လီနိုက ရမ်းစ်ဒေးလ်ထက်ပိုကောင်းတယ်လို့ ယုံနေပြီး ဂန်းနားတွေကို သတိပေးလိုက်တဲ့ မာကို ဆေးလ်ဗား coyg

လီနိုက ရမ်းစ်ဒေးလ်ထက်ပိုကောင်းတယ်လို့ ယုံနေပြီး ဂန်းနားတွေကို သတိပေးလိုက်တဲ့ မာကို ဆေးလ်ဗား

မာကို ဆေးလ်ဗားက ယနေ့ညနေ ခရာဗင် ကော့တေ့ချ်မှာ အသင်းဟောင်း အာဆင်နယ်နဲ့ ပြန်လည်ရင်ဆိုင်ဖို့ စောင့်မျှော်နေတဲ့ ဘန်းဒ် လီနိုက အင်္ဂလန်နိုင်ငံရဲ့အကောင်းဆုံးဂိုးသမား ၃ ဦးထဲက တစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

လီနိုဟာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပြီးနောက် ဖူလ်ဟမ်အသင်းရဲ့ ပြီးခဲ့တဲ့ နွေရာသီအဓိက ခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ဂျာမန်ဂိုးသမားဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိ ၇ ပွဲနဲ့ ၉၆ ကြိမ်ကာကွယ်မှု ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ လီနိုဟာ ဂိုးပေးရစေတဲ့ အမှားမျိုး ကျူးလွန်ခဲ့ခြင်း မရှိခဲ့ဘဲ အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ဖူလ်ဟမ်အသင်းကို ရောက်ရောက်ချင်းပဲ ပွဲထွက်လူစာရင်းထဲ တန်းဝင်နိုင်ခဲ့တာကြောင့် နည်းပြ မာကို ဆေးလ်ဗားရဲ့ ချီးကျူးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ သူ့ရဲ့ အရည်အသွေးကို သိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တကယ်ကို စိတ်ရှည်သည်းခံခဲ့လို့ပါ။ သူက ကျွန်တော်တို့ ဂိုးသမားနေရာအတွက် ပထမဆုံးနဲ့ တစ်ခုတည်းသော ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းထဲ သူ ရောက်လာဖို့ လိုအပ်တာကြောင့် အချိန်ကို စောင့်ဆိုင်းခဲ့တယ်။ သူက ကျွန်တော်တို့နဲ့ တကယ်ကို ပူးပေါင်းချင်ခဲ့ပြီး ကျွန်တော်တို့နဲ့အတူ စိန်ခေါ်မှုတွေကို ပွေ့ဖက်ချင်ခဲ့တယ်။ ဒါပေမယ့် ပထမဆုံးနေ့ကတည်းက အဲဒါက တကယ် အရေးပါတယ်လို့ ကျွန်တော် ပြောခဲ့တယ်။ ကျွန်တော်တို့ ပစ်မှတ်တွေကို မြင်ချင်ပြီး သတ်မှတ်ထားချင်တယ်။ ဟုတ်တာပေါ့။ ဘန်းဒ်နဲ့ ကျွန်တော် စကားပြောခဲ့တာကလည်း အရေးပါခဲ့ပါတယ်။ ကျွန်တော်တို့နဲ့အတူ သူ့ကို ရထားတာကို တကယ်စိတ်ကျေနပ်မိပြီး ကျွန်တော်တို့ ပရိသတ်တွေကလည်း သူ့လိုမျိုးဂိုးသမားကို ရထားတာ စိတ်ကျေနပ်ရမှာပါ။ သူက ဒီနိင်ငံ၊ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမား ၃ ဦးထဲက တစ်ဦးပါ။”လို့ ပြောကြားခဲ့ပါတယ်။

လီနိုဟာ ဆီးဒရစ်၊ ဝီလီယံတို့နဲ့အတူ အာဆင်နယ်အသင်းကို ကိုယ်စားပြုကစားပေးခဲ့ဖူးတဲ့ ဖူလ်ဟမ်ကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်ပြီး မာကို ဆေးလ်ဗားက ယနေ့ပွဲစဉ်မတိုင်ခင် ဂန်းနားဟောင်းတွေနဲ့ စကားပြောသွားမှာဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့မှာ ဘန်းဒ်ရှိတယ်။ ကျွန်တော်တို့မှာ ဆီးဒရစ်ရှိတယ်။ ဟုတ်တာပေ့ါ။ အဲဒါက ကျွန်တော်တို့ ပြောနိုင်တဲ့တစ်စုံတရာပါ(အာဆင်နယ်နဲ့ပတ်သက်ပြီး)။ ကျွန်တော်တို့ လေ့ကျင့်ရေးအချိန်တွေ ပိုရှိတယ်။ ကျွန်တော်တို့ ဒီနေ့(စနေနေ့)မှာတောင် လေ့ကျင့်ရေးရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့တွေ လုပ်နေတဲ့အရာနဲ့ အဲဒါကို ဘယ်လို လုပ်နေလဲဆိုတာက အရမ်း ရှင်းလင်းပါတယ်။ သူတို့တွေက ရိုးရိုးရှင်းရှင်းပဲ လုပ်နေပေမယ့် တကယ်ကောင်းကောင်း လုပ်နေပါတယ်။ ခုက ကျွန်တော်တို့ သူတို့နဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ကစားရမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရာအားလုံးကို သိနေတယ်။ ဟုတ်တာပေ့ါ။ သူတို့နဲ့(လီနိုနဲ့ ဆီးဒရစ်)လည်း စကားပြောဆိုမှုအချို့ ရှိခဲ့ပြီး ကျွန်တော်တို့ ပိုပြီး လေ့လာနိုင်ပါတယ်(အာဆင်နယ်အကြောင်း)။ ဒါပေမယ့် သူတို့တွေ ဘာလုပ်ဖို့ ကြိုးပမ်းနေလဲဆိုတာက ရှင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဝီလီယံဟာ ၂၀၂၀ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အထင်ကြီးဖွယ်ခြေစွမ်း ပြသနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ကစားသမားရဲ့ အမ်းမရိတ်စ်က အချိန်တွေက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့်လည်း ဖူလ်ဟမ်အသင်းနဲ့အတူ ပုံစံသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုတစ်ရာသီလုံး အထင်ကြီးဖွယ်ခြေစွမ်း ပြသနေတာဖြစ်ပါတယ်။

မာကို ဆေးလ်ဗားက “သူ အရမ်းကောင်းမွန်နေခဲ့ပါတယ်။ သူ တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ တကယ်ကို နှိမ့်ချတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီး ထိပ်တန်းကစားသမားပါ။ ကျွန်တော်တို့ သူ့ကို တတ်နိုင်သလောက် ကြံ့ခိုင်မှုပြည့်ဝနေအောင် ထားပြီး သူ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့အတူ ကစားနိုင်အောင် လုပ်ပေးသွားမှာပါ။ ဒါက ကျွန်တော်နဲ့ အသင်းအတွက် အရေးအကြီးဆုံးအရာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

မာကို ေဆးလ္ဗားက ယေန႔ညေန ခရာဗင္ ေကာ့ေတ့ခ်္မွာ အသင္းေဟာင္း အာဆင္နယ္နဲ႔ ျပန္လည္ရင္ဆိုင္ဖို႔ ေစာင့္ေမွ်ာ္ေနတဲ့ ဘန္းဒ္ လီႏိုက အဂၤလန္ႏိုင္ငံရဲ႕အေကာင္းဆုံးဂိုးသမား ၃ ဦးထဲက တစ္ဦးျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

လီႏိုဟာ ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ခဲ့ၿပီးေနာက္ ဖူလ္ဟမ္အသင္းရဲ႕ ၿပီးခဲ့တဲ့ ေႏြရာသီအဓိက ေခၚယူမႈေတြထဲက တစ္ခု ျဖစ္ခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ဂ်ာမန္ဂိုးသမားဟာ ပရီးမီးယားလိဂ္မွာ ေပးဂိုးမရွိ ၇ ပြဲနဲ႔ ၉၆ ႀကိမ္ကာကြယ္မႈ ျပဳလုပ္ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။ လီႏိုဟာ ဂိုးေပးရေစတဲ့ အမွားမ်ိဳး က်ဴးလြန္ခဲ့ျခင္း မရွိခဲ့ဘဲ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ဖူလ္ဟမ္အသင္းကို ေရာက္ေရာက္ခ်င္းပဲ ပြဲထြက္လူစာရင္းထဲ တန္းဝင္ႏိုင္ခဲ့တာေၾကာင့္ နည္းျပ မာကို ေဆးလ္ဗားရဲ႕ ခ်ီးက်ဴးမႈကို ခံခဲ့ရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ သူ႔ရဲ႕ အရည္အေသြးကို သိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တကယ္ကို စိတ္ရွည္သည္းခံခဲ့လို႔ပါ။ သူက ကြၽန္ေတာ္တို႔ ဂိုးသမားေနရာအတြက္ ပထမဆုံးနဲ႔ တစ္ခုတည္းေသာ ပစ္မွတ္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အသင္းထဲ သူ ေရာက္လာဖို႔ လိုအပ္တာေၾကာင့္ အခ်ိန္ကို ေစာင့္ဆိုင္းခဲ့တယ္။ သူက ကြၽန္ေတာ္တို႔နဲ႔ တကယ္ကို ပူးေပါင္းခ်င္ခဲ့ၿပီး ကြၽန္ေတာ္တို႔နဲ႔အတူ စိန္ေခၚမႈေတြကို ေပြ႕ဖက္ခ်င္ခဲ့တယ္။ ဒါေပမယ့္ ပထမဆုံးေန႔ကတည္းက အဲဒါက တကယ္ အေရးပါတယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ပစ္မွတ္ေတြကို ျမင္ခ်င္ၿပီး သတ္မွတ္ထားခ်င္တယ္။ ဟုတ္တာေပါ့။ ဘန္းဒ္နဲ႔ ကြၽန္ေတာ္ စကားေျပာခဲ့တာကလည္း အေရးပါခဲ့ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔အတူ သူ႔ကို ရထားတာကို တကယ္စိတ္ေက်နပ္မိၿပီး ကြၽန္ေတာ္တို႔ ပရိသတ္ေတြကလည္း သူ႔လိုမ်ိဳးဂိုးသမားကို ရထားတာ စိတ္ေက်နပ္ရမွာပါ။ သူက ဒီနိင္ငံ၊ ဒီၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးဂိုးသမား ၃ ဦးထဲက တစ္ဦးပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

လီႏိုဟာ ဆီးဒရစ္၊ ဝီလီယံတို႔နဲ႔အတူ အာဆင္နယ္အသင္းကို ကိုယ္စားျပဳကစားေပးခဲ့ဖူးတဲ့ ဖူလ္ဟမ္ကစားသမား ၃ ဦးထဲက တစ္ဦးျဖစ္ၿပီး မာကို ေဆးလ္ဗားက ယေန႔ပြဲစဥ္မတိုင္ခင္ ဂန္းနားေဟာင္းေတြနဲ႔ စကားေျပာသြားမွာျဖစ္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔မွာ ဘန္းဒ္ရွိတယ္။ ကြၽန္ေတာ္တို႔မွာ ဆီးဒရစ္ရွိတယ္။ ဟုတ္တာေပ့ါ။ အဲဒါက ကြၽန္ေတာ္တို႔ ေျပာႏိုင္တဲ့တစ္စုံတရာပါ(အာဆင္နယ္နဲ႔ပတ္သက္ၿပီး)။ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးအခ်ိန္ေတြ ပိုရွိတယ္။ ကြၽန္ေတာ္တို႔ ဒီေန႔(စေနေန႔)မွာေတာင္ ေလ့က်င့္ေရးရွိပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူတို႔ေတြ လုပ္ေနတဲ့အရာနဲ႔ အဲဒါကို ဘယ္လို လုပ္ေနလဲဆိုတာက အရမ္း ရွင္းလင္းပါတယ္။ သူတို႔ေတြက ႐ိုး႐ိုးရွင္းရွင္းပဲ လုပ္ေနေပမယ့္ တကယ္ေကာင္းေကာင္း လုပ္ေနပါတယ္။ ခုက ကြၽန္ေတာ္တို႔ သူတို႔နဲ႔ ပထမဆုံးအႀကိမ္ ရင္ဆိုင္ကစားရမွာေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အရာအားလုံးကို သိေနတယ္။ ဟုတ္တာေပ့ါ။ သူတို႔နဲ႔(လီႏိုနဲ႔ ဆီးဒရစ္)လည္း စကားေျပာဆိုမႈအခ်ိဳ႕ ရွိခဲ့ၿပီး ကြၽန္ေတာ္တို႔ ပိုၿပီး ေလ့လာႏိုင္ပါတယ္(အာဆင္နယ္အေၾကာင္း)။ ဒါေပမယ့္ သူတို႔ေတြ ဘာလုပ္ဖို႔ ႀကိဳးပမ္းေနလဲဆိုတာက ရွင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဝီလီယံဟာ ၂၀၂၀ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းကေန အာဆင္နယ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ အထင္ႀကီးဖြယ္ေျခစြမ္း ျပသႏိုင္ျခင္းမရွိခဲ့သူျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ ၂၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ကစားသမားရဲ႕ အမ္းမရိတ္စ္က အခ်ိန္ေတြက စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္လည္း ဖူလ္ဟမ္အသင္းနဲ႔အတူ ပုံစံသစ္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ယခုတစ္ရာသီလုံး အထင္ႀကီးဖြယ္ေျခစြမ္း ျပသေနတာျဖစ္ပါတယ္။

မာကို ေဆးလ္ဗားက “သူ အရမ္းေကာင္းမြန္ေနခဲ့ပါတယ္။ သူ တကယ္ကို ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္။ တကယ္ကို ႏွိမ့္ခ်တတ္တဲ့ပုဂၢိဳလ္ျဖစ္ၿပီး ထိပ္တန္းကစားသမားပါ။ ကြၽန္ေတာ္တို႔ သူ႔ကို တတ္ႏိုင္သေလာက္ ႀကံ့ခိုင္မႈျပည့္ဝေနေအာင္ ထားၿပီး သူ႔မ်က္ႏွာေပၚမွာ အၿပဳံးေတြနဲ႔အတူ ကစားႏိုင္ေအာင္ လုပ္ေပးသြားမွာပါ။ ဒါက ကြၽန္ေတာ္နဲ႔ အသင္းအတြက္ အေရးအႀကီးဆုံးအရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet