ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် လီဗာပူးလ်နဲ့ပွဲက အဓိကသင်ခန်းစာ ၃ ခု
အန်းဖီးက မိနစ် ၄၀ အထိ အာဆင်နယ်ဟာ အလွန်ကောင်းမွန်ခဲ့ပြီး ပထမပိုင်း မိနစ် ၃၀ အတွင်း ၂ ဂိုးသွင်းယူနိုင်လောက်တဲ့ ယုံကြည်ချက်၊ အညှာအတာကင်းမဲ့မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သရေကျခဲ့ပြီးနောက် ဘာတွေမှားသွားခဲ့လဲဆိုတာ အာတီတာရဲ့ ပြန်လည် ခွဲခြမ်းစိတ်ဖြာမှုက အာဆင်နယ်အသင်းကို နိုင်ပွဲတွေဆီ အလျင်အမြန် ပြန်သွားနိုင်ဖို့အတွက် အဓိက သော့ချက်ဖြစ်လာမှာ ဖြစ်ပါတယ်။
အလွယ်ကူဆုံးနဲ့ အမြင်သာဆုံးအမှားတစ်ခုက ချာကာရဲ့ အာနိုးနဲ့ ပြဿနာတက်ခဲ့မှုဖြစ်ပြီး အန်းဖီးက ပရိသတ်အုပ်ကြီးဟာ အဲဒီကိစ္စကြောင့် ငြိမ်သက်နေရာကနေ နိုးထလာခဲ့တာဖြစ်ပေမယ့်လည်း ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားရင် အဲဒီကိစ္စကြောင့်ချည်းပဲမဟုတ်ဘဲ ချာကာနဲ့ အာနိုးတို့ဖြစ်စဉ်မတိုင်ခင်ကတည်းက လီဗာပူးလ်က အခွင့်အရေးအများအပြားရရှိနေခဲ့တာဖြစ်ပါတယ်။
၁။ အခြေခံအချက်များ
အာဆင်နယ်ဟာ အန်းဖီးကို အမှတ်ပေးဇယားဦးဆောင်သူတွေအဖြစ် ရင်ကော့ပြီး ရောက်လာခဲ့တယ်ဆိုပေမယ့် ၂-၀ နဲ့ ဦးဆောင်ထားနိုင်ချိန်မှာ အရမ်းယုံကြည်မှုတွေ လွန်ကဲလာခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ကိုယ့်ပင်နယ်တီဧရိယာထဲမှာတောင် တစ်ချက်ထိပေးကစားပုံတွေ တခါတလေ ကစားခဲ့ကြပြီး အရမ်းလွယ်တဲ့ပုံစံဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါက လီဗာပူးလ်ရဲ့ ဖိအားပေးမှုကို ဖိတ်ခေါ်သလိုဖိတ်ခေါ်သလိုဖြစ်ခဲ့ပြီး ဆာလီဘာသာ ခံစစ်မှာရှိနေရင် ကိစ္စမရှိပေမယ့် ဟိုးဒင်းဖြစ်နေတာကြောင့် မတူညီတဲ့ဇာတ်လမ်းဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီယုံကြည်မှုလွန်ကဲမှုကြောင့် အာဆင်နယ်တို့ ဒုက္ခရောက်လုနီးပါးဖြစ်ခဲ့ပြီး ဟိုးဒင်းက ဘောလုံးကို ရှေ့မပေးဘဲ ဇင်ချန်ကို ကို နောက်ပြန်ပေးခဲ့ရာမှာ လီဗာပူးလ်က ကြားဝင်လုယူပြီး ကြီးမားတဲ့အခွင့်အရေးရရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ဆာလားက လွဲချော်ခဲ့တာဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်ဟာ အာဆင်နယ်အတွက် နိုးထရမယ့်အချိန်ဖြစ်ခဲ့ရမှာဖြစ်ပြီး ရိုးရိုးရှင်းရှင်းပဲ ဘောလုံးပေးပို့မှုတွေ ပြုလုပ်ပြီး ပထမပိုင်းကုန်တဲ့အထိ ပြိုင်ဘက်ကို ဘောလုံးမပေးဘဲ ထိန်းသိမ်းထားခဲ့ရမှာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒီပုံစံအတိုင်းပဲ ဆက်လုပ်ခဲ့ပြီး ဝှိုက်၊ ဆာကာ၊ ပါတေး၊ အော်ဒီဂွါဒ်တို့ကြား ပုံမှန်ရှိနေတဲ့ နားလည်မှု မရှိခဲ့တာကြောင့် အာဆင်နယ်ဟာ ဖိအားပေးခံရချိန်မှာ ကိုယ့်ကွင်းဘက်ခြမ်းကနေ ထွက်နိုင်ဖို့တောင် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
၂။ ဒုတိယဘော
သင့်အနေနဲ့ ဘောလုံးကို ပထမအကြိမ်မှာ အနိုင်မရနိုင်ဘူးဆိုရင် ဒုတိယအကြိမ်မှာ အနိုင်ရအောင် လုပ်ရမှာပါ။ တစ်ခါတရံမှာ အာဆင်နယ်အသင်းဟာ အာတီတာ ပွဲအပြီးမှာ ပြောခဲ့သလိုပဲ တစ်ဦးချင်းရင်ဆိုင်ရာမှာ အရမ်းပျော့လွန်းပြီး ဒုတိယအကြိမ်မှာ ဘောလုံးကို အနိုင်ရရင်တော့ အဲဒါက ကိုင်တွယ်လို့ရနိုင်ပါတယ်။ အာဆင်နယ်ဟာ အဲဒါကို အကြိမ်ပေါင်းများစွာ လုပ်နိုင်ခဲ့ခြင်းမရှိဘဲ လီဗာပူးလ်ရဲ့ ပထမဂိုးမှာ ဟာလာဟင်းလင်းပွင့်နေခဲ့တာကြောင့် လီဗာပူးလ်က ခပ်မြန်မြန်ပဲ လှုပ်ရှားသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ရသွားတဲ့ ပင်နယ်တီမှာလည်း အလားတူဖြစ်ခဲ့ပြီး ဂါဘရီယဲလ် နဲ့ ဗန်ဒိုက်တို့ဟာ ခေါင်းယှဉ်တိုက်ခဲ့ပြီး ဘောလုံးက ပင်နယ်တီဧရိယာထဲပဲ ကျသွားခဲ့ချိန်မှာ ဂျိုတာက ဒုတိယဘောကို ပထမဆုံးရယူပြီး ပင်နယ်တီရသွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ်တစ်ကြိမ် ဒါဝင် နူးညက်ဇ်က တစ်ဦးချင်းရင်ဆိုင်တွေ့ချိန်မှာ ကျော်ဖြတ်သွားနိုင်ခဲ့တာဖြစ်ပြီး ခီဗီယောက ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ချက်ကနေ ဒုတိယဘောကို အနိုင်ရရှိခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အဲဒါက အာဆင်နယ်အသင်းအတွက် သတိပေးမှု ဖြစ်ခဲ့ရမှာဖြစ်ပေမယ့်လည်း မဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂါဘရီယဲလ်က လွယ်ကူတဲ့အခွင့်အရေးနဲ့ ပွဲကို သတ်ပစ်နိုင်ဖို့ မလုပ်နိုင်ခဲ့တဲ့နောက် လီဗာပူးလ်က တိုက်စစ်ကို တက်လာခဲ့တာဖြစ်ပါတယ်။ ရောဘတ်ဆန်ရဲ့ ဖြတ်တင်မှုကို ဟိုးဒင်းက ခေါင်းတိုက်ရှင်းထုတ်ခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ် အာဆင်နယ်ဟာ ဒုတိယဘောကို ရဖို့ လုံလောက်တဲ့ လျင်မြန်မှုမရှိတာကြောင့် ဆာလားက ရယူသွားခဲ့ပြီးနောက် ဖာမီနိုရဲ့ နောက်ကျချေပဂိုးဖြစ်လာစေမယ့် အစပြုမှုဖြစ်ခဲ့တာဖြစ်ပါတယ်။
၃။ နောက်ခံတောင်ပံကစားသမားများ
အာဆင်နယ်ရဲ့ နောက်ခံတောင်ပံကစားသမားတွေဟာ ဒီရာသီမှာ ၎င်းတို့ရဲ့ လျှို့ဝှက်လက်နက်တော့မဟုတ်ခဲ့ဘဲ ဇင်ချန်ကိုဟာ အသင်းမှာ တစ်ပွဲပျမ်းမျှ ဘောလုံးထိတွေ့မှုအများဆုံးကစားသမားဖြစ်ပြီး ဘန် ဝှိုက်ကလည်း ဆာကာ၊ ဆာလီဘာတို့နဲ့အလွန်ကောင်းမွန်တဲ့ နားလည်မှုနဲ့အတူ ပြီးပြည့်စုံတဲ့ နောက်ခံတောင်ပံကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။အန်းဖီးမှာတော့ အဲဒီနားလည်မှုတွေ အကုန်ပျောက်ဆုံးနေပြီး လီဗာပူးလ်ရဲ့ ပထမဂိုးက ဘန် ဝှိုက်ဘက်ကနေ ပေါက်ပြီး ရခဲ့တာဖြစ်ပေမယ့်လည်း ပြင်ဆင်နိုင်ခြင်းမရှိခဲ့ဘဲ အထူးသဖြင့် ၂၃ မိနစ်မှာ အဝါကတ်ပြခံရပြီးနောက် အကြိမ်ပေါင်းများစွာ ဆက်ပေါက်နေခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက ဘန် ဝှိုက်ဟာ နောက်ထပ်အဝါထိမှာစိုးနေတာကြောင့် သက်တောင့်သက်သာမဖြစ်တော့ဘဲ မန်ယူနိုက်တက်နဲ့ပွဲတုန်းကလည်း ၁၉ မိနစ်မှာ အဝါကတ်ထိပြီးနောက် ခြေစွမ်းပျောက်ဆုံးသွားခဲ့ပုံပေါ်တာကြောင့် ပထမပိုင်းအပြီးမှာ တိုမီယဆုနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ဘယ်တောင်ပံက ဇင်ချန်ကိုဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ကစားရာမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပေမယ့် ကြီးမားလှတဲ့ ဂါဘရီယဲလ်ရဲ့ လေးလံမှုကို သယ်ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ အချိ့ပြောသလောက်တော့ မဆိုးခဲ့ပေမယ့်လည်း ၎င်းရဲ့ စံနှုန်းတွေနဲ့တော့ လွဲချော်ခဲ့လွဲချော်ခဲ့တာဖြစ်ပြီးဇင်ချန်ကိုဟာ စိတ်အားထက်သန်သူဖြစ်တာကြောင့် ပိုမိုအားကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာဖြစ်ပါတယ်။
အာဆင်နယ်အတွက် ကောင်းတဲ့အရာက အဝေးကွင်းကနေ ၁ မှတ် ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း အန်းဖီးရနေ ရမှတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဂန်းနားတွေသာ ခုပြောခဲ့တဲ့အရာတွေကို သင်ခန်းစာယူနိုင်မယ်ဆိုရင် ဝက်စ်ဟမ်းကို ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Featured Article