အစဉ်အလာအရသာမက ယူရိုပါလိဂ်ပါပစ်မှတ်ထားမယ့် အာတီတာကြောင့် အမ်းမရိတ်နိုင်ပွဲနဲ့ ကွာတားတယ်မယ့် ဂန်းနားများ
အာဆင်နယ်အသင်းသည် ယနေ့ည (သောကြာနေ့ မနက် ၂ နာရီခွဲ)တွင် ပေါ်တူဂီ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ ပေါ်တူဂီမြေမှာ ကစားခဲ့စဉ်က တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့အတွက် ယခုပွဲဟာ အဆုံးအဖြစ်အတွက် ကစားရမယ့် အရေးကြီးပွဲစဉ်ဖြစ်လာပါတယ်။ ယခုအခါ အဝေးဂိုးဖြင့် ဆုံးဖြတ်မှု မရှိသည့်အတွက်လည်း သရေကျခဲ့လျှင် အချိန်ပို မိနစ် ၃၀ ဆက်ကစားရမှာ ဖြစ်ပြီး ဆက်လက် သရေကျနေခဲ့လျှင် ပယ်နယ်တီ အဆုံးအဖြတ်ကန်သွငသွင်းရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြင်းထန်စွာ တိုက်ပွဲဝင်နေစဉ် ယခုယူရိုပါလိဂ်ပြိုင်ပွဲဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလို့ ဂန်နားပရိသတ်တွေက ရှုမြင်ခံယူထားသော်လည်း နည်းပြအာတီတာကတော့ ပြည်တွင်းလိဂ်နဲ့ ယူရိုပါလိဂ် နှစ်ခုစလုံးမှာပါ အောင်မြင်ဖို့ ကြိုးစားနေတယ်လို့ ဆိုခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ်အသင်းဘက်မှ ခြေကျင်းဝတ်ဒဏ်ရာ ရရှိထားတဲ့ အန်ကီးတီးယား လွဲချော်မှာဖြစ်ပြီး ဒဏ်ရာက ပြန်ကောင်းလာပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ဂျေးဇု ကို ယခုပွဲမှာ ပွဲထွက် ကစားသမားအဖြစ် စတင်အသုံးပြုမပြုကတော့ နည်းပြအာတီတာရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်နေပြီး စမစ် ရိုး၊ တီယာနီ၊ တိုမီယဆုတို့ကတော့ ပွဲထွက်ကစားလာဖွယ်ရှိနေပါတယ်။ နည်းပြအာတီတာအနေနဲ့ ယခုပွဲမှာ ဗဟိုခံစစ်ကို ရော့ဒ် ဟိုးဒင်းနဲ့ ဂါဘရီယဲလ်တို့ အတွဲကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ရင်လည်း အံ့သြစရာ တစ်ခုတော့ မဟုတ်ပါ။
စပို့တင်းလစ္စဘွန်းအသင်းမှ အာဆင်နယ်ဘယ်နောက်ခံကစားသမား ဘယ်လာရင်ဟာ ဒဏ်ရာကြောင့် အမ်းမရိတ်ကွင်းကို တကျော့ပြန်ခရီးကို လွဲချော်မှာဖြစ်ပါတယ်။ စပို့တင်း ဂိုးသမား အဒန်အနေနဲ့ ကြွက်သား နာကျင် ဒဏ်ရာရရှိထားပြီး ပါဝင်နိုင် မပါဝင်နိုင် မသေချာသေးသလို အသင်းခေါင်းဆောင် ကုတ်စ် နဲ့ မိုရီတာတို့ကတော့ ပွဲပယ်ပြစ် ဒဏ်ကြောင့် သေချာပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ စိတ်ဝင်စားဖွယ် အဓိကအချက်အလက်များ
-အာဆင်နယ်အသင်းနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲများမှာ ၅ ကြိမ်တွေ့ဆုံဖူးပြီး အာဆင်နယ်အသင်းက စပို့တင်းကို ၂ ပွဲ နိုင်၊ ၃ ပွဲ သရေနဲ့ ရှုံးပွဲ မရှိသေးပါဘူး။
-နှစ်သင်းစလုံးသည် ပြိုင်ပွဲအရပ်ရပ်ရဲ့ နောက်ဆုံးခြောက်ပွဲတွင် ၅ ပွဲနိုင် ၊ ၁ ပွဲသရေ ရှုံးပွဲမရှိဆိုတဲ့ တူညီကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကြပါတယ်။
-အာဆင်နယ်အသင်းသည် ပေါ်တူဂီအသင်းများနှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရာမှာ ၇ ပွဲတွင် ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး စပို့တင်းအသင်းသည် ဥရောပပြိုင်ပွဲများတွင် အင်္ဂလိပ်အသင်းများနှင့် အဝေးကွင်း ၁၄ ပွဲယှဉ်ပြိုင်ကစားရာတွင် ၂ ပွဲသာ အနိုင်ရထားပါတယ်။
-အာဆင်နယ် အသင်းသည် သူတို့ရဲ့ နောက်ဆုံး ယူရိုပါလိဂ် အိမ်ကွင်း လေးပွဲ မှာ Clean Sheet ကို ထိန်းထား နိုင်ခဲ့ပြီး အိမ်ကွင်းပွဲစဉ်အားလုံးကို အနိုင်ရထားပါတယ်။
-စပို့တင်းအသင်းသည် ၂၀၀၄-၀၅ ရာသီကတည်းက အင်္ဂလန်တွင် ကစားခဲ့သည့် ၎င်းတို့၏ နောက်ဆုံး ၉ ပွဲတွင် နိုင်ပွဲမရခဲ့ပေ။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်အသင်းဘက်မှာ တာနာ၊ တိုမီယဆု၊ ဆာလီဘာ၊ ခီဗီယော၊ တီယာနီ၊ ဂျော်ဂျင်ညို၊ ဗီယာရာ၊ ချာကာ၊ စမစ် ရိုး၊ ထရော့စ်ဆာ့ဒ်၊ ရိစ် နယ်လ်ဆန် တို့ ပွဲထွက် ကစားလာနိုင်ပါတယ်။
စပို့တင်းအသင်းဘက်မှာတော့ အဒန်၊ အီနာစီယို၊ စိန့် ဂျပ်၊ အိစ်ဂိုင်ယို၊ ဂွန်ဆာဗိစ်၊ ရိစ်၊ အူဂါတီ၊ အက်ဒွပ်စ်၊ ဆန်းတို့စ်၊ ပေါ်လင်ညို၊ တန်လွန်ဂိုတို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။
ပွဲကြိုသုံးသပ် ခန့်မှန်းချက်
ပထမအကျော့ပွဲအပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက သူ့အသင်းရဲ့နောက်တန်းအနေနဲ့ ဂိုးတွေ လွယ်လွယ်ပေးခဲ့ရတာကို သိရှိတဲ့အတွက် ခံစစ်ကို ပြန်လည်ပြင်ဆင်သွားမယ်လို့ ပြောခဲ့သည့်အတိုင်း ဖူလ်ဟမ်နဲ့ပွဲမှာ ပေးဂိုးမရှိတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနဲ့ နောက် ၃ ရက်အကြာမှာ ကစားရမယ့် ခရစ်စတယ်ပဲလေ့စ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် အဓိက ကစားသမားအချို့ကို အနားပေးသွားဖွယ်ရှိပြီး အရန်ကစားသမား ၃ ယောက်လောက်နဲ့ ပွဲထွက်လာမှာ ဖြစ်ပေမယ့် အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ကုတ်စ်နဲ့ ကွင်းလယ်ကစားသမား မိုရီတာတို့ ပွဲပယ်ကြောင့်လွဲချော်မယ့် စပို့တင်းအနေနဲ့ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း၌ ၁၀၀ ရာခိုင်နှုန်း အနိုင်စံချိန်တင်ထားတဲ့ ဂန်းနားတွေကို မယှဉ်နိုင်ပဲ ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ အာဆင်နယ်အသင်းက အနိုင်ရရှိသွားဖို့ သေချာကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။
အာဆင်နယ်မြန်မာ ပွဲပြီးခန့်မှန်းချက်- အာဆင်နယ် ၂-၀ စပို့တင်းလစ္စဘွန်း
The Analyst ရဲ့ ခန့်မှန်းချက် – အာဆင်နယ် အနိုင် ၆၉% ၊ စပို့တင်း အနိုင် ၁၂.၄ ၊ မိနစ် ၉၀ အတွင်း သရေရလဒ် ၁၇.၈ ရာခိုင်နှုန်း
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI:အာဆင္နယ္အသင္းသည္ ယေန႔ည (ေသာၾကာေန႔ မနက္ ၂ နာရီခြဲ)တြင္ ေပၚတူဂီ ကလပ္အသင္းတစ္သင္းျဖစ္တဲ့ စပို႔တင္းလစၥဘြန္းအသင္းနဲ႔ ယူ႐ိုပါလိဂ္ ဒုတိယအေက်ာ့ ရႈံးထြက္ပြဲစဥ္ ကစားရမွာျဖစ္ပါတယ္။ ပထမအေက်ာ့ ေပၚတူဂီေျမမွာ ကစားခဲ့စဥ္က တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့အတြက္ ယခုပြဲဟာ အဆုံးအျဖစ္အတြက္ ကစားရမယ့္ အေရးႀကီးပြဲစဥ္ျဖစ္လာပါတယ္။ ယခုအခါ အေဝးဂိုးျဖင့္ ဆုံးျဖတ္မႈ မရွိသည့္အတြက္လည္း သေရက်ခဲ့လွ်င္ အခ်ိန္ပို မိနစ္ ၃၀ ဆက္ကစားရမွာ ျဖစ္ၿပီး ဆက္လက္ သေရက်ေနခဲ့လွ်င္ ပယ္နယ္တီ အဆုံးအျဖတ္ကန္သြငသြင္းရမွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ျပင္းထန္စြာ တိုက္ပြဲဝင္ေနစဥ္ ယခုယူ႐ိုပါလိဂ္ၿပိဳင္ပြဲဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာတစ္ခုလို႔ ဂန္နားပရိသတ္ေတြက ရႈျမင္ခံယူထားေသာ္လည္း နည္းျပအာတီတာကေတာ့ ျပည္တြင္းလိဂ္နဲ႔ ယူ႐ိုပါလိဂ္ ႏွစ္ခုစလုံးမွာပါ ေအာင္ျမင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုခဲ့ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
အာဆင္နယ္အသင္းဘက္မွ ေျခက်င္းဝတ္ဒဏ္ရာ ရရွိထားတဲ့ အန္ကီးတီးယား လြဲေခ်ာ္မွာျဖစ္ၿပီး ဒဏ္ရာက ျပန္ေကာင္းလာၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဖူလ္ဟမ္နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့တဲ့ ေဂ်းဇု ကို ယခုပြဲမွာ ပြဲထြက္ ကစားသမားအျဖစ္ စတင္အသုံးျပဳမျပဳကေတာ့ နည္းျပအာတီတာရဲ႕ဆုံးျဖတ္ခ်က္ေပၚ မူတည္ေနၿပီး စမစ္ ႐ိုး၊ တီယာနီ၊ တိုမီယဆုတို႔ကေတာ့ ပြဲထြက္ကစားလာဖြယ္ရွိေနပါတယ္။ နည္းျပအာတီတာအေနနဲ႔ ယခုပြဲမွာ ဗဟိုခံစစ္ကို ေရာ့ဒ္ ဟိုးဒင္းနဲ႔ ဂါဘရီယဲလ္တို႔ အတြဲကို ပြဲထြက္လူစာရင္းမွာ အသုံးျပဳခဲ့ရင္လည္း အံ့ၾသစရာ တစ္ခုေတာ့ မဟုတ္ပါ။
စပို႔တင္းလစၥဘြန္းအသင္းမွ အာဆင္နယ္ဘယ္ေနာက္ခံကစားသမား ဘယ္လာရင္ဟာ ဒဏ္ရာေၾကာင့္ အမ္းမရိတ္ကြင္းကို တေက်ာ့ျပန္ခရီးကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ စပို႔တင္း ဂိုးသမား အဒန္အေနနဲ႔ ႂကြက္သား နာက်င္ ဒဏ္ရာရရွိထားၿပီး ပါဝင္ႏိုင္ မပါဝင္ႏိုင္ မေသခ်ာေသးသလို အသင္းေခါင္းေဆာင္ ကုတ္စ္ နဲ႔ မိုရီတာတို႔ကေတာ့ ပြဲပယ္ျပစ္ ဒဏ္ေၾကာင့္ ေသခ်ာေပါက္ လြဲေခ်ာ္ၾကမွာ ျဖစ္ပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ စိတ္ဝင္စားဖြယ္ အဓိကအခ်က္အလက္မ်ား
-အာဆင္နယ္အသင္းနဲ႔ စပို႔တင္းလစၥဘြန္းအသင္းတို႔ဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမ်ားမွာ ၅ ႀကိမ္ေတြ႕ဆုံဖူးၿပီး အာဆင္နယ္အသင္းက စပို႔တင္းကို ၂ ပြဲ ႏိုင္၊ ၃ ပြဲ သေရနဲ႔ ရႈံးပြဲ မရွိေသးပါဘူး။
-ႏွစ္သင္းစလုံးသည္ ၿပိဳင္ပြဲအရပ္ရပ္ရဲ႕ ေနာက္ဆုံးေျခာက္ပြဲတြင္ ၅ ပြဲႏိုင္ ၊ ၁ ပြဲသေရ ရႈံးပြဲမရွိဆိုတဲ့ တူညီေကာင္းမြန္တဲ့ ရလဒ္ကို ပိုင္ဆိုင္ထားၾကပါတယ္။
-အာဆင္နယ္အသင္းသည္ ေပၚတူဂီအသင္းမ်ားႏွင့္ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားရာမွာ ၇ ပြဲတြင္ ၁ ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး စပို႔တင္းအသင္းသည္ ဥေရာပၿပိဳင္ပြဲမ်ားတြင္ အဂၤလိပ္အသင္းမ်ားႏွင့္ အေဝးကြင္း ၁၄ ပြဲယွဥ္ၿပိဳင္ကစားရာတြင္ ၂ ပြဲသာ အႏိုင္ရထားပါတယ္။
-အာဆင္နယ္ အသင္းသည္ သူတို႔ရဲ႕ ေနာက္ဆုံး ယူ႐ိုပါလိဂ္ အိမ္ကြင္း ေလးပြဲ မွာ Clean Sheet ကို ထိန္းထား ႏိုင္ခဲ့ၿပီး အိမ္ကြင္းပြဲစဥ္အားလုံးကို အႏိုင္ရထားပါတယ္။
-စပို႔တင္းအသင္းသည္ ၂၀၀၄-၀၅ ရာသီကတည္းက အဂၤလန္တြင္ ကစားခဲ့သည့္ ၎တို႔၏ ေနာက္ဆုံး ၉ ပြဲတြင္ ႏိုင္ပြဲမရခဲ့ေပ။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္အသင္းဘက္မွာ တာနာ၊ တိုမီယဆု၊ ဆာလီဘာ၊ ခီဗီေယာ၊ တီယာနီ၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗီယာရာ၊ ခ်ာကာ၊ စမစ္ ႐ိုး၊ ထေရာ့စ္ဆာ့ဒ္၊ ရိစ္ နယ္လ္ဆန္ တို႔ ပြဲထြက္ ကစားလာႏိုင္ပါတယ္။
စပို႔တင္းအသင္းဘက္မွာေတာ့ အဒန္၊ အီနာစီယို၊ စိန႔္ ဂ်ပ္၊ အိစ္ဂိုင္ယို၊ ဂြန္ဆာဗိစ္၊ ရိစ္၊ အူဂါတီ၊ အက္ဒြပ္စ္၊ ဆန္းတို႔စ္၊ ေပၚလင္ညိဳ၊ တန္လြန္ဂိုတို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနပါတယ္။
ပြဲႀကိဳသုံးသပ္ ခန႔္မွန္းခ်က္
ပထမအေက်ာ့ပြဲအၿပီးမွာ အာဆင္နယ္နည္းျပ အာတီတာက သူ႔အသင္းရဲ႕ေနာက္တန္းအေနနဲ႔ ဂိုးေတြ လြယ္လြယ္ေပးခဲ့ရတာကို သိရွိတဲ့အတြက္ ခံစစ္ကို ျပန္လည္ျပင္ဆင္သြားမယ္လို႔ ေျပာခဲ့သည့္အတိုင္း ဖူလ္ဟမ္နဲ႔ပြဲမွာ ေပးဂိုးမရွိတဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းနည္းျပ အာတီတာအေနနဲ႔ ေနာက္ ၃ ရက္အၾကာမွာ ကစားရမယ့္ ခရစ္စတယ္ပဲေလ့စ္နဲ႔ အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲအတြက္ အဓိက ကစားသမားအခ်ိဳ႕ကို အနားေပးသြားဖြယ္ရွိၿပီး အရန္ကစားသမား ၃ ေယာက္ေလာက္နဲ႔ ပြဲထြက္လာမွာ ျဖစ္ေပမယ့္ အဓိက ကစားသမားေတြျဖစ္တဲ့ အသင္းေခါင္းေဆာင္ ကုတ္စ္နဲ႔ ကြင္းလယ္ကစားသမား မိုရီတာတို႔ ပြဲပယ္ေၾကာင့္လြဲေခ်ာ္မယ့္ စပို႔တင္းအေနနဲ႔ ယခုရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲတြင္ အိမ္ကြင္း၌ ၁၀၀ ရာခိုင္ႏႈန္း အႏိုင္စံခ်ိန္တင္ထားတဲ့ ဂန္းနားေတြကို မယွဥ္ႏိုင္ပဲ ပြဲကစားခ်ိန္ မိနစ္ ၉၀ အတြင္းမွာ အာဆင္နယ္အသင္းက အႏိုင္ရရွိသြားဖို႔ ေသခ်ာေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။
အာဆင္နယ္ျမန္မာ ပြဲၿပီးခန႔္မွန္းခ်က္- အာဆင္နယ္ ၂-၀ စပို႔တင္းလစၥဘြန္း
The Analyst ရဲ႕ ခန႔္မွန္းခ်က္ – အာဆင္နယ္ အႏိုင္ ၆၉% ၊ စပို႔တင္း အႏိုင္ ၁၂.၄ ၊ မိနစ္ ၉၀ အတြင္း သေရရလဒ္ ၁၇.၈ ရာခိုင္ႏႈန္း
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- Articles