လီဗာပူးလ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ ယခုရာသီရဲ့ အရေးအကြီးဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပရိသတ်တွေသိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
မေး- နောက်ဆုံးအကြိမ် လီဗာပူးလ်နဲ့ ကစားခဲ့တဲ့အပေါ်မှာ ခင်ဗျားရဲ့ အမြင်က ဘယ်လိုလဲ။
ဖြေ- ကျွန်တော်တို့အတွက် အဲဒါက သာမန်ပါပဲ။ ကျွန်တော်တို့ မတူညီတဲ့နည်းလမ်းနဲ့ ပွဲစဉ်တိုင်းကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ အသင်းကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီး အဲဒီနေ့က ကျွန်တော်တို့ အဲဒါကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
မေး- အသင်းသတင်းကရော။
ဖြေ- ဒဏ်ရာ ရနေဆဲဖြစ်တဲ့ ကျန်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီး ဘာမှ အပြောင်းအလဲမရှိပါဘူး။ ကျွန်တော်တို့ သူတို့တွေထဲက လေ့ကျင့်ရေးဆင်းနိုင်တဲ့ တစ်ယောက်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်အချို့ရှိပေမယ့် ကျွန်တော်တို့ ကြည့်ရမှာပါ။
မေး- အဲဒီတစ်ယောက်ကရော။
ဖြေ- မဖြေပါ။ (ဘယ်သူဘယ်ဝါလဲဆိုတာကို အတည်ပြုဖို့ ငြင်းဆန်ပါတယ်)
မေး- နောက်ဆုံးအကြိမ် ကလော့ပ်နဲ့ ရန်ပွဲအပေါ်မှာရော။
ဖြေ- ဒါက ဘောလုံးပါ။ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ပွဲအပြီးမှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ခဲ့ကြပြီး ရှေ့ဆက်ခဲ့ကြပါတယ်။ သူတို့လုပ်ခဲ့တာတွေအတွက် ကျွန်တော့်မှာ လေးစားမှုအပြည့်ရှိပါတယ်။
မေး- ဒီတစ်ကြိမ်မှာ မတူညီတဲ့ပုံစံနဲ့ ချဉ်းကပ်သွားမှာလား။
ဖြေ- ကျွန်တော် မသိပါဘူး။ ကျွန်တော် နောက်ထပ်တစ်ကြိမ် ဒီအခြေအနေမှာ ရှိနေရမှာပါ။ ကျွန်တော် ဒီလိုမျိုး ထပ်ပြီး မမြင်ချင်ပါဘူး။ အဲဒီတော့ အဲဒီလို မဖြစ်ဖို့ မျှော်လင့်မိပါတယ်။
မေး- ၂၀၁၂ ခုနှစ်ကတည်းက အန်းဖီးမှာ အနိုင်မရခဲ့တဲ့အပေါ်။
ဖြေ- ကျွန်တော်တို့ နှစ်ပေါင်းများစွာ အနိုင်မရခဲ့တဲ့ ကွင်းအနည်းငယ်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရအောင် လုပ်ရမှာ့ပါ။ ကျွန်တော်တို့ အနိင်ရအောင် လုပ်နိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ် ရာသီဒုတိယပိုင်းထက် ပိုကောင်းအောင် လုပ်ရမှာတော့ ကျိန်းသေပါတယ်။
မေး- လီဗာပူးလ်ရဲ့ ရာသီအပေါ်မှာ အံ့အားသင့်မိလား။
ဖြေ- ထိပ်ဆုံးမှာ ရှိနေဖို့နဲ့ ဘောလုံးအသင်းကို ပြောင်းလဲဖို့ ဘယ်လောက်ခက်လဲဆိုတာကို ပြသခဲ့တာမို့လို့ ပိုသဘောကျမိပါတယ်။ ထိပ်တန်းအဆင့်မှာှရိနေဖို့ ထိန်းသိမ်းရတာက ဘယ်လောက်ခက်လဲဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့အားလုံးလည်း ခက်ခဲတဲ့အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက အသင်းမှာ လုပ်ခဲ့တာတွေက ထူးခြားပါတယ်။
မေး- အန်းဖီးက ထရော့ဆာ့ဒ်ရဲ့ အတွေ့အကြုံအပေါ်။
ဖြေ- အဲဒီကွင်းမှာ တကယ်ကောင်းမွန်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ အတွေ့အကြုံရှိခဲ့တဲ့ ကစားသမားကို ရထားတာက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ လိုအပ်နေတာက အဲဒါပါပဲ။
မေး- ချာကာနဲ့ပတ်သက်ပြီး ဘာတိုးတက်မှုရှိလဲ။
ဖြေ- စိတ်ဓာတ်ပိုင်းပေါ့။ လုပ်နိုင်စွမ်းရှိတယ်လို့ ခံစားရပြီး နေရာတစ်ခုမှာ အသင်းကို ပံ့ပိုးပေးနိုင်တာက ကျွန်တော်တို့ ကစားပွဲအတွက် အရမ်းအရေးကြီးပါတယ်။
မေး- ဆာကာက အခု ကြံ့ခိုင်မှုပြည့်ဝနေပြီလား။
ဖြေ- ဟုတ်ပါတယ်။ သူ ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။
မေး- အန်းဖီးကိုသွားရမှာ ကြောက်ရွံ့မှုတွေ ရှိနေလား။
ဖြေ- ပထမဆုံးအနေနဲ့ မတူညီတဲ့အနေအထားကနေ လာတဲ့ မတူညီတဲ့ အစုအဖွဲ့ပါ။ ကျွန်တော်တို့မှာရှိဖို့လိုအပ်တာက ရဲစွမ်းသတ္တိပါ။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ အဲဒီလိုအသင်းဖြစ်အောင် လုပ်ဖို့ ကြိုးစားသွားမှာပါ။
မေး-နောက်ဆုံးတစ်ကြိမ် ကလော့ပ်နဲ့ ရန်ပွဲက ပွဲအပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ ထင်လား။
ဖြေ- ထင်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စအပြီးမှာ ကျွန်တော်တို့ ပွဲစဉ်အတွင်း အကောင်းဆုံးအခွင့်အရေးရခဲ့ပြီး ၁-၀ နဲ့ တောင် ဦးဆောင်နိုင်ခဲ့ရမှာပါ။ ဘယ်သူ သိမလဲ။
မေး- အဆင့် ၅ ထဲက ၃ မှာရှိနေတာနဲ့ပတ်သက်ပြီး ခင်ဗျား ပြောခဲ့ပြီးပြီ။ အန်းဖီးက နိုင်ပွဲက ခင်ဗျားကို နောက်ထပ် အဆင့်တစ်ခုကို ယူဆောင်သွားနိုင်မလား။
ဖြေ-စိတ်မကောင်းစွာနဲ့ပဲ ရလဒ်က ခင်ဗျားကို မယူဆောင်နိုင်ပါဘူး။ ကျွန်တော်တို့ ဆုတောင်းမိပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ ကျွန်တော်တို့ မတူညီတဲ့ အမျိုးမျိုးသော အဆင့်တွေကို ဖြတ်သန်းခဲ့ရတာမို့လို့ပါ။ ဒါပေမယ့် နိုင်ပွဲက အရမ်းအကူအညီဖြစ်ပါလိမ့်မယ်။
မေး- အန်းဖီးမှာ အားလုံးအတွက် ခေါင်းအေးအေးထားဖို့ အရေးကြီးတယ်လို့ ထင်လား။
ဖြေ- ထင်ပါတယ်။
မေး- ကစားသမားတွေကို ခင်ဗျား ပြောထားလား။
ဖြေ- သူတို့တွေ အဲဒါကို သိပါတယ်။ သူတို့တွေ ကြုံတွေ့ဖူးပြီးသားပါ။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ အခက်ခဲဆုံးနေရာတွေမှာ ကစားခဲ့တာပါ။ ကျွန်တော်တို့ ဝှိုက်ဟာ့တ်လိန်းကို သွားခဲ့ပြီး ကျွန်တော်တို့ အသင်းလုပ်ခဲ့တာတွေကို လုပ်ခဲ့တယ်။ ပတ်ဝန်းကျင်က အဲဒီထက်တော့ ပိုပြီးတော့ အများကြီး မကြမ်းတမ်းနိုင်ပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Exclusive Interview