ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တာ ဆာကာတစ်ဦးတည်း အပြစ်မဟုတ်ဘူးဆိုတာ ဖော်ပြနေတဲ့ ပွဲအတွင်း ရမှတ်သတ်မှတ်ချက်များ
အာရွန် ရမ်းစ်ဒေးလ်- ဝက်စ်ဟမ်းရဲ့ ပထမသွင်းဂိုးနဲ့ပတ်သက်ပြီး အရမ်းမဆိုးခဲ့ပေမယ့်လည်း ဒုတိယဂိုးမှာတော့ ပိုပြီးကောင်းမွန်အောင် လုပ်ချင်ခဲ့မှာပါ။ တစ်ခါတရံ နောက်တန်းကနေ ကောင်းမွန်တဲ့ ဘောလုံးဖြန့်ဝေမှုပြုလုပ်နိုင်ခဲ့- ၆ မှတ်
ဘန် ဝှိုက်- ဂျေးဇုရဲ့ အစောပိုင်းသွင်းဂိုးကို ဖန်တီးပေးနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှုပြုလုပ်နိုင်တယ်။ ၂ ဂိုး စလုံးမှာ အပြစ်ပြောလို့မရနိုင်ပေမယ့် အန်တိုနီယိုက ခံစစ်ကို တိုက်ရိုက် ပြေးလွှားသွားချိန်မှာ ဟိုးဒင်းကို အကူအညီများများစားစား မပေးနိုင်ခဲ့- ၆ မှတ်
ဟိုးဒင်း- တစ်ခါတရံမှာ အန်တိုနီယိုရဲ့ ထိုးဖောက်ပြေးလွှားမှုကို ရုန်းကန်ခဲ့ပြီး တောင်ပံဧရိယာထဲကို ထွက်မကစားနိုင်ခဲ့။ ဘောလုံးဖြန့်ဝေချိန်မှာ အကျိုးသက်ရောက်မှုမရှိခဲ့။ လက်ရှိအချိန်အထိ ကစားခဲ့သမျှထဲက အခက်ခဲဆုံးပွဲစဉ်ဖြစ်နိုင်- ၅ မှတ်
ဂါဘရီယဲလ်- ထိတွေ့မှုက အလွန်နည်းပါးခဲ့တယ်ဆိုပေမယ့်လည်း ဝက်စ်ဟမ်းရဲ့ ပင်နယ်တီအတွက် ဒိုင်ဗင်ထိုးဖို့အတွက် ဆိုးရွားတဲ့ဆုံးဖြတ်ချက် ချခဲ့။ ယေဘုယျအားဖြင့် တစ်ယောက်ချင်း ရင်ဆိုင်ရချိန်မှာ တော်တော်လေးကောင်းမွန်ခဲ့- ၇ မှတ်
တီယာနီ- အာဆင်နယ် တိုက်စစ်ကစားသမားတွေရဲ့ ရွေ့လျားမှုသာ ပိုကောင်းမွန်ခဲ့မယ်ဆိုရင် တိုက်စစ်ဧရိယာထဲမှာ ဂိုးရရှိသွားနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုအချို့ ပြုလုပ်နိုင်ခဲ့၊ ခံစစ်ပိုင်းအရလည်း ကောင်းမွန်- ၆ မှတ်
သောမတ်စ် ပါတေး- ကွင်းလယ်မှာ လှည့်ကွက်အချို့နဲ့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်း ပြန်လာနိုင်မယ့် လမ်းကြောင်းကို ခွင့်ပြုခဲ့ရ။ အဲဒီနောက် ဘောလုံးပိုင်ဆိုင်မှုရှိချိန်မှာ ဆိုးရွားခဲ့ပြီး မယုံနိုင်စရာကောင်းလောက်အောင် ညံ့ခဲ့။ ၅ မှတ်
ချာကာ- ပွဲစဉ်အတွင်းမှာ ပျောက်ဆုံးနေ။ ပရိသတ်တွေ မျှော်မှန်းထားတဲ့ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ပြေးလွှားမှုအနည်းငယ်လုပ်နိုင်ခဲ့ပေမယ့် ဘာမှ ထူးထူးခြားခြားဖြစ်အောင် မလုပ်နိုင်ခဲ့။ အရမ်းကောင်းတဲ့နေ့မဟုတ်ခဲ့သလို အရမ်းဆိုးတဲ့နေ့လည်း မဟုတ်ခဲ့- ၆ မှတ်
မာတင် အော်ဒီဂွါဒ်- ပွဲအစောပိုင်းမှာ အလွန်ထူးခြားကောင်းမွန်ခဲ့ပြီး ဂိုးသွင်းယူသွားတဲ့ပုံစံနဲ့ ကွင်းအတွင်း ပြသခဲ့တဲ့ စွမ်းရည်အချို့ကြောင့် ဂန်းနားတွေက အပြတ်အသတ် အနိုင်ယူသွားနိုင်တော့မယ်ပုံ ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့- ၇ မှတ်
ဆာကာ- ဆာကာအတွက် ခက်ခဲကြမ်းတမ်းတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပြီး ပင်နယ်တီ လွဲချော်ခဲ့မှုက အင်္ဂလန်တောင်ပံကစားသမားကို ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပုံပေါ်။ ၅ မှတ်
ဂါဘရီယဲလ် ဂျေးဇု- အစောပိုင်းမှာ ဘရာဇီးလ်တိုက်စစ်မှူးက ဂိုးသွင်းယူနိုင်ခဲ့ပြီး ရွေ့လျားမှုဟာ ဝက်စ်ဟမ်းကို ဒုက္ခမဖြစ်စေခဲ့ပေမယ့် ပွဲကစားချိန် ကြာလာတာနဲ့အမျှ လွှမ်းမိုးနိုင်ွမ်း ကျဆင်ခဲ့ပေမယ့် ၎င်းရဲ့ ပွဲက အိမ်ကွင်းပရရိသတ်တွေကို ဆွဲဆောင်နိင်ခဲ့- ၇ မှတ်
မာတီနယ်လီ- အော်ဒီဂွါဒ်ရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီး ကစားသမားအနည်းငယ်ထဲက တစ်ဦးပွဲအလှည့်အပြောငးလဲမှာ ဆက်လက်ပြီး ခြိမ်းခြောက်မှု ပေးနိုင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပြီး ပွဲကစားချိန် အဆုံးမှာမှာ ဘရာဇီးလ်တိုက်စစ်မှူးကို ထုတ်ပယ်ခဲ့တာ ထူးဆန်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့- ၇ မှတ်
လူစားဝင်ကစားသမားများ
ထရော့ဆာ့ဒ်- ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ လှုပ်ရှားမှုက ဝက်ဟ်မ်းကို ပြဿနာတွေ ဖြစ်စေခဲ့ပြီး ဂျေးဇုန့ တိုက်စစ်အတွဲမှာ မြင်ရရင် ကောင်းမွန်မှာပါ။ လူစားဝင်လာပြီးနောက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့- ၇ မှတ်
ဂျော်ဂျင်ညို- လူစားဝင်လာပြီးနောက် ပါတေးထက် ဘောလုံးပိုင်ဆိုင်မှု ဖြုန်းတီးရာမှာ နည်းပါး။ ဒါပေမယ့်လည်းပရိသတ်တွေထင်ထားသလို ပွဲအရှိန်ကို အလှည့်အပြောင်းမလုပ်နိုင်ခဲ့-၆ မှတ်
ဖေဘီယို ဗီယာရာ- ဝင်လာတာ အရမ်းနောက်ကျ
ရိစ် နယ်လ်ဆန်- ဝင်လာတာ အရမ်းနောက်ကျ
အန်ကီးတီးယား- ဝင်လာတာ အရမ်းနောက်ကျ
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis