လူစာရင်းဆုံးဖြတ်ချက်ချပြီးနောက် အာတီတာရဲ့ယုံကြည်လာအောင်လုပ်ရတော့မယ့် ကြယ်ပွင့် ၆ ဦး
အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကနေ တော်တော်လေးကောင်းမွန်တဲ့ ရပ်တည်မှုနဲ့ ပြန်လာနိုင်ခဲ့ပြီး ရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးကို အနိုင်ရပြီးနောက် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။
စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်ကလည်း အသင်းအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး အခြားကစားသမားတွေကတော့ ရာသီကို နည်းနည်းနှေးကွေးတဲ့ပုံစံနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။
ကစားသမားအချို့ဟာ ပွဲကစားချိန် မရရှိမှုကြောင့် မပျော်မရွှင်ဖြစ်ခဲ့ကြတဲ့အတွက် အပြောင်းအရွှေ့စျေးကွက် ပိတ်ခါနီးမှာ စိတ်မကျေနပ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း အာတီတာက ဒါက ယာယီသာဖြစ်ပြီး စက်တင်ဘာလကတော့ ကွဲပြားခြားနားလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စက်တင်ဘာရောက်ရှိနေပြီဖြစ်ပြီး လူစာရင်းအလှည့်ကျပွဲထုတ်မှုတွေကို ပိုမိုမြင်တွေ့လာရတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ကစားရပေမယ့်လည်း အာတီတာက အလှည့်ကျလူထုတ်ဖို့ထက် အားကောင်းတဲ့လူစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း အလားတူ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အာတီတာက ယခုရာသီ အာဆင်နယ်ပဏာမ ၂၅ ဦးစာရင်းထဲမှာ ဘယ်သူတွေ ပါဝင်လဲဆိုတာ ဆုံးဖြတ်ခဲ့ပြီးနောက် ဇန်နဝါရီမတိုင်ခင်အထိ ဘယ်ကစားသမားတွေကို ရွေးချယ်ရမလဲဆိုတာကို သိနေမှာဖြစ်ပြီး အသင်းမှာ နေရာရပြီးသားကစားသမားတွေက ပွဲကစားချိန်အများအပြားရရှိဖို့ အာမခံချက်ရှိပေမယ့် နေရာမရတဲ့ကစားသမားတွေလည်း ပွဲကစားချိန် ရရှိလာနိုင်တာကြောင့် စပိန်လူမျိုးနည်းပြကို ယုံကြည်မှုရှိလာအောင် လုပ်ပြဖို့ လိုအပ်မယ့်ကစားသမား ၆ ဦးကို ဖော်ပြပေးလိုက်ပါတယ်။
ဒေးဗစ် ရာယာ
ဘရန့်တ်ဖို့ဒ်ကနေ ယခုနွေရာသီမှာ ပြောင်းရွှေ့လာတဲ့ ရာယာဟာ ပီအက်စ်ဗွီနဲ့ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲနဲ့ နောက်အပတ် အသင်းဟောင်း ဘရန့်တ်ဖို့ဒ်နဲ့ ကစားရမယ့်ပွဲမှာ ပါဝင်ကစားခွင့်ရဖွယ်ရှိပါတယ်။ အသက် ၂၇ နှစ်အရွယ် စပိန်ဂိုးသမားအနေနဲ့ အာတီတာဆီကနေ ယုံကြည်မှုရအောင်နဲ့ ဂိုးသမားနေရာအတွက် ဘယ်လောက်အထိ ယှဉ်ပြိုင်မှုပေးနိုင်လဲဆိုတာကို ပြသနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
ဆီးဒရစ်
ဒီနွေရာသီမှာ အသင်းကနေ ထွက်ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့တဲ့ ဆီးဒရစ်ဟာ ရာသီကြိုလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး လူတန်နဲ့ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာတောင် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်မှာ အနည်းဆုံး ဇန်နဝါရီအထိ ဆက်နေသွားဖွယ်ရှိနေပြီး ဂန်းနားတွေရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လူစာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတာကြောင့် ပွဲကစားချိန် အနည်းငယ်ရရှိလာနိုင်ပါတယ်။
ဂါဘရီယဲလ်
ယခုရာသီအစမှာ ဂါဘရီယဲလ် ချန်လှပ်ခံခဲ့ရမှုက အကြီးမားဆုံးအံ့အားသင့်စရာတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဘရာဇီးလ်နောက်ခံလူဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၇၃ ပွဲဆက်တိုက်ပွဲထွက်ကစားပေးခဲ့ပေမယ့်လည်း ဒီရာသီ အဖွင့် ၃ ပွဲစလုံးမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အာတီတာက နည်းဗျူဟာကြောင့်လို့ ပြောဆိုခဲ့ပြီး မန်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲမှာ ပြန်ထည့်သုံးခဲ့တာဖြစ်ပါတယ်။ ပါတေးနဲ့ တင်းဘားတို့ နာနေတာကြောင့် ဘန်ဝှိုက်က ဗဟိုခံစစ်ကနေ ညာနောက်ခံကို ပြန်ကစားရနိုင်တာကြောင့် ဂါဘရီယဲလ်အနေနဲ့ ပါတေး ကြံ့ခိုင်မှုမရမချင်း ဗဟိုခံစစ်က ၎င်းရဲ့နေရာမှာ ရှိနေဖို့ ထိုက်တန်ကြောင်း သက်သေပြခွင့်ရမှာဖြစ်ပါတယ်။
စမစ် ရိုး
စမစ် ရိုးဟာ ဆီးဒရစ်ပြီးရင် ကြံ့ခိုင်မှုပြည့်ဝရဲ့သားနဲ့ ပွဲကစားချိန်မရခဲ့တဲ့ အာဆင်နယ် ပဏာမ ၂၅ ဦးစာရင်းထဲက နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပြီး ယခုနွေရာသီမှာ ချဲလ်ဆီးကို ပြောင်းဖို့သတင်းထွက်ခဲ့ပေမယ့်လည်း အဲဒီသတင်းတွေက ချက်ချင်း ပြန်ပျောက်သွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒဏ်ရာပြဿနာကင်းစင်သွားခဲ့ပြီးနောက် ယူ-၂၁ ယူရိုနဲ့ အာဆင်နယ်ရာသီကြိုမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသဖို့ မျှော်လင့်ထားခဲ့တာကြောင့် စိတ်ပျက်ခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စမစ် ရိုးဟာ ပွဲကစားချိန်ရဖို့ အာတီတာကို ယုံကြည်လာအောင် လုပ်ပြဖို့အတွက် အခွင့်အရေးရှိနေသေးပြီး လာမယ့်ဖလားပွဲတွေမှာ ပါဝင်ကစားခွင့်ရနိုင်ပါတယ်။
ဖေဘီယို ဗီယာရာ
ကိုင် ဟာဗတ်ဇ် ခြေစွမ်းမပြသနိုင်တာကြောင့် ဝင်ကစားခွင့်ရခဲ့သူကတော့ ဖေဘီယို ဗီယာရာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ အရန်ခုံကနေ ဝင်ကစားပြီး ပွဲကို ပြောင်းလဲပေးနိုင်ခဲ့သလို မန်ယူနိုက်တက်နဲ့ပွဲမှာလည်း အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြန်တာဖြစ်ပါတယ်။ ဟာဗတ်ဇ်သာ ဆက်ပြီး ခြေမပေါ်ဖြစ်နေရင် ဗီယာရာအတွက် ပွဲထွက်လူစာရင်းမှာ ပုံမှန်တစ်နေရာရလာနိုင်ပြီး အာတီတာကလည်း ပေါ်တူဂီကြယ်ပွင့်သာ ဆက်ပြီး ခြေစွမ်းပြနေရင် ပုံမှန်ပွဲကစားချိန် ပိုရလိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။
ရိစ် နယ်လ်ဆင်
ရိစ် နယ်လ်ဆင်ဟာ ယခုနွေရာသီမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တာက အံ့အားသင့်စရာ ဖြစ်ခဲ့တာဖြစ်နိုင်ပြီး အာတီတာနဲ့ ဆက်ဆံရေးကောင်းပိုင်ဆိုင်ထားလို့ ဖြစ်နိုင်ပါတယ်။ အာတီတာဟာ ဟေးအမ်းအကယ်ဒမီထွက်ကို ယုံကြည်မှုရှိပြီး မန်ယူနိုက်တက်နဲ့ပွဲမှာ အနိုင်ဂိုးရရှိဖို့ ကြိုးပမ်းရာမှာ ထရော့ဆာ့ဒ်ကို ကျော်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပွဲထွက်ခွင့်ပေးဖို့ကျတော့ နယ်လ်ဆင်အနေနဲ့ အဆင်သင့်ဖြစ်အောင် လုပ်ဖို့ နည်းနည်းလိုနေသေးပြီး ဖလားပွဲတွေမှာ ခြေစွမ်းပြနိုင်ရင်တော့ လူစားဝင်ကစားသမားအဖြစ်ကနေ ပွဲထွက်ကစားသမားအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကေန ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ ရပ္တည္မႈနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး ရာသီမစခင္ ကြန္ျမဴနတီဒိုင္းလုပြဲမွာ မန္စီးတီးကို အႏိုင္ရၿပီးေနာက္ ၿပိဳင္ပြဲစုံမွာ ရႈံးပြဲမရွိေသးတာျဖစ္ပါတယ္။
စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ဒီကလန္ ႐ိုက္ကလည္း အသင္းအတြက္ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့ၿပီး အျခားကစားသမားေတြကေတာ့ ရာသီကို နည္းနည္းေႏွးေကြးတဲ့ပုံစံနဲ႔ စတင္ခဲ့ၾကတာျဖစ္ပါတယ္။
ကစားသမားအခ်ိဳ႕ဟာ ပြဲကစားခ်ိန္ မရရွိမႈေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၾကတဲ့အတြက္ အေျပာင္းအေ႐ႊ႕ေစ်းကြက္ ပိတ္ခါနီးမွာ စိတ္မေက်နပ္မႈေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္လည္း အာတီတာက ဒါက ယာယီသာျဖစ္ၿပီး စက္တင္ဘာလကေတာ့ ကြဲျပားျခားနားလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာ စက္တင္ဘာေရာက္ရွိေနၿပီျဖစ္ၿပီး လူစာရင္းအလွည့္က်ပြဲထုတ္မႈေတြကို ပိုမိုျမင္ေတြ႕လာရေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက ယူ႐ိုပါလိဂ္ကစားရေပမယ့္လည္း အာတီတာက အလွည့္က်လူထုတ္ဖို႔ထက္ အားေကာင္းတဲ့လူစာရင္းကို ပြဲထုတ္ခဲ့တာျဖစ္ၿပီး ဒီရာသီမွာ ခ်န္ပီယံလိဂ္နဲ႔ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာလည္း အလားတူ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။
အာတီတာက ယခုရာသီ အာဆင္နယ္ပဏာမ ၂၅ ဦးစာရင္းထဲမွာ ဘယ္သူေတြ ပါဝင္လဲဆိုတာ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဇန္နဝါရီမတိုင္ခင္အထိ ဘယ္ကစားသမားေတြကို ေ႐ြးခ်ယ္ရမလဲဆိုတာကို သိေနမွာျဖစ္ၿပီး အသင္းမွာ ေနရာရၿပီးသားကစားသမားေတြက ပြဲကစားခ်ိန္အမ်ားအျပားရရွိဖို႔ အာမခံခ်က္ရွိေပမယ့္ ေနရာမရတဲ့ကစားသမားေတြလည္း ပြဲကစားခ်ိန္ ရရွိလာႏိုင္တာေၾကာင့္ စပိန္လူမ်ိဳးနည္းျပကို ယုံၾကည္မႈရွိလာေအာင္ လုပ္ျပဖို႔ လိုအပ္မယ့္ကစားသမား ၆ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။
ေဒးဗစ္ ရာယာ
ဘရန႔္တ္ဖို႔ဒ္ကေန ယခုေႏြရာသီမွာ ေျပာင္းေ႐ႊ႕လာတဲ့ ရာယာဟာ ပီအက္စ္ဗြီနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲနဲ႔ ေနာက္အပတ္ အသင္းေဟာင္း ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားရမယ့္ပြဲမွာ ပါဝင္ကစားခြင့္ရဖြယ္ရွိပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ စပိန္ဂိုးသမားအေနနဲ႔ အာတီတာဆီကေန ယုံၾကည္မႈရေအာင္နဲ႔ ဂိုးသမားေနရာအတြက္ ဘယ္ေလာက္အထိ ယွဥ္ၿပိဳင္မႈေပးႏိုင္လဲဆိုတာကို ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။
ဆီးဒရစ္
ဒီေႏြရာသီမွာ အသင္းကေန ထြက္ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့တဲ့ ဆီးဒရစ္ဟာ ရာသီႀကိဳလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီး လူတန္နဲ႔ကစားခဲ့တဲ့ တံခါးပိတ္ေျခစမ္းပြဲမွာေတာင္ မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္မွာ အနည္းဆုံး ဇန္နဝါရီအထိ ဆက္ေနသြားဖြယ္ရွိေနၿပီး ဂန္းနားေတြရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္လူစာရင္းထဲမွာ ထည့္သြင္းခံခဲ့ရတာေၾကာင့္ ပြဲကစားခ်ိန္ အနည္းငယ္ရရွိလာႏိုင္ပါတယ္။
ဂါဘရီယဲလ္
ယခုရာသီအစမွာ ဂါဘရီယဲလ္ ခ်န္လွပ္ခံခဲ့ရမႈက အႀကီးမားဆုံးအံ့အားသင့္စရာေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး ဘရာဇီးလ္ေနာက္ခံလူဟာ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ၇၃ ပြဲဆက္တိုက္ပြဲထြက္ကစားေပးခဲ့ေပမယ့္လည္း ဒီရာသီ အဖြင့္ ၃ ပြဲစလုံးမွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။ အာတီတာက နည္းဗ်ဴဟာေၾကာင့္လို႔ ေျပာဆိုခဲ့ၿပီး မန္ယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ အိမ္ကြင္းပြဲမွာ ျပန္ထည့္သုံးခဲ့တာျဖစ္ပါတယ္။ ပါေတးနဲ႔ တင္းဘားတို႔ နာေနတာေၾကာင့္ ဘန္ဝႈိက္က ဗဟိုခံစစ္ကေန ညာေနာက္ခံကို ျပန္ကစားရႏိုင္တာေၾကာင့္ ဂါဘရီယဲလ္အေနနဲ႔ ပါေတး ႀကံ့ခိုင္မႈမရမခ်င္း ဗဟိုခံစစ္က ၎ရဲ႕ေနရာမွာ ရွိေနဖို႔ ထိုက္တန္ေၾကာင္း သက္ေသျပခြင့္ရမွာျဖစ္ပါတယ္။
စမစ္ ႐ိုး
စမစ္ ႐ိုးဟာ ဆီးဒရစ္ၿပီးရင္ ႀကံ့ခိုင္မႈျပည့္ဝရဲ႕သားနဲ႔ ပြဲကစားခ်ိန္မရခဲ့တဲ့ အာဆင္နယ္ ပဏာမ ၂၅ ဦးစာရင္းထဲက ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္ၿပီး ယခုေႏြရာသီမွာ ခ်ဲလ္ဆီးကို ေျပာင္းဖို႔သတင္းထြက္ခဲ့ေပမယ့္လည္း အဲဒီသတင္းေတြက ခ်က္ခ်င္း ျပန္ေပ်ာက္သြားခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ဒဏ္ရာျပႆနာကင္းစင္သြားခဲ့ၿပီးေနာက္ ယူ-၂၁ ယူ႐ိုနဲ႔ အာဆင္နယ္ရာသီႀကိဳမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသဖို႔ ေမွ်ာ္လင့္ထားခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း စမစ္ ႐ိုးဟာ ပြဲကစားခ်ိန္ရဖို႔ အာတီတာကို ယုံၾကည္လာေအာင္ လုပ္ျပဖို႔အတြက္ အခြင့္အေရးရွိေနေသးၿပီး လာမယ့္ဖလားပြဲေတြမွာ ပါဝင္ကစားခြင့္ရႏိုင္ပါတယ္။
ေဖဘီယို ဗီယာရာ
ကိုင္ ဟာဗတ္ဇ္ ေျခစြမ္းမျပသႏိုင္တာေၾကာင့္ ဝင္ကစားခြင့္ရခဲ့သူကေတာ့ ေဖဘီယို ဗီယာရာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ အရန္ခုံကေန ဝင္ကစားၿပီး ပြဲကို ေျပာင္းလဲေပးႏိုင္ခဲ့သလို မန္ယူႏိုက္တက္နဲ႔ပြဲမွာလည္း အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့ျပန္တာျဖစ္ပါတယ္။ ဟာဗတ္ဇ္သာ ဆက္ၿပီး ေျခမေပၚျဖစ္ေနရင္ ဗီယာရာအတြက္ ပြဲထြက္လူစာရင္းမွာ ပုံမွန္တစ္ေနရာရလာႏိုင္ၿပီး အာတီတာကလည္း ေပၚတူဂီၾကယ္ပြင့္သာ ဆက္ၿပီး ေျခစြမ္းျပေနရင္ ပုံမွန္ပြဲကစားခ်ိန္ ပိုရလိမ့္မယ္လို႔ အရိပ္အႁမြက္ ေျပာၾကားထားပါတယ္။
ရိစ္ နယ္လ္ဆင္
ရိစ္ နယ္လ္ဆင္ဟာ ယခုေႏြရာသီမွာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာက အံ့အားသင့္စရာ ျဖစ္ခဲ့တာျဖစ္ႏိုင္ၿပီး အာတီတာနဲ႔ ဆက္ဆံေရးေကာင္းပိုင္ဆိုင္ထားလို႔ ျဖစ္ႏိုင္ပါတယ္။ အာတီတာဟာ ေဟးအမ္းအကယ္ဒမီထြက္ကို ယုံၾကည္မႈရွိၿပီး မန္ယူႏိုက္တက္နဲ႔ပြဲမွာ အႏိုင္ဂိုးရရွိဖို႔ ႀကိဳးပမ္းရာမွာ ထေရာ့ဆာ့ဒ္ကို ေက်ာ္ၿပီး ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ပြဲထြက္ခြင့္ေပးဖို႔က်ေတာ့ နယ္လ္ဆင္အေနနဲ႔ အဆင္သင့္ျဖစ္ေအာင္ လုပ္ဖို႔ နည္းနည္းလိုေနေသးၿပီး ဖလားပြဲေတြမွာ ေျခစြမ္းျပႏိုင္ရင္ေတာ့ လူစားဝင္ကစားသမားအျဖစ္ကေန ပြဲထြက္ကစားသမားအျဖစ္ ေျပာင္းလဲလာႏိုင္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles