုံးရ ဂန်းနားသတင်းများ
-ပေါ်လင်ညိုဟာ ယနေ့ည အမ်းမရိတ်စ်မှာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ဂန်းနားတွေကို သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းကြယ်ပွင့်တိုက်စစ်မှူးဟာ ဂန်းနားတွေနဲ့ ကစားခဲ့တဲ့ ပထမအကျော့တုန်းက တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ပထမအကျော့ရလဒ်နဲ့ ၎င်းရဲ့ မကြာသေးမီ ခြေစွမ်းကောင်းနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ကောင်းကောင်းကစားပြီး ဂိုးသွင်းယူနိုင်ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ယုံကြည်မှုက ကျွန်တော်တို့ နေ့တိုင်းလုပ်နေတဲ့အရာတွေဆီကနေ လာတာပါ။ တစ်ဦးချင်း၊ အသင်းအဖွဲ့လိုက် လုပ်ဆောင်နေတဲ့အရာတွေဆီကနေပါ။ ကျွန်တော်တို့ အဲဒီအပေါ်မှာ အာရုံစိုက်ရမှာဖြစ်ပြီး အဲဒါကိုပဲ ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်ပါတယ်။ ကျွန်တော်တို့ ပထမအကျော့တုန်းက အနိုင်ရခဲ့သင့်တယ်ဆိုတဲ့ ခံစားချက်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရဖို့ ကစားခဲ့လို့ဖြစ်ပြီး အဲဒါကို ပွဲစဉ်အတွင်းမှာ ပြသခဲ့တယ်။
အခု ကျွန်တော်တို့ ဒုတိယပွဲမှာ ပိုပြီးတော့ ကောင်းမွန်အောင် ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ ပိုပြီးတော့ ကောင်းမွန်ချင်ရင် အကောင်းဆုံးအသင်းတွေနဲ့ တိုက်ပွဲဝင်ဖို့ တွေးရမှာပါ။ ကျွန်တော်တို့ တခြားဘယ်နည်းလမ်းမှ ရှာနေလို့မရဘူး။ ပြီးခဲ့တဲ့အပတ်မှာ အဲဒါကို လုပ်ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာလည်း အဲဒီအတိုင်းပဲ လုပ်သွားမှာပါ။ ကျွန်တော်တို့ တစ်ပွဲလုံး ပရိသတ်တွေရဲ့ အားပေးသံတွေကို ကြားခဲ့ရတယ်။ အဲဒါက ပြီးခဲ့တဲ့နှစ်က မန်ချက်စတာမှာ စီးတီးနဲ့ ကစားတုန်းက၊ ဒီရာသီစပါးစ်နဲ့ ကစားခဲ့တုန်းက အတိုင်းပါပဲ။ တခြား ကွင်းတွေမှာ ကစားခဲ့တုန်းက အတိုင်းပါပဲ။ ကျွန်တော်တို့ အဝေးကွင်းမှာ ကစားနေရတာတောင်မှ ကျွန်တော်တို့ရဲ့အိမ်ရဲ့ တစ်စိတ်တပိုင်းက ဒီမှာရှိနေသလို ခံစားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
-ခရစ္စ ဆပ်တန်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ယနေ့ည စပို့တင်းနဲ့ပွဲမှာ ဆာကာနဲ့ မာတီနယ်လီတို့ကို ပွဲထွက်ကစားခွင့်မပေးသင့်ဘူးလို့ ပြောဆိုခဲ့ပြီး ဂန်းနားကြယ်ပွင့် ၂ ဦးအနေနဲ့ အကာအကွယ်ပေးခြင်းခံရဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ “လစ္စဘွန်းမှာ ကစားခဲ့တဲ့အဝေးကွင်းပွဲတုန်းက သူ ဆာကာနဲ့ မာတီနယ်လီကို ပွဲထွက်ကစားစေခဲ့တယ်။ အာဆင်နယ်ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင် ခင်ဗျားက အဲဒါကို ကြည့်ပြီး ကောင်းတာပေါ့လို့ ပြောမှာပါ။ ဒါပေမယ့် အာဆင်နယ်က လိဂ်မှာ မယုံနိုင်စရာရပ်တည်မှုမှာ ရှိနေပြီး ဆာကာ ဒါမှမဟုတ် မာတီနယ်လီတို့လို ကြီးမားတဲ့ကစားသမား ၂ ဦးထဲက တစ်ဦး ဒဏ်ရာရသွားရင် မကောင်းတော့ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။ မာ့ခ် ချက်ပ်မန်းက အဲဒီလိုဆိုရင် လေ့ကျင့်ရေးမှာလည်း ဒဏ်ရာရနိုင်တာပဲလို့ ပြောကြားခဲ့ရာမှာ ဆပ်တန်က ပွဲကစားချိန်မှာ ပိုပြီးတော့ ဒဏ်ရာရနိုင်ခြေများတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
-ဘရိုက်တန်အသင်းစီအီးအို ပေါလ် ဘာဘားက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ဆီကနေ ကမ်းလှမ်းခြင်း ခံခဲ့ရချိန်မှာ မွိုက်စ် ကိုင်ဆေဒိုက ပြောင်းရွှေ့ချင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ကိုင်ဆေဒိုဟာ လူမှုကွန်ရက်ပေါ်မှာ ဂန်းနားတွေဆီ ပြောင်းရွှေ့ဖို့တောင် ရေးသားခဲ့ချိန်မှာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို သံသယတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်အသင်းက အီကွေဒေါကွင်းလယ်လူကို ဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စာချုပ်သစ်တောင် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။
-အာဆင်နယ်နည်းပြ အာတီတာက ဘန် ဝှိုက်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဆောက်ဂိတ်ရဲ့ လူစာရင်းထဲမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဘန် ဝှိုက်အနေနဲ့ ဆောက်ဂိတ်ရဲ့ လူစာရင်းထဲမှာ ပါဝင်နိုင်မယ်လို့ မျှော်မှန်းထားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “သူက ကျွန်တော်တို့အတွက် ကစားပေးနိုင်တဲ့အခြေအနေရှိနေတာ သေချာပါတယ်။ သူက အင်္ဂလန်လူစာရင်းအတွက်လည်း ပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိနေမှာပါ။ ကျွန်တော် သိရသလောက်တော့ သူက တကယ်ကောင်းတဲ့ပုံစံကောင်းမှာ ရှိနေခဲ့ပြီး ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက်လည်း တကယ်ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ယနေ့ညနေမှာ အီတလီ၊ ယူကရိန်းတို့နဲ့ကစားမယ့် ပွဲစဉ်တွေအတွက် လူစာရင်းကို သတ်မှတ်ခဲ့ရာမှာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတုန်းက အိမ်ကို အစောကြီးပြန်သွားခဲ့တဲ့ ဘန် ဝှိုက်ကို ချန်လှပ်ခဲ့ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ဘန် ဝှိုက်ဟာ ဂန်းနားတွေရဲ့ ယခုရာသီ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၂၅ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းကနေ ဝှိုက်ကို ဆောက် ဂိတ်ကတော့ ချန်လှပ်ခဲ့ခြင်းမှာ ဘောလုံးနဲ့မဆိုင်တဲ့ အကြောင်းအရင်းတွေကြောင့် ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ယူဆရပြီး ဆောက်ဂိတ်ရဲ့ လက်ထောက်နည်းပြ စတိဗ် ဟော်လန်နဲ့ ရန်ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လို့ သတင်းများက ဆိုနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ ကိန်းဂဏန်းအချက်အလက်တွေကို မသိရှိခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဟော်လန်နဲ့ ရန်ဖြစ်ခဲ့တာဖြစ်တယ်လို့ Daily Star က ဖော်ပြခဲ့တဲ့အတွက် ဆောက်ဂိတ်နဲ့ ဟော်လန်ရှိနေသမျှ အာဆင်နယ်အသင်းက ညာနောက်ခံကစားသမား ဘန် ဝှိုက်အနေနဲ့ ဘယ်လောက်ပင် ခြေစွမ်းကောင်းနေပါစေ အင်္ဂလန်အသင်းလက်ရွေးစင် အဖြစ်ရွေးချယ်ခံရဖွယ်မရှိတော့ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
ယခုရာသီအာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဗဟိုနောက်ခံကစားသမား ဆာလီဘာဟာ ယူရိုခြေစစ်ပွဲ ကစားမယ့် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်တဲ့ လူစာရင်းမှာ ပါဝင်လာပါတယ်။ ပြင်သစ်အသင်းဟာ ယူရိုခြေစစ်ပွဲ အုပ်စု ဘီ မှာ ပါဝင်နေပြီး မတ်လ ၂၅ ရက်မှာ နယ်သာလန်အသင်း၊ မတ်လ ၂၈ ရက်နေ့မှာ အိုင်ယာလန်အသင်းများနဲ့ ကစားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
-ေပၚလင္ညိဳဟာ ယေန႔ည အမ္းမရိတ္စ္မွာ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ အာဆင္နယ္နဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္မတိုင္ခင္ ဂန္းနားေတြကို သတိေပးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ စပို႔တင္းလစၥဘြန္းၾကယ္ပြင့္တိုက္စစ္မႉးဟာ ဂန္းနားေတြနဲ႔ ကစားခဲ့တဲ့ ပထမအေက်ာ့တုန္းက တဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး ပထမအေက်ာ့ရလဒ္နဲ႔ ၎ရဲ႕ မၾကာေသးမီ ေျခစြမ္းေကာင္းနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “ေကာင္းေကာင္းကစားၿပီး ဂိုးသြင္းယူႏိုင္ဖို႔က အေရးႀကီးပါတယ္။ ဒါေပမယ့္ ယုံၾကည္မႈက ကြၽန္ေတာ္တို႔ ေန႔တိုင္းလုပ္ေနတဲ့အရာေတြဆီကေန လာတာပါ။ တစ္ဦးခ်င္း၊ အသင္းအဖြဲ႕လိုက္ လုပ္ေဆာင္ေနတဲ့အရာေတြဆီကေနပါ။ ကြၽန္ေတာ္တို႔ အဲဒီအေပၚမွာ အာ႐ုံစိုက္ရမွာျဖစ္ၿပီး အဲဒါကိုပဲ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္လို႔ရႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ပထမအေက်ာ့တုန္းက အႏိုင္ရခဲ့သင့္တယ္ဆိုတဲ့ ခံစားခ်က္နဲ႔ အဆုံးသတ္ခဲ့ရတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ ကစားခဲ့လို႔ျဖစ္ၿပီး အဲဒါကို ပြဲစဥ္အတြင္းမွာ ျပသခဲ့တယ္။
အခု ကြၽန္ေတာ္တို႔ ဒုတိယပြဲမွာ ပိုၿပီးေတာ့ ေကာင္းမြန္ေအာင္ ႀကိဳးပမ္းရမွာပါ။ ကြၽန္ေတာ္တို႔ ပိုၿပီးေတာ့ ေကာင္းမြန္ခ်င္ရင္ အေကာင္းဆုံးအသင္းေတြနဲ႔ တိုက္ပြဲဝင္ဖို႔ ေတြးရမွာပါ။ ကြၽန္ေတာ္တို႔ တျခားဘယ္နည္းလမ္းမွ ရွာေနလို႔မရဘူး။ ၿပီးခဲ့တဲ့အပတ္မွာ အဲဒါကို လုပ္ခဲ့တာျဖစ္ၿပီး မနက္ျဖန္မွာလည္း အဲဒီအတိုင္းပဲ လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔ တစ္ပြဲလုံး ပရိသတ္ေတြရဲ႕ အားေပးသံေတြကို ၾကားခဲ့ရတယ္။ အဲဒါက ၿပီးခဲ့တဲ့ႏွစ္က မန္ခ်က္စတာမွာ စီးတီးနဲ႔ ကစားတုန္းက၊ ဒီရာသီစပါးစ္နဲ႔ ကစားခဲ့တုန္းက အတိုင္းပါပဲ။ တျခား ကြင္းေတြမွာ ကစားခဲ့တုန္းက အတိုင္းပါပဲ။ ကြၽန္ေတာ္တို႔ အေဝးကြင္းမွာ ကစားေနရတာေတာင္မွ ကြၽန္ေတာ္တို႔ရဲ႕အိမ္ရဲ႕ တစ္စိတ္တပိုင္းက ဒီမွာရွိေနသလို ခံစားရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
-ခရစၥ ဆပ္တန္က အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ယေန႔ည စပို႔တင္းနဲ႔ပြဲမွာ ဆာကာနဲ႔ မာတီနယ္လီတို႔ကို ပြဲထြက္ကစားခြင့္မေပးသင့္ဘူးလို႔ ေျပာဆိုခဲ့ၿပီး ဂန္းနားၾကယ္ပြင့္ ၂ ဦးအေနနဲ႔ အကာအကြယ္ေပးျခင္းခံရဖို႔ လိုအပ္တယ္လို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။ “လစၥဘြန္းမွာ ကစားခဲ့တဲ့အေဝးကြင္းပြဲတုန္းက သူ ဆာကာနဲ႔ မာတီနယ္လီကို ပြဲထြက္ကစားေစခဲ့တယ္။ အာဆင္နယ္ပရိသတ္တစ္ေယာက္အေနနဲ႔ဆိုရင္ ခင္ဗ်ားက အဲဒါကို ၾကည့္ၿပီး ေကာင္းတာေပါ့လို႔ ေျပာမွာပါ။ ဒါေပမယ့္ အာဆင္နယ္က လိဂ္မွာ မယုံႏိုင္စရာရပ္တည္မႈမွာ ရွိေနၿပီး ဆာကာ ဒါမွမဟုတ္ မာတီနယ္လီတို႔လို ႀကီးမားတဲ့ကစားသမား ၂ ဦးထဲက တစ္ဦး ဒဏ္ရာရသြားရင္ မေကာင္းေတာ့ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။ မာ့ခ္ ခ်က္ပ္မန္းက အဲဒီလိုဆိုရင္ ေလ့က်င့္ေရးမွာလည္း ဒဏ္ရာရႏိုင္တာပဲလို႔ ေျပာၾကားခဲ့ရာမွာ ဆပ္တန္က ပြဲကစားခ်ိန္မွာ ပိုၿပီးေတာ့ ဒဏ္ရာရႏိုင္ေျခမ်ားတယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။
-ဘ႐ိုက္တန္အသင္းစီအီးအို ေပါလ္ ဘာဘားက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္ဆီကေန ကမ္းလွမ္းျခင္း ခံခဲ့ရခ်ိန္မွာ မြိဳက္စ္ ကိုင္ေဆဒိုက ေျပာင္းေ႐ႊ႕ခ်င္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။ ကိုင္ေဆဒိုဟာ လူမႈကြန္ရက္ေပၚမွာ ဂန္းနားေတြဆီ ေျပာင္းေ႐ႊ႕ဖို႔ေတာင္ ေရးသားခဲ့ခ်ိန္မွာ ၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈကို သံသယေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘ႐ိုက္တန္အသင္းက အီေကြေဒါကြင္းလယ္လူကို ဆက္လက္ထိန္းသိမ္းခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ စာခ်ဳပ္သစ္ေတာင္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
-အာဆင္နယ္နည္းျပ အာတီတာက ဘန္ ဝႈိက္ဟာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ေဆာက္ဂိတ္ရဲ႕ လူစာရင္းထဲမွာ ပါဝင္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ဘန္ ဝႈိက္အေနနဲ႔ ေဆာက္ဂိတ္ရဲ႕ လူစာရင္းထဲမွာ ပါဝင္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “သူက ကြၽန္ေတာ္တို႔အတြက္ ကစားေပးႏိုင္တဲ့အေျခအေနရွိေနတာ ေသခ်ာပါတယ္။ သူက အဂၤလန္လူစာရင္းအတြက္လည္း ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနရွိေနမွာပါ။ ကြၽန္ေတာ္ သိရသေလာက္ေတာ့ သူက တကယ္ေကာင္းတဲ့ပုံစံေကာင္းမွာ ရွိေနခဲ့ၿပီး ပြဲစဥ္တိုင္းမွာ ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနမွာ ရွိေနခဲ့ပါတယ္။ သူက ကြၽန္ေတာ္တို႔အတြက္လည္း တကယ္ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ ယေန႔ညေနမွာ အီတလီ၊ ယူကရိန္းတို႔နဲ႔ကစားမယ့္ ပြဲစဥ္ေတြအတြက္ လူစာရင္းကို သတ္မွတ္ခဲ့ရာမွာ ၂၀၂၂ ကာတာ ကမာၻ႔ဖလားတုန္းက အိမ္ကို အေစာႀကီးျပန္သြားခဲ့တဲ့ ဘန္ ဝႈိက္ကို ခ်န္လွပ္ခဲ့ပါတယ္။ အာဆင္နယ္ၾကယ္ပြင့္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီး ဘန္ ဝႈိက္ဟာ ဂန္းနားေတြရဲ႕ ယခုရာသီ ပရီးမီးယားလိဂ္ ၂၇ ပြဲမွာ ၂၅ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤလန္အသင္းကေန ဝႈိက္ကို ေဆာက္ ဂိတ္ကေတာ့ ခ်န္လွပ္ခဲ့ျခင္းမွာ ေဘာလုံးနဲ႔မဆိုင္တဲ့ အေၾကာင္းအရင္းေတြေၾကာင့္ ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္တယ္လို႔ ယူဆရၿပီး ေဆာက္ဂိတ္ရဲ႕ လက္ေထာက္နည္းျပ စတိဗ္ ေဟာ္လန္နဲ႔ ရန္ျဖစ္ခဲ့တဲ့ ကိစၥေၾကာင့္လို႔ သတင္းမ်ားက ဆိုေနၾကပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ကိန္းဂဏန္းအခ်က္အလက္ေတြကို မသိရွိခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေဟာ္လန္နဲ႔ ရန္ျဖစ္ခဲ့တာျဖစ္တယ္လို႔ Daily Star က ေဖာ္ျပခဲ့တဲ့အတြက္ ေဆာက္ဂိတ္နဲ႔ ေဟာ္လန္ရွိေနသမွ် အာဆင္နယ္အသင္းက ညာေနာက္ခံကစားသမား ဘန္ ဝႈိက္အေနနဲ႔ ဘယ္ေလာက္ပင္ ေျခစြမ္းေကာင္းေနပါေစ အဂၤလန္အသင္းလက္ေ႐ြးစင္ အျဖစ္ေ႐ြးခ်ယ္ခံရဖြယ္မရွိေတာ့ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။
ယခုရာသီအာဆင္နယ္မွာ ေျခစြမ္းျပေနတဲ့ ဗဟိုေနာက္ခံကစားသမား ဆာလီဘာဟာ ယူ႐ိုေျခစစ္ပြဲ ကစားမယ့္ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ ေ႐ြးခ်ယ္တဲ့ လူစာရင္းမွာ ပါဝင္လာပါတယ္။ ျပင္သစ္အသင္းဟာ ယူ႐ိုေျခစစ္ပြဲ အုပ္စု ဘီ မွာ ပါဝင္ေနၿပီး မတ္လ ၂၅ ရက္မွာ နယ္သာလန္အသင္း၊ မတ္လ ၂၈ ရက္ေန႔မွာ အိုင္ယာလန္အသင္းမ်ားနဲ႔ ကစားရမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles